CJ Platform
5.27K subscribers
18.7K photos
359 videos
4 files
8.74K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
💩5
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး အာဆီယံ အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆို

CJ Platform

စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းအရေးအပါအဝင် ဒေသတွင်း စွမ်းအင်လိုအပ်ချက်တွေ၊ သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေး (AMM) ခေါ်ယူဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ကြောင်း Thai PBS က ဒီနေ့ မတ် ၉ ရက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးကို ဖြစ်နိုင်ရင် အမြန်ဆုံး ခေါ်ယူပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကော် (Sihasak Phuangketkeow) က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာထံ စာရေးသား တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

AMM အစည်းအဝေးကိုတော့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေ လူကိုယ်တိုင် တက်ရောက်မလား၊ ဒါမှမဟုတ် အွန်လိုင်းကနေတဆင့် လုပ်ဆောင်မလားဆိုတာတော့ မသိရသေးပါဘူး။

ဆီဟာဆတ်ရဲ့ တောင်းဆိုမှုကို ဖိလစ်ပိုင်က လက်ခံဖွယ်ရှိပြီး အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စွမ်းအင်လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးနဲ့ လတ်တလော စိန်ခေါ်မှုတွေအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား အမြင်ချင်းဖလှယ် ဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံသားတွေကို အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ကောင်စစ်ဝန်ရုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ဖို့နဲ့ ဒေသတွင်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ အရှေ့အလယ်ပိုင်းဒေသကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းနေရတာဖြစ်ပြီး စစ်ရေးပဋိပက္ခ ရှည်ကြာလာပါက ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်း မြင့်တက်မှု၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်မှုတို့ကို ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူကလည်း စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Thai PBS World
#CJPlatform #ASEAN #ThailandNews #MiddleEastCrisis #EnergySecurity #AMM
👍2😁2🤣2
😁3👍2💩1🤣1
"မူရင်းအငွေ့အသက် ပျောက်ဆုံးနေတယ်လို့ ဝေဖန်ခံနေရတဲ့ Nanno ဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိနေတဲ့ Pixar ရဲ့ ကာတွန်းရုပ်ရှင်"

CJ Platform

CJ Platform ရဲ့ Entertainment အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းကြိုက်သူတွေ စောင့်မျှော်နေတဲ့ 'နန်နို' Nanno ရဲ့ တစ်ကျော့ပြန် အခြေအနေတွေနဲ့အတူ၊ ဟောလိဝုဒ်ရဲ့ ထိပ်တန်း ထုတ်လုပ်ရေးကြီး နှစ်ခုဖြစ်တဲ့ ဝါနာဘရားသားစ် (Warner Bros.) နဲ့ ပစ်ခ်ဆာ (Pixar) တို့ရဲ့ အရှုံးနဲ့ အနိုင် ရလဒ်တွေအကြောင်း တင်ဆက်ပေးသွားမှာပါရှင်။"

#CJPlatform #Nanno #Pixar #Becky_Armstrong #Kitty_Chicha #Entertainment #Hoppers

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/1DtgAUn6ZLk
👍3😁1
ဘန်ကောက်ကို အလုပ်လုပ်ဖို့ သွားတဲ့ အထောက်အထားမဲ့ မြန်မာ ၄၂ ဦး ဖမ်းဆီးခံရ

CJ Platform

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်၊ နွန်လုကျေးရွာအုပ်စုထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မြန်မာ ၄၂ ဦးကို မနေ့က မတ် ၈ ရက်၊ ညပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မနေ့ည ၉ နာရီခွဲဝန်းကျင်က နွယ်လုကျေးရွာ လယ်ယာစိုက်ပျိုးရေးရုံး အနောက်ဘက်တောထဲမှာ ပထမတစ်ကြိမ် ဖမ်းဆီးရမိခဲ့ပြီး ည ၁၁ နာရီခွဲမှာတော့ နောက်ထပ် ၁၈ ဦးကို နမ်ကော့ (Nam Koerk) ဘုန်းကြီးကျောင်း အနောက်ဘက်တောထဲမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေအရ ဘန်ကောက်မှာ အလုပ်လုပ်ဖို့အတွက် တစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ကြားခံဝန်ဆောင်မှုပေးသူ (ပွဲစား) တွေကို ပေးခဲ့ကြရပြီး တောလမ်းခရီးအတိုင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူတို့ သွားရောက်ရမယ့် နေရာတွေဆီ ဆက်လက်သွားရောက်နိုင်ဖို့အတွက် စောင့်ဆိုင်းနေချိန် အခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရသူတွေထဲမှာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၈ ဦးတို့ ပါဝင်ပြီး သူတို့တွေကို ဆန်ခလဘူရီရဲစခန်းကို ပို့ဆောင်ကာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - MGROnline
#CJPlatform
😢5👍1🔥1
😢5🔥1
ပြည်တွင်းမှာ အကြီးဆုံး ရေလုံလွန်းကျင်းသစ်နဲ့အတူ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်တွေ တည်ဆောက်နေကြောင်း စစ်ကော်မရှင်ထုတ်ပြ

