CJ Platform
5.2K subscribers
18.8K photos
359 videos
4 files
8.77K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
တပ်ရိက္ခာဖူလုံရေးအတွက် ပြည်သူနဲ့အတူ စိုက်ပျိုးရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ Phoenix Guerrilla Force

CJ Platform

အညာဒေသတွင်း​အခြေစိုက် Phoenix Guerrilla Force တပ်ဖွဲ့ဝင်တွေဟာ တပ်ရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

လက်ရှိ ပူးပေါင်းလုပ်ဆောင်နေတာဟာ မိုးစပါးအပြီး ဇန်နဝါရီလအတွင်းကစလို့ သီးနှံစိုက်ပျိုးမှုတွေ စတင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် စပါးကို စိုက်ပျိုးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

"အဓိကကတော့ တပ်ရိက္ခာကို လူထုဆီ အလုံးစုံ မမှီခိုရအောင်လို့ပါ။ တော်လှန်ရေးကာလ ၅ နှစ်တာအတွင်း လူထုက ကြည်ကြည်ဖြူဖြူ ပေးအပ်တာတွေ ရှိပေမယ့် ဒီလိုမျိုး အမြဲတမ်း မှီခိုသွားလို့ မရဘူးလို့ ယူဆပါတယ်" လို့ တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

လက်ရှိမှာ တပ်စိတ်အလိုက် ခွဲဝေလုပ်ဆောင်နေကြပြီး မျိုးစေ့နဲ့ စိုက်ပျိုးနည်းစနစ်တွေကို ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ တပ်ဖွဲ့ရိက္ခာအတွက် နှစ်စဉ် ဖော်ဆောင်စိုက်ပျိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ် စိုက်ပျိုးထုတ်လုပ်မှုမှာ တပ်ဖွဲ့အတွက် တစ်နှစ်စာ ရိက္ခာရဲ့ ၂၅ ရာခိုင်နှုန်းခန့် ဖူလုံဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

Phoenix Guerrilla Force အနေနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးအတွက် မူဝါဒချမှတ်ထားပြီး "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူနဲ့ ရဲဘော်တွေအကြား ယုံကြည်မှု တည်ဆောက်ကာ တော်လှန်ရေးလုပ်ငန်းတွေကို အဘက်ဘက်က အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Phoenix Guerrilla Force
#CJPlatform #PhoenixGuerrillaForce #တပ်ရိက္ခာ #စိုက်ပျိုးရေး
5😁1
5😁1
အနာဂတ်မျိုးဆက်သစ် စွမ်းအင်ဖူလုံရေး ခေါင်းစဉ်တပ်ကာ မြစ်ဆုံစီမံကိန်းကို ပူးပေါင်းပါဝင်ဖို့ စစ်အုပ်စု စည်းရုံး

CJ Platform

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေတဲ့ စစ်အုပ်စုဟာ စီမံကိန်းကရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် စွမ်းအင်ဖူလုံစေဖို့ ကြိုတင်ပြင်ဆင်ရခြင်း ဖြစ်တယ်လို့ ဦးတင်အောင်ဆန်းက ဝါဒဖြန့်ပြောကြားမှုကို စစ်အုပ်စုပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/21220261-2/
👎6😁2
ဒေါ်ကြည်ပြာအမှုမှာ ဆွေမျိုးကောင်းစားရေးနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုနဲ့ဆိုင်ရာ PSHEA မူဝါဒကို ဖောက်ဖျက်မှု ရှိခဲ့ကြောင်း NUG သတင်းထုတ်ပြန်

CJ Platform

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ယောက်က ၃ လနီးပါးကြာ စစ်ဆေးခဲ့တဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့ပါပြီ။ အစီရင်ခံစာအရ ဒေါ်ကြည်ပြာဟာ ဝန်ထမ်းတွေအပေါ် ဆက်ဆံရေး ကြမ်းတမ်းတာနဲ့၊ ခင်ပွန်းဖြစ်သူနဲ့ ဆွေမျိုးတွေကို တစ်ရုံးတည်းမှာ နေရာပေးထားတာတွေဟာ အစိုးရရဲ့ မူဝါဒနဲ့ ငြိစွန်းနေတာ တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

