ဖယ်ခုံမှာ လေဖြန်းနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက အောက်လမ်းဆရာလို့ ဆိုကာ အသက်အန္တရာယ်ပြုဖို့ လုပ်ဆောင်နေလို့ လက်နက်ကိုင်အဖွဲ့တွေက ညှိနှိုင်းပေးနေရ
CJ Platform
ရှမ်း-ကရင်နီပြည် နယ်စပ် ဖယ်ခုံမြို့နယ်၊ လွယ်ယင်းရွာမှာ လေဖြန်းနေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက အောက်လမ်းဆရာလို့ စွပ်စွဲကာ အသက်အန္တာရယ်ပြုဖို့ လုပ်ဆောင်နေတယ်လို့ လွယ်ယင်းရွာသားတစ်ဦးက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5320269-2/

😁2😱2😭1
အီရန်စစ်ပွဲ ၆ ရက်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းသို့ စစ်မီးကူးစက်ပြန့်နှံ့
CJ Platform
လက်ရှိမှာ အဓိက စစ်မီးတောက်လောင်နေတာကတော့ အီရန်၊ အစ္စရေးနဲ့ အမေရိကန် ၃ နိုင်ငံကြားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အိမ်နီးချင်း လက်ဘနွန် နိုင်ငံထဲကို အပြင်းအထန် ကူးစက်သွားပြီး ဘေရွတ်မြို့တော်အထိ ဗုံးကြဲခံနေရသလို၊ အစ္စရေးကြည်းတပ်တွေလည်း လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
#CJPlatform #ဘေရွတ်မြို့တော် #အမေရိကန် #အစ္စရေး #အီရန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/CSPdCQ3g_Yw

YouTube
အီရန်စစ်ပွဲ ၆ ရက်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းသို့ စစ်မီးကူးစက်ပြန့်နှံ့
အီရန်စစ်ပွဲ ၆ ရက်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းသို့ စစ်မီးကူးစက်ပြန့်နှံ့
CJ Platform
လက်ရှိမှာ အဓိက စစ်မီးတောက်လောင်နေတာကတော့ အီရန်၊ အစ္စရေးနဲ့ အမေရိကန် ၃ နိုင်ငံကြားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အိမ်နီးချင်း လက်ဘနွန် နိုင်ငံထဲကို…

👍4🤣2
တရုတ်က ၂၀၂၆ ခုနှစ်အတွက် စစ်သုံးစရိတ် ၇ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး စစ်တပ်ခေတ်မီရေးကို အရှိန်မြှင့်နေ
CJ Platform
ဘေဂျင်းမြို့မှာကျင်းပနေတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးမှာ ဝန်ကြီးချုပ် လီချောင်က ၂၀၂၆ ခုနှစ်အတွက် စစ်သုံးစရိတ် ယွမ် ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၇ ဘီလီယံ) သုံးစွဲသွားမယ့်အစီအစဉ်ကို တင်ပြခဲ့ပါတယ်။ ဒီပမာဏဟာ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ဖြစ်တဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
#CJPlatform #တရုတ် #ဘေဂျင်းမြို့ #ဝန်ကြီးချုပ်လီချောင် #စစ်သုံးစရိတ်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/nFMdFl8e7a8

😁2👎1🤣1
မန္တလေးတိုင်းက တောင်သူကြီးတွေအတွက် အထူးစိုက်ပျိုးမိုးလေဝသခန့်မှန်းချက်
CJ Platform
CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၆ရက် သောကြာနေ့မှာတော့ နေ့အပူချိန်တွေ ဆက်လက် မြင့်တက်နေဦးမှာ ဖြစ်ပါတယ်။အားပျော့တဲ့ လာနီညာအခြေအနေဟာ ပုံမှန်ရာသီဥတုကို ကူးပြောင်းနေဆဲဖြစ်ပြီး အရှိန်ကျန်နေသေးတာကြောင့် လာမယ့် "မတ်လ ၉ ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံအတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ခြေ" ရှိခြေလည်း ရှိနေသေးတာကြောင့် ပဲသိမ်းနေတဲ့ တောင်သူတွေနဲ့ ဆားတောင်သူတွေအနေနဲ့ ဂရုပြုရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။
#CJPlatform #နွေဦးကာလ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #လာနီညာ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/K9RoGZ4N_RU

