ဟော်မုဇ်ရေလက်ကြားကို ဖြတ်တဲ့ ထိုင်းကုန်တင်သင်္ဘော ပစ်ခတ်ခံရ
CJ Platform
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စင်း ဒီကနေ့ မတ် ၁၁ ရက်၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ထိုင်းတော်ဝင်ရေတပ်ရဲ့ ထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ အလံလွှင့်ထူထားတဲ့ Mayuree Naree ကုန်တင်သင်္ဘောဟာ ယူအေအီးနိုင်ငံ၊ ခါလီဖာဆိပ်ကမ်းကနေ ဒေသစံတော်ချိန် ည ၁၂ နာရီဝန်းကျင် (ထိုင်းစံတော်ချိန် မနက် ၃ နာရီဝန်းကျင်) က ထွက်ခွာလာတာလည်း ဖြစ်ပါတယ်။
ယူအေအီးကနေ ထွက်ခွာလာပြီး ၁၁ နာရီ ၁၀ မိနစ်ခန့်အကြာ (ထိုင်းအချိန် နေ့လယ် ၂ နာရီဝန်းကျင်) မှာ အိုမန်ကမ်းလွန်ပြင်ကို ဖြတ်သန်းချိန် နှစ်ကြိမ် ပစ်ခတ်ခံခဲ့ရပြီး သင်္ဘောပဲ့ပိုင်းနဲ့ အင်ဂျင်ပိုင်း ထိခိုက်ပျက်စီးကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရေတပ်ရဲ့ ရေကြောင်းသွားလာရေးနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကွပ်ကဲရေးရုံးရဲ့ ထုတ်ပြန်ချက်အရ ကုန်တင်သင်္ဘောပေါ်မှာ ထိုင်းနိုင်ငံသား သင်္ဘောသားဝန်ထမ်း ၂၃ ဦး လိုက်ပါလာပြီး ၂၀ ဦးကို အရေးပေါ် ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၃ ဦးဟာ သင်္ဘောပေါ်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ထိုင်းကုန်တင်သင်္ဘော ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘာရိန်းအခြေစိုက် နိုင်ငံတကာရေကြောင်းတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ထိုင်းတော်ဝင်ရေတပ်က ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို ဘာရိန်း၊ ယူအေအီး၊ အိုမန်တို့မှာရှိတဲ့ ထိုင်းသံရုံးတာဝန်ရှိသူတွေကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် ထိုင်းကုန်တင်သင်္ဘောကို ပစ်ခတ်ခဲ့တဲ့ လက်နက်အမျိုးအစားနဲ့ ပစ်ခတ်ခဲ့တဲ့သူတွေကို သိရှိနိုင်ဖို့အတွက် ထိုင်းရေတပ်နဲ့ အာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Khaosod
#CJPlatform #ThailandNews #MayureeNaree #StraitOfHormuz #CargoShipAttack #MiddleEastConflict

👍6❤1😁1
အီရန်စစ်ပွဲ နှစ်ဖက်တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာတဲ့အပြင် အီရန်က စစ်ဗျူဟာအသစ်တွေ သုံးလာလို့ အမေရိကန် အခက်တွေ့
CJ Platform
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ ဗုဒ္ဓဟူးနေ့မှာ "အပြင်းထန်ဆုံး စစ်ဆင်ရေး" ကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး အမေရိကန်နဲ့ အစ္စရေး ပစ်မှတ်တွေကို ဒုံးကျည်အမြောက်အများ၊ ဒရုန်းအမြောက်အမြားနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။ စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ ဒီနေ့အထိ အီရန်ဟာ တိုက်ချင်းပစ်ဒုံးကျည် ၅၀၀ ကျော်နဲ့ ဒရုန်း ၂,၀၀၀ ကျော်ကို အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။
#CJPlatform #အမေရိကန် #IRGC #အီရန် #ဒရုန်း #ဒုံးကျည် #စစ်ပွဲ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/VPtHfjxlTAs