#CJPlatform #NUG #PSHEA #ဒေါ်ကြည်ပြာ

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/cAQSq9SXw7Y
👍5😁2
အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေနဲ့အတူ ပဲခူးတိုင်းအတွက် စိုက်ပျိုးမိုးလေဝ

CJ Platform

CJ Platform ကနေ ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ မနက်ဖြန် ဖေဖေါ်ဝါရီ ၂၂ရက် တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုပြီး အားကောင်းလာနိုင်တာကို တွေ့ရပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့အထိ အားကောင်းလာဖို့ မရှိပေမဲ့ ဒီအရှိန်ကြောင့် နိုင်ငံတဝန်း "အချိန်အခါမဟုတ် မိုးတွေ ရွာသွန်းနိုင်မှာ" ဖြစ်ပါတယ်။

#CJPlatform #အပူချိန် #ညအပူချိန် #မိုးလေဝသခန့်မှန်းချက် #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/qQG6GjPn3x8
👍7
နိုင်ငံတဝန်း အချိန်အခါမဟုတ် မိုးရွာနိုင်

CJ Platform

ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ရက် ကနေ ၂၈ရက်နေ့အထိ ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေ ကိုပြောရရင် မိုးရွးနိုင်တဲ့ ခန့်မှန်းချက်တွေက ပိုနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီတစ်ပတ်အတွင်း အရှေ့ဘက်ကို အနည်းငယ် ရွေ့လျားသွားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ "ပျက်ပြယ်သွားဖို့" ရှိနေပါတယ်။

#CJPlatform #အပူချိန် #ညအပူချိန် #မိုးလေဝသခန့်မှန်းချက် #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/Dhvxq4hEtVE
👍9
အိုးနင်း ခွက်နင်း သတင်းများ Episode (10)

CJ Platform

အိုးနင်း ခွက်နင်း သတင်းများ Episode (10) ဘိုးတော်ဇော်နှင် ရာဇာကြီးတင်ဆက်သည်

#CJPlatform #အိုးနင်း ခွက်နင်း #ဘိုးတော်ဇော် #ရာဇာကြီး

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/zf2C-dgfw2A
👍6😁1
ရန်ကုန်နဲ့ ဧရာဝတီအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ မိုးဖွဲကျနိုင်

CJ Platform

ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသအခြေအနေနဲ့ လေထုညစ်ညမ်းမှုအခြေအနေတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လယ်အော်အခြေအနေ၊ မိုးရွာသွန်းနိုင်မှုနဲ့ အထူးသဖြင့် ကျန်းမာရေးအတွက် သတိထားရမယ့် လေထုအရည်အသွေး အခြေအနေတွေကို အသေးစိတ် တင်ပြပေးသွားပါမယ်ရှင်။"

#CJPlatform #လေထုညစ်ညမ်းမှု #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/bRf3V240cbQ
👍21
ဓာတ်ပုံ - ဘန်ကောက်ပို့စ်
👍2🔥2💩1
ရွှေကုက္ကိုလ်က ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းစစ်တပ် ဖမ်းဆီး

CJ Platform

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ထိုင်းစစ်တပ် နယ်ခြားစောင့်အထူးတပ်ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီတရုတ်နိုင်ငံသား အယောက် ၂၀ ဟာ ကျောပိုးအိတ်ကိုယ်စီနဲ့ သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ခိုးဝင်လာတာ ဖြစ်ပါတယ်။ သူတို့ကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စုအတွင်းက ဝမ်ကောက်ကျေးရွာမှာ ထိုင်းစစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးတဲ့အခါမှာတော့ ၄ ဦးမှာပဲ နိုင်ငံကူးလက်မှတ် (Passport) ပါရှိပြီး၊ ကျန်တဲ့ ၁၆ ဦးမှာတော့ ဘာအထောက်အထား စာရွက်စာတမ်းမှ မပါဘူးလို့ နယ်ခြားစောင့်အထူးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ သူတို့အားလုံးဟာ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စင်တာတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ အဆိုပါ တရုတ်နိုင်ငံသားတွေကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး (Immigration) တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးအပ်လိုက်ပါပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူသွားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ခိုးဝင်လာသူတွေဟာ လျော့ပါးမသွားဘဲ ရွှေကုက္ကိုလ် ကျားဖြန့်စင်တာတွေကနေ မဲဆောက်မြို့ထဲကို ထွက်ပြေးလာသူတွေ များပြားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

