CJ Platform
5.23K subscribers
18.8K photos
359 videos
4 files
8.75K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ကချင်ပြည်က တောင်သူဦးကြီးတွေအတွက် အထူးစိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၄ရက် ဗုဒ္ဓဟူးနေ့မှာတော့ နွေရဲ့အပူရှိန်ကို သိသိသာသာ ခံစားလာရတော့မှာ ဖြစ်ပါတယ်။နွေဦးရာသီကို ရောက်ရှိလာချိန်လဲဖြစ်တာကြောင့် မနက်ဖြန်မှာ "ကချင်၊ စစ်ကိုင်း၊ ရှမ်း၊ နေပြည်တော်၊ ပဲခူး (အနောက်ပိုင်း)၊ ဧရာဝတီနဲ့ မွန်ပြည်" တို့မှာ ဒီနေ့ထက် နေ့အပူချိန် (၂) ဒီဂရီဆဲလ်စီးယပ်လောက်စီ ထပ်မံမြင့်တက်လာနိုင်ပါတယ်။

#CJPlatform #နွေဦးရာသီ #စိုက်ပျိုးမိုးလေဝသ #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/nO49Z96f4yU
👍3😁1
FBI ထိုင်းကို ရောက်လာချိန် တာချီလိတ်မြို့ပေါ်က ဟိုတယ်မှာ ကျားဖြန့်လုပ်နေသူ နိုင်ငံခြားသား ၄၀၀ နီးပါးကို စစ်ကော်မရှင် ဖမ်းဆီး

CJ Platform

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းက ဟိုတယ်တစ်ခုမှာ တရုတ်နိုင်ငံသား အများဆုံးပါဝင်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သူ နိုင်ငံခြားသား ၃၉၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ မတ် ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် ၂ လမ်းထဲက ဟိုတယ်အမည်ခံ အဆောက်အအုံတစ်ခုကို မနေ့က မတ် ၃ ရက်မှာ စစ်ကော်မရှင်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ် ၂၉၇ ဦး၊ မလေးရှား ၃၈ ဦး၊ ဗီယက်နမ် ၅၇ ဦးနဲ့ ဖိလစ်ပိုင် ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မယ်ခေါင်ရပ်ကွက်ထဲမှာ အပြည်ပြည်ဆိုင်ရာ နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်ဟာ လုပ်ငန်းလိုင်စင် ရယူထားတာမျိုးမရှိဘဲ တရားမဝင် ဖွင့်လှစ်ထားတာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်နေကြတာလည်း ဖြစ်တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။

ကျားဖြန့်စင်တာနေရာကို ဝင်ရောက်စီးနင်းမှုအတွင်း ကွန်ပျူတာ ၁၇၄ လုံး၊ CPU အလုံး ၇၀၊ စတားလင့်ခ် ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး ကျားဖြန့်ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က အရှေ့တောင်အာရှဒေသအတွင်းမှာရှိတဲ့ ကျားဖြန့်ရာဇဝတ်လုပ်ငန်းတွေကို အရှိန်မြှင့်နှိမ်နင်းမှုတွေ လုပ်ဆောင်လာချိန် စစ်ကော်မရှင်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ကရင်ပြည်ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းနေရာတွေကို ဖြိုခွင်းမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJPlatform #တာချီလိတ် #ကျားဖြန့် #FBI
😁8👍1👏1
ဒီကနေ့ မတ်လ ၄ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
လေထုညစ်ညမ်းမှု အနီရောင်အဆင့်ထက် ကျော်လွန်နေ

CJ Platform

ဒီကနေ့ မတ်လ ၄ ရက် ဗုဒ္ဓဟူးနေ့အတွက် ဒေသအတွင်း မိုးလေဝသအခြေအနေတွေကို ပြောပြသွားပါတော့မယ်။ဒီနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နွေအပူရှိန်ဟာ သိသိသာသာကို ဆက်လက် မြင့်တက်နေပါတယ်။ အထူးသတိပြုရမယ့် အပူဆုံးဒေသတွေကတော့ "ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နဲ့ တနင်္သာရီတိုင်း" တို့ဖြစ်ပြီး နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ပြင်းထန်တဲ့ အပူရှိန်ကို ခံစားရမှာ ဖြစ်ပါတယ်။

