ရုရှားအကူအညီနဲ့ မြန်မာ့ပထမဆုံး အာကာသယာဉ်မှူး လေ့ကျင့်ပြီး ဂြိုဟ်တုလွှတ်တင်ဖို့ စစ်ကော်မရှင် ပြင်ဆင်နေ
CJ Platform
မြန်မာနိုင်ငံအတွက် ပထမဆုံးသော အာကာသယာဉ်မှူး ၁ ဦးကို ရွေးချယ်လေ့ကျင့်ပေးသွားဖို့နဲ့ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး အပါအဝင် အာကာသနည်းပညာကဏ္ဍမှာ ရုရှားနိုင်ငံနဲ့ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရုရှားအစိုးရပိုင် အာကာသလုပ်ငန်း (Roscosmos) နဲ့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/27220262-2/

😁7🔥4❤2🤣1👻1
Netflix နောက်ဆုတ်သွားရတဲ့ Warner Bros ဝယ်ယူရေး နဲ့ မေလမှာ ပြသမယ့် ဂျပန် ဆာမူရိုင်း ဇာတ်လမ်းသစ်
CJ Platform
CJ Platform ရဲ့ Entertainment အစီစဉ် ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြတဲ့ Warner Bros ကုမ္ပဏီကြီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ တိုက်ပွဲမှာ Netflix ဘက်က လက်လျှော့လိုက်တဲ့ သတင်းနဲ့အတူ၊ မေလမှာ မြင်တွေ့ရမယ့် အလန်းစား ဂျပန် ဆာမူရိုင်း အက်ရှင် ဇာတ်လမ်းတွဲသစ် အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
#CJPlatform #ဆာမူရိုင်း #Netflix #Entertainment #ဂျပန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/fZPQp7b6K9U

YouTube
Netflix နောက်ဆုတ်သွားရတဲ့ Warner Bros ဝယ်ယူရေး နဲ့ မေလမှာ ပြသမယ့် ဂျပန် ဆာမူရိုင်း ဇာတ်လမ်းသစ်
Netflix နောက်ဆုတ်သွားရတဲ့ Warner Bros ဝယ်ယူရေး နဲ့ မေလမှာ ပြသမယ့် ဂျပန် ဆာမူရိုင်း ဇာတ်လမ်းသစ်
CJ Platform
CJ Platform ရဲ့ Entertainment အစီစဉ် ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြတဲ့ Warner Bros ကုမ္ပဏီကြီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့…

❤1👍1🤣1
စစ်အုပ်စုက ဖောင်းပြင်မှာ နှစ်ရက်ဆက်တိုက် အကြိမ်ရေ ၅၀ ခန့် လေကြောင်းဗုံးကြဲတိုက်ခိုက်
CJ Platform
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက ဟော်ဇောင်းရွာကို စစ်အုပ်စုက မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ အကြိမ် ၅၀ခန့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုက မနေ့က ဖေဖော်ဝါရီ ၂၆ ရက်၊ မနက် ၁၁ နာရီခန့်မှ စတင်ကာ ညနေပိုင်းထိ ဟော်ဇောင်းရွာ ဈေးတန်းကို ဂျက်ဖိုက်တာ၊ Y-12၊ ဂျွိုင်ရိုကော့ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက် ၃ နာရီခန့်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ပြည်သူတွေ ဖွင့်ထားတဲ့ဆိုင်တွေ ရှိတာပါ။ ဈေးတန်းက ပျက်စီးသွားတယ်၊ တစ်ဈေးလုံးနီးပါးပဲ။ ရွာကလူတွေကတော့ မရှိတော့ဘူး၊ ရွာကတော့ ဖွတ်ဖွတ်ကြေသွားတယ်” လို့ ဖောင်းပြင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်တဲ့ ဟော်ဇောင်းရွာဟာ ပင်လည်ဘူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံ - လူမှုကွန်ရက်
#CJPlatform #စစ်ကိုင်းတိုင်း #ဖောင်းပြင်မြို့ #ဟော်ဇောင်းရွာ

