CJ Platform
5.2K subscribers
18.8K photos
359 videos
4 files
8.77K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေနဲ့အတူ ပဲခူးတိုင်းအတွက် စိုက်ပျိုးမိုးလေဝ

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ မနက်ဖြန် ဖေဖေါ်ဝါရီ ၂၂ရက် တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုပြီး အားကောင်းလာနိုင်တာကို တွေ့ရပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့အထိ အားကောင်းလာဖို့ မရှိပေမဲ့ ဒီအရှိန်ကြောင့် နိုင်ငံတဝန်း "အချိန်အခါမဟုတ် မိုးတွေ ရွာသွန်းနိုင်မှာ" ဖြစ်ပါတယ်။

#CJPlatform #အပူချိန် #ညအပူချိန် #မိုးလေဝသခန့်မှန်းချက် #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/qQG6GjPn3x8
👍7
နိုင်ငံတဝန်း အချိန်အခါမဟုတ် မိုးရွာနိုင်

CJ Platform

ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ရက် ကနေ ၂၈ရက်နေ့အထိ ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေ ကိုပြောရရင် မိုးရွးနိုင်တဲ့ ခန့်မှန်းချက်တွေက ပိုနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီတစ်ပတ်အတွင်း အရှေ့ဘက်ကို အနည်းငယ် ရွေ့လျားသွားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ "ပျက်ပြယ်သွားဖို့" ရှိနေပါတယ်။

#CJPlatform #အပူချိန် #ညအပူချိန် #မိုးလေဝသခန့်မှန်းချက် #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/Dhvxq4hEtVE
👍9
အိုးနင်း ခွက်နင်း သတင်းများ Episode (10)

CJ Platform

အိုးနင်း ခွက်နင်း သတင်းများ Episode (10) ဘိုးတော်ဇော်နှင် ရာဇာကြီးတင်ဆက်သည်

#CJPlatform #အိုးနင်း ခွက်နင်း #ဘိုးတော်ဇော် #ရာဇာကြီး

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/zf2C-dgfw2A
👍6😁1
ရန်ကုန်နဲ့ ဧရာဝတီအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးဖွဲကျနိုင်

CJ Platform

ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသအခြေအနေနဲ့ လေထုညစ်ညမ်းမှုအခြေအနေတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လယ်အော်အခြေအနေ၊ မိုးရွာသွန်းနိုင်မှုနဲ့ အထူးသဖြင့် ကျန်းမာရေးအတွက် သတိထားရမယ့် လေထုအရည်အသွေး အခြေအနေတွေကို အသေးစိတ် တင်ပြပေးသွားပါမယ်ရှင်။"

#CJPlatform #လေထုညစ်ညမ်းမှု #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/bRf3V240cbQ
👍21
ဓာတ်ပုံ - ဘန်ကောက်ပို့စ်
👍2🔥2💩1
ရွှေကုက္ကိုလ်က ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းစစ်တပ် ဖမ်းဆီး

CJ Platform

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းစစ်တပ် နယ်ခြားစောင့်အထူးတပ်ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီတရုတ်နိုင်ငံသား အယောက် ၂၀ ဟာ ကျောပိုးအိတ်ကိုယ်စီနဲ့ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ခိုးဝင်လာတာ ဖြစ်ပါတယ်။ သူတို့ကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စုအတွင်းက ဝမ်ကောက်ကျေးရွာမှာ ထိုင်းစစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးတဲ့အခါမှာတော့ ၄ ဦးမှာပဲ နိုင်ငံကူးလက်မှတ် (Passport) ပါရှိပြီး၊ ကျန်တဲ့ ၁၆ ဦးမှာတော့ ဘာအထောက်အထား စာရွက်စာတမ်းမှ မပါဘူးလို့ နယ်ခြားစောင့်အထူးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ သူတို့အားလုံးဟာ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စင်တာတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ အဆိုပါ တရုတ်နိုင်ငံသားတွေကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး (Immigration) တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးအပ်လိုက်ပါပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူသွားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ခိုးဝင်လာသူတွေဟာ လျော့ပါးမသွားဘဲ ရွှေကုက္ကိုလ် ကျားဖြန့်စင်တာတွေကနေ မဲဆောက်မြို့ထဲကို ထွက်ပြေးလာသူတွေ များပြားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

