CJ Platform
5.2K subscribers
18.8K photos
359 videos
4 files
8.78K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ဒေသ (၆)ခုမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းခန့်ရှိ


CJ Platform

CJ Platform က ညစဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ မနက်ဖြန် ဖေဖေါ်ဝါရီ ၂၀ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ရှိနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း အားလျော့လာနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံအကြား "နောက်ထပ် လေဖိအားနည်းရပ်ဝန်းတစ်ခု" ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

#CJPlatform #လေဖိအားနည်းရပ်ဝန်း #မိုးရွာမယ် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/9M-lhyrwADM
👍6
မုန်းတိုင်းငယ်ဖြစ်နိုင်ခြေ လျော့ကျသွားပေမယ့် ဆားလယ်တွေ သတိပြု

CJ Platform

အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ "ပျက်ပြယ်သွားမှာ" ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ နောက်ထပ် လေဖိအားနည်းရပ်ဝန်းတစ်ခု အိန္ဒိယနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံကြားမှာ ထပ်မံဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။သတင်းကောင်းတစ်ခုကတော့ ဥရောပမိုးလေဝသ ခန့်မှန်းရေးအဖွဲ့အစည်း (ECMWF) က ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိတယ်လို့ မနေ့ကအထိ ထုတ်ပြန်ထားပေမဲ့ ဒီနေ့မှာတော့ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ မုန်တိုင်းဖြစ်နိုင်ခြေဟာ "(၂၀) ရာခိုင်နှုန်းခန့်သာ ရှိတော့တယ်လို့" ပြန်လည်ထုတ်ပြန်ထားပါတယ်။

#CJPlatform #ဆားလယ် #မိုးရွာမယ် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/uPguBrAJxSY
👍71👎1
မြဝတီမှာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

CJ Platform

ကရင်ပြည်၊ မြဝတီမြို့မှာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် (၉,၂၈၉ ဒသမ ၇ သိန်း) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေကို တရားခံတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC) က ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/20220268-2/
👍4🤣2
ထိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဥပဒေကို ပိုမိုတင်းကျပ်မယ်

CJ Platform

ထိုင်းနိုင်ငံတစ်ဝန်းမှာ သေနတ်အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် နှိမ်နင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ အစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ အိုင်ယာရင် ဖန်ရစ် (Aiyarin Phanrit) က မနေ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အခုလပိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကို ပိုမိုတင်းကျပ်ဖို့ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် က တိုက်ရိုက်ညွှန်ကြားခဲ့တာဖြစ်တယ်လို့ အိုင်ယာရင် ဖန်ရစ်က ပြောကြားထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်း ကျင့်သုံးနေတဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့နဲ့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ကို အနုတင်က ပြောဆိုခဲ့တာပါ။

နိုင်ငံတစ်ဝန်းက ဒေသအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် ပုံမှန်လုပ်ငန်းစဉ်တွေထက်ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (DOPA) က ညွှန်ကြားထားပါတယ်။

အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အသစ်တွေအရ သေနတ်ဝယ်ယူမယ့်သူရဲ့ နောက်ခံအချက်အလက်တွေကို စာရင်းသွင်းတဲ့အခါ ပိုမိုစစ်ဆေးသွားမှာဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အပြုအမူအကျင့်စာရိတ္တနဲ့ တရားမဝင်လုပ်ဆောင်မှုတွေမှာပါ ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာကိုပါ ပိုမိုတင်းကျပ်သွားမယ်လို့ ဆိုပါတယ်။

လိုင်စင်နဲ့ လက်ဝယ်သေနတ်ကိုင်ဆောင်သူတွေကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက စောင့်ကြည့်သွားမှာဖြစ်ပြီး အများပြည်သူရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လာပါက အာဏာပိုင်တွေအနေနဲ့ ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်စင်နဲ့ သေနတ်ဝယ်ယူထားသူဟာ အများပြည်သူနေရာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ သေနတ်ယူဆောင်သွားပါက ထောင်ဒဏ် ၅ နှစ်နဲ့အထက်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း ပြောပါတယ်။