#CJPlatform #ChineseScam #Shwekokeko #Myawaddy #Maesot
👍5🤣31
ဗြိတိသျှ ရုပ်ရှင်ထူးချွန်ဆု ရခဲ့တဲ့ သရုပ်ဆောင်သစ် ရောဘတ် အာရာမာယို နဲ့ ဝေဒနာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတဲ့ မင်းသားကြီး အဲရစ် ဒိန်း

CJ Platform

ဒီနေ့မှာတော့ ဗြိတိန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်ဆုပေးပွဲမှာ စံချိန်သစ်တွေ တင်ခဲ့တဲ့ သတင်းတွေနဲ့အတူ၊ ပရိသတ်တွေ အလွန်ချစ်ကြတဲ့ ဆေးရုံဇာတ်လမ်းတွဲ “Grey’s Anatomy” ထဲက မင်းသားကြီးတစ်ယောက် ကွယ်လွန်သွားတဲ့ ဝမ်းနည်းစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။"

#CJPlatform #Rising_Star #BAFTA #Grey’s_Anatomy #ဗြိတိသျှ ရုပ်ရှင်ထူးချွန်ဆု

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/kbeBF7V2DWs
👍2😁1
ဓာတ်ပုံ - Khaosod
😢41
ထိုင်းနိုင်ငံ ဖတ်တလင်းမှာ ကားနှစ်စီးတိုက်မိပြီး မြန်မာလုပ်သား ၅ ဦtအပါအဝင် ၉ ဦး ပြင်းထန်ဒဏ်ရာရ

CJ Platform

ထိုင်းနိုင်ငံ ဖတ်တလင်းခရိုင်၊ ဖတ်တလင်းမြို့ရှိ ချောင်ကိုလမ်းဆုံ မီးပွိုင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်က မော်တော်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး၊ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် လူ ၉ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod မှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား ၅ ဦးကို တင်ဆောင်လာတဲ့ Ford Ranger ကားဟာ ဘန်ကောက်မြို့မှာ သွေးစစ်ပြီးနောက် ဟတ်ယိုင်မြို့ကို GPS အသုံးပြုပြီး ပြန်လာတာ ဖြစ်ပါတယ်။ အဲဒီကားဟာ ချောင်ကိုမီးပွိုင့်လမ်းဆုံအရောက်မှာ အခြားယာဉ်တစ်စီးဖြစ်တဲ့ Isuzu D-Max ပစ်ကပ်ကားနဲ့ အရှိန်ပြင်းပြင်း တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ သိရပါတယ်။

Isuzu D-Max ပစ်ကပ်ကားပေါ်မှာတော့ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်းနဲ့အတူ သူ့ရဲ့ဇနီးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တို့ လိုက်ပါလာတာ ဖြစ်ပါတယ်။ အဲဒီပစ်ကပ်ကားဟာ ပါဘွန်းဆေးရုံကနေ ဖတ်တလင်းဆေးရုံကို အရေးပေါ်ပြောင်းရွှေ့နေတဲ့ သူ့ရဲ့မိခင်ဖြစ်သူပါဝင်တဲ့ လူနာတင်ယာဉ်နောက်ကနေ အရှိန်နဲ့ လိုက်ပါမောင်းနှင်လာစဉ်မှာ အခုလို တိုက်မိမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် Ford Ranger ကားရဲ့ ရှေ့ပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားသလို၊ ပစ်ကပ်ကားဟာလည်း လမ်းပေါ်မှာ တိမ်းမှောက်ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ယာဉ်နှစ်စီးပေါ်မှာ ပါလာသူ မြန်မာလုပ်သား ၅ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၉ ဦးစလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ ဖတ်တလင်းဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဆေးရုံမှာ အနီးကပ် စောင့်ကြည့်ကုသပေးနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖတ်တလင်းမြို့ ရဲတပ်ဖွဲ့က ယာဉ်မောင်းနှစ်ဦးစလုံးကို စစ်ဆေးမေးမြန်းနေပြီး၊ ဘယ်သူ့မှာ အမှားရှိသလဲဆိုတာနဲ့ ပတ်သက်လို့ ဥပဒေအရ ဆက်လက် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#CJPlatform #မြန်မာလုပ်သား #ထိုင်း #ယာဉ်တိုက်မှု
😢72
ဓာတ်ပုံ - Amnesty International
👍6😁1
စစ်အုပ်စု လေယာဉ်ဆီရရှိမှုတွင် ဗီယက်နမ်ပါဝင်နေခြင်းသည် အာဆီယံ၏ ပျက်ကွက်မှုဖြစ်ကြောင်း JFM ဆို

