CJ Platform
5.21K subscribers
18.8K photos
359 videos
4 files
8.76K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
😢4😁1
ရန်ကုန်မြို့ရဲ့ ရာမဇာန်ညနေခင်း

CJ Platform

ရန်ကုန်မြို့လယ် ဗိုလ်ဆွန်ပတ်လမ်းဟာ ရာမဇာန်ဥပုသ်လ ရောက်ရှိလာတိုင်း အစ္စလာမ်ဘာသာဝင်များသာမက ဘာသာပေါင်းစုံက အစားအသောက်ဝါသနာရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ထူးခြားတဲ့ နေရာတစ်ခုပါ။

နေဝင်ရီတရော ဝါဖြေချိန်နီးလာတာနဲ့အမျှ လမ်းတစ်လျှောက်က အစားအသောက်ဆိုင်တန်းတွေကနေ ထွက်ပေါ်လာတဲ့ ရနံ့တွေဟာ အစားသောက်ကောင်းကြိုက်သူတွေကို အမြဲလို ဆွဲဆောင်နေပါတယ်။

ဒီဈေးတန်းမှာ ရနိုင်တဲ့ အစားအစာတွေကတော့ ရှေးယခင်ကတည်းက နာမည်ကြီးလှတဲ့ ရိုးရာလက်ရာတွေပဲ ဖြစ်ပါတယ်။ ဗိုလ်ဆွန်ပတ်လမ်း ဈေးတန်းရဲ့ ထူးခြားချက်ကတော့ "ဘာသာမရွေး၊ လူမျိုးမရွေး" အတူတကွ ဈေးဝယ်ကြတာပဲ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဝါဖြေဖို့အတွက် လာရောက်ဝယ်ယူကြသလိုပဲ၊ အခြားဘာသာဝင်တွေကလည်း ဒီလမ်းက ထူးခြားတဲ့ လက်ရာတွေကို မြည်းစမ်းဖို့ နှစ်စဉ် စောင့်မျှော်လေ့ရှိကြပါတယ်။ ဒါဟာ ရန်ကုန်မြို့ရဲ့ လူမှုသဟဇာတဖြစ်မှုကို ပြသနေတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

"ကျွန်တော်ကတော့ နှစ်တိုင်း ဒီလမ်းကို လာဖြစ်တယ်။ စမူဆာနဲ့ နို့အေးကတော့ ဗိုလ်ဆွန်ပတ်လမ်းရဲ့ အမှတ်အသားပဲ”လို့ ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

#CJPlatform #ရာမဇာန်ဥပုသ် #ဝါဖြေ
❤4👍2🤮1
👍3❤1🤮1
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းခံရ

CJ Platform

မြန်မာနိုင်ငံ သဘင်အစည်းအရုံးက အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို စစ်အုပ်စုရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်ကစလို့ တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းနဲ့ မသန်စွမ်းသူများအပေါ် အတုယူလွဲမှားစေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတာကြောင့် မသန်စွမ်းသူတွေကို တရားဝင်တောင်းပန်ရန်နှင့် နောက်နောင် အခုကဲ့သို့ ထပ်မံမပေါ်ပေါက်ရေး ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ တိုင်ကြားခြင်းခံရပြီးနောက် အခုလို အရေးယူခံရတာ ဖြစ်ပါတယ်။

အောင်ဇမ္ဗူရဲ့ မန်နေဂျာဖြစ်သူ ကိုကျော်ဇေယျကလည်း သူ့ရဲ့ လူမှုစာမျက်နှာမှာ “မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့် ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ” လို့ အသိပေးထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ ပရိသတ်ဖြစ်သူတွေကလည်း အခုလို ဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဆန်ကြောင်းနဲ့ ဝမ်းနည်းကြောင်း အသီးသီး ရေးသားဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို အခုလို အရေးယူမှုကိုတော့ စစ်အုပ်စုရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ညှိနှိုင်းတိုင်ပင်ကာ မသန်စွမ်းသူတွေကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု မရှိစေရန်နဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန်အတွက် အခုလို အရေးယူဆောင်ရွက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရေးယူမှုမှာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အနေနဲ့ တစ်နှစ်တိတိ ကပြခွင့် ရပ်ဆိုင်းစေသည့်အပြင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူတွေကို တရားဝင် ပြန်လည်တောင်းပန်ရန်လည်း ပါရှိပါတယ်။

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဖျော်ဖြေပွဲတစ်ခုမှာ လူရွှင်တော် ဖြိုးဖြိုးကနေ ပရိသတ်ထဲက ကလေးငယ်တစ်ယောက်ကို ချီပိုးပြီး မဖွယ်မရာ စနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာ၊ သာသနာကို စော်ကားတဲ့ ပျက်လုံးတွေကြောင့် အောင်ဇမ္ဗူဇာတ်က လူရွှင်တော် ဖြိုးဖြိုးဟာ ထပ်မံတောင်းပန်ခဲ့ရပါသေးတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #အောင်ဇမ္ဗူ #ပွဲကခွင့်
😁4👍2❤1
😁4💩3
အာဖဂန်နှင့် ပါကစ္စတန်ကြား စစ်ဖြစ်ပွား

