ချင်းမိုင်က ဘဏ်မှာ ငွေလာထုတ်တဲ့ ကျားဖြန့် ၄ ဦးထဲမှာ မြန်မာ ၂ ဦး ပါဝင်နေ
CJ Platform
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ခရွန်ထိုင်း (Krungthai) ဘဏ်ခွဲတစ်ခုမှာ ဘတ်ငွေ ၃ သိန်း လာထုတ်တဲ့ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးရဲ့ ဘဏ်အကောင့်ကို ဘဏ်တာဝန်ရှိသူတွေ စစ်ဆေးချိန် ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်နေတာကြောင့် အာဏာပိုင်တွေကို အကြောင်းကြားပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်နေတယ်လို့ ယူဆခံထားရတဲ့ ဘဏ်အကောင့်ကို ဘဏ်ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုစောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်နေချိန် ထိုင်းအမျိုးသမီးဟာ ဘတ်ငွေသား ၃ သိန်း လာရောက်ထုတ်ယူခဲ့တာကြောင့် အမှတ် ၅ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို ဘဏ်တာဝန်ရှိသူတွေက အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘဏ်ကို ရောက်ရှိလာချိန် အသက် ၃၃ နှစ်အရွယ် ထိုင်းအမျိုးသမီး Chuda Mangma ကို တွေ့ရှိခဲ့ပြီး သူမနဲ့အတူ ငွေသား ၃ သိန်းအပါအဝင် ဘဏ်စာအုပ်၊ ATM ကတ်နဲ့ ဖုန်းတစ်လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သူမဟာ ဘဏ်အကောင့်တစ်ခုကို ဖွင့်ဖို့နဲ့ ငွေသားထုတ်ယူဖို့ ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေဟာ သူမပိုင်တဲ့ ပိုက်ဆံတွေ မဟုတ်ဘူးလို့လည်း ထွက်ဆိုထားပါတယ်။
အမျိုးသမီးရဲ့ ထွက်ဆိုချက်အရ အာဏာပိုင်တွေဟာ ဘဏ်အနီးဝန်းကျင်မှာ စောင့်နေတဲ့ အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးနဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဘယ်နိုင်ငံသားဆိုတာကို မဖော်ပြထားတဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်ဖူးဆိုတဲ့သူတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းတွေအရ ထိုင်းအမျိုးသမီးရဲ့ ဘဏ်အကောင့်ထဲ ဘတ် ၃ သိန်းကို နစ်နာသူတစ်ဦးက လွှဲပြောင်းပေးခဲ့ရတာဖြစ်ပြီး ဒီဘဏ်အကောင့်ဟာ ဆာရာဘူရီခရိုင်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေနဲ့ တိုင်ကြားခံထားရတဲ့ ဘဏ်အကောင့်တစ်ခုဖြစ်နေကာ နစ်နာသူဟာ ဘတ်ငွေ ၂ ဒသမ ၄ သန်းအထိ ဆုံးရှုံးထားခဲ့ရတယ်လို့ ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်သူ ၄ ဦးစလုံးကို အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ချင်းမိုင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ သူတို့ကို ခိုင်းစေတဲ့ တရုတ်နိုင်ငံသားဟာ ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ လုပ်ငန်းပုံစံမျိုးစုံနဲ့ ဘဏ်အကောင့်တွေကို ဖွင့်ခဲ့ပြီး ငွေသားထုတ်ယူမှုတွေ ရှိခဲ့တယ်လို့ ထွက်ဆိုထားတာကြောင့် ကျန်ရှိနေသေးတဲ့ ကျားဖြန့်လုပ်ကိုင်သူလို့ ယူဆရသူ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ဓာတ်ပုံ - Khaosod
#CJPlatform #ထိုင်းနိုင်ငံ #ချင်းမိုင် #ကျားဖြန့်

