CJ Platform
5.22K subscribers
18.8K photos
359 videos
4 files
8.76K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
မော်လမြိုင်၊ ဈေးကြိုမှာ နေအိမ်မီးလောင်လို့ အဖိုး၊ အဖွား ၂ ဦး မီးလောင်သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

CJ Platform

မွန်ပြည်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေ၊ TTC ကျောင်းလမ်း၊ အာဟာရ မူကထဆိုင်ဘေးက နေအိမ် တစ်အိမ်မှာ ဒီနေ့ မတ် ၂ ရက်၊ မနက် ၂ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် အဖိုး ၁ ဦးနဲ့ အဖွား ၁ ဦးတို့ မီးလောင်သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ လူမှုကူညီရေးအဖွဲ့တွေဖြစ်တဲ့ ဘိုဘိုဝင်းအဖွဲ့နဲ့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးရဲ့ ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ သေချာမသိရသေးပါဘူး။

မီးလောင်ပြီး နာရီဝက်အကြာ မနက် ၃ နာရီလောက်မှာတော့ မော်လမြိုင်မြို့နယ်မှာရှိတဲ့ မီးသတ်တပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဓာတ်ပုံ-ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

#CJPlatform #မော်လမြိုင် #မီးလောင်
😢6😁1
Byun Yo-han ၊ Tiffany Young နဲ့ Zendaya ၊ Tom Holland တို့ရဲ့ မင်္ဂလာသတင်း

CJ Platform

CJ Platform ရဲ့ Entertainment အစီစဉ် ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားက မင်းသား Byun Yo-han နဲ့ 'Girls’ Generation ' အဖွဲ့ဝင် Tiffany Young တို့ရဲ့ မင်္ဂလာသတင်းနဲ့ ဟောလိဝုဒ်က Zendaya နဲ့ Spiderman မင်းသား Tom Holland တို့ရဲ့ ထင်မှတ်မထားတဲ့ မင်္ဂလာသတင်းတွေကို တင်ဆက်ပေးသွားပါမယ်။

#CJPlatform #Entertainment #Girls_Generation #Spiderman

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/02zNlkxbgsU
🍓2😁1
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပြင်းအထန် နှိပ်စက်ခံနေရ

CJ Platform

စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာနဲ့ ပြန်လွှတ်ပေးနေပေမယ့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားများ အပြင်းအထန် နှိပ်စက်ခံနေရတယ်လို့ သာယာဝတီအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2320263-2/
🤬10😁1
Conflict Diary (2.3.2026)

မတ် ၁ ရက်အတွက် နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံတစ်ဝန်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်၊ တနင်္ဂနွေနေ့မှာ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၉ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအထဲမှာဆိုရင် ထိတွေ့တိုက်ပွဲ ၆ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်၊ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ၁ ကြိမ်စီ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ် အဓိကဖြစ်ပွားခဲ့တဲ့ ဒေသတွေကတော့ မကွေးတိုင်းဖြစ်ပြီး ဧရာဝတီတိုင်းက ဒုတိယလိုက်ပါတယ်။

အထူးသဖြင့် မတ် ၁ ရက်မှာ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာအသုံးပြုပြီး ပေါင် ၃၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
https://youtube.com/shorts/sLX5wGAbres?feature=share
#CJPlatform #ConflictDiary #NyanLynnThitAnalytica
👍21😁1🤬1
နိုင်ငံရေးအကျဉ်းသား ၂သောင်းခန့် လွှတ်ပေးမယ်ဆိုထားပေမယ့် ၂ ထောင်ခန့်သာလွတ်မြောက်သေးကြောင်း PPNM ပြော

CJ Platform

စစ်ကော်မရှင်ရဲ့ မတ်လ ၂ရက် နေ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ မတရား ဖမ်းဆီးအကျဉ်းကျခံနေရသူတွေအပြင်၊ တရားစွဲဆိုခံထားရသူ စုစုပေါင်း ၁၉,၈၂၄ ဦးကို အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ဒီအထဲမှာ ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး၊ တရားစွဲဆိုခြင်း ခံထားရတဲ့ ၁၂,၄၈၇ ဦးကိုတော့ အမှုပိတ်သိမ်းပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

#CJPlatform #လွတ်ငြိမ်းခွင့် #PPNM #နိုင်ငံရေးအကျဉ်းသား

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/RFeiqP6xU0c
🤬5😁1
အရှေ့အလယ်ပိုင်းစစ်ပွဲ လက်ဘနွန်သို့ ကူးစက်လာ၊ ကူဝိတ်က အမေရိကန်တိုက်လေယာဉ်တွေကို မှားယွင်းပစ်ချ

