CJ Platform
5.05K subscribers
19.3K photos
359 videos
4 files
8.95K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
နှစ်စဉ် ဒေါ်လာ သန်းရာနဲ့ချီရနေတဲ့ ရွှေကုက္ကို ကျားဖြန့်နှိမ်နင်းမှုဟာ စစ်တပ်နဲ့ BGF တို့ အထိနာစေခဲ့

CJ Platform

ကရင်ပြည် မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုဝင်းထဲမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နိုင်ငံတကာဖိအား ကြောင့် စစ်အုပ်စုက နှိမ်နင်းရချိန် ကရင်နယ်ခြားစောင့်တပ် (BGF) ကို အတင်းအဓမ္မ ပူးပေါင်းပါဝင်ခိုင်းတယ်လို့ ထိုင်းသတင်းဌာန The Nation ကလည်း ဖော်ပြလာပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/201120251-2/
👍5🤣21🔥1
ထိုင်းကြောင်မျိုးရင်း ၅ မျိုးကို အမျိုးသားအမှတ်လက္ခဏာ ထိုင်းအစိုးရကြေညာ

CJ Platform

ထိုင်းအစိုးရအဖွဲ့ဟာ ထိုင်းကြောင်မျိုးရင်း ၅ မျိုးကို "အိမ်မွေးတိရစ္ဆာန်ကဏ္ဍ" မှာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအထောက်အထားအဖြစ် တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။တချိန်က ထိုင်းနိုင်ငံမှာ ကြောင်မျိုးရင်းပေါင်း ၂၃ မျိုးအထိ ရှိခဲ့ပေမယ့်၊ အခုအခါမှာတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီး၊ မျိုးစစ် ၅ မျိုးသာ ကျန်ရှိပါတော့တယ်။ သူတို့ကတော့...Suphalak စုဖလက် ကြေးနီရောင်အမွေးနဲ့ လှပတဲ့ Copper ကြောင်၊ Korat ခိုရပ် ငွေပြာရောင်အမွေးနဲ့ စိမ်းပြာရောင်မျက်လုံးပိုင်ရှင် Si-Sawat စိုင်စဝပ် ကြောင်၊ Wichien Maat ဝိချိန်း မာတ်ရ် ကမ္ဘာကျော် Siamese စီရန်မိစ်ကြောင်လို့ လူသိများတဲ့ မျက်နှာ၊ နားရွက်၊ ခြေထောက်နဲ့ အမြီးမှာ အရောင်ရင့်တဲ့ကြောင်၊ Konja အနက်ရောင် တောက်ပြောင်တဲ့အမွေးနဲ့ ရွှေဝါရောင်မျက်လုံးပိုင်ရှင် Black ကြောင်။ Khao Manee ခေါင်မန်းနီ မျက်လုံးနှစ်လုံး အရောင်မတူတတ်တဲ့ ရှားပါးပြီး တန်ဖိုးကြီးတဲ့ White Jewel ဝှိုက်ဂျီဝယ် ကြောင်ဖြူတို့ပဲ ဖြစ်ပါတယ်။

#CJPlatform #အိမ်မွေးတိရစ္ဆာန် #ထိုင်းကြောင်မျိုးရင်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/70TxjUGU-GU
👍6🔥1
စစ်မြေပြင်က HIV ဝေဒနာရှင်တွေရဲ့ အသက်ဆက်ခွင့်

CJ Platform

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်သင့်ဒေသတွေက HIV ပိုးကူးစက်ခံထားရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဆေးဝါးပြတ်လပ်မှုကြောင့် အသက်အန္တရာယ်နဲ့ တိုက်ရိုက်ရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး စစ်ကော်မရှင်ဟာ ART ဆေးတွေကို သူတို့လက်အောက်ခံ ကျန်းမာရေးဌာနတွေကနေတဆင့်သာ ထုတ်ယူရမယ်လို့ စည်းကမ်းအသစ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်၊ The Global Fund နဲ့ USAID လို နိုင်ငံတကာရန်ပုံငွေတွေနဲ့ လည်ပတ်နေတဲ့ NGO အဖွဲ့အစည်းတွေရဲ့ ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတွေ လုံးဝရပ်တန့်သွားခဲ့ရပါတယ်။

#CJPlatform #ART #HIV

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Nh_VZ4t3_Dc
😢7🤣1
မြိုင်မှာ ပြည်သူတွေအိပ်မောကျနေချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅ဦးသေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာရ

CJ Platform

မကွေးတိုင်း ၊ မြိုင်မြို့နယ်အတွင်းက ကံကြီးရွာကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၁၂နာရီ ၁၁မိနစ်ခန့်မှာ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/201120252-2/
🤬91
ကျားဖြန့်နဲ့ပတ်သက်ခဲ့တဲ့ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း ထောင်တစ်သက် ချမှတ်ခံရ

