အမေရိကန်-အီရန် စစ်ပွဲပြင်းထန်နေချိန် ရုရှားရေတပ် မြန်မာကို ရောက်လာ
CJ Platform
ရုရှားအရာရှိတွေနဲ့ စစ်သည်အင်အား ၃၅၀ ဝန်းကျင် လိုက်ပါလာတဲ့ ရုရှားစစ်သင်္ဘော ၃ စင်းဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ရောက်ရှိလာခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ရုရှားရေတပ်ရဲ့ ခေတ်မီစစ်သင်္ဘောတွေဖြစ်တဲ့ Sovershenny ၊ Rezky နဲ့ ဆီတင်သင်္ဘောငယ် Pechenga တို့ ပါဝင်ပါတယ်ခင်ဗျာ။ စစ်ဘက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် Captain 1st Rank Andrel Gaevol ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ လာမယ့် မတ်လ ၁၀ ရက်နေ့အထိ ၆ ရက်ကြာ မြန်မာနိုင်ငံမှာ ရှိနေမှာ ဖြစ်ပါတယ်။
#CJPlatform #ရုရှား #စစ်သင်္ဘော #သီလဝါဆိပ်ကမ်း #Rezky #ရန်ကုန်မြို့
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/wQ6SPj1tjAQ

YouTube
အမေရိကန် အီရန် စစ်ပွဲပြင်းထန်နေချိန် ရုရှားရေတပ် မြန်မာကို ရောက်လာ
အမေရိကန်-အီရန် စစ်ပွဲပြင်းထန်နေချိန် ရုရှားရေတပ် မြန်မာကို ရောက်လာ
CJ Platform
ရုရှားအရာရှိတွေနဲ့ စစ်သည်အင်အား ၃၅၀ ဝန်းကျင် လိုက်ပါလာတဲ့ ရုရှားစစ်သင်္ဘော ၃ စင်းဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ရောက်ရှိလာခဲ့ပါတယ်။…

😁3👎1🔥1🤬1
မိုးအနည်းငယ်ရွာနိုင်ခြေ မြင့်မားနေ
CJ Platform
CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၇ရက် စနေနေ့မှာတော့ အချိန်အခါမဟုတ် မိုးရွာနိုင်ခြေ မြင့်မားနေပါတယ်။ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ လေဖိအားကျဆင်းလျက် ရှိနေပါတယ်။ လက်ရှိအချိန်မှာ အရှေ့မြောက်လေစီးကြောင်းဖြစ်တဲ့ ဆောင်းမုတ်သုန်တွေ အားကောင်းနေပြီး တောင်တရုတ်ပင်လယ်က မိုးတိမ်တွေဟာ "ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်လာမှာ" ဖြစ်ပါတယ်။
#CJPlatform #မြေဆီလွှာ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #ဆောင်းမုတ်သုန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/Gz7oQEV4nfg

👍4😁2
အရှေ့မြောက်လေစီးကြောင်းကြောင့် မိုးရွာဖို့ရှိ
CJ Platform
ဒီကနေ့ မတ်လ ၇ ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မိုးလေဝသခန့်မှန်းမော်ဒယ်တွေအရ ကမ္ဘာ့မိုးတိမ်စုကြီးဖြစ်တဲ့ MJO ဟာ မြန်မာနိုင်ငံကို သက်ရောက်စေတဲ့ Phase 4 နဲ့ 5 ကို ကျော်လွန်ပြီး၊ Phase 6 နဲ့ 7 ကို ရွေ့လျားသွားနေတာကို တွေ့ရပါတယ်။ အိန္ဒိယမိုးလေဝသဌာနကလည်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ လေဖိအားကျဆင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
#CJPlatform #မြေဆီလွှာ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #ဆောင်းမုတ်သုန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/_cBdrfJETf8