CJ Platform

မနေ့က မတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ သန်လျင်တပ်နယ်က ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် ၂ စီးရဲ့ စတင်တည်ဆောက်တဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရေယာဉ်ကိုယ်ထည်ရဲ့ ဧရာ (Keel) နဲ့ Frame တို့ကို စက်ခလုတ်နှိပ်ပြီး ဂဟေတွဲဆက်ပေးကာ ရေယာဉ်တည်ဆောက်မှု လုပ်ငန်းတွေကို စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

#CJPlatform #ရေလုံလွန်းကျင်း #မင်းအောင်လှိုင် #Keel #Frame #ရေယာဉ်သစ် #ရေငုပ်သင်္ဘော #သာလွန်မင်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/I6Aa6FFu9c4
😁5❤2👎1
အီရန်ခေါင်းဆောင်သစ်အဖြစ် ခါမေနီရဲ့ သားဖြစ်သူကို ခန့်အပ်ပြီးနောက် တိုက်ခိုက်မှုတွေ မြင့်တက်လာနေ

CJ Platform

အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်များကောင်စီ (Assembly of Experts) ဟာ သေဆုံးသွားတဲ့ အယာတိုလာ အလီခါမေနီရဲ့ နေရာမှာ အစားထိုးဖို့အတွက် သားဖြစ်သူ အသက် ၅၆ နှစ်အရွယ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို အဓိပတိသစ်အဖြစ် တညီတညွတ်တည်း ရွေးချယ်လိုက်ပါတယ်။ ဒါဟာ အီရန်သမ္မတနိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် သားစဉ်မြေးဆက် အာဏာလွှဲပြောင်းမှု ဖြစ်လာပြီး၊ အီရန်စစ်တပ်ကလည်း ခေါင်းဆောင်သစ်အပေါ် သစ္စာခံကြောင်း ကြေညာလိုက်ပါတယ်။

#CJPlatform #အီရန် #Assembly_of_Experts #Mojtaba_Khamenei #Frame #Brent #Bapco #G7

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/gzvsdlQjdQM
❤2👎2😁1
အချိန်ခါမဟုတ် မိုးကြီးနိုင်လို့ တောင်သူတွေ သတိပြုဖို့လို

CJ Platform

CJ Platform ကနေ ညစဉ်တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၁၀ရက် အင်္ဂါနေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေပွေလှိုင်းတစ်ခု ထပ်ပြီး ဖြစ်ပေါ်လာနိုင်တာကို မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေမှာ တွေ့ရပါတယ်။ အဲဒီလေပွေလှိုင်းဟာ လောလောဆယ်မှာတော့ လေဖိအားနည်းရပ်ဝန်းအထိ ဖြစ်လာမယ့် အခြေအနေ မရှိသေးပါဘူး။

#CJPlatform #လေပွေလှိုင်း #မိုးသည်းထန် #မိုးလေဝသခန့်မှန်းချက် # မြေဆီလွှာ #နေ့အပူချိန် #တောမီး

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/znKXlxlcK5A
👍4❤3😁1
ဒီကနေ့ မတ်လ ၁၀ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးရွာမယ် တောင်သူတွေ သတိပြု

CJ Platform

ဒီကနေ့ မတ်လ ၁၀ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရှေ့မြောက် ဆောင်းမုတ်သုံလေဟာ ဆက်လက် အားကောင်းနေပြီး မြန်မာနိုင်ငံကို ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။ မနက်ဖြန် (၁၁ ရက်နေ့) မှာတော့ လေရစ်ဝဲတစ်ခု ဖြစ်ပေါ်လာပြီး အနောက်မြောက်ဘက်က လေစီးကြောင်းတွေ ပြန်လည် ဝင်ရောက်လာနိုင်ပါတယ်။

#CJPlatform #UV_Index #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #နေ့အပူချိန်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/P1jELvLcKDU
😁3
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြံပေးနဲ့ စစ်ကော်မရှင်သံအမတ်တို့ ဘန်ကောက်မှာ တွေ့ဆုံ

CJ Platform

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးဖြစ်သူ မစ္စတာ Kallayana Vipattipumiprates နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဇော်စိုးတို့ မနေ့က မတ် ၉ ရက်၊ နေ့လယ် ၃ နာရီက ဘန်ကောက်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကော်မရှင်က မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ တွေ့ဆုံချိန် နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စရပ်တွေအပါအဝင် ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာအလုပ်သမားဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ကျဆင်းနေချိန် ထိုင်းနိုင်ငံခြားရေးဆိုင်ရာ တာဝန်ရှိသူနဲ့ စစ်ကော်မရှင်သံအမတ်တို့ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိဖို့နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကော်နဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဖူးခက်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံအကြား သံတမန်ရေးဆိုင်ရာ ပေါင်းကူးတံတားတစ်ခုသဖွယ် ဆောင်ရွက်ပေးသွားဖို့ ကြိုးစားနေသလို အာဆီယံအဝန်းအဝိုင်းထဲ မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆီဟာဆတ်က ထုတ်ဖော်ပြောကြားထားပါသေးတယ်။