CJ Platform
ဒီကနေ့ မနက်ပိုင်းမှာ ကူဝိတ်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ အမေရိကန်ရဲ့ F-15E တိုက်လေယာဉ် ၃ စင်းကို အီရန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုလို့ ထင်မှတ်ပြီး မှားယွင်းပစ်ချခဲ့ပါတယ်။ လေယာဉ်ပေါ်ပါတဲ့ စစ်သည် ၆ ဦးလုံးကတော့ လေထီးနဲ့ အချိန်မီ ခုန်ထွက်နိုင်ခဲ့လို့ ဘေးကင်းခဲ့ပါတယ်။ ဒါဟာ စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန်လေယာဉ်တွေ ပထမဆုံးအကြိမ် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

#CJPlatform #အမေရိကန်လေယာဉ် #ကူဝိတ် #လက်ဘနွန် #အီရန်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/wW_wBjkP31Y
👍4👎1😁1
နွေအပူချိန်တွေနဲ့အတူ ရှမ်းပြည်က တောင်သူကြီးတွေအတွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

CJ Platform က ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မတ်လ ၃ရက် အင်္ဂါနေ့မှာတော့ ဒီကနေ့ မတ်လ ၃ ရက်နေ့အထိ အားပျော့တဲ့ လာနီညာအခြေအနေဟာ ဆက်လက်ရှိနေမှာဖြစ်ပြီး ပုံမှန်ရာသီဥတုအခြေအနေကို ပြောင်းလဲနေဆဲ ဖြစ်ပါတယ်။ ဒီလို အားပျော့တဲ့ လာနီညာအခြေအနေကြောင့် လွန်ကဲတဲ့ အပူချိန်တွေ ဖြစ်လာဖို့တော့ မရှိပါဘူး။ဒါပေမဲ့ နွေအပူရှိန်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသိသာသာကို မြင့်တက်လာနေပြီး "မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသ အတော်များများမှာ နေ့အပူရှိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထိ" အပူရှိန် ခံစားရနိုင်မှာ ဖြစ်ပါတယ်။

#CJPlatform #လာနီညာ #နွေအပူရှိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Ro_HX0oBoSs
👍4😁1
အလွန်မြင့်တက်လာနေတဲ့ ခရမ်းလွန်ရောင်ခြည်

CJ Platform

ဒီကနေ့ မတ်လ ၃ ရက် အင်္ဂါနေ့အတွက် ထူးခြားမိုးလေဝသဖြစ်စဉ်တွေကို ပြောပြသွားပါတော့မယ်။နွေဦးကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့အပူချိန်တွေဟာ သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ အားပျော့တဲ့ လာနီညာအခြေအနေ ရှိနေသေးတာကြောင့် အပူချိန်လွန်ကဲမှု အစွန်းရောက်တာမျိုးတွေ ဖြစ်ပေါ်ဖို့တော့ မရှိသေးပါဘူး။ဒီနေ့မှာ နိုင်ငံတဝန်း နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသ အတော်များများမှာ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ အပူရှိန်ကို ခံစားရနိုင်ပါတယ်။

#CJPlatform #လာနီညာ #ခရမ်းလွန်ရောင်ခြည် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/YQIa5RlKpOk
👍8
ဇလွန်ပြည်တော်ပြန် ဘုရားပွဲက ပြန်လာတဲ့ အိုးဝေနဲ့ ကုန်တင်ယာဉ် တိုက်မိပြီး ၃ဦးသေဆုံးကာ ၄ဦးဒဏ်ရာရ

CJ Platform

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဒီကနေ့ မတ် ၃ ရက်၊ မနက်အစောပိုင်း ၁၂နာရီခွဲအချိန်က ဇလွန်ပြည်တော်ပြန်ဘုရားပွဲကနေ ပြန်လာတဲ့ အိုးဝေယာဉ်တစ်စီးနဲ့ ကုန်တင်ယာဉ်တစ်စီးတိုက်မိခဲ့ပြီး ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဟင်္သာတမြို့နယ်၊ ဟင်္သာတ-ဇလွန် ကားလမ်း၊ နင်းကြမ်းကျေးရွာအနီးမှာ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးဟာ မျက်နှာချင်းဆိုင်ဘက်က မောင်းနှင်လာတဲ့ အိုးဝေယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် အိုးဝေယာဉ်ပေါ်ပါ အမျိုးသား ၆ ဦးအနက် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ကုန်တင်ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်နေရာကို ဟင်္သာတမြို့နယ် မီးသတ်စခန်း၊ ဟင်္သာတခရိုင် ကွန်ရက်လူမှုကူညီရေးအသင်းနဲ့ နှလုံးလှလူမှုကူညီရေးအသင်းတို့က တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီခဲ့ကြပြီး ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေကို ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ဇလွန်ပြည်တော်ပြန် #ဟင်္သာတ #ယာဉ်တိုက်မှု #အိုးဝေလ
😢3👍1👎1😁1
👎4👍1😁1
မြဝတီဒေသခံတွေ စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်ပြီး ထိုင်းကိုသွားရောက်ကာ အလုယက်ဝယ်ယူနေ