👍5😁2❤1
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ကွယ်ဝှက်ထားတဲ့ အဆိပ်ခွက်
CJ Platform
မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်လိုက်ရင် ခန္ဓာကိုယ်တစ်ခုရဲ့ အဓိကသွေးလွှတ်တော်ကြီးပမာ ဟိမဝန္တာတောင်ခြေကနေ ကပ္ပလီပင်လယ်ပြင်အထိ တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် "မြန်မာ့ဆန်အိုးကြီး" လို့ တင်စားရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ သန်းနဲ့ချီတဲ့ ပြည်သူတို့ရဲ့ အနားယူရာ၊ မှီခိုရာ မြေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထိုစိမ်းလန်းစိုပြည်တဲ့ လယ်ကွင်းပြင်တွေနဲ့ ရွှေရောင်ဝင်းတဲ့ စပါးနှံတွေရဲ့ နောက်ကွယ်မှာ ဒေသခံတွေအတွက် အန္တရာယ်ရှိတဲ့ အဆိပ်တွေခိုအောင်းနေပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ရေအရင်းအမြစ်တွေထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်နေတဲ့ အဆိပ်တွေပဲဖြစ်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28220263/

👍3🔥2😭2
0ချွန်ဘူရီမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား တိမ်းမှောက်ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ
CJ Platform
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆီရာချာ (Sriracha) မြို့၊ နောင်ခမ်းကျေးရွာအုပ်စုအတွင်းက ကားလမ်းမှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ငယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မနက်ပိုင်းမှာ မြန်မာအလုပ်သမား ၂၀ ဦးကို တင်ဆောင်လာတဲ့ ကုန်တင်ကားငယ်ရဲ့ရှေ့ကို အခြားယာဉ်တစ်စီးက ရုတ်တရက် ဖြတ်ဝင်လာချိန် တိမ်းရှောင်ရာမှ လမ်းမအလယ်ခေါင်မှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုအတွင်း ဦးခေါင်း၊ လက်နဲ့ ခြေထောက်တွေမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူ အများအပြားကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန် လမ်းမဘေးနေရာကို ရွှေ့ပြောင်းပေးခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်တိမ်းမှောက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို Sawang Prateep Sriracha ကူညီကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်ကုသမှုတွေ ကနဦးလုပ်ဆောင်ပေးခဲ့ပြီးနောက် ဆီရာချာဆေးရုံနဲ့ လမ်ချဘန်း (Laem Chabang) ဆေးရုံတို့ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Yes ข่าวศรีราชา
#CJPlatform #ချွန်ဘူရီ #မြန်မာလုပ်သား #ယာဉ်တိမ်းမှောက်

😢5❤1
စက်မှုဇုန်တွေကို လျှပ်စစ်မီတာခ ၉၀၀ ကျပ်အထိ တိုးကောက်ပေမယ့် မီးပျက်
CJ Platform
မြန်မာနိုင်ငံတစ်ဝန်းက စက်မှုဇုန်တွေကို လျှပ်စစ်မီတာသုံးစွဲခ တစ်ယူနစ် ၉၀၀ ကျပ်အထိ စစ်ကော်မရှင်က တိုးမြှင့်ကောက်ခံနေပေမယ့် လျှပ်စစ်မီးပြတ်တောက်မှု ရှိနေဆဲဖြစ်တယ်လို့ ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်စက်ရုံ မန်နေဂျာတစ်ဦးထံက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28220265-2/

😁3❤2👎1🤬1
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကိုတိုက်ခိုက် အီရန်ကလည်း အမေရိကန် စစ်စခန်းတွေကို တန်ပြန်တိုက်ခိုက်နေ
CJ Platform
ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် အကြီးစား စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ မြို့တော် တေဟီရန် အပါအဝင် အစ္စဖာဟန်၊ ကွန်းမ်၊ တာဘရစ်ဇ် စတဲ့ မြို့ကြီးအများအပြားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး၊ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ ရုံးခန်းအနီးမှာလည်း မီးခိုးလုံးကြီးတွေ ဖုံးလွှမ်းနေတာကို တွေ့မြင်ရပါတယ်ခင်ဗျာ။
#CJPlatform #အီရန် #အစ္စရေး #အမေရိကန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/E6x7sRPt5is