#CJPlatform #ChineseScam #Shwekokeko #Myawaddy #Maesot
👍5🤣31
ဗြိတိသျှ ရုပ်ရှင်ထူးချွန်ဆု ရခဲ့တဲ့ သရုပ်ဆောင်သစ် ရောဘတ် အာရာမာယို နဲ့ ဝေဒနာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတဲ့ မင်းသားကြီး အဲရစ် ဒိန်း

CJ Platform

ဒီနေ့မှာတော့ ဗြိတိန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်ဆုပေးပွဲမှာ စံချိန်သစ်တွေ တင်ခဲ့တဲ့ သတင်းတွေနဲ့အတူ၊ ပရိသတ်တွေ အလွန်ချစ်ကြတဲ့ ဆေးရုံဇာတ်လမ်းတွဲ “Grey’s Anatomy” ထဲက မင်းသားကြီးတစ်ယောက် ကွယ်လွန်သွားတဲ့ ဝမ်းနည်းစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။"

#CJPlatform #Rising_Star #BAFTA #Grey’s_Anatomy #ဗြိတိသျှ ရုပ်ရှင်ထူးချွန်ဆု

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/kbeBF7V2DWs
👍2😁1
ဓာတ်ပုံ - Khaosod
😢41
ထိုင်းနိုင်ငံ ဖတ်တလင်းမှာ ကားနှစ်စီးတိုက်မိပြီး မြန်မာလုပ်သား ၅ ဦtအပါအဝင် ၉ ဦး ပြင်းထန်ဒဏ်ရာရ

CJ Platform

ထိုင်းနိုင်ငံ ဖတ်တလင်းခရိုင်၊ ဖတ်တလင်းမြို့ရှိ ချောင်ကိုလမ်းဆုံ မီးပွိုင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်က မော်တော်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး၊ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် လူ ၉ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod မှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား ၅ ဦးကို တင်ဆောင်လာတဲ့ Ford Ranger ကားဟာ ဘန်ကောက်မြို့မှာ သွေးစစ်ပြီးနောက် ဟတ်ယိုင်မြို့ကို GPS အသုံးပြုပြီး ပြန်လာတာ ဖြစ်ပါတယ်။ အဲဒီကားဟာ ချောင်ကိုမီးပွိုင့်လမ်းဆုံအရောက်မှာ အခြားယာဉ်တစ်စီးဖြစ်တဲ့ Isuzu D-Max ပစ်ကပ်ကားနဲ့ အရှိန်ပြင်းပြင်း တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ သိရပါတယ်။

Isuzu D-Max ပစ်ကပ်ကားပေါ်မှာတော့ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းနဲ့အတူ သူ့ရဲ့ဇနီးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တို့ လိုက်ပါလာတာ ဖြစ်ပါတယ်။ အဲဒီပစ်ကပ်ကားဟာ ပါဘွန်းဆေးရုံကနေ ဖတ်တလင်းဆေးရုံကို အရေးပေါ်ပြောင်းရွှေ့နေတဲ့ သူ့ရဲ့မိခင်ဖြစ်သူပါဝင်တဲ့ လူနာတင်ယာဉ်နောက်ကနေ အရှိန်နဲ့ လိုက်ပါမောင်းနှင်လာစဉ်မှာ အခုလို တိုက်မိမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် Ford Ranger ကားရဲ့ ရှေ့ပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားသလို၊ ပစ်ကပ်ကားဟာလည်း လမ်းပေါ်မှာ တိမ်းမှောက်ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ယာဉ်နှစ်စီးပေါ်မှာ ပါလာသူ မြန်မာလုပ်သား ၅ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၉ ဦးစလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ ဖတ်တလင်းဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဆေးရုံမှာ အနီးကပ် စောင့်ကြည့်ကုသပေးနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖတ်တလင်းမြို့ ရဲတပ်ဖွဲ့က ယာဉ်မောင်းနှစ်ဦးစလုံးကို စစ်ဆေးမေးမြန်းနေပြီး၊ ဘယ်သူ့မှာ အမှားရှိသလဲဆိုတာနဲ့ ပတ်သက်လို့ ဥပဒေအရ ဆက်လက် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#CJPlatform #မြန်မာလုပ်သား #ထိုင်း #ယာဉ်တိုက်မှု
😢72
ဓာတ်ပုံ - Amnesty International
👍6😁1
စစ်အုပ်စု လေယာဉ်ဆီရရှိမှုတွင် ဗီယက်နမ်ပါဝင်နေခြင်းသည် အာဆီယံ၏ ပျက်ကွက်မှုဖြစ်ကြောင်း JFM ဆို

