CJ Platform
5.2K subscribers
18.8K photos
359 videos
4 files
8.77K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတာကြောင့် ညောင်ဦးဆင်စခန်းကိုပိတ်ပြီး ဆင် ၆ ကောင်ကို ဘေးလွတ်ရာဆီ ရွှေ့လိုက်ရ

CJ Platform

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတာကြောင့် ယာယီပိတ်ထားတဲ့ ပလင်းကမ်းသာယာဆင်စခန်းက ဆင်တွေကို နေပြည်တော်ကို ပြောင်းရွှေ့လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးမှာရှိတဲ့ အနောက်ပလင်းကျေးရွာက ပလင်းကမ်းသာယာဆင်စခန်းဟာ စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားတာပါ‌။

အဲဒီစခန်းမှာရှိတဲ့ စွယ်စုံဆင်ထီး ၂ ကောင်နဲ့ အမ ၄ ကောင်၊ စုစုပေါင်း ဆင် ၆ ကောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ နေပြည်တော်က ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ပြောင်းရွှေ့လိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဆင်တွေအတွက် အဆင်ပြေမယ့် ငလိုက်စခန်းသာဆင်စခန်းကို ပို့လိုက်ရတာ။ ဆင်ဝန်ထမ်းတွေ ခြိမ်းခြောက်ခံနေရလို့ ပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ" လို့ ဆင်စခန်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းက အဲဒီဆင်စခန်းက လက်ထောက်မန်နေဂျာနဲ့ သူ့ရဲ့ဇနီး၊ သစ်အုပ်ဝန်ထမ်းတစ်ဦးနဲ့ နေ့စားဝန်ထမ်းတစ်ဦး၊ စုစုပေါင်း ၄ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ‌။ ဖမ်းဆီးခံရသူတွေကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းကို အဆင့်ဆင့် ခေါ်ဆောင်သွားခဲ့ပြီးနောက်မှာ၊ မိသားစုဝင်တွေက သူတို့ပိုင်တဲ့ အိမ်နဲ့ ခြံတွေကို ရောင်းချပြီး ကျပ်သိန်း ၁,၀၀၀ ကျော် ပေးခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလောလောဆယ်မှာတော့ အဲဒီဝန်ထမ်း ၄ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် တခြားမြို့ရွာတွေကို တိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလအတွင်းမှာလည်း ဆင်စခန်းက အသက် ၃၀ အရွယ် ဆင်ဦးစီး ကိုဇော်ထွေးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့ပြီး အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။။

ဆင်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကတည်းက ယာယီပိတ်ထားတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ နေ့စားဝန်ထမ်း ၂ ဒါဇင်ကျော်ဟာလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ သူတို့တွေဟာ အခုအခါမှာတော့ ပန်းရံအလုပ်နဲ့ တောင်ယာအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်နေကြရသလို၊ တချို့ကလည်း တခြားမြို့တွေကို သွားပြီး အလုပ်ရှာနေကြရပါတယ်။

ပလင်းကမ်းသာယာဆင်စခန်းကို ၂၀၁၈ ခုနှစ်၊ NLD အစိုးရလက်ထက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဘုရားဖူးပြည်သူတွေနဲ့ ကျောင်းသားတွေ လာရောက်အပန်းဖြေကာ ဆင်စာဘူဖေး ကျွေးမွေးလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ညောင်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ပြန်ပေးဆွဲငွေတောင်းတဲ့ ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာပဲ မအူပင်ကနေ ပုဂံကို အလည်လာတဲ့ ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားခဲ့သလို၊ ရန်ကုန်ကနေလာတဲ့ မိသားစုတစ်စုလည်း ပုဂံမြို့သစ်အနီးမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အဲဒီလို နယ်မြေမတည်ငြိမ်မှုတွေကြောင့် အခုလို ဆင်စခန်းကိုပါ ပိတ်သိမ်းပြီး ဆင်တွေကို ရွှေ့ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

#CJPlatform #ညောင်ဦး #ဆင်စခန်း #ပြန်ပေးဆွဲ #ပလင်းကမ်းသာယာ
👍43😱1
ဓာတ်ပုံ - လူမှုကွန်ရက်
👍31
လဲချားမှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၅ ဦးကို စစ်ကော်မရှင်ဖမ်းဆီး