YouTube
အီရန်စစ်ပွဲ နှစ်ဖက်တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာတဲ့အပြင် အီရန်က စစ်ဗျူဟာအသစ်တွေ သုံးလာလို့ အမေ
အီရန်စစ်ပွဲ နှစ်ဖက်တိုက်ခိုက်မှုတွေ ပိုပြီး ပြင်းထန်လာတဲ့အပြင် အီရန်က စစ်ဗျူဟာအသစ်တွေ သုံးလာလို့ အမေရိကန် အခက်တွေ့
CJ Platform
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ ဗုဒ္ဓဟူးနေ့မှာ "အပြင်းထန်ဆုံး စစ်ဆင်ရေး" ကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး အမေရိကန်နဲ့…

👍5😁1
မိုးကြီးနိုင်လို့ တောင်သူတွေ အထူးသတိပြုကြပါ
CJ Platform
CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ပဲခူးတိုင်းက တောင်သူဦးကြီးတွေအတွက် တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၁၂ရက် ကြာသပတေးနေ့မှာတော့ မိုးလေဝသဖြစ်စဉ် ပြောင်းလဲမှုတွေ အလွန်များနေခဲ့ပါတယ်။
#CJPlatform #စိုက်ပျိုးမိုးလေဝသ #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #ပဲခူးတိုင်း #အစိုဓာတ်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/YvHyaXqHzDs

👍3😁1
ဖျက်မိုးရွာသွန်းနိုင်ခြေမြင့်မားနေလို့ အားလုံးပဲ သတိပြုပေးကြပါ
CJ Platform
ဒီကနေ့ မတ်လ ၁၂ ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရှေ့မြောက် ဆောင်းမုတ်သုံလေဟာ ဆက်လက် အားကောင်းနေဆဲဖြစ်ပြီး တောင်တရုတ်ပင်လယ်ကတစ်ဆင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်ပြီးမြန်မာနိုင်ငံကိုဝင်ရောက်နေသလိုကပ္ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်တို့ကနေလည်းဝင်ရောက်နေတာကို တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #ပဲခူးတိုင်း #အစိုဓာတ်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/aXGiLLuXsIo

👍4😁1
ကုန်တင်ကားပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၂ ဦး လူကူးခုံးကျော်တံတားနဲ့ တိုက်မိပြီး သေဆုံး
CJ Platform
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်မြို့၊ မယ်ခေါင် (Mai Khao) မှာ ကုန်တင်ကားပေါ် လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၂ ဦး လူကူးခုံးကျော်တံတားနဲ့ တိုက်မိပြီး သေဆုံးခဲ့တယ်လို့ Phuket News က ဖော်ပြထားပါတယ်။
မနေ့က မတ် ၁၁ ရက်၊ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ ဘီး ကုန်ကားပေါ်မှာ တင်ဆောင်လာတဲ့ ဆောက်လုပ်ပြင်ဆင်ထားပြီးသား အိမ်တစ်လုံးပေါ်မှာ မြန်မာအလုပ်သမား ၂ ဦး စီးနင်းလိုက်ပါလာချိန် လူကူးခုံးကျော်တံတားနဲ့ တိုက်မိပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်သွားချိန် မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုသန်းထိုက်နဲ့ ကိုဟိန်းကျော်တို့ကို ထိခိုက်ဒဏ်ရာအများအပြားနဲ့အတူ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ သူတို့ဟာ ချွန်ဘူရီကနေ ဖူးခက်ကို မောင်းနှင်လာတာဖြစ်ပြီး တံတားရဲ့ အမြင့်ဟာ ကားပေါ်ပါ ကုန်ပစ္စည်းရဲ့ အမြင့်နဲ့ လွတ်နိုင်တယ်လို့ ယုံကြည်ခဲ့တာကြောင့် အခုလို ဖြတ်သန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန် မြန်မာအလုပ်သမား ၂ ဦးကို အရေးပေါ်ကယ်ဆယ်မှုတွေ ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့် သေဆုံးခဲ့တာကြောင့် ဗာချီရာဖူးခက် (Vachira Phuket) ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လူသေဆုံးစေခဲ့တဲ့အထိ မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်း ထိုင်းနိုင်ငံသားကို အရက်သောက်သုံးထားမှု ရှိ၊ မရှိ စစ်ဆေးခဲ့သလို ချက်ချိုင်း (Chatchai) ရဲစခန်းကလည်း အမှုဖွင့်ဖမ်းဆီးထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးရုံမှာရှိတဲ့ မှုခင်းဆေးဘက်ဆိုင်ရာ ဆရာဝန်တွေကလည်း သေဆုံးသူတွေရဲ့ အလောင်းကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - The Phuket News
#CJPlatform #Phuket #ThailandNews #MyanmarWorkers #AccidentNews