🤬6❤1😁1
ရနောင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒေသအချို့ ရေနစ်မြုပ်မှုဖြစ်ပေါ်
CJ Platform
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပလော့ဒဲန်းမြို့ (Pluak Daeng) အပါအဝင် ဒေသအချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရနောင်းခရိုင်ထဲက အဓိကလမ်းမကြီးတွေပေါ်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိခဲ့တာကြောင့် အာဏာပိုင်တွေက ရေလွှမ်းမိုးမှု လျော့ကျအောင်နဲ့ အကူအညီအတွက် အရေးပေါ်ဖုန်းခေါ်ဆိုလို့ရအောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရေလွှမ်းမိုးမှုဟာ ပလော့ဒဲန်းမြို့မှာ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီး လမ်းမကြီးတွေမှာ အိမ်စီးကားငယ် ရေနစ်မြုပ်မှုတွေ ရှိခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေကြီးမှုဟာ ရနောင်းခရိုင် ဒေသအများအပြားမှာ ရုတ်တရက် ဖြစ်ပေါ်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ရေဘေးအန္တရာယ် ကြုံတွေ့ရပါက အရေးပေါ်ဌာနတွေကို အမြန်ဆုံးဆက်သွယ်ဖို့ကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လာမယ့်တစ်ပတ်အတွင်း နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘန်ကောက်မြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ မိုးသီးကြွေတာ၊ လေပြင်းတိုက်ခတ်တာတွေ ရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုစိုက် သွားလာကြဖို့ကိုလည်း ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ - The Nation Thailand
#CJPlatform #ထိုင်းနိုင်ငံ #ပလော့ဒဲန်း #ရေကြီးမှု

👍5😁1
ရန်ကုန်မြို့ရဲ့ ရာမဇာန်ညနေခင်း
CJ Platform
ရန်ကုန်မြို့လယ် ဗိုလ်ဆွန်ပတ်လမ်းဟာ ရာမဇာန်ဥပုသ်လ ရောက်ရှိလာတိုင်း အစ္စလာမ်ဘာသာဝင်များသာမက ဘာသာပေါင်းစုံက အစားအသောက်ဝါသနာရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ထူးခြားတဲ့ နေရာတစ်ခုပါ။
နေဝင်ရီတရော ဝါဖြေချိန်နီးလာတာနဲ့အမျှ လမ်းတစ်လျှောက်က အစားအသောက်ဆိုင်တန်းတွေကနေ ထွက်ပေါ်လာတဲ့ ရနံ့တွေဟာ အစားသောက်ကောင်းကြိုက်သူတွေကို အမြဲလို ဆွဲဆောင်နေပါတယ်။
ဒီဈေးတန်းမှာ ရနိုင်တဲ့ အစားအစာတွေကတော့ ရှေးယခင်ကတည်းက နာမည်ကြီးလှတဲ့ ရိုးရာလက်ရာတွေပဲ ဖြစ်ပါတယ်။ ဗိုလ်ဆွန်ပတ်လမ်း ဈေးတန်းရဲ့ ထူးခြားချက်ကတော့ "ဘာသာမရွေး၊ လူမျိုးမရွေး" အတူတကွ ဈေးဝယ်ကြတာပဲ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဝါဖြေဖို့အတွက် လာရောက်ဝယ်ယူကြသလိုပဲ၊ အခြားဘာသာဝင်တွေကလည်း ဒီလမ်းက ထူးခြားတဲ့ လက်ရာတွေကို မြည်းစမ်းဖို့ နှစ်စဉ် စောင့်မျှော်လေ့ရှိကြပါတယ်။ ဒါဟာ ရန်ကုန်မြို့ရဲ့ လူမှုသဟဇာတဖြစ်မှုကို ပြသနေတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။
"ကျွန်တော်ကတော့ နှစ်တိုင်း ဒီလမ်းကို လာဖြစ်တယ်။ စမူဆာနဲ့ နို့အေးကတော့ ဗိုလ်ဆွန်ပတ်လမ်းရဲ့ အမှတ်အသားပဲ”လို့ ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
#CJPlatform #ရာမဇာန်ဥပုသ် #ဝါဖြေ