CJ Platform

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ သူတို့ထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က လဲချားမြို့နယ်၊ ဝမ်ပန်ကျေးရွာအုပ်စု၊ နောင်လုံရွာရဲ့ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှာရှိတဲ့ ကျားဖြန့်လုပ်ကိုင်ရာနေရာကို စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ရှင်းလင်းချိန်မှာ တရုတ်နိုင်ငံသား ၂၀ ဦးကို နေရာမှာတင် ဖမ်းဆီးရမိခဲ့ပြီး၊ ထွက်ပြေးဖို့ ကြိုးစားတဲ့ နောက်ထပ် ၅ ဦးကိုတော့ တပ်မောက်ရွာအနီးမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ကျားဖြန့်လုပ်ကိုင်နေသူတွေကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ရှမ်းလက်နက်ကိုင်တစ်ဖွဲ့က လုံခြုံရေးယူ စောင့်ကြပ်ပေးထားတယ်လို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုထားကြောင်း စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့ အမည်ကိုတော့ စစ်အုပ်စုဘက်က ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေဟာ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းရယ်နဲ့ မိုင်းလာမြို့တို့ကနေ အဆင့်ဆင့် ဝင်ရောက်လာကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခု ဖေဖော်ဝါရီလအထိ သုံးလတာကာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုင်းရယ်မြို့နယ်တွေမှာလည်း ကျားဖြန့်လုပ်ကိုင်သူ ၄၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါး ချက်လုပ်တဲ့နေရာတွေကိုလည်း ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

#CJPlatform #SAC #ChineseScammer #လဲချား
👍3😁21
ဓာတ်ပုံ - Pro SAC
1👎1🔥1💩1
ဘိန်းခင်းထဲ တိမ်မြုပ်တော့မယ့် အင်းလေးကန်
 
CJ Platform
 
မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည့် အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေချိုင့်ဝှမ်း၏ အလယ်တွင် တည်ရှိသည်။ ကမ္ဘာကျော် ဖောင်တော်ဦးဘုရားသည် အင်းလေးဒေသ၏ ပုံရိပ်တစ်ခု ဖြစ်သည်။
 Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/24220261/
🤬42👍1👎1
အီရန် က တရုတ်ထံကနေ အဆင့်မြင့် သင်္ဘောဖျက်ဒုံးတွေ ဝယ်ယူဖို့ပြင်

CJ Platform

အီရန်အစိုးရဟာ တရုတ်နိုင်ငံထုတ် CM-302 အမျိုးအစား သင်္ဘောဖျက် ခရုစ်ဒုံးကျည် (Anti-ship cruise missiles) တွေကို ဝယ်ယူဖို့ ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ Reuters သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဒီ CM-302 ဒုံးပျံတွေဟာ အသံထက်မြန်တဲ့အပြင် ရေပြင်အထက်ကနေ အနိမ့်ပျံသန်းနိုင်တာကြောင့် ရေတပ်ရဲ့ ခံစစ်စနစ်တွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်။


#CJPlatform #cruise_missiles #တရုတ် #အီရန်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/2cGdSgU4bJA
😁5👎3🤬1
ပဋိပက္ခ ၈ ခုကို ဖြေရှင်းပေးခဲ့လို့ နိုဘယ်လ်ဆုရသင့်တယ်လို့ ထရမ့် ထပ်ပြော

CJ Platform

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူဟာ အာဏာရပြီး တစ်နှစ်အတွင်းမှာပဲ ကမ္ဘာတစ်ဝန်းက ပဋိပက္ခပေါင်း ၈ ခုကို ဝင်ရောက်ဖြေရှင်းပေးခဲ့တာကြောင့်၊ သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးအပ်သင့်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သူဝင်ပါခဲ့တဲ့ ဒေသအချို့မှာတော့ တိုက်ပွဲတွေက ပြန်ဖြစ်နေသလို၊ အဖြေမထွက်သေးတဲ့ပြဿနာတွေလည်း အများကြီး ရှိနေပါသေးတယ်။

#CJPlatform #ထရမ့် # နိုဘယ်လ်ငြိမ်းချမ်းရေးဆု #ပဋိပက္ခ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/ntmkwlPFoTk
😁7💩1🤣1
မနက်ဖြန် ဖေဖော်ဝါရီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးစိပ်စိပ်ရွာသွန်းနိုင်

CJPlatform

မနက်ဖြန် ဖေဖော်ဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် ပြည်နယ်နဲ့ တိုင်းအသီးသီးက မိုးလေဝသ အခြေအနေတွေကို တင်ပြပေးပါ့မယ်။ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဟာ ပျက်ပြယ်သွားပြီဖြစ်ပေမဲ့ သူ့ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ မိုးရွာသွန်းမှုတွေနဲ့ အပူချိန်အပြောင်းအလဲတွေ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်ရှင်။
မနက်ဖြန်မှာတော့ အရှေ့ဘက်က လေစီးကြောင်းတွေကြောင့် ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကရင်နီပြည်၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ် မိုးရွာနိုင်ပါတယ်။ ဧရာဝတီ၊ ကရင်နဲ့ တနင်္သာရီတိုင်းတို့မှာတော့ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးဖွဲကျနိုင်ပါတယ်ရှင်။