😢4❤2
■ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက အီရန်ကို ပြစ်တင်ရှုတ်ချ
■ သတိပေးချက်ကို မလိုက်နာဘဲ ကုန်တင်သင်္ဘောက ဖြတ်သန်းခဲ့တယ်လို့ အီရန်ပြော
CJ Platform
ထိုင်းအလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းချိန် ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကို ထိုင်းအစိုးရက ပြစ်တင်ရှုတ်ချခဲ့သလို ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ခဲ့ပြီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ပြောဆိုမှုအရ လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောနဲ့ Mayuree Naree ကုန်တင်သင်္ဘောတို့ဟာ သတိပေးချက်ကို လျစ်လျူရှုပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအတွင်း သင်္ဘောပေါ်မှာ ထိုင်းနိုင်ငံသား ဝန်ထမ်း ၂၃ ဦးထဲက ၂၀ ဦးကို အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့တာကြောင့် ကျေးဇူးတင်ကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေပေးဖို့ ထိုင်းတော်ဝင်ရေတပ်က တောင်းဆိုထားသလို ပျောက်ဆုံးနေတဲ့ ကျန် ၃ ဦးကိုလည်း ဆက်လက်ရှာဖွေပေးဖို့ တောင်းဆိုထားပါသေးတယ်။
အခုဖြစ်ရပ်ဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Pandidone Pachimsawat က ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က ထိုင်းနိုင်ငံသား ၃ ဦးဟာ အင်ဂျင်ခန်းထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်ဖွယ်ရှိနေပြီး ကုန်တင်သင်္ဘောပေါ်အနီးကို ဘယ်သူမှ မသွားရောက်နိုင်သေးသလို လက်ရှိအထိ ဘာမှမထူးခြားသေးဘူးလို့ ကုန်တင်သင်္ဘောပိုင်ရှင် Precious Shipping ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဒါရိုက်တာ ခါလစ်ဟာရှင်ကလည်း ဒီကနေ့ မတ် ၁၂ ရက်မှာ အေအက်ဖ်ပီသတင်းဌာနကို ပြောဆိုထားပါသေးတယ်။
ဓာတ်ပုံ - Khaosod via Ae Pek's Facebook
#CJPlatform #အီရန် #ထိုင်းသင်္ဘော #အပစ်ခံရ

😁4👍2🔥1
နွေစပါး ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့
CJ Platform
နွေစပါး စိုက်ပျိုးနေချိန် လယ်ကွင်းတွေထဲ ရေသွင်းဖို့ စက်သုံးဆီ ဝယ်မရတာကြောင့် တောင်သူတွေ အခက်တွေ့နေရပြီး စပါးပင်တွေ ရေငတ်မှာကို စိတ်ပူနေရတယ်လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတွေက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320265-2/

😢4👍1🔥1
ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံး
CJ Platform
ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက မတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320263-2/

🤬5❤1