CJ Platform

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကြားက နယ်စပ်မျဉ်းဖြစ်တဲ့ Durand Line တစ်လျှောက်မှာ ကြာသပတေးနေ့ညပိုင်းကစပြီး တာလီဘန်တပ်ဖွဲ့တွေက ပါကစ္စတန်စစ်စခန်းတွေကို အကြီးအကျယ် မြေပြင်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်က "ကျွန်ုပ်တို့ရဲ့ သည်းခံနိုင်စွမ်းဟာ အကန့်အသတ်ကို ရောက်သွားပါပြီ၊ အခုဆိုရင် ခင်ဗျားတို့နဲ့ ကျွန်ုပ်တို့ကြားမှာ ပွင့်လင်းစစ်ပွဲ စတင်ပြီဖြစ်ပါတယ်" လို့ သောကြာနေ့မှာ X လူမှုကွန်ရက်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။

#CJPlatform #Durand_Line#ပါကစ္စတန် #အာဖဂန်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/NU4Ek11mC9k
👍5🔥2❤1😁1
ရုရှားအကူအညီနဲ့ မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးကို လေ့ကျင့်ပေးမှပြီး ဂြိုလ်တုလွှတ်တင်နိုင်ဖို့ စစ်ကော်မရှင် ကြိုးပမ်းနေ

CJ Platform

ရုရှားနိုင်ငံပိုင် အာကာသလုပ်ငန်းဖြစ်တဲ့ Roscosmos ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး အာကာသယာဉ်မှူးတစ်ဦးကို ရွေးချယ်လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း "လူလိုက်ပါတဲ့ အာကာသစူးစမ်းလေ့လာရေးကဏ္ဍ" မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရုရှား-မြန်မာ နားလည်မှုစာချွန်လွှာ (MOU) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

#CJPlatform #အာကာသယာဉ်မှူး #Roscosmos #ရုရှား

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/Ii4VwwUzqJ4
🤣5❤2😁2
ဒေသ ၄ခုမှာ မိုးရွာနိုင်ပြီး ကရင်ပြည်က တောင်သူတွေအတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် ဖေဖေါ်ဝါရီ ၂၈ရက် စနေနေ့မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ ကျန်ရှိနေတဲ့ လေစီးကြောင်းတွေဟာ တနင်္သာရီကမ်းရိုးတန်းဘက်ကို ဆက်လက်ဝင်ရောက်နေတာ တွေ့ရပါတယ်။ ဒီလေစီးကြောင်းကြောင့်ဘဲ မနက်ဖြန်မှာ "ကရင်၊ မွန်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်" တို့မှာ မိုးဖွဲကျတာ၊ မိုးအုံ့တာ၊ မိုးအနည်းငယ်မျှ ရွာသွန်းတာတွေ ဖြစ်နိုင်ပါတယ်။

#CJPlatform #မိုးအုံ့ #မိုးရွာနိုင် #စိုက်ပျိုးမိုးလေဝသ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/ym-gF2tEYyE
👍7❤2
ဒီကနေ့ ဖေဖေါ်ဝါရီ ၂၈ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒေသ ၇ ခုမှာ လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရောက်ရှိနေ

CJ Platform

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့အတွက် ထူးခြားမိုးလေဝသအခြေအနေတွေကို ပြောပြသွားပါတော့မယ်။ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းကနေ ကျန်ရှိခဲ့တဲ့ လေစီးကြောင်းဟာ တနင်္သာရီကမ်းရိုးတန်းဘက်ကို ဆက်လက် ဝင်ရောက်နေဆဲဖြစ်ပါတယ်။ အနောက်မြောက်လေစီးကြောင်းကလည်း မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်နေပြန်ပါတယ်။ ဒီအခြေအနေတွေကြောင့် "ကရင်ပြည်၊ မွန်ပြည်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်"

#CJPlatform #မိုးလေဝသ #အပူရှိန် #လေထုညစ်ညမ်းမှု

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/j9sVfd1yazU
👍4😁1
စစ်တပ်ကိုလော်ဘီလုပ်မယ့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့က ဘာသာ ၄မျိုးနဲ့ သတင်းလွှာ ထုတ်မယ်

CJ Platform

တရုတ်၊ ရုရှား၊ အင်္ဂလိပ်၊ မြန်မာဘာသာတို့နဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝါဒဖြန့်ဖော်ပြမယ့် စာစောင်ကို ဖြန့်ချိဖို့ “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကော်မရှင်က မနေ့က ဖေဖော်ဝါရီ ၂၇ ရက် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28220261-2/
👎4🤬3❤2🤮2😁1
မြောင်းမြရှိ Golden Voice KTV မီးလောင် အဆိုမယ်များ အန္တရာယ်ကင်း

CJ Platform

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်ရှိ Golden Voice KTV မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့်အတွင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ပြီး၊ KTV ဆိုင်ခန်းအတွင်းပိုင်း အခန်းတွေနဲ့ မျက်နှာကျက်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးငြှိမ်းသတ်ရာမှာ မြောင်းမြခရိုင် မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး၊ မြောင်းမြမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ငြှိမ်းသတ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတစ်ဦးက မီးလောင်ကျွမ်းချိန်မှာ ဂက်စ်အိုးပေါက်ကွဲသံလို့ ယူဆရတဲ့ အသံအချို့ကို ကြားခဲ့ရပြီး၊ KTV ရှိ အဆိုမယ်တွေ အန္တရာယ်ကင်းတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#CJPlatform #မြောင်းမြမြို့ #မီးလောင်မှု #KTV
😁5👍2❤1