CJ Platform

ဖိလစ်ပိုင်နိုင်ငံ ဘမ်ဘန်မြို့တော်ဝန်ဟောင်း အဲလစ်ဂူ ကို လူကုန်ကူးမှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကြောင့် ဖိလစ်ပိုင်တရားရုံးက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ DW သတင်းဌာန နဲ့ ဖိလစ်ပိုင်ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/201120253-2/
👏7👍3🔥1
ဂျပန်-တရုတ် တင်းမာမှုနောက်ဆက်တွဲ အမေရိကန်က ထိုင်ဝမ်ကို လက်နက်တပ်ဆင်

CJ Platform

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေချိန်မှာပဲ၊ အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး တန်ဖိုးရှိတဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တစ်ခုကို ရောင်းချပေးဖို့ တရားဝင် အတည်ပြုလိုက်ပါတယ်။ ဒါဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် အဓိကလက်နက်ရောင်းချမှု ဖြစ်ပါတယ်။

#CJPlatform #တရုတ် #ဂျပန် #ထိုင်ဝမ် #အမေရိကန်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/BkTH3CIWnL4
👍10😁1
စစ်တပ်နဲ့ BGF အတွက် တစ်နှစ် ဒေါ်လာ သန်းရာချီဝင်ငွေရှာပေးနေတဲ့ ကျားဖြန့်မြို့တော်ရွှေကုက္ကိုလ်

CJ Platform

ထိုင်းသတင်းဌာန The Nation ရဲ့ ဖော်ပြချက်အရ၊ ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ ပူးပေါင်းပါဝင်ဖို့ စစ်ကော်မရှင်က ဖိအားပေးလာချိန်မှာ၊ BGF ခေါင်းဆောင် စောချစ်သူဟာ စိတ်မပါ့တပါနဲ့ပဲ သူ့ရဲ့တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီကျားဖြန့်လုပ်ငန်းတွေဟာ သူတို့နှစ်ဖွဲ့လုံးအတွက် ရွှေဥဥတဲ့ ဘဲငန်းကြီး တစ်ကောင်လို ဖြစ်နေလို့ပါပဲ။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အစီရင်ခံစာအရ၊ ရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းကနေ BGF ဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော် ရရှိနေပြီး၊ အဲဒီထဲက တစ်ဝက်ကို မြန်မာစစ်တပ်ဆီကို ခွဲဝေပေးရပါတယ်။

#CJPlatform #စစ်ကော်မရှင် #ထိုင်းသတင်းဌာန #BGF
👍5😁2🔥1
ဆောင်းရောက်ပြီဖြစ်ပေမယ့် ဒေသ ၅ခုမှာ မိုးအနည်းငယ်ရွာနိုင်

CJ Platform

ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ဆဲလ်တွေဟာ ပြန့်ကျဲလျက်ရှိနေပြီး အရှေ့ဘက်က လေစီးကြောင်းတွေနဲ့အတူ လေထုမငြိမ်မသက်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ဒီနေ့ မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာ ရှိချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာမယ့် အထက်လေပွေလှိုင်းတစ်ခုဟာ အင်ဒိုးနီးရှားက ဆူမတြားကျွန်း နဲ့ မလေးရှား ကျွန်ဆွယ်တို့အကြား က မလက္ကာရေလက်ကြားမှာ ဖြစ်ပေါ်နေပါတယ်။
အိန္ဒိယမိုးလေဝသဌာနကလည်း လာမယ့်နိုဝင်ဘာလ ၂၂ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နိုင်ဖို့ရှိပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ မုန်းတိုင်းငယ်အဖြစ် ပြောင်းလဲလာဖို့ရှိနေတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

#CJPlatform #ဆောင်း #မိုးအနည်းငယ်ရွာနိုင် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>> https://youtu.be/vixyF2HfZr8
👍6😁1
နိုဝင်ဘာ ၂၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်
ကျောက်ဆည်မြို့မှာ နေ့အပူချိန်မြင့်တက်လာနေ