👍3😁1
ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာကို ရောက်နေ
CJ Platform
ရုရှားအရာရှိတွေနဲ့ စစ်သည်ဦးရေ ၃၅၀ ဝန်းကျင်ပါတဲ့ ရုရှားစစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံကို နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် မနေ့က မတ် ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။
ရုရှားစစ်သင်္ဘောတွေဖြစ်တဲ့ Sovershenyl၊ Rezky နဲ့ ဆီတင်သင်္ဘောငယ် Pechenga တို့ဟာ မနေ့ညနေပိုင်းက သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတာဖြစ်ပြီး စစ်ဘက်ဆိုင်ရာအဖွဲ့ခေါင်းဆောင် Captain 1st Rank Andrel Gaevol က ဦးဆောင်ပြီး မတ် ၁၀ ရက်အထိ ၆ ရက်ကြာ အလည်အပတ် ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ရုရှားနဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က ဝင်ရောက်တိုက်ခိုက်နေချိန် အရှေ့တောင်အာရှဒေသကို ရုရှားစစ်သင်္ဘောတွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း ရုရှားရေတပ်က ချစ်ကြည်ရေးခရီးစဉ် မြန်မာနိုင်ငံကို လာရောက်ခဲ့သေးပြီး နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ စစ်ကော်မရှင်က နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်အုပ်စုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ရုရှားဟာ အီရန်ကို စစ်ဘက်ဆိုင်ရာလက်နက်နဲ့ နည်းပညာအကူအညီတွေ ပေးအပ်မှုတွေရှိပေမယ့် လက်ရှိ အမေရိကန်ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုမှာတော့ ကန့်ကွက်ရှုတ်ချမှုသာ လုပ်ဆောင်ထားပြီး တိုက်ရိုက်ပါဝင်ပတ်သက်တာမျိုး မရှိသေးပါဘူး။
အီရန်စစ်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ ရုရှားက ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်နေပေမယ့် အီရန်နဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ မြန်မာစစ်အုပ်စုကတော့ ဒီနေ့ မတ် ၆ ရက်အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
#CJPlatform #ရုရှား #စစ်သင်္ဘော

👍3🔥2❤1😁1
အရှေ့မြောက်လေစီးကြောင်းကြောင့် မိုးရွာနိုင်လို့ တောင်သူတွေ သတိပြု
CJ Platform
ဒီကနေ့ မတ်လ ၆ ရက် သောကြာနေ့အတွက် မိုးလေဝသအခြေအနေတွေကို ပြောပြသွားပါမယ်။ဒီနေ့မှာတော့ အရှေ့မြောက်လေစီးကြောင်းတွေ အားကောင်းလာနေပြီး တောင်တရုတ်ပင်လယ်က မိုးတိမ်တွေ ရွေ့လျား ဝင်ရောက်လာပါတယ်။ ဒီအခြေအနေကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတချို့မှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
#CJPlatform #လေထုညစ်ညမ်းမှု #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #လာနီညာ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/8J7tfkIwyZs

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ အညာမြေအတွက် CJ Platform ရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို The Nation Voice သတင်းစာမှာ အခမဲ့ ဖတ်ရှုနိုင်ပါပြီ
CJ Platform
ကောင်းကင်ရဲ့ သတင်းပေးပို့မှုကို မရဘူးလို့ အကြိမ်ကြိမ် ပြောဆိုခဲ့ကြတဲ့ အညာဒေသက တောင်သူလယ်သမားဦးကြီးတွေအပြင် ဘယ်နေ့မှာ ရာသီဥတု ဘယ်လိုရှိနိုင်မယ်ဆိုတာကို မသိရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် CJ Platform က The Nation Voice သတင်းစာနဲ့ ပူးပေါင်းပြီး အညာဒေသအတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပေးပို့ပေးနေပါပြီ။
အညာဒေသက ပြည်သူတွေ သဘာဝဘေး၊ စစ်ဘေးတွေကနေ ကင်းဝေးပါစေ၊ စိုက်တဲ့သီးနှံတိုင်း အောင်မြင်ပါစေ၊ အမြန်ဆုံး အေးချမ်းပါစေလို့ CJ Platform က မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်။
#CJPlatform #TheNationVoice #အညာဒေသ #မိုးလေဝသခန့်မှန်းချက် #WeatherForecast