👍5😁1
မဲဆောက်မြို့က ဆီဆိုင်အချို့ မြန်မာနိုင်ငံက အိမ်စီးကားတွေကို ဆီရောင်းချမှု ရပ်နား
CJ Platform
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားရောက်ကာ စက်သုံးဆီ ဝယ်ယူနေတဲ့ မော်တော်ယာဉ်တွေကို ဆီဆိုင်အချို့က စက်သုံးဆီရောင်းချမှု ရပ်နားထားတယ်လို့ မဲဆောက်မြို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီနေ့ မတ် ၇ ရက်ကစပြီး မဲဆောက်မြို့တွေက ဆီဆိုင်အချို့မှာ စက်သုံးဆီ ရောင်းချမှုတွေကို ထိုင်းနိုင်ငံထဲက မော်တော်ယာဉ်တွေကိုသာ ရောင်းချပေးသွားမယ်လို့ ဖော်ပြထားပြီး “မြန်မာပြည်ကား ထည့်မရပါ” လို့ ထိုင်း-မြန်မာ နှစ်ဘာသာနဲ့ ရေးသားဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲက မော်တော်ယာဉ်တွေအနေနဲ့ စက်သုံးဆီဝယ်ယူပါက ကားတစ်စီးကို တစ်နေ့ တစ်ကြိမ်သာ ရောင်းချပေးမယ်လို့ ဖော်ပြထားပြီး အများဆုံး ဘတ် ၁,၀၀၀ ဖိုးသာ ရောင်းချပေးမယ်လို့လည်း ဖော်ပြထားပါတယ်။
အခု မတ်လဆန်းပိုင်းက မြန်မာနယ်စပ် မြဝတီမြို့နဲ့ တာချီလိတ်မြို့တို့က ဆီဆိုင်အချို့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်နဲ့ မယ်ဆိုင်မြို့နယ်တို့မှာ မြန်မာဘက်က မော်တော်ယာဉ်တွေ စက်သုံးဆီ လာရောက်ဝယ်ယူမှု ရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာနဲ့ လာအိုကလွဲပြီး ကျန်နိုင်ငံတွေကို လောင်စာဆီတင်ပို့မှု ယာယီရပ်ဆိုင်းထားမယ်လို့ ထိုင်းအစိုးရက မနေ့က မတ် ၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ထိုင်းနယ်စပ်ဒေသတွေမှာရှိတဲ့ စက်သုံးဆီဆိုင်အချို့က မြန်မာဘက်က မော်တော်ယာဉ်တွေကို ဆီရောင်းချမှု ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ တင်းမာမှု မြင့်တက်နေချိန် ဟော်မုဇ်ရေလက်ကြားကို ရေနံတင်သင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ အခက်အခဲ ဖြစ်ပေါ်နေတာကြောင့် အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားဟာ လောင်စာဆီ ပြတ်တောက်မယ့်အရေးနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်အောင်
#CJPlatform #ထိုင်းနိုင်ငံ #မဲဆောက် #စက်သုံးဆီ

👍3❤2👎1🔥1🥴1
စက်သုံးဆီချွေတာရေးအတွက် စစ်အုပ်စုက One Stop Service ပေးနေ
CJ Platform
စက်သုံးဆီချွေတာရေးအတွက်ဆိုကာ အိမ်စီးကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ယာဉ်နံပါတ်အလိုက် စုံ၊ မ ခွဲကာ ရက်အလိုက် မောင်းနှင်စေပြီးနောက် လိုက်နာမှုမရှိတဲ့ မော်တော်ယာဉ်တွေကို One Stop Service နဲ့ အရေးယူသွားမယ်လို့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
ပြည်သူ့ဝန်ဆောင်မှုအတွက် One Stop Service လုပ်ဆောင်ပေးတာမျိုး မဟုတ်ဘဲ စုံရက်မှာ မဂဏန်းနဲ့စတဲ့ မော်တော်ယာဉ်တွေ မောင်းနှင်တာ၊ မရက်မှာ စုံဂဏန်းနဲ့ စတင်တဲ့ မော်တော်ယာဉ်တွေ မောင်းနှင်တာကို စောင့်ကြည့်ပြီး အရေးယူဖို့အတွက် One Stop Service ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
One Stop Service အဖွဲ့မှာ စစ်အုပ်စုရဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ တရားရေးနဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်ပြီး စစ်အုပ်စုရဲ့ ကြေညာချက်ကို လိုက်နာမှုမရှိတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို အရေးယူဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
မော်တော်ယာဉ်တွေကို စုံ၊ မ ခွဲကာ မောင်းနှင်စေပေမယ့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းလို ဒေသတွေက စက်သုံးဆီဆိုင်အများစုမှာ ဆီလုံလောက်မှု မရှိတော့ဘဲ မော်တော်ယာဉ်တစ်စီးကို ကျပ် ၅၀,၀၀၀ ဖိုးအထိသာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“၅ သောင်းအထိပဲ ရောင်းပေးတယ်။ ဒီဇယ်ကတော့ နည်းနည်း ပိုရသေးတယ်၊ ဓာတ်ဆီက မလွယ်တော့ဘူး” လို့ ပုသိမ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စုံ၊ မ ခွဲခြားတဲ့စနစ်မှာ မော်တော်ဆိုင်ကယ်တွေကိုပါ ထည့်သွင်းထားတာကြောင့် မော်တော်ဆိုင်ကယ်ကိုသာ အဓိကထား အသုံးပြုနေရတဲ့ နယ်မြို့တွေမှာ သွားလာရေးပါ ခက်ခဲကုန်တယ်လို့ သိရပါတယ်။
ပုံစာ - ရန်ကုန်မြို့တွင် စက်သုံးဆီ ဝယ်ယူရေးအတွက် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို မြင်ရပုံ
#CJPlatform #OneStopService #စက်သုံးဆီ #စုံမ #ဒဏ်ရိုက်