#CJPlatform #မိုးရာသီ #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/bO0bJEoTS_Q
👍5
ဓာတ်ပုံ - Thet Naing's Facebok
👍31
စစ်ကိုင်းက “ထက်” ကိုယ်ပိုင်ကျောင်း အပြီးတိုင်ပိတ်သိမ်းခံရပြီး ကျောင်းသား ၁၆၀ ကျော် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံး

■ စာမေးပွဲ ဖြေခွင့်ကတ်ထုတ်ပေးလို့ ခရိုင်ပညာရေးမှူးပါ အရေးယူခံရ

CJ Platform

စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်က “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ကျောင်းသား ၁၆၀ ကျော်ကို စာမေးပွဲဖြေဆိုခွင့်ကတ်တွေ ထုတ်ပေးခဲ့တာကြောင့် ဆိုကာ အပြီးတိုင်ပိတ်သိမ်းခံရတဲ့အပြင် ကတ်တွေ ထုတ်ပေးခဲ့တဲ့ စစ်ကိုင်းခရိုင်ပညာရေးမှူးကိုလည်း အရေးယူသွားမှာဖြစ်ကြောင်း စစ်ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါကိုယ်ပိုင်ကျောင်းက Grade-5 ကျောင်းသား ၇၂ ဦးနဲ့ Grade-9 ကျောင်းသား ၈၉ ဦး၊ စုစုပေါင်း ၁၆၁ ဦးဟာ ကျောင်းအပ်နှံထားတဲ့စာရင်းမှာ အမှတ်တကယ်မပါဘဲ ဖေဖော်ဝါရီ ၂၃ ရက်စပြီးပြုလုပ်နေတဲ့ စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုရန် ကြိုးပမ်းခဲ့ကြတာလို့ စစ်ကော်မရှင်ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဆိုပါကျောင်းသားတွေဟာ ဇွန်လမှစတင်ပြီး လစဉ်တင်ပြရမည့် ကျောင်းသားလူချုပ်စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့အပြင် အတန်းတင်စာမေးပွဲဖြေဆိုသူစာရင်မှာလည်း ပါဝင်တာမရှိတဲ့အတွက် စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကျောင်းသား ၁၆၁ ဦးကို စာမေးပွဲမဖြေဆိုမီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖြေဆိုခွင့်ကတ်တွေ ထုတ်ပေးခဲ့တဲ့ စစ်ကိုင်းခရိုင်ပညာရေးမှူးကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

ဒါ့အပြင် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဋ) နဲ့ (ဍ) ပါ ပြဋ္ဌာန်းချက်တွေ လိုက်နာမှုမရှိတာ၊ စာရင်းအင်းအချက်အလက်တွေ စနစ်တကျ ထိန်းသိမ်းထားခြင်းမရှိတာနဲ့ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တာကြောင့် ဟုဆိုကာ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ ကျောင်းမှတ်ပုံတင်ထားမှုကို ပယ်ဖျက်၍ အပြီးတိုင်ပိတ်သိမ်းဖို့ စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီက ညွှန်ကြားထားပါတယ်။

ယခုဖြစ်စဉ်ကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၆၁ ဦးမှာ တစ်နှစ်တာလုံး သင်ယူခဲ့တဲ့ ပညာသင်နှစ်အတွက် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ရပြီး ကျောင်းသားမိဘများအကြား နစ်နာမှုများအတွက် ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

#CJPlatform #ထက#ပညာရေး #စာမေးပွဲ #စစ်ကိုင်း
🤬9👍32👎1🔥1😢1
တေးသီချင်းသစ်တွေနဲ့ ဇယားထိပ်ကို ရောက်ရှိလာတဲ့ IVE အဖွဲ့

CJPlatform

CJ Platform ရဲ့ Entertainment အစီစဉ်' ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားဂီတလောကမှာ မကြုံစဖူး စံချိန်သစ်တွေ တင်လိုက်တဲ့ 'အိုက်ဗ်' (IVE) အဖွဲ့အကြောင်းနဲ့၊ ကမ္ဘာကျော် ရုပ်ရှင်ဆုပေးပွဲမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာ လူမျိုးရေးစော်ကားမှု ဖြစ်ရပ်ဆိုးတွေအကြောင်းကို တင်ဆက်ပေးသွားမှာပါရှင်။"