👍5😁1
မဲဆောက်ကနေ မြန်မာဘက် တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက်လိုင်းကို ထိုင်းအာဏာပိုင်တွေ ဖြတ်တောက်
CJ Platform
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တောင်ကျေးရွာအုပ်စုထဲမှာရှိတဲ့ အဆောက်အအုံတစ်ခုကနေ မြန်မာဘက်ခြမ်းကို တရားမဝင် အင်တာနက်လိုင်း သွယ်တန်းထားတဲ့ ကေဘယ်လ်ကြိုးတွေကို ထိုင်းအာဏာပိုင်တွေက ရှာဖွေဖြတ်တောက်နိုင်ခဲ့တယ်လို့ မဲဆောက်ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ပုံမှန်မဟုတ်တဲ့ အင်တာနက်သုံးစွဲမှုနှုန်း မြင့်တက်နေတာကြောင့် ထိုင်းအင်တာနက်ဆက်သွယ်ရေး ကွန်ရက်တစ်ခုဖြစ်တဲ့ True က အာဏာပိုင်တွေကို သတင်းပေးပို့ခဲ့ရာကနေ အခုလို တရားမဝင် ထပ်ဆင့်သွယ်တန်းထားတဲ့ အင်တာနက်ကေဘယ်လ်ကြိုးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
True ကုမ္ပဏီရဲ့ တိုင်ကြားချက်အပေါ် ထိုင်းနိုင်ငံ ရုပ်သံလွှင့်ထုတ်မှုနဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC)၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၊ နယ်ခြားစောင့်အထူးတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တို့က နယ်စပ်မှာရှိတဲ့ အဆောက်အအုံကို ဝင်ရောက်စစ်ဆေးချိန် အဲဒီနေရာမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတာမျိုးကို မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီအဆောက်အအုံနေရာမှာ အဆင့်မြင့်ပြုပြင်ထားတဲ့ အင်တာနက်ချိတ်ဆက်မှု ကွန်ရက်စက်တွေနဲ့ တရားမဝင် တပ်ဆင်ထားတဲ့ အင်တာနက် ထပ်ဆင့်လွှင့်စက်ပစ္စည်းတွေအပါအဝင် မြေအောက်မှာ မြှုပ်ထားတဲ့ အင်တာနက်ကေဘယ်လ် ကြိုးလိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သောင်းရင်းမြစ်ကိုဖြတ်ကာ မြန်မာဘက်ကို တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက်ကြိုးလိုင်းတွေကို အာဏာပိုင်တွေက ဖြတ်တောက်သိမ်းဆည်းခဲ့ပြီး စက်ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့သလို ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Addy Chaiyadech
#CJPlatform #မဲဆောက် #မြဝတီ #အင်တာနက် #ကျားဖြန့်