CJ Platform

ကရင်ပြည်၊ မြဝတီမြို့အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဒေသခံတွေက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူမှု မြင့်တက်နေပြီး အချို့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အထိ သွားရောက်ကာ ဝယ်ယူမှုတွေ ရှိနေတယ်လို့ မဲဆောက်ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/3320261-2/
🔥3👍1
👍3👏2😁1
ဘန်ကောက်မှာ FBI ရုံးထိုင်ပြီး ကျားဖြန့်တွေကို နှိမ်နင်းမယ်

CJ Platform

အရှေ့တောင်အာရှထဲမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေကို နှိမ်နင်းဖို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒီနေ့ မတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ကျားဖြန့်တွေရဲ့ ငွေကြေးလိမ်လည်မှုတွေကြောင့် ကမ္ဘာတစ်ဝန်း နစ်နာဆုံးရှုံးမှုဟာ ဒေါ်လာဘီလီယံနဲ့ချီ ရှိနေတဲ့အတွက် FBI က ဘန်ကောက်မှာ ရုံးထိုင်ပြီး ကျားဖြန့်တွေကို နှိမ်နင်းဖို့ ပြင်ဆင်လာတာပါ။

ကျားဖြန့်နှိမ်နင်းရေးမှာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ဆင်ရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သီးခြားပြောဆိုထားတာမျိုးတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း FBI ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ရှဲလ်ဘယ်က သူ့အနေနဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ကြောင်းနဲ့ ဒေသဆိုင်ရာ မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ကျောက်ခတ်ကျေးရွာအနီး တိုင်ချန်အဆောက်အအုံဝင်းထဲမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အကောင့်ပေါင်း ၂,၀၀၀ ကျော်ကို FBI နဲ့ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (Scam Center Strike Force) တို့က ဖော်ထုတ်နိုင်ခဲ့ပြီး ပိတ်ချနိုင်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

ဓာတ်ပုံ - FBI
#CJPlatform #FBI #ကျားဖြန့်
👍6👏3😁1
စက်သုံးဆီ ချွေတာဖို့ဆိုကာ မော်တော်ယာဉ်တွေကို တစ်ရက်ခြားသာ မောင်းနှင်ဖို့ စစ်အုပ်စုကန့်သတ်

CJ Platform

စက်သုံးဆီချွေတာဖို့ဆိုကာ မော်တော်ယာဉ်တွေကို တစ်ရက်ခြားသာ မောင်းနှင်အသုံးပြုဖို့ ဒီကနေ့ မတ်လ ၃ရက်နေ့မှာ စစ်အုပ်စုက စာထုတ်ကန့်သတ်လိုက်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် စက်သုံးဆီတွေ ဝယ်ယူရေး အခက်အခဲဖြစ်နေပြီး နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးဆိုကာ ပုဂ္ဂလိက မော်တော်ယာဉ်တွေနဲ့ လုပ်ငန်းသုံးယာဉ်တွေအပြင် သယ်ယူပို့ဆောင်ရေးယာဉ်တွေအားလုံး ယာဉ်နံပတ်အလိုက် ရက်ခြားသာ မောင်းနှင်ခွင့် ပြုခဲ့တာပါ။

မော်တော်ယာဉ်နံပါတ်ပြားပါ အက္ခရာအလိုက် စုံကဏန်းပါဝင်သော မော်တော်ယာဉ်တွေကို လစဉ် စုံကဏန်းရက်တွေမှာပါ မောင်းနှင်ခွင့်ပြုပြီး မကဏန်းပါဝင်တဲ့ မော်တော်ယာဉ်တွေဟာ လစဉ် မကဏန်းရက်တွေမှာသာ မောင်းနှင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

“ကုန်ကားတွေ အငှါးကားတွေ မပါဘူး၊ လူနာတင်ကားတွေလဲ မပါဘူး၊ ဒါပေမယ့် သူတို့ ကြေညာချက်ကြီးက ရူးနေလားမသိဘူး၊ သူဌေးတွေကလွဲလို့ ဘယ်သူက ကားအပိုရှိမှာလဲ နေ့တိုင်း အသုံးပြုနေရတဲ့ ကားတွေကျ ကိုယ့်ကားမမောင်းရတဲ့ရက်ဆို ဘယ်လိုသွားမှာလဲ၊ ဂွင်တွေဖန်ပြန်တာ”လို့ ကုန်တင်ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခု သတ်မှတ်ချက်ကို မတ်လ ၇ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး မလိုက်နာသူတွေကို အရေးယူမယ်လို့လည်း စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်နှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #စက်သုံးဆီ #
😁4👎2💩2👍1
👎3😁2💩2
ဆော်ဒီရှိ အမေရိကန်သံရုံးနှင့် ဆိုက်ပရပ်စ်ရှိ ဗြိတိန်စစ်စခန်းကို အီရန်က ဒရုန်းများဖြင့် လက်တုံ့ပြန် တိုက်ခိုက်၊ အစ္စရေးကလည်း လက်ဘနွန်ကို ကျူးကျော်