သေနတ်ဝယ်ယူခွင့်နဲ့ အများပြည်သူနေရာတွေမှာ လက်နက်ယူဆောင်သွားတာကို ယာယီရပ်ဆိုင်းထားဖို့ ပြည်ထဲရေးဝန်ကြီးကလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါဟာ အခုလပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပထုန်ဌာနီက ပစ်ခတ်မှုနဲ့ ဟတ်ယိုင်ခရိုင်က စာသင်ကျောင်းကို ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေနဲ့ စာသင်ကျောင်းတွေရဲ့ လုံခြုံရေး စိုးရိမ်လာရမှု ပိုမိုမြင့်တက်လာချိန် ထိုင်းအစိုးရအဖွဲ့က အခုလို တင်းကျပ်မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - The Nation
#CJPlatform #ထိုင်းနိုင်ငံ #သေနတ်ကိုင်ဆောင်မှု
👍61👎1😁1
👍5🔥1😁1
အမေရိကန်မှာ ဒေါ်လာသန်း ၃၄၀ ကျော် လိမ်လည်ခဲ့တဲ့ ယူကရိန်းနိုင်ငံသူကို ထိုင်းမှာ ဖမ်းဆီးရမိ

CJ Platform

အမေရိကန်နိုင်ငံထဲမှာ ဒေါ်လာသန်းရာနဲ့ချီ ငွေလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ယူကရိန်းအမျိုးသမီးကို ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) နဲ့ ပူးပေါင်းအဖွဲ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။

သူဟာ အမေရိကန်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ကာ ဒေါ်လာသန်း ၃၄၀ ကျော် ငွေကြေးလိမ်လည်မှုတွေ (Ponzi/Pyramid Scheme) လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံထားရပြီး အမေရိကန်ဘက်က အလိုရှိနေတာလည်း ဖြစ်ပါတယ်။

ငွေကြေးလိမ်လည်မှုနဲ့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအမျိုးသမီးဟာ ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာချိန် သူ့ကို ဖမ်းဆီးပြီး တရားခံလွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုခဲ့တာကြောင့် CCIB က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မနေ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ယူကရိန်းအမျိုးသမီးကို မဖမ်းဆီးမီ CCIB တာဝန်ရှိသူတွေနဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဖူးခက်မြို့၊ ချလောင်း (Chalong) က တိုက်ခန်းအိမ်ရာမှာ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်သလို သူနဲ့အတူ ဖုန်း၊ လက်ပ်တော့ကွန်ပျူတာ၊ iPad၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ အခြားအရေးကြီး စာရွက်စာတမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း CCIB က ထုတ်ပြန်ထားပါတယ်။

အမေရိကန်က အလိုရှိနေတဲ့ ယူကရိန်းအမျိုးသမီးကို ဝင်ရောက်ဖမ်းဆီးမှုအတွင်း အမေရိကန်ဘက်က ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (HSI)၊ အမေရိကန်လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့ (USSS) တို့ ပါဝင်ပြီး ထိုင်းနိုင်ငံဘက်က ထိုင်းရဲတပ်ဖွဲ့၊ အစိုးရရှေ့နေ၊ နိုင်ငံရေးရာဌာန တာဝန်ရှိသူတွေနဲ့ ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CTN News
#CJPlatform #ထိုင်းနိုင်ငံ #ယူကရိန်း
👍4😱2😁1
👍4😁1
Toy Story 5 နဲ့ Jisoo ရဲ့ Netflix စီးရီးသစ် အမြည်းဗီဒီယိုတွေ ထွက်လာပြီ

CJ Platform

"မင်္ဂလာပါရှင်။ 'CJ Platform ရဲ့ Entertainment အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက ကလေးရော လူကြီးပါ ချစ်ကြတဲ့ ကစားစရာအရုပ်လေးတွေရဲ့ ပဉ္စမမြောက် စွန့်စားခန်း သတင်းနဲ့အတူ၊ Blackpink အဖွဲ့ဝင် Jisoo ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲအသစ်အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