#CJPlatform #နွေဦးကာလ #အပူရှိန် #လေထုညစ်ညမ်းမှု

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/zbYkuYFAPnE
😁2😱2
မြန်မာနိုင်ငံသားတွေ ကျောင်းသားဗီဇာလျှောက်ထားခွင့်ကို ယူကေအစိုးရ ရပ်ဆိုင်း

CJ Platform

ကျောင်းသားဗီဇာနဲ့ ဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ များပြားလာတာကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်တို့ကနေ ကျောင်းသားဗီဇာလျှောက်ထားခွင့်ကို ရပ်ဆိုင်းလိုက်ကြောင်း ယူကေပြည်ထဲရေးဌာနက ထုတ်ပြန်ချက်ကို The Independent သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ယူကေနိုင်ငံကို ကျောင်းသားဗီဇာနဲ့ ဝင်ရောက်လာကြတဲ့ မြန်မာအပါအဝင် နိုင်ငံ ၄ ခုက နိုင်ငံသားတွေဟာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုတွေ မြင့်တက်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ယူကေပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) က ပြောကြားထားပါတယ်။

မြန်မာ၊ ကင်မရွန်း၊ ဆူဒန်တို့ကို ကျောင်းသားဗီဇာ လျှောက်ထားခွင့်သာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ကျောင်းသားဗီဇာအပြင် အလုပ်သမားဗီဇာကိုလည်း ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီနိုင်ငံ ၄ ခုက နိုင်ငံသားတွေဟာ ဗြိတိန်မှာ ခိုလှုံခွင့်ရဖို့အတွက် ကျောင်းသားဗီဇာကို တရားဝင် ရွှေ့ပြောင်းအခြေချရာ လမ်းကြောင်းသဖွယ် အသုံးပြုနေတယ်လို့ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ယူကေအစိုးရက အခုလို ကန့်သတ်မှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

“စစ်ပွဲဒဏ် ကြုံတွေ့နေရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ နိုင်ငံတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံသားတွေ ခိုလှုံခွင့်တောင်းတာကို ဗြိတိန်အနေနဲ့ အမြဲ ကူညီထောက်ပံ့ပေးသွားမှာပါ။ ဒါပေမယ့် ဒီအခွင့်အရေးကို အလွဲအသုံးချတာမျိုးကိုတော့ လုပ်လို့မရပါဘူး” လို့ ရှာဘာနာက ပြောကြားခဲ့ပါတယ်။

ယူကေပြည်ထဲရေးဌာနက အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်းမှာ ကျောင်းသားအရေအတွက် ၁ သိန်းထဲက ၃၉ ရာခိုင်နှုန်းဟာ ခိုလှုံခွင့်တောင်းခံခဲ့ကြပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်တို့က အများဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - The Sun via PA
#CJPlatform #UK #ဗီဇာ #ကျောင်းသား
😢6😁1
😁2👎1
မန္တလေးနဲ့ စစ်ကိုင်းမှာလည်း စက်သုံးဆီဂယက်နဲ့ လမ်းမတွေပေါ် တန်းစီ

CJ Platform

စစ်ကိုင်းနဲ့ မန္တလေးမှာ စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်ပြီး ဆီဆိုင်တွေရှေ့ တန်းစီဝယ်ယူသူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ် ၃ ရက်ကစလို့ မြို့ကြီးတွေမှာ စက်သုံးဆီ အကန့်အသတ်နဲ့ တန်းစီဝယ်ယူရတာတွေ သိသိသာသာ များပြားလာပြီး ဒီကနေ့ မတ် ၄ ရက်မှာလည်း ဆက်လက် တိုးဝှေ့ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