အီရန်ကို တိုက်ခိုက်ချိန် ထိုင်းမှာ စစ်အခြေစိုက်စခန်း အသုံးပြုဖို့ အမေရိကန်က တောင်းခံတယ်ဆိုတဲ့ စွပ်စွဲချက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ငြင်းဆို
CJ Platform
အီရန်ကို စစ်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်က ထိုင်းနိုင်ငံ အူတာပါအို (U-Tapao) လေဆိပ်ကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ တောင်းခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် မဟုတ်မှန်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွန်ကက်ကရောက ပြောကြားခဲ့တယ်လို့ The Nation က ဒီနေ့ မတ် ၆ ရက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Sean K. O’Neill က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူနဲ့ အခု မတ် ၄ ရက်က တွေ့ဆုံခဲ့ချိန် စစ်အခြေစိုက်စခန်း အသုံးပြုဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
“မတ် ၄ ရက်က တွေ့ဆုံမှုဟာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကိစ္စတွေ၊ ကုန်သွယ်ခွန်ကိစ္စတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကိုပဲ ဆွေးနွေးခဲ့တာပါ” လို့ ဆီဟာဆတ်က ပြောကြားထားပါတယ်။
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမေရိကန်က ထိုင်းလေဆိပ်တွေကို အသုံးပြုတာဟာ ပုံမှန်အခြေအနေတွေထဲက တစ်ခုဖြစ်ပြီး အခြားနိုင်ငံတွေကလည်း ထိုင်းဝေဟင်ပိုင်နက် ဖြတ်သန်းပျံသန်းတာ၊ လေယာဉ်ဆီဖြည့်တာ စတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်မှုတွေရှိတာကြောင့် ဒါဟာ ပုံမှန်အခြေအနေသာဖြစ်တယ်လို့ သူက မှတ်ချက်ပြု ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက တိုက်ခိုက်ချိန် စစ်ဆင်ရေးကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ထိုင်းရဲ့ ပိုင်နက်နေရာကိုတော့ အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆီဟာဆတ်က ဖြည့်စွက်ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံဟာ အီရန်နဲ့လည်း ဆက်ဆံရေးကောင်း ရှိနေသလို အမေရိကန်နဲ့လည်း မဟာမိတ်ဆက်ဆံရေး ရှိနေပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခမှာ ကြားနေမူဝါဒကို ဆွဲကိုင်ထားနေဆဲ ဖြစ်ပါတယ်။
ဘန်ကောက်မှာရှိတဲ့ အီရန်သံအမတ်နဲ့လည်း ဆီဟာဆတ်က တွေ့ဆုံမှုတွေရှိခဲ့ပြီး အီရန်နိုင်ငံထဲက ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့သလို ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့အတွက် အလေးထား လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ - The Nation
#CJPlatform #အီရန် #ထိုင်းနိုင်ငံ #လေဆိပ် #စစ်စခန်း

🔥3😁2
Park Bom နဲ့ Dara တို့ကြားက မူးယစ်ဆေးဝါး စွပ်စွဲချက် နှင့် ထိုင်းရုပ်ရှင် အဓိကဇာတ်ဆောင်အဖြစ် မြင်တွေ့ရမယ့် ပိုးမမှီသာ
CJ Platform
CJ Platform ရဲ့ Entertainment အစီစဉ်ကနေ' ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကေပေါ့ပ် (K-Pop) လောကကို တုန်လှုပ်သွားစေတဲ့ အဖွဲ့ဝင်ဟောင်းနှစ်ဦးကြားက အပြန်အလှန် စွပ်စွဲချက်တွေအကြောင်းနဲ့၊ မြန်မာ့ဂုဏ်ဆောင် မင်းသမီးလေး ပိုးမမှီသာ ရဲ့ နိုင်ငံတကာ ရုပ်ရှင်ခြေလှမ်းသစ် အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။"
#CJPlatform #Entertainment #K_Pop #2NE1 #ပိုးမမှီသာ #Sandara Park
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/age5xV0tINU

Park Bomနဲ့Dara တို့ကြားကစွပ်စွဲချက် နှင့် ထိုင်းရုပ်ရှင်အဓိကဇာတ်ဆောင်အဖြစ် မြင်တွေ့ရမယ့်ပိုးမမှီသာ
Park Bom နဲ့ Dara တို့ကြားက မူးယစ်ဆေးဝါး စွပ်စွဲချက် နှင့် ထိုင်းရုပ်ရှင် အဓိကဇာတ်ဆောင်အဖြစ် မြင်တွေ့ရမယ့် ပိုးမမှီသာ
CJ Platform
CJ Platform ရဲ့ Entertainment အစီစဉ်ကနေ' ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကေပေါ့ပ် (K-Pop) လောကကို တုန်လှုပ်သွားစေတဲ့ အ…

