CJ Platform
5.2K subscribers
18.9K photos
359 videos
4 files
8.78K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
မော်တင်စွန်းဘုရားက ရခိုင်ပညာရှိအမတ် မဟာပညာကျော်ရဲ့ အုတ်ဂူကို လာရောက် ကန်တော့သူတွေနဲ့ အဓိဋ္ဌာန်ဝင်နေသူတွေကို မှတ်တမ်းတင် ထောက်လှမ်းဖို့ စစ်အုပ်စု ညွှန်ကြားထား
 
CJ Platform
 
မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း ဘုရားပြင်တော်အနီးက ရခိုင်လူမျိုး ပညာရှိအမတ် မဟာပညာကျော်ရဲ့ အုတ်ဂူကို ငုံပြီး တည်ဆောက်ထားတဲ့ စေတီတော်မှာ လာရောက် အဓိဋ္ဌာန်ဝင်သူတွေနဲ့ ကန်တော့သူတွေကို မှတ်တမ်းတင်ထားပြီး ထောက်လှမ်းဖို့ စစ်အုပ်စုက လျှို့ဝှက်ညွှန်ကြားထားတယ်လို့ CJ Platform ရဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
 Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/18220266-2/
😁5🔥2🤣1
ဇနီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ကာ ယောက္ခမကို ဓားစာခံလုပ်တဲ့ သေနတ်သမားကြောင့် ကျောင်းပေါင်း ၂၀ ပိတ်ခဲ့ရ

CJ Platform

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်ထဲမှာ ထိုင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့ အမျိုးသမီးဖြစ်သူနဲ့ စကားများပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပစ်ခတ်ခဲ့ကာ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်းမှာရှိတဲ့ ကျောင်းပေါင်း ၂၀ ကို ပိတ်ထားခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အသက် ၃၀ နှစ်အရွယ် နိုပါရာ ဂျန်တို (Noppara Janto) ဟာ ချွန်ဘူရီမြို့နယ် အဝေးပြေးလမ်းမ တစ်နေရာမှာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ အချေအတင် စကားများခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပစ်ခတ်ခဲ့သလို သူ့ဇနီးရဲ့ ဖခင်ဖြစ်သူကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်ကာ ကျောင်းတွေကိုပါ ပစ်ခတ်မှုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖြစ်စဉ်ဖြစ်ပွားပြီး ၄ ရက်အကြာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ သေနတ်သမားဟာ ပထုန်ဌာနီရဲစခန်းကို ဆက်သွယ်ပြီး ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စတင်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ နိုပါရာ ဂျန်တိုရဲ့ ကုန်တင်ကားဟာ ချွန်ဘူရီက အဝေးပြေးလမ်းမပေါ်မှာ ရပ်ထားတာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ပြီး ယာဉ်မတော်တဆမှုအန္တရာယ် စိုးရိမ်ရတာကြောင့် ကနဦး သွားရောက်သတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ကားအနားရောက်သွားချိန် နိုပါရာ ဂျန်တိုနဲ့ သူ့ဇနီးတို့ အချေအတင် စကားများနေတာကြောင့် ယာဉ်အန္တရာယ် သတိပေးမှုလုပ်ဆောင်ပြီး အဲဒီနေရာကနေ ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုပါရာ ဂျန်တိုဟာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နောက်ကို လိုက်ပါလာပြီး ကားဘီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သေနတ်သမားကို လိုက်လံရှာဖွေချိန် သူ့ရဲ့ ကုန်တင်ထရပ်ကားကို အခင်းဖြစ်ပွားတဲ့နေရာနဲ့ မီတာ ၁၀၀ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုန်တင်ထရပ်ကား နောက်ခန်းထဲမှာ စုစုပေါင်း ၅၀၀ ကီလိုဂရမ်ရှိတဲ့ ဘိန်းစာရွက်အထုပ်ပေါင်း ၅၁ ထုပ်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါသေးတယ်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း သေနတ်သမားရဲ့ ဇနီးဖြစ်သူဟာ လွတ်မြောက်ခဲ့ပြီးနောက် ချွန်ဘူရီရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ သူ့ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တဲ့ ဇနီးဖြစ်သူကြောင့် သေနတ်သမားဟာ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၂ နာရီဝန်းကျင်မှာ ပထုန်ဌာနီခရိုင်၊ လတ်လွမ်ကယ်အို (Lat Lum Kaeo) မြို့က သူ့နေအိမ်ကို ပြန်လာပြီး ယောက္ခမဖြစ်သူကို ပစ်ကပ်ကားနဲ့ အဓမ္မခေါ်ဆောင်သွားကာ သူ့ဇနီးအနေနဲ့ သူ့ကို လာတွေ့ဖို့ ဖိအားပေး ဆက်သွယ်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းမှာ ယောက္ခမဖြစ်သူဟာ အယုဒ္ဓယခရိုင်အတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေသတွင်းမှာရှိတဲ့ စာသင်ကျောင်းကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာကြောင့် မနေ့က ဒေသတွင်းမှာရှိတဲ့ စာသင်ကျောင်းပေါင်း ၂၀ ကို လုံခြုံရေးအရ တစ်နေ့လုံး ပိတ်ထားခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ သေနတ်သမားဟာ ပထုန်ဌာနီရဲစခန်းကို ဆက်သွယ်လာပြီးနောက် ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ စာသင်ကျောင်းတွေကို ပစ်ခတ်ဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ သူ့မှာလည်း ကလေးတွေလည်း ရှိတာကြောင့် အခုဖြစ်စဉ်ကို အဆုံးသတ်လိုတာကြောင့် အခုလို လာရောက်အဖမ်းခံခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လတ်လွမ်ကယ်အိုမှာရှိတဲ့ သေနတ်သမားရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေချိန် မှတ်ပုံတင်ထားတဲ့ သေနတ် ၇ လက်ကို ထပ်မံတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီသေနတ်ကို သူ့ကိုယ်သူ ခုခံကာကွယ်ဖို့အတွက် လိုင်စင်နဲ့ ဝယ်ယူထားတာ ဖြစ်တယ်လို့ ဆိုပေမယ့် အရင်က တစ်ကြိမ်မှ အသုံးမပြုခဲ့ဘူးလို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။

ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တဲ့ သေနတ်သမားကတော့ သူ့ဇနီးနဲ့ အချေအတင်စကားများ ရန်မဖြစ်မီ သူ့မှာ ဆေးခြောက် သုံးစွဲထားပြီး အဲဒီအချိန်မှာ သူ့ဇနီးအပေါ် သဝန်တိုစိတ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို လုပ်ရပ်တွေ ကျူးလွန်ခဲ့မိတာလို့လည်း ထွက်ဆိုထားပါတယ်။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#CJPlatform #ထိုင်းနိုင်ငံ #သေနတ်သမား #ပစ်ခတ်မှု
👍2👎1😁1
👍2👎1😁1
BNRA ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်း

CJ Platform

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး (ခ) နိုင်လင်းစာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီး လက်နက်ချခဲ့တယ်လို့ စစ်အုပ်စုက ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လက်အောက်ခံ တော်လှန်ရေးတပ်တွေက ဗိုလ်နဂါးရဲ့ တပ်တွေကို ပူးပေါင်းထိုးစစ်ဆင်နေချိန်မှာ ဗိုလ်နဂါးက ထွက်ပြေးသွားပြီး စစ်အုပ်စုနဲ့ ပူးပေါင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူထုနွေဦး သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗိုလ်နဂါးကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်နဂါးရဲ့ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေချိန်မှာ တော်လှန်ရေးအင်အားစုတွေ ရှိရာနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - Pro-SAC
#CJPlatform #ဗိုလ်နဂါး
3👍2👎2
👎21👍1
စေတုတ္တရာမှာ အရေပြားရောဂါ ကူးစက်မှု မြင့်တက်နေ၊ ကူးစက်ခံထားရသူ ၂၀၀ ကျော်ထိရှိ

CJ Platform

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက တော်လှန်ရေးရဲဘော်တချို့နဲ့ ဒေသခံတွေမှာ အရေပြားယားနာ ကူးစက်မှုဟာ တစ်လကျော်ကာလအတွင်း သိသိသာသာ မြင့်တက်နေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/18220263-2/
😢62
စစ်အုပ်စုနဲ့ အာဆီယံကြား ထိုင်းက ပေါင်းကူးတံတား လုပ်ပေးဖို့ ပြင်နေ

CJ Platform

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) ဟာ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံဖို့အတွက် ဖူးခက်မြို့ကို မနေ့ကတည်းက ရောက်ရှိနေတာပါ။ ဒီနေ့မှာတော့ သူတို့နှစ်ဦးဟာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်လမ်းစဉ် ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့၊ မြန်မာနဲ့ အာဆီယံအဖွဲ့ကြီးကြားက ဆက်ဆံရေးတွေကို အလေးအနက် ဆွေးနွေးနေကြပါတယ်။


#CJPlatform #စစ်ကော်မရှင် #ထိုင်းနိုင်ငံခြားရေးဝန်ကြီး #အာဆီယံ #ရွေးကောက်ပွဲ

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/PxFv7l3ep_I
🤬8😁3💩2
ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒေသ ၆ခုမှာ မိုးရွာမယ်