"ဆီပြတ်သွားနိုင်တဲ့ အခြေအနေကြားနေတာဆိုတော့ ဆီဝယ်စုတဲ့သူတွေလည်း များလာတာပါ၊ တစ်စီးကို အခုက အကန့်အသတ်မရှိသေးတော့ ပိုဆိုးတာပေါ့" လို့ မန္တလေးတိုင်း၊ ညောင်ဦးမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အလားတူ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဆီထုတ်ယူဖို့ တန်းစီလျက်ရှိတဲ့ ဆိုင်ကယ်၊ ကားတွေဟာ ရာနဲ့ချီ စီတန်းစောင့်ဆိုင်းနေကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

"အခုကို တန်းစီနေကြတာ ဆင်များရှင်ကနေ ဈေးအထိပဲ အစ်ကို၊ ယာဉ်တန်းကြီး အရှည်ကြီးပဲ။ တစ်စီးတစ်ခေါက်ရဖို့ကို မနည်းတန်းရတယ်" လို့ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်က အရှေ့အလယ်ပိုင်းပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီတွေကို ပြည်ပကို ရောင်းချတာ ယာယီရပ်တန့်ထားဖို့ ညွှန်ကြားခဲ့ပြီးနောက် မြန်မာနယ်စပ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်မှု စတင်ဖြစ်ပေါ်ပြီး ဈေးနှုန်းမြင့်တက်မှုတွေလည်း ရှိနေပါတယ်။

စစ်အုပ်စုကလည်း မနေ့က မတ် ၃ ရက်မှာ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက်၊ မရက်ခွဲပြီး တစ်ရက်ခြားစီသာ လမ်းမတွေပေါ် မောင်းနှင်ဖို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - CJ
ပုံစာ - စစ်ကိုင်းမြို့ပေါ်တွင် စက်သုံးဆီ တန်းစီနေပုံ (ပုံဟောင်း)
#CJPlatform
👍2🔥2😢1
🔥3
တေလာဆွစ်ဖ် သီချင်းထဲက လျှို့ဝှက်ချက်နဲ့ Rain က ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်လာမယ့် ‘Bloodhounds' Season 2’

CJ Platform

CJ Platform ရဲ့ Entertainment' အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ မတ်လ ၄ ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးက အားကျရတဲ့ တေလာဆွစ်ဖ် နဲ့ ဆီလီနာဂိုမက်ဇ် သူငယ်ချင်းနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေအကြောင်းနဲ့၊ ကိုရီးယား အဆိုတော်မင်းသား Rain ပါဝင်မယ့် ‘Bloodhounds' Season 2 သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။"

#CJPlatform #Rain #Taylor_Swift #Selena_Gomez #ကိုရီးယား #Entertainment

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/5tAwR1mSYes
👍4😁1
မြန်မာက နျူကလီးယားကုန်ကြမ်းတွေကို မှောင်ခိုကူးခဲ့သူ တာကီရှီအီဘီဆာဝါကို ထောင်အနှစ် ၂၀ ချမှတ်

CJ Platform

နျူကလီးယားကုန်ကြမ်း၊ မူးယစ်ဆေးဝါးအပါအဝင် လက်နက်မှောင်ခိုကူးမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ဂျပန်နိုင်ငံသား တာကီရှီအီဘီဆာဝါ (Takeshi Ebisawa) ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း အမေရိကန်တရားရုံးက မနေ့က မတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အီဘီဆာဝါဟာ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ပလူတိုနီယမ်နဲ့ ယူရေနီယမ်တွေ အပါအဝင် နျူကလီးယားကုန်ကြမ်းတွေကို မြန်မာနိုင်ငံကနေ တခြားနိုင်ငံတွေကို မှောင်ခိုကူးမှု၊ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုတို့နဲ့ အမေရိကန်က တရားစွဲဆို ရုံးတင်စစ်ဆေးခဲ့ပြီးနောက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

“မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (DEA) ဟာ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူဘေးကင်းရေးကို ဦးစားပေးလုပ်ဆောင်တာပါ။ အခုလို ကမ္ဘာ့အန္တရာယ်ရှိဆုံး ရာဇဝတ်မှုကွန်ရက်ကို ဖြိုခွင်းနိုင်ခဲ့တာဟာ DEA ရဲ့ စွမ်းဆောင်ရည်ကို ပြသလိုက်တာပါပဲ။ ဒီလိုကျူးလွန်သူတွေ ဘယ်နေရာမှာပဲရှိနေပါစေ DEA အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ” လို့ DEA အကြီးအကဲ တာရန့်စ်ကိုးလ် (Terrance Cole) ကလည်း ပြောကြားထားပါတယ်။

အီဘီဆာဝါရဲ့ နိုင်ငံတကာရာဇဝတ်မှု ကွန်ရက်အဖွဲ့အစည်းတွေဟာ ဂျပန်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ အမေရိကန်နဲ့ အခြားဒေသတွေမှာ ရှိနေပြီး DEA တာဝန်ရှိသူတွေက အသွင်ယူစုံစမ်းစစ်ဆေးမှုတွေကို ၂၀၁၉ ခုနှစ်က စတင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မှာ လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်သလို အမေရိကန်က သူ့ကို ၃ နှစ်နီးပါးအကြာ တရားစွဲဆိုစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အီဘီဆာဝါအပေါ် အမေရိကန်တရားရုံးက တရားစွဲဆို စစ်ဆေးမှုတွေ လုပ်ဆောင်ချိန် သူဟာ နျူကလီးယားကုန်ကြမ်းတွေ၊ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ချိတ်ဆက်ရယူခဲ့ပြီး လေယာဉ်ပစ်လက်နက်အပါအဝင် စစ်ဘက်ဆိုင်ရာလက်နက်တွေနဲ့ အလဲအလှယ်လုပ်ဖို့ သဘောတူလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်တရားရုံးက ထုတ်ပြန်ခဲ့ပါသေးတယ်။

အီဘီဆာဝါကို အခုလို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာဟာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ နျူကလီးယားကုန်ကြမ်း မှောင်ခိုလုပ်ကိုင်ပြီး အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေကို ရှင်းလင်းတဲ့ သတင်းစကား ပေးနိုင်ခဲ့တာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ DEA တာဝန်ရှိသူတွေက လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ တာရန့်စ်ကိုးလ်က ပြောကြားထားပါသေးတယ်။

ဓာတ်ပုံ - Southern District of New York
#CJPlatform #နျူကလီးယား #DEA #အီဘီဆာဝါ
👍5😁1
😁2💩2
၂၀၁၅ ခုနှစ် ဝန်းကျင်ကာလတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ “ဦးတေဇ ယူရေနီယံ ဓာတ်သတ္တိသင့်နေပြီ" ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ လွန်လေပြီးတဲ့ ၁၉၈၂ ခုနှစ် ကာလများကတည်းက Technical Service Cooperation (TSC) ကို ပညာရှင်များနဲ့ ဖွဲ့စည်းခဲ့ပြီး ယူရေနီယံကို မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တစ်ဝိုက်၊ ကချင်ပြည်နဲ့ ရှမ်းပြည်၊ တောင်ကြီးဒေသတွေမှာ ရှာဖွေခဲ့ကြတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေါ် နအဖအစိုးရလက်ထက်မှာလည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ယူရေနီယံဒြပ်စင်ကို အခြေခံပြီး နျူကလီးယားစီမံကိန်းကို စတင်ခဲ့ကာ ယူရေနီယံထွက်ရှိတယ်လို့ သတင်းထွက်နေတဲ့ မိုးကုတ်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ သပိတ်ကျင်းမြို့ အနီးတစ်ဝိုက်မှာ တပ်ရင်းတစ်ရင်း ဖွင့်လှစ်ပြီး ဗိုလ်ချုပ်တစ်ဦးက ဦးဆောင်ကာ ရုရှားပြန် တပ်မတော်သားပညာရှင်တွေနဲ့ ကိုယ်ထူကိုယ်ထ ရှာဖွေလုပ်ဆောင်တာမျိုးတွေ ရှိခဲ့ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/6089t/
👍41👎1🔥1😁1
FBI ၏ ဒေသတွင်း နှိမ်နင်းမှုများရှိနေချိန် တာချီလိတ်မြို့ပေါ်မှာ ကျားဖြန့်လုပ်နေသူ ၄၀၀ နီးပါးကို စစ်ကော်မရှင် ဖမ်းဆီး