CJ Platform

စစ်အုပ်စုက ပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို အားပေးကူညီရာရောက်တဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်မှာ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေတာဟာ အာဆီယံရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ Justice For Myanmar (JFM) အဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက Hai Linh Co.,Ltd ဆိုတဲ့ ကုမ္ပဏီဟာ Cai Mep Petroleum Terminal လို့ခေါ်တဲ့ ရေနံသိုလှောင်တဲ့ ဆိပ်ကမ်းကို ကိုင်တွယ်လုပ်ကိုင်နေတာပါ။ စစ်အုပ်စုဆီကို လေယာဉ်ဆီတွေ ပို့ပေးနေတဲ့ သင်္ဘောတွေဟာ အဲဒီဆိပ်ကမ်းကို ကြားခံအဖြစ်သုံးပြီး မြန်မာပြည်ထဲကို ပြန်လည်တင်ပို့နေတာ ဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်းအပေါ် ထိရောက်တဲ့ နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တချိန်ထဲမှာပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူ‌နေကြပါတယ်" လို့ ဝေဖန်ပြောဆိုထားပါတယ်။

စစ်အုပ်စုဆီကို လေယာဉ်ဆီတွေ ရောက်ရှိနေတဲ့ လမ်းကြောင်းဟာ ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွန်ရက်ကြီးတစ်ခု ဖြစ်နေတာပါ။ ဒါဟာ စစ်အုပ်စုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် လောင်စာဖြည့်ပေးနေတာ ဖြစ်သလို၊ အကြမ်းဖက်မှုတွေကိုပါ အားပေးကူညီရာ ရောက်တယ်လို့ JFM က ထောက်ပြထားပါတယ်။

JFM ရဲ့ အချက်အလက်တွေအရ ယူအေအီး၊ ဗီယက်နမ်နဲ့ မာရှယ်ကျွန်းစုတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်ကနေ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်အုပ်စုဆီကို လေယာဉ်ဆီ တင်ပို့မှု ၁၇ ကြိမ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာပြည်ထဲကို လေယာဉ်ဆီ တင်သွင်းမှုဟာ ၂၀၂၄ ခုနှစ်မှာ မက်ထရစ်တန် ၆ သောင်းကျော် (၆၄,၅၆၂) ပဲ ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ တန်ချိန် ၁ သိန်းကျော် (၁၀၆,၆၀၄) အထိ နှစ်ဆနီးပါး တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို လောင်စာဆီ ပံ့ပိုးပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ JFM က တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာပြည်ထဲကို လေယာဉ်ဆီတွေ မရောက်နိုင်အောင် အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေအနေနဲ့ ထိထိရောက်ရောက် တားမြစ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

#CJPlatform #JFM #ဗီယက်နမ် #aviationfuel
👍91😁1
စစ်သင်္ဘောတွေနဲ့ ဝိုင်းထားပေမယ့် အီရန်က တင်းခံနေသလို၊ ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ ပြန်ဖြစ်နေ

CJ Platform

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အနားမှာ စစ်သင်္ဘော အုပ်စုကြီးတွေနဲ့ဖိအားပေးထားပေမယ့်၊ အီရန်ဘက်က ဘာလို့ ဒူးမထောက်သေးတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) က ဆိုပါတယ်။

