မြန်မာကို လာနေတဲ့ စက်သုံးဆီသင်္ဘော အရေအတွက်နဲ့ပတ်သက်ပြီး ဇော်မင်းထွန်း ပြောဆိုချက်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက် ကွဲလွဲနေ
CJ Platform
မြန်မာနိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မှာကို မစိုးရိမ်ကြဖို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ဝယ်ယူထားတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်း လမ်းခရီးမှာ ရှိနေသလို ရက်ပိုင်းအတွင်း ရောက်ဖို့ရှိတယ်လို့ မနေ့က မတ် ၄ ရက်မှာ စစ်ကော်မရှင်ဝါဒဖြန့် သတင်းဌာနတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5320261-2/

😁8❤1🔥1
ဒီကနေ့ မတ်လ ၅ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒေသသုံးခုမှာ မိုးရွာနိုင်ပြီး မိုးများနိုင်
CJ Platform
ဒီကနေ့ မတ်လ ၅ ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။လာမယ့် မတ်လ ၆ရက်နေ့ကနေစတင်ပြီး အရှေ့မြောက်လေစီးကြောင်းတွေ အားကောင်းလာဖို့ ရှိနေပါတယ်။ အားပျော့တဲ့ လာနီညာအခြေအနေဟာ ပုံမှန်ရာသီဥတုကို ကူးပြောင်းနေဆဲ ဖြစ်တာကြောင့် လာမယ့် "မတ်လ ၉ ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံအတွင်း မိုးရွာနိုင်ခြေ" ရှိနေပါတယ်။
#CJPlatform #နွေဦးကာလ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #လာနီညာ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/MLwX6GYZD_Q

❤6👍1😁1
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်က ပြည်သူတွေကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲ
CJ Platform
မြန်မာပြည်သူတွေ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေကိုပါ စစ်ကော်မရှင်က နည်းပညာနဲ့ ပိုမိုစောင့်ကြည့်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို ပိုမိုဂရုစိုက်ကြဖို့ လိုအပ်ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က CJ Platform ကို ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5320262-2/

🤬6❤1👎1😁1
ဟိုပင်မြို့မှာ ၆ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
CJ Platform
ကချင်ပြည်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာနယ်မြေ (၅) မှာ မတ် ၄ ရက်၊ ည ၁၁ နာရီခန့်က ၆ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ မြို့မတောင်ရပ်ကွက် ဦးကျော်မြတ်ဦး နေအိမ်မှာ အခင်းဖြစ်ပွားရာနေ့ ညပိုင်းက ဆူညံအော်ဟစ်သံတွေကို ပတ်ဝန်းကျင်က ကြားသိခဲ့ပေမယ့် လင်မယားအချင်းချင်း ရန်ဖြစ်တယ်လို့သာ ထင်မှတ်ခဲ့ကြပြီး၊ မတ် ၅ ရက် မနက်ပိုင်းမှာ ရေခပ်ပေးနေကျဖြစ်တဲ့ ကလေးငယ်က နေအိမ်တံခါး ပွင့်နေပြီး နေအိမ်အတွင်း ရုပ်အလောင်းတွေကို တွေ့ရှိရာကနေ ပတ်ဝန်းကျင်ကို အသိပေးခဲ့ရာ နေအိမ်အတွင်း ဦးကျော်မြတ်ဦး အသက် (၄၂) နှစ်အပါအဝင် ဇနီးဖြစ်သူ ဒေါ်အိဖြူ အသက် (၂၇) နှစ်၊ သားဖြစ်သူ မောင်ဘုန်းခန့်ကျော် အသက် (၁၁) နှစ်၊ သမီးတွေဖြစ်သူ အသက် (၉) နှစ်အရွယ် မယုဝတီကျော်၊ မယွန်းဝတီကျော်နဲ့ အိမ်ကူဖြစ်သူ ဒေါ်မီးမီး အသက် (၄၂) နှစ်တို့ သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
“ဓားပြတွေ ဖြစ်နိုင်တယ်။ မီးခံသေတ္တာကို ရိုက်ဖွင့်ထားတယ်၊ ပွင့်တော့ မပွင့်ဘူး။ ယူသွားဖို့ ပြင်ရင်း အိမ်ဝအနားမှာ မီးခံသေတ္တာ ကျန်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ မိသားစုဟာ ကုန်ကားမောင်းနှင်တာနဲ့ သစ်သီးရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်နေသူတွေဖြစ်ပြီး ငွေတိုးချေးငှားတဲ့ လုပ်ငန်းကိုလည်း လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကျူးလွန်သူတွေကို ဖမ်းမမိသေးဘဲ ဒေသခံတွေက မှုခင်းဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #Hopin #KachinState #CrimeNews #LocalNews #CJReport