CJ Platform

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် ၂ လမ်းထဲက ဟိုတယ်အမည်ခံ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင်ဖွင့်လှစ်ထားတဲ့ဟိုတယ်တစ်ခုဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ စင်တာတစ်ခု ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။။

#CJPlatform #ဟိုတယ် #ကျားဖြန့် #တာချီလိတ် #FBI

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/tKAwoRf3OZ0
😁81🤣1
မနက်ဖြန် မတ်လ ၅ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
စစ်ကိုင်းတိုင်းက တောင်သူတွေ နှင်းကို နှုတ်ဆက်လိုက်တော့

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၅ရက် ကြာသပတေးနေ့မှာတော့ နွေအပူရှိန်ဟာ အမြင့်ဆုံး အဆင့်မှာ ဆက်လက် ရှိနေပါဦးမယ်။ အထူးသတိပြုရမယ့် အပူဆုံးဒေသကတော့ "ကရင်ပြည်" ဖြစ်ပြီး နေ့အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထိ အပူရှိန် အပြင်းထန်ဆုံး ခံစားရမှာ ဖြစ်ပါတယ်။

#CJPlatform #နွေဦးကာလ #အပူရှိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/nUqJcNoyYh4
👍4😁1
မြန်မာကို လာနေတဲ့ စက်သုံးဆီသင်္ဘော အရေအတွက်နဲ့ပတ်သက်ပြီး ဇော်မင်းထွန်း ပြောဆိုချက်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက် ကွဲလွဲနေ

CJ Platform

မြန်မာနိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မှာကို မစိုးရိမ်ကြဖို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ဝယ်ယူထားတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်း လမ်းခရီးမှာ ရှိနေသလို ရက်ပိုင်းအတွင်း ရောက်ဖို့ရှိတယ်လို့ မနေ့က မတ် ၄ ရက်မှာ စစ်ကော်မရှင်ဝါဒဖြန့် သတင်းဌာနတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5320261-2/
😁81🔥1
ဒီကနေ့ မတ်လ ၅ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒေသသုံးခုမှာ မိုးရွာနိုင်ပြီး မိုးများနိုင်

CJ Platform

ဒီကနေ့ မတ်လ ၅ ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။လာမယ့် မတ်လ ၆ရက်နေ့ကနေစတင်ပြီး အရှေ့မြောက်လေစီးကြောင်းတွေ အားကောင်းလာဖို့ ရှိနေပါတယ်။ အားပျော့တဲ့ လာနီညာအခြေအနေဟာ ပုံမှန်ရာသီဥတုကို ကူးပြောင်းနေဆဲ ဖြစ်တာကြောင့် လာမယ့် "မတ်လ ၉ ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံအတွင်း မိုးရွာနိုင်ခြေ" ရှိနေပါတယ်။

#CJPlatform #နွေဦးကာလ #အပူရှိန် #မိုးလေဝသခန့်မှန်းချက် #လာနီညာ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/MLwX6GYZD_Q
6👍1😁1
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်က ပြည်သူတွေကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲ

CJ Platform

မြန်မာပြည်သူတွေ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်းတွေကိုပါ စစ်ကော်မရှင်က နည်းပညာနဲ့ ပိုမိုစောင့်ကြည့်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို ပိုမိုဂရုစိုက်ကြဖို့ လိုအပ်ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က CJ Platform ကို ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5320262-2/
🤬61👎1😁1