CJ Platform

အင်္ဂါနေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ အီရန်မြို့တော် တေဟီရန်နဲ့ လက်ဘနွန်မြို့တော် ဘေရွတ်ကို တစ်ပြိုင်တည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။ တေဟီရန်မှာဆိုရင် အီရန်အစိုးရပိုင် ရုပ်သံဌာန (IRIB) ရုံးချုပ်ကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို၊ နျူကလီးယားစက်ရုံရှိရာ နာတန့်ဇ် (Natanz) ဒေသမှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အဏုမြူစွမ်းအင်အေဂျင်စီက အတည်ပြုထားပါတယ်။

#CJPlatform #အီရန် #ဆိုက်ပရပ်စ် #အမေရိကန်သံရုံး #ဆော်ဒီ #Natanz

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/oYt5voUlvF8
👍4😁1
ကချင်ပြည်က တောင်သူဦးကြီးတွေအတွက် အထူးစိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၄ရက် ဗုဒ္ဓဟူးနေ့မှာတော့ နွေရဲ့အပူရှိန်ကို သိသိသာသာ ခံစားလာရတော့မှာ ဖြစ်ပါတယ်။နွေဦးရာသီကို ရောက်ရှိလာချိန်လဲဖြစ်တာကြောင့် မနက်ဖြန်မှာ "ကချင်၊ စစ်ကိုင်း၊ ရှမ်း၊ နေပြည်တော်၊ ပဲခူး (အနောက်ပိုင်း)၊ ဧရာဝတီနဲ့ မွန်ပြည်" တို့မှာ ဒီနေ့ထက် နေ့အပူချိန် (၂) ဒီဂရီဆဲလ်စီးယပ်လောက်စီ ထပ်မံမြင့်တက်လာနိုင်ပါတယ်။

#CJPlatform #နွေဦးရာသီ #စိုက်ပျိုးမိုးလေဝသ #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/nO49Z96f4yU
👍3😁1
FBI ထိုင်းကို ရောက်လာချိန် တာချီလိတ်မြို့ပေါ်က ဟိုတယ်မှာ ကျားဖြန့်လုပ်နေသူ နိုင်ငံခြားသား ၄၀၀ နီးပါးကို စစ်ကော်မရှင် ဖမ်းဆီး

CJ Platform

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းက ဟိုတယ်တစ်ခုမှာ တရုတ်နိုင်ငံသား အများဆုံးပါဝင်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သူ နိုင်ငံခြားသား ၃၉၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ မတ် ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် ၂ လမ်းထဲက ဟိုတယ်အမည်ခံ အဆောက်အအုံတစ်ခုကို မနေ့က မတ် ၃ ရက်မှာ စစ်ကော်မရှင်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ် ၂၉၇ ဦး၊ မလေးရှား ၃၈ ဦး၊ ဗီယက်နမ် ၅၇ ဦးနဲ့ ဖိလစ်ပိုင် ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မယ်ခေါင်ရပ်ကွက်ထဲမှာ အပြည်ပြည်ဆိုင်ရာ နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်ဟာ လုပ်ငန်းလိုင်စင် ရယူထားတာမျိုးမရှိဘဲ တရားမဝင် ဖွင့်လှစ်ထားတာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်နေကြတာလည်း ဖြစ်တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။

ကျားဖြန့်စင်တာနေရာကို ဝင်ရောက်စီးနင်းမှုအတွင်း ကွန်ပျူတာ ၁၇၄ လုံး၊ CPU အလုံး ၇၀၊ စတားလင့်ခ် ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး ကျားဖြန့်ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က အရှေ့တောင်အာရှဒေသအတွင်းမှာရှိတဲ့ ကျားဖြန့်ရာဇဝတ်လုပ်ငန်းတွေကို အရှိန်မြှင့်နှိမ်နင်းမှုတွေ လုပ်ဆောင်လာချိန် စစ်ကော်မရှင်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ကရင်ပြည်ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းနေရာတွေကို ဖြိုခွင်းမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJPlatform #တာချီလိတ် #ကျားဖြန့် #FBI
😁8👍1👏1