#CJPlatform #Toy_Story #Entertainment #Jisoo #Blackpink

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/gt0BmOMJCd4
👍4😁1
ဒေါ်ကြည်ပြာအမှုကိစ္စအတွက် NUG ပါ ထိခိုက်လာ
အမှုဆုံးဖြတ်ချက်ကို မကျေနပ်လို့ တော်လှန်အဖွဲ့အစည်းအချို့ သပိတ်မှောက်
တော်လှန်ရေးအတွင်း ထင်ရှားသူတွေကပါ ဝန်ကြီးချုပ်နုတ်ထွက်ဖို့ထိ တောင်းဆို
သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဦးနေဘုန်းလတ်ပြော
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/20220265-2/
👍7😁21
အောင်ဘာလေထီ ၅စောင်တွဲကို ငွေ ၆သောင်းနဲ့ မဖြစ်မနေဝယ်ယူဖို့ စစ်အုပ်စုက ဖိအားပေးရောင်းချ

CJ Platform

စစ်အုပ်စုရဲ့ အောင်ဘာလေထီ ၅စောင်တွဲ တစ်အုပ်ကို ငွေကျပ် ၆သောင်းနဲ့ မဖြစ်မနေဝယ်ယူဖို့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက စစ်ကိုင်းမြို့မှာ လိုက်လံရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/20220269-2/
👎2🤮21🔥1
စစ်တပ်လော်ဘီ ကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက် သတ်မှတ်

CJ Platform

စစ်တပ်လော်ဘီတစ်ဦးဖြစ်သူ ကျော်မျိုးမင်းကို စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း တင်သွင်းလိုက်တယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မြန်မာပြည်တွင်းအခြေစိုက် သတင်းမီဒီယာတစ်ခုကို ဖြေကြားထားပါတယ်။

“မီဒီယာတွေက ရိုးရိုးသားသားဆို ကျွန်တော်တို့ လေးစားပြီးသားပါ။ အခုက တော်တော်ကို တရားလွန်လွန်းလာလို့ အမည်ပျက်စာရင်း သွင်းရတာ” လို့ ဦးကြည်စိုးထွန်းက ပြောကြားကြောင်း မြန်မာပြည်တွင်းအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

စစ်တပ်လော်ဘီ ကျော်မျိုးမင်းဟာ အနုပညာရှင်တွေကို ပုဂ္ဂိုလ်ရေးစော်ကားတာ၊ ပြည့်တန်ဆာသဖွယ် ကိုယ်နဲ့ရင်းပြီး လုပ်ကိုင်သူတွေလို့ ပြောကြားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်အစည်းအရုံးက ဖေဖော်ဝါရီ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ အပတ်စဉ် အစည်းအဝေးမှာတော့ ကျော်မျိုးမင်းကို ဥပဒေအရ အမှုဖွင့်တာတွေ မလုပ်ဆောင်ဘဲ အမည်ပျက်စာရင်းသွင်းဖို့သာ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ကျော်မျိုးမင်း #ရုပ်ရှင်အစည်းအရုံး
😁6👍31
😁6👍2🤮2💩1
၁၀-၁၅ ရက်တွင်း သဘောတူညီချက်မရရင် အီရန်ကို အပြင်းအထန် တိုက်ခိုက်မယ်လို့ ထရမ့် ခြိမ်းခြောက်

CJ Platform

ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ ထရမ့်ရဲ့ "Board of Peace" ပထမဆုံး အစည်းအဝေးမှာ၊ သမ္မတ ထရမ့်က အီရန်ကို အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်လိုက်တာပါ။ "အီရန်မှာ နျူကလီးယားလက်နက် လုံးဝ မရှိစေရဘူး၊ မဟုတ်ရင်တော့ တကယ့် အဆိုးရွားဆုံးအရာတွေ ဖြစ်လာလိမ့်မယ်၊ ဒါကို နောက် ၁၀ ရက်၊ ၁၅ ရက်အတွင်းမှာ ခင်ဗျားတို့ သိရပါလိမ့်မယ်" လို့ ထရမ့်က ဆိုပါတယ်။

#CJPlatform #နျူကလီးယားလက်နက် #ဝါရှင်တန်ဒီစီ #အီရန်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/wKxbTZ-sf5I
3👏3
Vape နဲ့ E-Cigarette တွေကို ရောင်းဝယ်တာတင်မကဘဲ လက်ဝယ်ထားတာနဲ့ သုံးစွဲတာတွေကိုပါ အရေးယူမယ်