#CJPlatform #ဒေါ်နယ်ထရမ့် #Steve_Witkoff #အမေရိကန်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/qvXjEYzae10
👍2🔥2🤣2
မက္ကဆီကိုရဲ့ ဒုတိယအကြီးဆုံးမြို့မှာ မူးယစ်ဂိုဏ်းက အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေ

CJ Platform

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် တနင်္ဂနွေနေက မက္ကဆီကိုနိုင်ငံ၊ ဟာလစ်စကို (Jalisco) ပြည်နယ်၊ ဂွါဒါလာဟာရာမြို့မှာ မီးသတ်သမားတွေဟာ အလုပ်များနေကြပါတယ်။ ဒါဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ဖို့အတွက် ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ဒီအကြမ်းဖက်မှုတွေဟာ CJNG လို့ လူသိများတဲ့ "Jalisco New Generation Cartel" ရဲ့ ခေါင်းဆောင် အယ်လ်မန်ချို (El Mencho) ကို အစိုးရတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း သုတ်သင်လိုက်ပြီးနောက်မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

#CJPlatform #El_Mencho #Jalisco #မက္ကဆီကို

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/8Qma-2l3y_w
👎42👍2
နေရာအနှံ့အပြားတွင် မိုးအနည်းငယ် ဆက်လက်ရွာသွန်းနိုင်

CJ Platform

မနက်ဖြန် ဖေဖော်ဝါရီလ ၂၄ ရက်၊ အင်္ဂါနေ့ အတွက် ပြည်နယ်နဲ့ တိုင်းအသီးသီးက မိုးလေဝသ အခြေအနေတွေကို တင်ပြပေးပါ့မယ်။ အခုအချိန်ဟာ နွေရာသီကို ကူးပြောင်းနေပြီဖြစ်သလို၊ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းကြောင့်လည်း မိုးလေဝသအပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်ရှင်။ပထမဦးဆုံး ပင်လယ်အော်အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး အခုဆိုရင် အလယ်ပိုင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

#CJPlatform #မိုးရာသီ #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/GpAcczK78Q4
👍8
တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် မိုးအနည်းငယ် ရွာသွန်းနိုင်

CJ Platform

ဒီနေ့မှာတော့ ပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း အခြေအနေ၊ နိုင်ငံတဝန်း မိုးရွာသွန်းနိုင်မှုနဲ့ ကျန်းမာရေးအတွက် သတိပြုရမယ့် လေထုညစ်ညမ်းမှု အခြေအနေတွေကို အသေးစိတ် တင်ပြပေးသွားပါမယ်ရှင်။အရင်ဆုံး ဘင်္ဂလားပင်လယ်အော် အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မနက်ပိုင်းမှာပဲ အားလျော့ပြီး ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းကို မိုးတိမ်တွေ ဝင်ရောက်လာနေတာကို တွေ့ရပါတယ်ရှင်။

#CJPlatform #မိုးရာသီ #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/fDfUza9B5eA
👍5
ဓာတ်ပုံ - လူမှုကွန်ရက်
🤬31
မြင်းမူမြို့နယ်မှာ စစ်အုပ်စုဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၉ ဦးသေဆုံး

CJ Platform

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီဝန်းကျင်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗုံးတွေဟာ ရွာထဲက ဆီကြိတ်စက်ရှိတဲ့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အဲဒီနေရာမှာ ရောက်နေကြတဲ့ ပြည်သူ ၉ ဦးစလုံး သေဆုံးခဲ့ရတာပါ။ သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် နှစ်ဦးလည်း ပါဝင်နေတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို အခုလို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာဖြစ်သလို၊ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း ရွှေကျောင်းကန်ကျေးရွာဘက်ကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီနေ့တိုက်ခိုက်မှုမှာတော့ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ အာဏာသိမ်း ၅ နှစ်နီးပါးကာလအတွင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄,၂၂၁ ဦး သေဆုံးခဲ့ပြီး၊ တော်လှန်ရေးရဲဘော် ၄၁၀ ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

