CJ Platform
5.28K subscribers
18.7K photos
359 videos
4 files
8.74K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
👍3🔥2
နွေစပါး ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့

CJ Platform

နွေစပါး စိုက်ပျိုးနေချိန် လယ်ကွင်းတွေထဲ ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့နေရပြီး စပါးပင်တွေ ရေငတ်မှာကို စိတ်ပူနေရတယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတွေက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320265-2/
😢4👍1🔥1
ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံး

CJ Platform

ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက မတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320263-2/
🤬51
အရေးပေါ် လူနာတင်ယာဉ်အချို့ ရပ်နားထားတော့မယ်
 
CJ Platform
 
စက်သုံးဆီဝယ်ယူရေး အခက်အခဲအပြင် အသင်းအဖွဲ့ မှတ်ပုံတင်ရာမှာ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို တင်ပြရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ လုပ်ငန်းတွေ ရပ်နားထားဖို့ ပြင်ဆင်နေတယ်လို့ ပရဟိတအကျိုးဆောင်တွေဆီက သိရပါတယ်။
 Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320269-2/
😢71
လေယာဉ်အဟောင်းတွေကို အသစ်တွေနဲ့ ရောနှောပြီး တပ်တော်ဝင်တယ်လို့ စစ်အုပ်စုပြသ

CJ Platform

ရုရှားနိုင်ငံကနေ မှာယူထားတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်အုပ်စုက လေတပ်အင်အားကို ထပ်မံဖြည့်တင်းနေပြီး တိုက်ခိုက်ရေးလေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မနေ့က မတ် ၁၂ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်မှာ ကျင်းပခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/13320261-2/
2🤣2👎1😁1
ဒေသအများစု မိုးရွာနိုင်ပြီး မိုးကြီးနိုင်ခြေရှိနေ

CJ Platform

ဒီကနေ့ မတ်လ ၁၃ ရက် သောကြာနေ့အတွက် မိုးလေဝသအခြေအနေတွေကို ပြောပြပေးသွားပါတော့မယ်။အရှေ့မြောက် မုတ်သုံလေဟာ ဆက်လက် အားကောင်းနေဆဲဖြစ်ပြီး တောင်တရုတ်ပင်လယ်ဘက်ကလာတဲ့ လေစီးကြောင်းနဲ့အတူ ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ မိုးတိမ်တွေ၊ မြန်မာနိုင်ငံ တောင်ဘက်က တက်လာတဲ့ မိုးတိမ်တွေကြောင့် "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးအနည်းငယ်ကနေ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါတယ်"။

#CJPlatform #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #မုတ်သုံလေ #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/BXXJ-8l_3_g
5👍2😁1