#CJPlatform #BANG_BANG #BAFTA #IVE

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/_j-7boHOq5c
👍3😁1
အာရှရဲ့ အကြီးဆုံးကော်ဘရာစစ်ရေးလေ့ကျင့်မှုမှ မြန်မာ ၆ နှစ်ဆက်တိုက် အပယ်ခံဖြစ်

CJ Platform

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၂၆ ကော်ဘရာစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရနောင်းခရိုင်မှာရှိတဲ့ U Tapao လေတပ်ဝင်းအတွင်း စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့လို အင်အားကြီးနိုင်ငံတွေအပြင် အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ တီမောလက်စ်တေတို့ အပြည့်အဝ ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။


#CJPlatform #စစ်ရေးလေ့ကျင့်မှု #ထိုင်းနိုင်ငံ #ကော်ဘရာ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/mkGuJOP72hA
👍6😁4👏3
အာတိတ်ဒေသမှာ အမေရိကန်၊ နေတိုး၊ တရုတ်နဲ့ ရုရှားတို့ စစ်ရေးလေ့ကျင့်မှုတွေ အပြိုင်အဆိုင်လုပ်ဆောင်

CJ Platform

အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ်ဟာ “Arctic Edge 2026” လို့ အမည်ပေးထားတဲ့ သုံးပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က စတင်လိုက်ပါတယ်။ အလက်စကာပြည်နယ်ကနေ ဂရင်းလန်းကျွန်းအထိ ကျယ်ပြန့်တဲ့ ဒီလေ့ကျင့်မှုမှာ ဒိန်းမတ်၊ ကနေဒါတို့နဲ့အတူ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ FBI တို့ပါ ပူးပေါင်းပါဝင်နေကြပါတယ်။

#CJPlatform #FBI #အမေရိကန် #အာတိတ်ဒေသ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/uNtJ2eMwcVE
👍7🔥2👎1
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဖေဖော်ဝါရီလကုန်တွင် မိုးပြတ်ပြီး ပူလာနိုင်

CJ Platform

ဖေဖော်ဝါရီလ ၂၆ ရက်၊ ကြာသပတေးနေ့အတွက် ပြည်နယ်နဲ့ တိုင်းအသီးသီးက နောက်ဆုံးရ မိုးလေဝသအခြေအနေတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ လျော့ပါးသွားမယ့်အခြေအနေ၊ နေ့ပူပြီး ညအေးမယ့် အပူချိန်အပြောင်းအလဲနဲ့ ကျန်းမာရေးအတွက် အထူးသတိထားရမယ့် လေထုညစ်ညမ်းမှု သတင်းတွေကို တင်ဆက်ပေးသွားပါမယ်ရှင်။

#CJPlatform #မိုးလေဝသ #အပူရှိန် #လေထုညစ်ညမ်းမှု

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/ZubVdMWZseA
4👍1
ကန်ချနာဘူရီမှာ မြန်မာ ၆၀ ကျော် တင်လာတဲ့ကား တိမ်းမှောက်ပြီး ၂၀ ကျော် ဒဏ်ရာရရှိ

CJ Platform

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်အတွင်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ရှောင်ကွင်းထွက်ပြေးရာကနေ တိမ်းမှောက်ခဲ့လို့ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kanchanaburi News က ဖော်ပြထားပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်မှုဟာ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ချနာဘူရီ အဝေးပြေးလမ်းမကြီးတနေရာမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက မသင်္ကာဖွယ် မစ်ဆူဘီရှီ ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးဖို့ ကြိုးစားခဲ့ရာကနေ ဖြစ်ပွားခဲ့တာပါ။ ယာဉ်မောင်းဖြစ်သူက ရဲတပ်ဖွဲ့ရဲ့ တားဆီးမှုကို ဂရုမစိုက်ဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့လို့ လမ်းဘေးသို့ ထိုးကျကာ တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။

အဆိုပါကားပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၆၀ ကျော်ကို အဆမတန် ပြည့်ညှပ်တင်ဆောင်လာတာဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ၂၀ ကျော်မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။ ဒဏ်ရာရရှိသူတွေကို ထိုင်းအာဏာပိုင်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက Paholpolpayuhasena ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ယာဉ်မောင်းဖြစ်သူကတော့ ယာဉ်တိမ်းမှောက်ပြီးနောက်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းက စစ်ရေးပဋိပက္ခနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အခုလို နယ်စပ်ကနေ တရားမဝင် ခိုးဝင်မှုတွေ များပြားနေပြီး အသက်အန္တရာယ်ရှိတဲ့ ယာဉ်တိမ်းမှောက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

#CJPlatform #မြန်မာ #ကန်ချနာဘူရီ #တရားမဝင် #လူကုန်ကူး
😢61