❤4👍2🤮1
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းခံရ
CJ Platform
မြန်မာနိုင်ငံ သဘင်အစည်းအရုံးက အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို စစ်အုပ်စုရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်ကစလို့ တစ်နှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းနဲ့ မသန်စွမ်းသူများအပေါ် အတုယူလွဲမှားစေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတာကြောင့် မသန်စွမ်းသူတွေကို တရားဝင်တောင်းပန်ရန်နှင့် နောက်နောင် အခုကဲ့သို့ ထပ်မံမပေါ်ပေါက်ရေး ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ တိုင်ကြားခြင်းခံရပြီးနောက် အခုလို အရေးယူခံရတာ ဖြစ်ပါတယ်။
အောင်ဇမ္ဗူရဲ့ မန်နေဂျာဖြစ်သူ ကိုကျော်ဇေယျကလည်း သူ့ရဲ့ လူမှုစာမျက်နှာမှာ “မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့် ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ” လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သူ့ရဲ့ ပရိသတ်ဖြစ်သူတွေကလည်း အခုလို ဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဆန်ကြောင်းနဲ့ ဝမ်းနည်းကြောင်း အသီးသီး ရေးသားဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို အခုလို အရေးယူမှုကိုတော့ စစ်အုပ်စုရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ညှိနှိုင်းတိုင်ပင်ကာ မသန်စွမ်းသူတွေကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု မရှိစေရန်နဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန်အတွက် အခုလို အရေးယူဆောင်ရွက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အရေးယူမှုမှာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အနေနဲ့ တစ်နှစ်တိတိ ကပြခွင့် ရပ်ဆိုင်းစေသည့်အပြင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူတွေကို တရားဝင် ပြန်လည်တောင်းပန်ရန်လည်း ပါရှိပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဖျော်ဖြေပွဲတစ်ခုမှာ လူရွှင်တော် ဖြိုးဖြိုးကနေ ပရိသတ်ထဲက ကလေးငယ်တစ်ယောက်ကို ချီပိုးပြီး မဖွယ်မရာ စနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာ၊ သာသနာကို စော်ကားတဲ့ ပျက်လုံးတွေကြောင့် အောင်ဇမ္ဗူဇာတ်က လူရွှင်တော် ဖြိုးဖြိုးဟာ ထပ်မံတောင်းပန်ခဲ့ရပါသေးတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #အောင်ဇမ္ဗူ #ပွဲကခွင့်

😁4👍2❤1
အာဖဂန်နှင့် ပါကစ္စတန်ကြား စစ်ဖြစ်ပွား
CJ Platform
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကြားက နယ်စပ်မျဉ်းဖြစ်တဲ့ Durand Line တစ်လျှောက်မှာ ကြာသပတေးနေ့ညပိုင်းကစပြီး တာလီဘန်တပ်ဖွဲ့တွေက ပါကစ္စတန်စစ်စခန်းတွေကို အကြီးအကျယ် မြေပြင်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်က "ကျွန်ုပ်တို့ရဲ့ သည်းခံနိုင်စွမ်းဟာ အကန့်အသတ်ကို ရောက်သွားပါပြီ၊ အခုဆိုရင် ခင်ဗျားတို့နဲ့ ကျွန်ုပ်တို့ကြားမှာ ပွင့်လင်းစစ်ပွဲ စတင်ပြီဖြစ်ပါတယ်" လို့ သောကြာနေ့မှာ X လူမှုကွန်ရက်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။
#CJPlatform #Durand_Line#ပါကစ္စတန် #အာဖဂန်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/NU4Ek11mC9k

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကြားက နယ်စပ်မျဉ်းဖြစ်တဲ့ Durand Line တစ်လျှောက်မှာ ကြာသပတေးနေ့ညပိုင်းကစပြီး တာလီဘန်တပ်ဖွဲ့တွေက ပါကစ္စတန်စစ်စခန်းတွေကို အကြီးအကျယ် မြေပြင်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်…

👍5🔥2❤1😁1