CJ Platform

ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့အတွက် ဒေသအသီးသီးက မိုးလေဝအခြေအနေတွေနဲ့အတူ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းနိုင်တဲ့ အခြေအနေတွေကို ပြောပြသွားပါမယ်။
အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ "အားကောင်းလာနိုင်မှာဖြစ်တယ်လို့" အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

#CJPlatform #ဆိုင်ကလုန်းမုန်တိုင်း #မိုးရွာမယ် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/ASIgBBOOg3s
👍31
ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းချိန် ဒေါ်ကြည်ပြာ အမြဲတမ်းအတွင်းဝန် ပြန်ဖြစ်ပြီး ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးခံရ

CJ Platform

ဗိုလ်နဂါး စစ်အုပ်စုထံ ပူးပေါင်းသွားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်အပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ကာလရှည် တိုင်ကြားခံထားရတဲ့ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို အပြစ်မရှိကြောင်းနဲ့ ဝန်ထမ်းတွေကို ချိုသာစွာ ပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/19220263-2/
😁4👍2
ကျားဖြန့်လုပ်ကိုင်သူလို့ဆိုတဲ့ တရုတ်လူမျိုး ၆ ဦးနဲ့ မြန်မာယာဉ်မောင်း ၁ ဦးကို ထိုင်းပူးပေါင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီး

CJ Platform

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲမှာ တရုတ်လူမျိုး ၆ ဦးနဲ့ မြန်မာယာဉ်မောင်း ၁ ဦးကို ထိုင်းပူးပေါင်းလုံခြုံရေးအဖွဲ့က မနေ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနယ်စပ် ကန်ချနာဘူရီမြို့နဲ့ ဆန်ခလာဘူရီမြို့အကြား ထောင်းဖာဖွန် (Thong Pha Phum) စစ်ဆေးရေးဂိတ်မှာ အသက် ၁၉ နှစ်နဲ့ ၂၆ နှစ်အရွယ် တရုတ်လူမျိုး ၆ ဦးနဲ့အတူ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းထားတဲ့ လုံခြုံရေးအဖွဲ့က တားဆီးစစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းပူးပေါင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ တရုတ်လူမျိုးတွေဟာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သူတွေလို့ ယူဆရပြီး သူတို့နဲ့အတူ ဖုန်း ၂၅ လုံးနဲ့ လက်ပ်တော့ကွန်ပျူတာ ၁ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲက ထိုင်ဝမ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ၁ ဦးဟာ ထိုင်းနိုင်ငံထဲ သက်တမ်းကျော်လွန် နေထိုင်ခဲ့သူတစ်ဦးဖြစ်သလို အခြားတရုတ်လူမျိုး ၅ ဦးဟာ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက တရုတ်အမျိုးသား ၁ ဦးဟာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပေမယ့် တရားဝင်နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာတာ မဟုတ်သလို သူနဲ့အတူ ထိုင်းအစိုးရတံဆိပ်တုံးအတုတွေကိုလည်း တွေ့ရှိခဲ့တာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအပြင် အစိုးရစာရွက်စာတမ်း တံဆိပ်တုံး အတုအပပြုလုပ်မှု ရာဇသတ်ကြီးဥပဒေတွေနဲ့ပါ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ကန်ချနာဘူရီကနေ ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို သွားရောက်ဖွယ်ရှိနေတယ်လို့ ကန်ချနာဘူရီ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပြီး မြဝတီမြို့ကနေ ရွှေ့ပြောင်းသွားတဲ့ ကျားဖြန့်စင်တာတွေဟာ ဘုရားသုံးဆူဘက်မှာ အခြေချလုပ်ကိုင်နေတာတွေလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - MGR Online
#CJPlatform #ကျားဖြန့် #တရုတ်
👍4😁1
👍5😁1
ကမ္ဘောဒီးယားနယ်စပ်ကို ထိုင်းစစ်တပ်က ကျူးကျော်သိမ်းယူထားတယ်လို့ ဟွန်မာနက်ရဲ့ ပြောကြားမှုအပေါ် ထိုင်းစစ်တပ် ငြင်းဆို

CJ Platform

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ရေးပဋိပက္ခတွေအတွင်း ကမ္ဘောဒီးယားနယ်စပ် နယ်မြေအချို့ကို ထိုင်းစစ်တပ်က ကျူးကျော်သိမ်းယူထားပြီး နေရပ်စွန့်ခွာသူတွေကို ပိတ်ပင်တားဆီးထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ပြောကြားမှုကို ထိုင်းစစ်တပ်က ငြင်းဆိုထားပါတယ်။