YouTube
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကိုတိုက်ခိုက် အီရန်ကလည်း အမေရိကန် စစ်စခန်းတွေကို တန်ပြန်တိုက်ခိုက်နေ
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကိုတိုက်ခိုက် အီရန်ကလည်း အမေရိကန် စစ်စခန်းတွေကို တန်ပြန်တိုက်ခိုက်နေ
CJ Platform
ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် အကြီးစား စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ မြို့တော်…

👍3❤1👏1🥴1
အီရန်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ပြင်သစ်သမ္မတ တောင်းဆို
CJ Platform
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ စနေနေ့မှာ သူရဲ့ X လူမှုကွန်ရက်ကနေတစ်ဆင့် အရှေ့အလယ်ပိုင်း အခြေအနေတွေအပေါ် အခုလိုတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြားမှာ စစ်မီးတောက်လောင်လာတာဟာ ကမ္ဘာ့လုံခြုံရေးအတွက် "ကြီးမားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ" ရှိလာမှာဖြစ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
#CJPlatform #အီရန် #အစ္စရေး #အမေရိကန် # ပြင်သစ်သမ္မတ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/4bFU_HGAmM0

👍3😁2
မနက်ဖြန် မတ်လ ၁ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ကချင်မှာ မိုးရွာမယ့်ခန့်မှန်းချက်နဲ့ ကရင်နီအတွက် စိုက်ပျိုးမိုးလေဝသ
CJ Platform
CJ Platform ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၁ ရက် တနင်္ဂနွေနေ့မှာတော့ အနောက်မြောက် လေစီးကြောင်းတွေ မြန်မာနိုင်ငံအတွင်းကို ဆက်လက် ဝင်ရောက်လာနေဦးမှာ ဖြစ်ပါတယ်။မကြာမီ နွေကာလကို စတင်ဝင်ရောက်တော့မှာ ဖြစ်တာကြောင့် "မတ်လရဲ့ ပထမအပတ်မှာတင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာဖို့" ရှိနေပါတယ်။
#CJPlatform #စိုက်ပျိုးမိုးလေဝသ #အပူရှိန် #လေထုညစ်ညမ်းမှု
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/wyVc58VIi54

❤4👍2
Conflict Diary ရုပ်သံသတင်း ထုတ်လွှင့်ခြင်း
CJ Platform နဲ့ Nyan Lynn Thit Analytica တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုကို စတင်တော့မှာ ဖြစ်ပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က နေ့စဉ်ထုတ်ပြန်လျက်ရှိတဲ့ Conflict Diary အစီရင်ခံစာကို ရုပ်သံမှတ်တမ်းအဖြစ် အများပြည်သူကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက်တွေကို ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြုစုပံ့ပိုးပေးပြီး ရုပ်သံသတင်းအဖြစ် CJ Platform က ဖန်တီးထုတ်လုပ်တာ ဖြစ်ပါတယ်။
အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ စနေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇:၃၀ မှာ CJ Platform နဲ့ Nyan Lynn Thit Analytica တို့ရဲ့ Facebook နဲ့ YouTube တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
#CJPlatform #NLTA #ConflictDiary

👍4❤1
တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်
နွေရောက်ပြီ
CJ Platform
CJ Platform ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မတ်လရဲ့ ပထမဆုံး ရက်သတ္တပတ်စာဖြစ်တဲ့ မတ်လ ၁ရက် တနင်္ဂနွေနေ့ကနေ ၇ရက်နေ့အထိ မိုးလေဝသအခြေနေတွေ ဘာတွေထူးမလဲဆိုတာ အားလုံးလဲ သိချင်နေကြမယ်လို့ ထင်ပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံအတွင်းကို အနောက်မြောက်လေစီးကြောင်း ဝင်ရောက်နေပြီး လာမယ့် "ကြာသပတေးနေ့က စတင်ကာ" အရှေ့လေစီးကြောင်းတွေ ဝင်ရောက်လာပါမယ်။
#CJPlatform #စိုက်ပျိုးမိုးလေဝသ #အပူရှိန် #လေထုညစ်ညမ်းမှု
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/DUeXjCEMGqo