CJ Platform

စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ Vape နဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို 'အရေးကြီးကုန်စည်' အဖြစ် သတ်မှတ်လိုက်ပြီး၊ ပြည်တွင်းမှာ ရောင်းဝယ်တာ၊ အသုံးပြုတာနဲ့ လက်ဝယ်ထားရှိတာတွေကိုပါ လုံးဝ တားမြစ်လိုက်ပါပြီ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကျန်းမာရေးဝန်ကြီးဌာန အမိန့်အမှတ် ၈ / ၂၀၂၆ အရ အီလက်ထရောနစ် စီးကရက်နဲ့ သူ့ရဲ့ ဆက်စပ်ပစ္စည်း အားလုံးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

#CJPlatform #Vape #E_Cigarette #ကျန်းမာရေးဝန်ကြီးဌာန

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/oiPS18iOz8g
😁3👍21🔥1
Breaking News
မြစ်ကြီးနားလေဆိပ် ဒရုန်းထပ်မံပစ်ခတ်ခံရပြီး ခရီးသည်ပါတဲ့ လေယာဉ် အမြီးပိုင်းထိ

CJ Platform

ကချင်ပြည်၊ မြစ်ကြီးနားမြို့ လေဆိပ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၉ နာရီဝန်းကျင်ခန့်က ဒရုန်းလို့ ယူဆရတဲ့ လက်နက်နဲ့ တိုက်ခိုက်ခံရလို့ မြန်မာ့လေကြောင်း ခရီးသည်လေယာဉ် အမြီးပိုင်း ထိခိုက်ခဲ့ကြောင်း ကနဦးသတင်းရရှိပါတယ်။

"ဒီနေ့ည မြစ်ကြီးနားလေဆိပ် ပြန်တိုက်ခိုက်ခံရတယ်တဲ့။ အမြီးပိုင်းထိသွားပြီး မီးငြှိမ်းနေတယ်လို့ ကြားရတယ်" လို့ လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက ပြောပါတယ်။

အဲဒီ မြန်မာ့လေကြောင်းလိုင်းဟာ မြစ်ကြီးနားကနေ စတင်ထွက်ခွာချိန်မှာ လေယာဉ်အမြီးပိုင်း ထိခိုက်ခဲ့တာဖြစ်သလို လေယာဉ်ပေါ်မှာ ပါတဲ့ ခရီးသည်တွေကို ခရီးသည်နားနေဆောင်ကို ခေါ်ထုတ်ထားရကြောင်း ဆက်လက်သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း အဲဒီ မြစ်ကြီးနားလေဆိပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး လေယာဉ်ခရီးစဉ်တွေ ရက်အတော်ကြာ ရပ်နားခဲ့ရပါတယ်။

ဓာတ်ပုံ - CJ
#CJPlatform #မြစ်ကြီးနား #လေဆိပ် #လေယာဉ်
👍91😁1
👍4😁1
ဒေသ (၇)ခုမှာ မိုးရွာသွန်းနိုင်မှုနဲ့အတူ မကွေးတိုင်းအတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform က ညစဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ မနက်ဖြန်အတွက် ထူးခြားမိုးလေဝသသတင်းတွေနဲ့အတူ မကွေးတိုင်းက တောင်သူဦးကြီးတွေအတွက် အထူးအရေးပါတဲ့ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားလျော့နေပြီဖြစ်ပြီး မနက်ဖြန်မှာ "ပျက်ပြယ်သွားဖို့" ရှိနေပါတယ်။

#CJPlatform #အပူချိန် #ညအပူချိန် #မိုးလေဝသခန့်မှန်းချက် #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/ZCXbyeabTe4
👍41😁1
ဒေသ ၁၀ ခုမှာ မိုးရွာနိုင်ပြီး လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ရောက်လာ

CJ Platform

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့အတွက် ဒေသအသီးသီးက ထူးခြားမိုးလေဝသအခြေအနေတွေကို ပြောပြသွားပါမယ်။ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ဒီတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆက်ရှိနေနိုင်ပေမဲ့ "ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာဖို့ မရှိပါဘူး"။