😁4💩2
အီရန်စစ်ပွဲ ဒုတိယပတ်ထဲရောက်လာသော်လည်း သမ္မတထရမ့်အတွက် ထွက်ပေါက်မရှိသေးဘဲ စိန်ခေါ်မှုတွေ ပိုများလာ
CJ Platform
စစ်ပွဲစတင်ခဲ့တဲ့ ပထမဆုံးနေ့မှာတင် အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို လေကြောင်းကနေ သုတ်သင်နိုင်ခဲ့တာဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ရန်သူ့ခေါင်းဆောင်ကို လေကြောင်းကနေ လုပ်ကြံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးဟာ ထရမ့် အလိုရှိသလို မြန်မြန်ဆန်ဆန် အဆုံးသတ်မယ့်ပုံ မရှိဘဲ၊ ဒေသတွင်းစစ်ပွဲကြီးတစ်ခုအဖြစ် တစ်ဟုန်ထိုး ကျယ်ပြန့်သွားခဲ့ပါတယ်။
#CJPlatform #အီရန်စစ်ပွဲ #သမ္မတထရမ့် #အလီခါမေနီ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/6aVFSXAVM5U

👍5❤4😁1
နီပေါမှာ ရက်ပ်အဆိုတော်ဟောင်း ဘာလန်ဒရာရှား ဝန်ကြီးချုပ် ဖြစ်လာတော့မယ်
CJ Platform
နီပေါပြည်သူတွေကြားမှာ "ဘာလန်" (Balen) လို့ လူသိများတဲ့ ဘာလန်ဒရာရှားဟာ ရက်ပ်အဆိုတော်တစ်ဦးအဖြစ်ကနေ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။ သောကြာနေ့က ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ ဘာလန်ဒရာရှားရဲ့ RSP ပါတီဟာ လွှတ်တော်အမတ်နေရာ ၁၀၀ ဝန်းကျင်မှာ ဦးဆောင်နေပြီး၊ ပြိုင်ဘက်ပါတီကြီးတွေကို အပြတ်အသတ် ကျော်တက်နေတာ ဖြစ်ပါတယ်။
#CJPlatform #နီပေါ #Balen #RSPပါတီ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/yxlTitM6ALo

😁3👍2
မကွေးတိုင်းက တောင်သူတွေအတွက် အထူးစိုက်ပျိုးမိုးလေဝသခန့်မှန်းချက်
CJ Platform
CJ Platform က ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန် အတွက် မိုးလေဝသအခြေအနေတွေနဲ့အတူ မကွေးတိုင်းက တောင်သူဦးကြီးတွေအတွက် အထူး စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၈ရက် တနင်္ဂနွေနေ့မှာတော့ အရှေ့မြောက် လေစီးကြောင်းဖြစ်တဲ့ ဆောင်းမုတ်သုန်တွေ အားကောင်းနေဆဲဖြစ်ပါတယ်။
#CJPlatform #မြေဆီလွှာ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #စိုက်ပျိုးမိုးလေဝသ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/Y0g9Mg1y5-s

❤6😁1
အိုးနင်း ခွက်နင်း သတင်းများ Episode (12)
CJ Platform
အိုးနင်း ခွက်နင်း သတင်းများ Episode (12) ဘိုးတော်ဇော်နှင် ရာဇာကြီးတင်ဆက်သည်
#CJPlatform #အိုးနင်း ခွက်နင်း #ဘိုးတော်ဇော် #ရာဇာကြီး
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/R6dSaZs6MWI