❤2👍1
အိုးနင်း ခွက်နင်း သတင်းများ Episode (11)
CJ Platform
အိုးနင်း ခွက်နင်း သတင်းများ Episode (11) ဘိုးတော်ဇော်နှင် ရာဇာကြီးတင်ဆက်သည်
#CJPlatform #အိုးနင်း ခွက်နင်း #ဘိုးတော်ဇော် #ရာဇာကြီး
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/HCYDQO4FBSQ

👍4🤣1
DKBA နဲ့ အတွေ့မှာ အမေကြူဖြစ်သွားတဲ့ ကြူကြူလှရဲ့ နန်းကြီးသုပ်
CJ Platform
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှက DKBA ရဲဘော်တွေကို နန်းကြီးသုပ်ကျွေးတဲ့ ရုပ်သံမှတ်တမ်းတစ်ခု ထွက်ပေါ်လာပါတယ်။
နန်းကြီးသုပ် ထည့်ထားတဲ့ တစ်ခါသုံး ဖော့ဘူးအဖုံးမှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ (ခ) အမေကြူမှ အောင်ပွဲရ သားမောင်စစ်သည်များနှင့် မူလ DKBA ကိုဘိုဘိ အဖွဲ့သားများအတွက် ဂုဏ်ပြုလှူဒါန်းပါသည်” လို့ ရေးသားပြီး DKBA ရဲဘော်တွေကို ပေးဝေခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ကရင်ပြည်အတွင်း သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် DKBA နဲ့ BGF တပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး စစ်ကြောင်းထိုးနေချိန် အခုလို နန်းကြီးသုပ်ကျွေးတဲ့ မှတ်တမ်း ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #အမေကြူ #ကြူကြူလှ #DKBA

🥴5😁2💩2❤1
ဒီကနေ့ မတ်လ ၂ရက် တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အပူချိန်တွေကို သတိပြု
CJ Platform
ဒီကနေ့ မတ်လ ၂ ရက် တနင်္လာနေ့အတွက် ဒေသအသီးသီးက မိုးလေဝသအခြေအနေတွေကို ပြောပြသွားပါတော့မယ်။နွေဦးကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာနေပြီး ဒေသအတော်များများမှာ "အပူရှိန် ပြင်းပြင်းထန်ထန် ခံစားရနိုင်တဲ့ အခြေအနေ" မှာ ရှိနေပါတယ်။
#CJPlatform #နွေဦးကာလ #အပူရှိန် #လေထုညစ်ညမ်းမှု
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/OleGQ9gKN7E

ဒီကနေ့ မတ်လ ၂ ရက် တနင်္လာနေ့အတွက် ဒေသအသီးသီးက မိုးလေဝသအခြေအနေတွေကို ပြောပြသွားပါတော့မယ်။နွေဦးကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့အပူချိန်တွေ…

❤7😁1
လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေ၊ သပြေပန်းနဲ့ ကြိုဆိုနေသူတွေကို စောင့်ကြည့်ထားဖို့ စစ်လော်ဘီတွေ လှုံ့ဆော်နေ
CJ Platform
စစ်အုပ်စုရဲ့ လော်ဘီချန်နယ်တွေကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီး သပြေပန်းနဲ့ ကြိုဆိုခံရသူတွေ၊ သပြေပန်းနဲ့ ကြိုဆိုနေသူတွေကို စောင့်ကြည့်ထားဖို့ လှုံ့ဆော်နေတာကို တွေ့ရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2320261-2/

😡5👎2😁1