#CJPlatform #လေထုညစ်ညမ်းမှု #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/PzKq70e_vFw
5👍3😁1
ဝန်ကြီးချုပ်ရုံး PU ဝန်ထမ်းတွေရဲ့ ထည့်ဝင်ရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ ကို တိကျတဲ့မူဝါဒမရှိဘဲ သုံးစွဲခဲ့မိသလို အများစုကို မသုံးစွဲဘဲ ထားရှိထားတယ်လို့ NUG ပြော

CJ Platform

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးရဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit) ဝန်ထမ်းတွေရဲ့ အချိုးကျရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ (ဘတ် ၂ သန်းခွဲကျော်) ကို ကာလရှည် မသုံးစွဲဘဲ ထားရှိထားတယ်လို့ NUG ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/21220262-2/
👍61🥰1😁1🤔1
အတိုင်ပင်ခံအုပ်ကြီး မင်းအောင်လှိုင် ငရှုပ်ကြီး

CJ Platform

ဒီတစ်ပတ် အိုးနင်း ခွက်နင်း သတင်းများ အစီစဉ်မှာ သရော်တော်တော် ဘိုးတော်ဇော်နဲ့ အောက်ဆီဂျင် ရာဇာကြီးတို့ ဘာတွေ သ​ရော်ထားသလဲဆိုတာကို လာမယ့် တနင်္ဂနွေနေ့ည ၈နာရီမှာ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။

#CJPlatform #အိုးနင်းခွက်နင်း #ဘိုးတော်ဇော် #ရာဇာကြီး #အတိုင်ပင်ခံအုပ်ကြီး
https://youtube.com/shorts/w0mH03GMNqQ?feature=share
👍3😁1
တပ်ရိက္ခာဖူလုံရေးအတွက် ပြည်သူနဲ့အတူ စိုက်ပျိုးရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ Phoenix Guerrilla Force

CJ Platform

အညာဒေသတွင်း​အခြေစိုက် Phoenix Guerrilla Force တပ်ဖွဲ့ဝင်တွေဟာ တပ်ရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

လက်ရှိ ပူးပေါင်းလုပ်ဆောင်နေတာဟာ မိုးစပါးအပြီး ဇန်နဝါရီလအတွင်းကစလို့ သီးနှံစိုက်ပျိုးမှုတွေ စတင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် စပါးကို စိုက်ပျိုးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

"အဓိကကတော့ တပ်ရိက္ခာကို လူထုဆီ အလုံးစုံ မမှီခိုရအောင်လို့ပါ။ တော်လှန်ရေးကာလ ၅ နှစ်တာအတွင်း လူထုက ကြည်ကြည်ဖြူဖြူ ပေးအပ်တာတွေ ရှိပေမယ့် ဒီလိုမျိုး အမြဲတမ်း မှီခိုသွားလို့ မရဘူးလို့ ယူဆပါတယ်" လို့ တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

လက်ရှိမှာ တပ်စိတ်အလိုက် ခွဲဝေလုပ်ဆောင်နေကြပြီး မျိုးစေ့နဲ့ စိုက်ပျိုးနည်းစနစ်တွေကို ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ တပ်ဖွဲ့ရိက္ခာအတွက် နှစ်စဉ် ဖော်ဆောင်စိုက်ပျိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ် စိုက်ပျိုးထုတ်လုပ်မှုမှာ တပ်ဖွဲ့အတွက် တစ်နှစ်စာ ရိက္ခာရဲ့ ၂၅ ရာခိုင်နှုန်းခန့် ဖူလုံဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

Phoenix Guerrilla Force အနေနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးအတွက် မူဝါဒချမှတ်ထားပြီး "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူနဲ့ ရဲဘော်တွေအကြား ယုံကြည်မှု တည်ဆောက်ကာ တော်လှန်ရေးလုပ်ငန်းတွေကို အဘက်ဘက်က အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Phoenix Guerrilla Force
#CJPlatform #PhoenixGuerrillaForce #တပ်ရိက္ခာ #စိုက်ပျိုးရေး
5😁1