ဓာတ်ပုံ - Pro SAC (MOFA)
#CJPlatform #နိုင်ငံခြားရေးဝန်ကြီး #နယ်စပ်အရေး #MOFA
👎2🤮2😁1
💩4😁2
စက်သုံးဆီချွေတာဖို့အတွက် အိမ်ကနေ အလုပ်လုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ် ပြော

CJ Platform

ထိုင်းအစိုးရအဖွဲ့ ရုံး၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ (Work From Home) ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူက ညွှန်ကြားထားကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ms. Lalida Periswiwattana က ဒီနေ့ မတ် ၁၀ ရက်မှာ ထုတ်ပြန်ပြောကြားလာပါတယ်။

ဒီအမိန့်ညွှန်ကြားမှုဟာ ရုံး၊ ဌာနဆိုင်ရာတွေဆီ ချက်ချင်း သက်ရောက်မှာဖြစ်ပေမယ့် အများပြည်သူကို ဝန်ဆောင်မှုပေးနေရတဲ့ အဖွဲ့အစည်း၊ ဌာနတွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်ပကို လေ့လာရေးခရီးသွားတာနဲ့ သင်တန်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပြီး အဲဒီအစား အိမ်ကနေပဲ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါသေးတယ်။

ဒါဟာ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ မြင့်တက်မှုတွေကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေး အကျပ်အတည်းတွေ ကြုံလာရချိန် ထိုင်းနိုင်ငံကိုလည်း ထိခိုက်လာတာဖြစ်ပြီး စက်သုံးဆီ မပြတ်တောက်စေဖို့အတွက် ထိုင်းအစိုးရအဖွဲ့က ပြင်ဆင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီးဌာနကလည်း စွမ်းအင်စီမံကိန်းရေးနဲ့ စောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့အတွက် Energy ICS center ကို ဖွဲ့စည်းထားပြီး နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် မပြတ်တောက်စေဖို့ စောင့်ကြည့်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ စက်သုံးဆီ အသုံးပြုမှုဟာ တစ်နေ့ကို လီတာပေါင်း ၁၂၄ သန်းဝန်းကျင် ရှိနေပြီး အစိုးရအဖွဲ့ရဲ့ မတ် ၅ ရက် ထုတ်ပြန်ချက်အရ အရန်လောင်စာဆီ သိုလှောင်ထားမှုဟာ လီတာပေါင်း ၈,၀၅၅ သန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

စွမ်းအင်ကို တတ်နိုင်သမျှ ချွေတာဖို့အတွက် လျှပ်စစ်မီးကို လိုအပ်မှ အသုံးပြုဖို့၊ အထပ်နိမ့်တိုက်တွေအနေနဲ့ ဓာတ်လှေကားတွေကို အသုံးမပြုဖို့၊ အဲယားကွန်းကို အလွန်အကျွံ အသုံးမပြုဖို့နဲ့ အပူသက်သာမယ့် အဝတ်အစားတွေကို ဝတ်ဆင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခအရှိန် ဆက်လက်မြင့်တက်နေပါက စက်သုံးဆီဆိုင်တွေကို ည ၁၀ နာရီဝန်းကျင်မှာ ပိတ်သိမ်းဖို့ အစိုးရအဖွဲ့က စီစဉ်ညွှန်ကြားဖွယ်ရှိပြီး စက်သုံးဆီချွေတာဖို့အတွက် ရုပ်သံ၊ ရေဒီယိုနဲ့ လူမှုကွန်ရက်တွေကနေ ကမ်ပိန်းတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေတယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

ဓာတ်ပုံ - The Nation
#CJPlatform #ထိုင်းနိုင်ငံ #စွမ်းအင်ချွေတာရေး #WorkFromHome
❤4👍2😁2
😁3👍2
စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း ကိုယ်ဝန်ဆောင်တွေအပါအဝင် အမျိုးသမီး ၆၀ ကျော် သေဆုံး

CJ Platform

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/10320265-2/
🤬4❤1😭1
ပြည်သူ့ပါတီနဲ့ ဇိုမီးအမျိုးသားပါတီက ကိုယ်စားလှယ် ၂ ဦးကို ရှုံးနိမ့်သွားတဲ့ ကြံ့ခိုင်ရေးအမတ်လောင်းတွေက ကန့်ကွက်လွှာ တင်သွင်းထားမှု စတင်စစ်ဆေး

CJ Platform

စစ်အုပ်စုက ကျင်းပခဲ့တဲ့ အတုယောင် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် ကန့်ကွက်လွှာ တင်သွင်းခံထားရတဲ့ ဇိုမီးအမျိုးသားပါတီက ဦးပေါင်ဇလန်းနဲ့ ပြည်သူ့ပါတီက ဦးခိုင်ဦးတို့ကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ စစ်ကော်မရှင်က ဒီကနေ့ မတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/10320264-2/
❤2👍1😁1