🤬3👎1😁1
မဲဆောက်မှာ တရားဝင်အထောက်အထားမရှိသူ မြန်မာ ၂၁ဦး ဖမ်းဆီးခံရ
CJ Platform
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ကုကျေးရွာအနီးမှာ တရားဝင် အထောက်အထား မရှိသူ မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ မတ် ၅ ရက်၊ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
မဲဆောက်မြို့၊ မယ်ကု-မယ်တောင် ကားလမ်းမဘေး ငှက်ပျောစိုက်ခင်းအနီးက ကားတစ်စီးပေါ်မှာ မြန်မာ ၂၁ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက မနေ့က မတ် ၄ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိသူတွေထဲက ၄ ဦးဟာ ဗီဇာသက်တမ်း ကျော်လွန်နေသူတွေဖြစ်သလို ၁၆ ဦးဟာ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ အသက် ၄၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ခေါ်ဆောင်ခဲ့တာကြောင့် သူ့ကို လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားတယ်လို့လည်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မယ်ကုကျေးရွာအနီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၂၁ ဦးအပြင် အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးတို့ကို မဲဆောက်ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - Tak Immigration
#CJPlatform #MaeSot #ThailandNews #MigrantWorkers #IllegalEntry #MyanmarCitizens

😢3👎1😁1
ဘန်ကောက်မှာ ကွန်ဒိုငှါးပြီး ကျားဖြန့်လုပ်နေသူ ဗီယက်နမ်နိုင်ငံသား ၉၀ ကျော်ကို ဖမ်းဆီးရမိ
CJ Platform
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) ရပ်ကွက်၊ ရာမ ၉ လမ်းအနီးမှာရှိတဲ့ ကွန်ဒိုအဆောက်အအုံတစ်ခုကို ထိုင်းအာဏာပိုင်တွေက မနေ့က မတ် ၄ ရက်၊ ညပိုင်းမှာ ဝင်ရောက်စီးနင်းချိန် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသူ ၉၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thai PBS က ဖော်ပြထားပါတယ်။
ကွန်ဒိုအဆောက်အအုံတစ်ခုရဲ့ မြေညီထပ်မှာ ဗီယက်နမ်နိုင်ငံသား အများအပြား နေထိုင်အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံတွေက မတ်ကာဆန်ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားမှုတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စောင့်ကြည့်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။
မနေ့ညပိုင်းက ကွန်ဒိုအဆောက်အအုံကို ဝင်ရောက်စီးနင်းမှု မလုပ်ဆောင်မီ အသွင်ယူစောင့်ကြည့်သူတွေကို ကနဦးစေလွှတ်ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ဆိုက်ဘာစုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ မတ်ကာဆန်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ စီးနင်းမှုအတွင်း ဗီယက်နမ်နိုင်ငံသား အမျိုးသား ၆၉ ဦးနဲ့ အမျိုးသမီး ၂၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး မိုဘိုင်းဖုန်း အလုံး ၅၀၀၊ လက်ပ်တော့အပါအဝင် ကွန်ပျူတာ ၆၈ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အချို့ရဲ့ ဝန်ခံထွက်ဆိုချက်အရ သူတို့တွေဟာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ လုပ်ကိုင်ဖို့ ကမ်းလှမ်းခံရပြီးနောက် ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်ရမယ်ဆိုတာကို ကနဦးက မသိရှိဘူးလို့ ဆိုပါတယ်။
သူတို့တွေဟာ ကျားဖြန့်လုပ်ငန်းအတွင်း ဖိအားပေးခိုင်းခံခဲ့ရတယ်လို့ ထွက်ဆိုထားပေမယ့် ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Thai PBS
#CJPlatform #Bangkok #CyberCrime #Kyaphant #ThaiPolice #VietnameseNationals

👍2🔥1