CJ Platform
5.28K subscribers
18.7K photos
359 videos
4 files
8.74K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
😢31
■ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက အီရန်ကို ပြစ်တင်ရှုတ်ချ
■ သတိပေးချက်ကို မလိုက်နာဘဲ ကုန်တင်သင်္ဘောက ဖြတ်သန်းခဲ့တယ်လို့ အီရန်ပြော

CJ Platform

ထိုင်းအလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းချိန် ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကို ထိုင်းအစိုးရက ပြစ်တင်ရှုတ်ချခဲ့သလို ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ခဲ့ပြီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ပြောဆိုမှုအရ လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောနဲ့ Mayuree Naree ကုန်တင်သင်္ဘောတို့ဟာ သတိပေးချက်ကို လျစ်လျူရှုပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအတွင်း သင်္ဘောပေါ်မှာ ထိုင်းနိုင်ငံသား ဝန်ထမ်း ၂၃ ဦးထဲက ၂၀ ဦးကို အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့တာကြောင့် ကျေးဇူးတင်ကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေပေးဖို့ ထိုင်းတော်ဝင်ရေတပ်က တောင်းဆိုထားသလို ပျောက်ဆုံးနေတဲ့ ကျန် ၃ ဦးကိုလည်း ဆက်လက်ရှာဖွေပေးဖို့ တောင်းဆိုထားပါသေးတယ်။

အခုဖြစ်ရပ်ဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Pandidone Pachimsawat က ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က ထိုင်းနိုင်ငံသား ၃ ဦးဟာ အင်ဂျင်ခန်းထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်ဖွယ်ရှိနေပြီး ကုန်တင်သင်္ဘောပေါ်အနီးကို ဘယ်သူမှ မသွားရောက်နိုင်သေးသလို လက်ရှိအထိ ဘာမှမထူးခြားသေးဘူးလို့ ကုန်တင်သင်္ဘောပိုင်ရှင် Precious Shipping ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဒါရိုက်တာ ခါလစ်ဟာရှင်ကလည်း ဒီကနေ့ မတ် ၁၂ ရက်မှာ အေအက်ဖ်ပီသတင်းဌာနကို ပြောဆိုထားပါသေးတယ်။

ဓာတ်ပုံ - Khaosod via Ae Pek's Facebook
#CJPlatform #အီရန် #ထိုင်းသင်္ဘော #အပစ်ခံရ
😁4👍2🔥1
👍3🔥2
နွေစပါး ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့

CJ Platform

နွေစပါး စိုက်ပျိုးနေချိန် လယ်ကွင်းတွေထဲ ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့နေရပြီး စပါးပင်တွေ ရေငတ်မှာကို စိတ်ပူနေရတယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတွေက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320265-2/
😢4👍1🔥1
ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံး

CJ Platform

ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက မတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320263-2/
🤬51
အရေးပေါ် လူနာတင်ယာဉ်အချို့ ရပ်နားထားတော့မယ်
 
CJ Platform
 
စက်သုံးဆီဝယ်ယူရေး အခက်အခဲအပြင် အသင်းအဖွဲ့ မှတ်ပုံတင်ရာမှာ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို တင်ပြရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ လုပ်ငန်းတွေ ရပ်နားထားဖို့ ပြင်ဆင်နေတယ်လို့ ပရဟိတအကျိုးဆောင်တွေဆီက သိရပါတယ်။
 Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320269-2/
😢71
လေယာဉ်အဟောင်းတွေကို အသစ်တွေနဲ့ ရောနှောပြီး တပ်တော်ဝင်တယ်လို့ စစ်အုပ်စုပြသ

CJ Platform

ရုရှားနိုင်ငံကနေ မှာယူထားတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်အုပ်စုက လေတပ်အင်အားကို ထပ်မံဖြည့်တင်းနေပြီး တိုက်ခိုက်ရေးလေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မနေ့က မတ် ၁၂ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်မှာ ကျင်းပခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/13320261-2/
2🤣2👎1😁1