😁4👍2❤1
စုံ၊မ ခွဲခြားတာကို မလိုက်နာရင် အာမခံ မရဘူးလို့ အရည်ကြိုပြော
CJ Platform
စက်သုံးဆီချွေတာရေးဆိုကာ စစ်အုပ်စုက အိမ်စီးမော်တော်ယာဉ်တွေကို ယာဉ်နံပါတ်အလိုက် ‘စုံ’ နေ့မှာ ‘စုံ’ ကားတွေကိုပဲ မောင်းနှင်စေပြီး ‘မ’ နေ့မှာ ‘မ’ ကားတွေကိုသာ မောင်းနှင်ရမယ်လို့ ညွှန်ကြားချက် ထုတ်ထားမှုအပေါ် အာမခံကုမ္ပဏီတွေကပါ အားပေးထောက်ခံခဲ့ပြီး စုံရက်မှာ မကားမောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်တာ၊ မရက်မှာ စုံကားမောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်တာတွေကို အာမခံလျော်ကြေးပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/9620261-2/

💩5😁2🤮2
ဒီကနေ့ မတ်လ ၉ရက် တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးသီးကျနိုင်
CJ Platform
ဒီကနေ့ မတ်လ ၉ ရက် တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရှေ့မြောက်လေစီးကြောင်းဖြစ်တဲ့ ဆောင်းမုတ်သုံလေဟာ ဆက်လက် အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) နဲ့ ကပ္ပလီပင်လယ် (တောင်ပိုင်း) ပင်လယ်ပြင်တွေမှာ အထက်လေပွေလှိုင်းတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒီအခြေအနေကြောင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ကျော်ဝင်ရောက်လာမယ့် မိုးတိမ်တွေဟာ "မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေအထိ ရောက်ရှိလာနိုင်ပါတယ်"။
#CJPlatform #UV_Index #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #မိုးသီးကျနိုင် #AQI #လေထုညစ်ညမ်းမှု #ခရမ်းလွန်ရောင်ခြည်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/Kvb34wBy1pM

ဒီကနေ့ မတ်လ ၉ ရက် တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရှေ့မြောက်လေစီးကြောင်းဖြစ်တဲ့ ဆောင်းမုတ်သုံလေဟာ ဆက်လက် အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်…

👍2😁1
မြန်မာနဲ့ လာအိုကို စက်သုံးဆီ ဆက်လက်တင်ပို့နေရတာဟာ ထိုင်းရဲ့ လျှပ်စစ်လိုအပ်ချက်ကြောင့်လို့ ဆို
CJ Platform
မြန်မာနဲ့ လာအိုနိုင်ငံတွေဆီ စက်သုံးဆီ ဆက်လက်တင်ပို့နေရမှုဟာ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ အပြန်အလှန်မှီခိုနေရမှုတွေကြောင့် ဖြစ်တယ်လို့ အမျိုးသားဖွံ့ဖြိုးရေးနဲ့ စီမံခန့်ခွဲမှုအင်စတီကျု (NIDA) ပါမောက္ခ ဒေါက်တာအာနွန် ဆာဝေါရဝစ် (Arnond Sakworawich) က ပြောကြားလိုက်ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်နဲ့ပတ်သက်ပြီး NIDA ပါမောက္ခ ဒေါက်တာအာနွန်က သူ့ရဲ့ လူမှုကွန်ရက်မှာ အခု မတ် ၇ ရက်က ရေးသားဖော်ပြထားတာဖြစ်ပြီး ထိုင်းနိုင်ငံ လျှပ်စစ်ဖူလုံဖို့အတွက် ဒီနိုင်ငံနှစ်ခုကနေ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားကို ဝယ်ယူနေရတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ လျှပ်စစ်လိုအပ်ချက် ၁၄ ရာခိုင်နှုန်းအတွက် မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဓာတ်ငွေ့ဝယ်ယူနေရတာဖြစ်သလို ရစ်ချာဘူရီ လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေတစ်ဆင့် ထိုင်းတောင်ပိုင်းဒေသတွေကို ဖြန့်ဖြူးပေးနေရတာ ဖြစ်တယ်လို့ ဒေါက်တာအာနွန်က ဆိုပါတယ်။
ထိုင်းတောင်ပိုင်းဒေသရဲ့ ၈၅ ရာခိုင်နှုန်းဟာ မြန်မာသဘာဝဓာတ်ငွေ့ကို မှီခိုနေရတာဖြစ်ပြီး ရစ်ချာဘူရီစက်ရုံကနေတစ်ဆင့် လျှပ်စစ်ဓာတ်အား ပို့ဆောင်နေရတာဖြစ်ကာ ဒေသတွင်းမှာရှိတဲ့ ခါနွမ် (Khanom) လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်နဲ့ ဘန်လန်နဲ့ ချောင်လန်ဆည်တို့ကနေ ၁၅ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ပါက မြန်မာစစ်အုပ်စုဘက်ကလည်း ထိုင်းဘက်ကို သဘာဝဓာတ်ငွေ့ရောင်းချတာ ရပ်ဆိုင်းနိုင်ပြီး ဒီအခြေအနေဟာ ထိုင်းတောင်ပိုင်းအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောထားပါတယ်။
ဒါ့အပြင် လာအိုနိုင်ငံဆီကနေလည်း လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲရမှုတွေ ရှိနေတာကြောင့် လာအိုကိုလည်း စက်သုံးဆီ ဆက်လက်ပို့နေရပြီး ဒါဟာ ထိုင်း-မြန်မာ-လာအို အိမ်နီးချင်းနိုင်ငံတွေကြား စွမ်းအင်ကဏ္ဍ အပြန်အလှန်မှီခိုနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာ့နိုင်ငံတွေကြား ရေနံဆီတင်ပို့မှု အကျပ်အတည်း ဖြစ်ပေါ်လာချိန် ထိုင်းက မြန်မာနဲ့ လာအိုကလွဲပြီး ကျန်နိုင်ငံတွေကို စက်သုံးဆီရောင်းချတာ ယာယီရပ်ဆိုင်းထားမယ်လို့ အခု မတ် ၆ ရက်မှာ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါသေးတယ်။
ဓာတ်ပုံ - ThaiPost
#CJPlatform #ထိုင်း #စက်သုံးဆီ #သဘာဝဓာတ်ငွေ