👍1😁1
မင်းကင်း ရပ်ကျေးပလဖရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေအတွက် ၂ လကျော်ကြာတဲ့အထိ တာဝန်ယူမှုမရှိသေး
CJ Platform
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ရပ်ကျေး ပသုံးလုံးအဖွဲ့တွေနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာပလဖခေါင်းဆောင်ရဲ့ ပစ်ခတ်မှုကြောင့် NUG ကျောင်းသားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာကို ဒီကနေ့ မတ် ၆ ရက်အထိ တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ မိသားစုဝင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/6320265-2/

👎4😁1
နဂါးပူးတယ်ဆိုတဲ့ အမျိုးသမီး ၃ ဦး ခံဝန်ထိုးရပြီ
CJ Platform
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ကသစ်ပင်အုပ်စု၊ တဲစုကျေးရွာ တဲစုဘုန်းကြီးကျောင်းအတွင်း တည်ထားတဲ့ နဂါးရုံဘုရားဖွင့်ပွဲမှာ ဘုရားပေါ်ကို တက်ရောက်ပြီး နဂါးပူးတယ်ဆိုကာ ‘က’ ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို မြို့နယ် သံဃနာယကရုံးက ခေါ်ယူပြီး နောက်ထပ် မကျူးလွန်စေဖို့ ဝန်ခံကတိထိုးခိုင်းခဲ့တယ်လို့ သံဃာ့အဖွဲ့အစည်းတွေဆီက သိရပါတယ်။
နဂါးရုံဘုရားဖွင့်ပွဲ ဘုရားဆင်းတုတော်ပေါ်အထိ တက်ရောက်ပြီး နဂါးပူးတယ်ဆိုကာ အိန္ဒိယဇာတ်ဝင်ခန်းတွေအတွင်းက ကပြမှုမျိုး ကပြခဲ့သူ အမျိုးသမီး ၃ ဦးရဲ့ ရုပ်သံမှတ်တမ်းဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် မြို့နယ်သံဃနာယကရုံးက ဖေဖော်ဝါရီ ၂၇ ရက်မှာ ခေါ်ယူပြီး ခံဝန်လက်မှတ် ရေးထိုးစေခဲ့တာ ဖြစ်ပါတယ်။
“အာဏာစက်ဘက်က ပြတ်ပြတ်သားသား မကိုင်တွယ်သရွေ့ ဓမ္မစက်ဘက်ကတော့ ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ၊ မဖြစ်သေးသောအမှု မဖြစ်ပေါ်စေဆိုတဲ့ ငဲ့ညှာစိတ်ထား ကိန်းဝပ်လို့သာ ခွင့်လွှတ်စမြဲပါပေ” လို့ ဆရာတော်တစ်ပါးက မှတ်ချက်ပြုပါတယ်။
နဂါးရုံဘုရားပေါ် ကပြခဲ့တဲ့ အမျိုးသမီး ၃ဦးဟာ တဲစုကျောင်းဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ နဂါးပူးတယ်ဆိုကာ ကပြခဲ့တယ်လို့ ထွက်ဆိုထားတာကြောင့် တဲစုကျောင်းဆရာတော်အပါအဝင် ကျေးရွာ တာဝန်ရှိသူတွေပါ ဝန်ခံလက်မှတ် ရေးထိုးခဲ့ရတယ်လို့ သိရပါတယ်။
ဘာသာရေးအကြောင်းပြုကာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာလည်း လယ်ကွင်းအတွင်း ဘုရားဆင်းတုတော်တစ်ဆူ တူးဖော်ရရှိရာကနေ ဘုရားဆင်းတုထွက်ပေါ်လာရာ မြေနေရာက ရေနဲ့ မြေကြီးတွေကို အနာရောဂါ ပျောက်ကင်းတယ်လို့ဆိုကာ သောက်သုံးသုံးစွဲမှုတွေလည်း ရှိနေခဲ့ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #နဂါးပူး #ဘုရားဆင်းတု #ခံဝန် #ကဝမြို့ #ကသစ်ပင်မြို့နယ်

😁5👍4❤1