CJ Platform

စစ်အုပ်စုက ပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို အားပေးကူညီရာရောက်တဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်မှာ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေတာဟာ အာဆီယံရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ Justice For Myanmar (JFM) အဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံက Hai Linh Co.,Ltd ဆိုတဲ့ ကုမ္ပဏီဟာ Cai Mep Petroleum Terminal လို့ခေါ်တဲ့ ရေနံသိုလှောင်တဲ့ ဆိပ်ကမ်းကို ကိုင်တွယ်လုပ်ကိုင်နေတာပါ။ စစ်အုပ်စုဆီကို လေယာဉ်ဆီတွေ ပို့ပေးနေတဲ့ သင်္ဘောတွေဟာ အဲဒီဆိပ်ကမ်းကို ကြားခံအဖြစ်သုံးပြီး မြန်မာပြည်ထဲကို ပြန်လည်တင်ပို့နေတာ ဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "ဗီယက်နမ် ပါဝင်ပတ်သက်နေမှုကလည်း အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေပါတယ်။ အာဆီယံရဲ့ ပျက်ကွက်မှုက မြန်မာအကျပ်အတည်းအပေါ် ထိရောက်တဲ့ နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်မှုကို ဆက်လက်ဟန့်တားနေပြီး၊ တချိန်ထဲမှာပဲ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ အကျိုးအမြတ်တွေ ရယူ‌နေကြပါတယ်" လို့ ဝေဖန်ပြောဆိုထားပါတယ်။

စစ်အုပ်စုဆီကို လေယာဉ်ဆီတွေ ရောက်ရှိနေတဲ့ လမ်းကြောင်းဟာ ဗီယက်နမ်ကနေ အီရန်အထိ ကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွန်ရက်ကြီးတစ်ခု ဖြစ်နေတာပါ။ ဒါဟာ စစ်အုပ်စုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် လောင်စာဖြည့်ပေးနေတာ ဖြစ်သလို၊ အကြမ်းဖက်မှုတွေကိုပါ အားပေးကူညီရာ ရောက်တယ်လို့ JFM က ထောက်ပြထားပါတယ်။

JFM ရဲ့ အချက်အလက်တွေအရ ယူအေအီး၊ ဗီယက်နမ်နဲ့ မာရှယ်ကျွန်းစုတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်ကနေ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်အုပ်စုဆီကို လေယာဉ်ဆီ တင်ပို့မှု ၁၇ ကြိမ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာပြည်ထဲကို လေယာဉ်ဆီ တင်သွင်းမှုဟာ ၂၀၂၄ ခုနှစ်မှာ မက်ထရစ်တန် ၆ သောင်းကျော် (၆၄,၅၆၂) ပဲ ရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ တန်ချိန် ၁ သိန်းကျော် (၁၀၆,၆၀၄) အထိ နှစ်ဆနီးပါး တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို လောင်စာဆီ ပံ့ပိုးပေးနေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ JFM က တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာပြည်ထဲကို လေယာဉ်ဆီတွေ မရောက်နိုင်အောင် အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျ အစိုးရတွေအနေနဲ့ ထိထိရောက်ရောက် တားမြစ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

#CJPlatform #JFM #ဗီယက်နမ် #aviationfuel
👍91😁1