💩5❤2👍1
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး အာဆီယံ အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆို
CJ Platform
စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းအရေးအပါအဝင် ဒေသတွင်း စွမ်းအင်လိုအပ်ချက်တွေ၊ သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေး (AMM) ခေါ်ယူဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ကြောင်း Thai PBS က ဒီနေ့ မတ် ၉ ရက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးကို ဖြစ်နိုင်ရင် အမြန်ဆုံး ခေါ်ယူပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကက်ကော် (Sihasak Phuangketkeow) က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာထံ စာရေးသား တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
AMM အစည်းအဝေးကိုတော့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေ လူကိုယ်တိုင် တက်ရောက်မလား၊ ဒါမှမဟုတ် အွန်လိုင်းကနေတဆင့် လုပ်ဆောင်မလားဆိုတာတော့ မသိရသေးပါဘူး။
ဆီဟာဆတ်ရဲ့ တောင်းဆိုမှုကို ဖိလစ်ပိုင်က လက်ခံဖွယ်ရှိပြီး အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စွမ်းအင်လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးနဲ့ လတ်တလော စိန်ခေါ်မှုတွေအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား အမြင်ချင်းဖလှယ် ဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံသားတွေကို အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ကောင်စစ်ဝန်ရုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ဖို့နဲ့ ဒေသတွင်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ အရှေ့အလယ်ပိုင်းဒေသကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းနေရတာဖြစ်ပြီး စစ်ရေးပဋိပက္ခ ရှည်ကြာလာပါက ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်း မြင့်တက်မှု၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်မှုတို့ကို ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူကလည်း စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Thai PBS World
#CJPlatform #ASEAN #ThailandNews #MiddleEastCrisis #EnergySecurity #AMM

👍2😁2🤣2
"မူရင်းအငွေ့အသက် ပျောက်ဆုံးနေတယ်လို့ ဝေဖန်ခံနေရတဲ့ Nanno ဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိနေတဲ့ Pixar ရဲ့ ကာတွန်းရုပ်ရှင်"
CJ Platform
CJ Platform ရဲ့ Entertainment အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းကြိုက်သူတွေ စောင့်မျှော်နေတဲ့ 'နန်နို' Nanno ရဲ့ တစ်ကျော့ပြန် အခြေအနေတွေနဲ့အတူ၊ ဟောလိဝုဒ်ရဲ့ ထိပ်တန်း ထုတ်လုပ်ရေးကြီး နှစ်ခုဖြစ်တဲ့ ဝါနာဘရားသားစ် (Warner Bros.) နဲ့ ပစ်ခ်ဆာ (Pixar) တို့ရဲ့ အရှုံးနဲ့ အနိုင် ရလဒ်တွေအကြောင်း တင်ဆက်ပေးသွားမှာပါရှင်။"
#CJPlatform #Nanno #Pixar #Becky_Armstrong #Kitty_Chicha #Entertainment #Hoppers
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/1DtgAUn6ZLk

👍3😁1