#CJPlatform #မြင်းမူ #လေကြောင်းတိုက်ခိုက် #နမခ
🤬41
ဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတာကြောင့် ညောင်ဦးဆင်စခန်းကိုပိတ်ပြီး ဆင် ၆ ကောင်ကို ဘေးလွတ်ရာဆီ ရွှေ့လိုက်ရ

CJ Platform

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတာကြောင့် ယာယီပိတ်ထားတဲ့ ပလင်းကမ်းသာယာဆင်စခန်းက ဆင်တွေကို နေပြည်တော်ကို ပြောင်းရွှေ့လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးမှာရှိတဲ့ အနောက်ပလင်းကျေးရွာက ပလင်းကမ်းသာယာဆင်စခန်းဟာ စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားတာပါ‌။

အဲဒီစခန်းမှာရှိတဲ့ စွယ်စုံဆင်ထီး ၂ ကောင်နဲ့ အမ ၄ ကောင်၊ စုစုပေါင်း ဆင် ၆ ကောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ နေပြည်တော်က ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ပြောင်းရွှေ့လိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဆင်တွေအတွက် အဆင်ပြေမယ့် ငလိုက်စခန်းသာဆင်စခန်းကို ပို့လိုက်ရတာ။ ဆင်ဝန်ထမ်းတွေ ခြိမ်းခြောက်ခံနေရလို့ ပိတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ" လို့ ဆင်စခန်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းက အဲဒီဆင်စခန်းက လက်ထောက်မန်နေဂျာနဲ့ သူ့ရဲ့ဇနီး၊ သစ်အုပ်ဝန်ထမ်းတစ်ဦးနဲ့ နေ့စားဝန်ထမ်းတစ်ဦး၊ စုစုပေါင်း ၄ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ‌။ ဖမ်းဆီးခံရသူတွေကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းကို အဆင့်ဆင့် ခေါ်ဆောင်သွားခဲ့ပြီးနောက်မှာ၊ မိသားစုဝင်တွေက သူတို့ပိုင်တဲ့ အိမ်နဲ့ ခြံတွေကို ရောင်းချပြီး ကျပ်သိန်း ၁,၀၀၀ ကျော် ပေးခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလောလောဆယ်မှာတော့ အဲဒီဝန်ထမ်း ၄ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် တခြားမြို့ရွာတွေကို တိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလအတွင်းမှာလည်း ဆင်စခန်းက အသက် ၃၀ အရွယ် ဆင်ဦးစီး ကိုဇော်ထွေးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့ပြီး အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။။

ဆင်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကတည်းက ယာယီပိတ်ထားတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ နေ့စားဝန်ထမ်း ၂ ဒါဇင်ကျော်ဟာလည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ သူတို့တွေဟာ အခုအခါမှာတော့ ပန်းရံအလုပ်နဲ့ တောင်ယာအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်နေကြရသလို၊ တချို့ကလည်း တခြားမြို့တွေကို သွားပြီး အလုပ်ရှာနေကြရပါတယ်။

ပလင်းကမ်းသာယာဆင်စခန်းကို ၂၀၁၈ ခုနှစ်၊ NLD အစိုးရလက်ထက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဘုရားဖူးပြည်သူတွေနဲ့ ကျောင်းသားတွေ လာရောက်အပန်းဖြေကာ ဆင်စာဘူဖေး ကျွေးမွေးလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ညောင်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ပြန်ပေးဆွဲငွေတောင်းတဲ့ ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာပဲ မအူပင်ကနေ ပုဂံကို အလည်လာတဲ့ ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားခဲ့သလို၊ ရန်ကုန်ကနေလာတဲ့ မိသားစုတစ်စုလည်း ပုဂံမြို့သစ်အနီးမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အဲဒီလို နယ်မြေမတည်ငြိမ်မှုတွေကြောင့် အခုလို ဆင်စခန်းကိုပါ ပိတ်သိမ်းပြီး ဆင်တွေကို ရွှေ့ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

#CJPlatform #ညောင်ဦး #ဆင်စခန်း #ပြန်ပေးဆွဲ #ပလင်းကမ်းသာယာ
👍43😱1