ကမ္ဘောဒီးယားခေါင်းဆောင်ရဲ့ ပြောကြားမှုဟာ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဗာရီ (Winthai Suvaree) က တုံ့ပြန်ပြောဆိုထားသလို နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က နှစ်နိုင်ငံနယ်စပ်အရေး ထည့်သွင်းပြောဆိုခဲ့မှုအပေါ် ထိုင်းစစ်တပ်ဘက်က တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ နယ်မြေတွေကို ထိုင်းစစ်တပ်ဘက်က ကျူးကျော်တိုက်ခိုက်သိမ်းယူမှုတွေ ရှိနေပါတယ်။ ဒါက သူတို့တစ်ဖက်သတ် သတ်မှတ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေကိုတောင် ကျော်လွန်နေတာပါ။ ဒါက စွပ်စွဲတာ မဟုတ်ပါဘူး။ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေကို ပြောတာပါ” လို့ ဟွန်မာနက်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားတာပါ။

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်မြေထဲ ကျူးကျော်ဝင်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ယာယီတဲစခန်းတွေ ဆောက်လုပ်တာ၊ သံဆူးကြိုးတွေ ကာရံထားပြီး ဒေသခံပြည်သူ ၈၀,၀၀၀ ကျော်ကို သူတို့နေအိမ် ပြန်မနိုင်အောင် တားဆီးနေတယ်လို့ ဟွန်မာနက်က ဆက်ပြောထားပါတယ်။

လက်ရှိ အငြင်းပွားနယ်စပ်နေရာဟာ ထိုင်းပိုင်နက်နယ်မြေ ဖြစ်တယ်ဆိုတာ ကမ္ဘောဒီးယားအနေနဲ့ သေချာသိရှိနားလည်ထားမှာ ဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာက ပြည်တွင်းစစ်ရေးပဋိပက္ခတွေအတွင်း ကမ္ဘောဒီးယားပြည်သူတွေဟာ ထိုင်းနယ်စပ်ကို စစ်ရှောင်လာကြချိန် ထိုင်းဘက်က ကူညီထောက်ပံ့မှုတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း ပြည်တွင်းစစ်ရေးပဋိပက္ခ အဆုံးသတ်ခဲ့ပေမယ့် ကမ္ဘောဒီးယားပြည်သူတွေနဲ့ စစ်သားတွေဟာ သူတို့နိုင်ငံထဲကို ပြန်မသွားကြတော့ဘဲ လက်ရှိ အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ် ထိုင်းနယ်မြေထဲမှာ အခြေချနေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ထိုင်းစစ်တပ်ဘက်က ၁၉၉၀ ခုနှစ် ဝန်းကျင်ကာလကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပြီး အဲဒီအချိန်က ကမ္ဘောဒီးယားနိုင်ငံထဲ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် ပြည်သူအများအပြားဟာ ထိုင်းနယ်စပ်ဘက်ကို စစ်ရှောင်လာရာမှာ ထိုင်းဘက်က ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ထိုင်းစစ်တပ်က အခြေချတပ်စွဲထားတဲ့ အငြင်းပွားနယ်စပ်နေရာဟာ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲပြီးနောက် နယ်မြေအခြေအနေတွေ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ တပ်ဖွဲ့ဝင်တွေကို တရားဝင် ထားရှိတာမျိုးသာ ဖြစ်တယ်လို့လည်း ထိုင်းဗိုလ်ချုပ် ဝင်းထိုင်းက တုံ့ပြန်ပြောဆိုထားပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် နယ်မြေအငြင်းပွားမှုဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ နှစ်နိုင်ငံနယ်စပ်နေရာ ၁၂ ခုထက်မနည်းမှာ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ThaiPBS
#CJPlatform #ထိုင်း #ကမ္ဘောဒီးယား
👍2🔥1😁1
👍2🔥1😁1
ဒေါ်ကြည်ပြာအမှု ဆုံးဖြတ်ချက်ကို သဘောမတူလို့ CDM တွေ CDM ထပ်လုပ်မယ်ဟုဆို

CJ Platform

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ကို ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားထားတဲ့ အမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ချမှတ်ခဲ့တဲ့ ဆုံး​ဖြတ်ချက်ကို လက်မခံနိုင်တာကြောင့် CDM လုပ်ဆောင်ထားသူ ပညာရေးဝန်ထမ်းအချို့နဲ့ ကျန်းမာရေးဝန်ထမ်းအချို့က NUG ကိုပါ CDM ထပ်လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ CDM ကောင်စီတွေထံက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/19220265-2/
👍7😁21