CJ Platform

ဒီနေ့ နိုဝင်ဘာလ ၂၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေအရတော့ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာသွန်းဖို့ ရှိနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲ မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၄၀ ခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်တွေအနေနဲ့ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာသာ နေ့အပူချိန်တွေ ၁၈ ဒီဂရီဆဲလ်စီးရပ်ဝန်းကျင်ရှိနေပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ တော့ ၃၀ ဒီဂရီဆဲလ်စီးရပ်ဝန်းကျင်အထိ ရှိနေနိုင်ပါတယ်။
ဒီနေ့မှာတော့ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်မြောက်ပိုင်းတို့မှာ နေသာချိန်အများဆုံးရှိနေမှာဖြစ်ပြီး ထူးခြားမှုအဖြစ် ဒီနေ့မှာ ကျောက်ဆည်မြို့မှာတော့ နေ့အပူချိန်အမြင့်ဆုံးဖြစ်ပြီး ၃၀ ဒီဂရီဆဲလ်စီးရပ်ကနေ ၃၂ ဒီဂရီဆဲလ်စီးရပ်အထိ ရှိနိုင်မှာဖြစ်ပါတယ်။

#CJPlatform #ကျောက်ဆည်မြို့ #နေ့အပူချိန် #မိုးလေဝသခန့်မှန်းချက်

Youtube တွင်ကြည့်ရှုရန်>>> https://youtu.be/-pZDPXz_pbg
👍31😁1
ဗဟိုကော်မတီဝင် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MDY PDF ထုတ်ပြန်

CJ Platform

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်း နဲ့ ကိုနိုင်ကြီး တို့ကို လက်နက်ဖြုတ်သိမ်းကာ ဖမ်းဆီးထိန်းသိမ်း ထားပြီး တာဝန်အားလုံးကနေ ရပ်ဆိုင်းထား တယ်လို့ MDY PDF က ဒီနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/211120251-2/
😢3👍2😁1🤔1
NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ဝန်ထမ်းများအပေါ် ဖိနှိပ်ဆက်ဆံကာ ဌာနအတွင်း သူ့ဆွေမျိုးတစ်စုကို ဦးစားပေးခန့်ထားတယ်လို့ တိုင်ကြားခံရ၊
တိုင်ကြားသူအချို့မှာ ဖိအားပေးမှုများနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေ

CJ Platform

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ ဌာနအတွင်း ဝန်ထမ်းတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ လုပ်ဆောင်ပြီး အရေးပါသော ဝန်ထမ်းနေရာတွေမှာ သူ့ရဲ့ အမျိုးသားဖြစ်သူနဲ့ တူတော်စပ်သူများကိုသာ ခန့်ထားတယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်ကြားစာပေးပို့ခဲ့ကြောင်း CJ Platform က စုံစမ်းသိရှိရပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/211120252-2/
🤬9😁2👍1
တရုတ်နိုင်ငံသူကနေ ဖိလစ်ပိုင်မှာမြို့တော်ဝန်ဖြစ်လာပြီး ကျားဖြန့်လုပ်ငန်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူ အဲလစ်ဂူ

CJ Platform

အဲလစ်ဂူဆိုတာ ဘယ်သူလဲ။ စုံစမ်းစစ်ဆေးမှုတွေအရ၊ သူဟာ မူလက ဂူဟွာဖင်း ဆိုတဲ့ တရုတ်နိုင်ငံသူတစ်ဦးသာ ဖြစ်ပါတယ်။ သူမဟာ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် မွေးစာရင်းနဲ့ မှတ်ပုံတင်အတုတွေ ပြုလုပ်ပြီးနောက်မှာ၊ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာပြီး ဘမ်ဘန်မြို့ရဲ့ မြို့တော်ဝန်အဖြစ်အထိ ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။၂၀၂၂ ခုနှစ်မှာ အဲလစ်ဂူဟာ မနီလာမြို့မြောက်ပိုင်းက ဘမ်ဘန်မြို့လေးရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ သူ့ကိုယ်သူ ဝက်မွေးမြူရေးခြံတစ်ခုမှာ ကြီးပြင်းခဲ့ပြီး၊ အိမ်မှာပဲ ပညာသင်ခဲ့ရတဲ့ သာမန်မိန်းကလေးတစ်ဦးအဖြစ် ပုံဖော်ခဲ့ပါတယ်။ ဒေသခံတွေကလည်း သူ့ကို ကြင်နာတတ်ပြီး စာနာတတ်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် မြင်ခဲ့ကြပါတယ်။

#CJPlatform #ဖိလစ်ပိုင်နိုင်ငံသား #အဲလစ်ဂူ #တရုတ်နိုင်ငံသူ

Youtube တွင်ကြည့်ရှုရန်>>> https://youtu.be/UZEoemGHc3U
👍8😁3👎1
ကျားဖြန့်လုပ်ငန်းတွေကို ထိပ်တန်းဩဇာရှိသူတွေက အကာကွယ် ပေးနေကြောင်း ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌဖွင့်ချ

CJ Platform

ထိုင်းနိုင်ငံရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ ကျရှုံးနေရတဲ့ အဓိကအကြောင်းရင်းဟာ နိုင်ငံရေးနဲ့ ဗျူရိုကရေစီယန္တရားထဲက သြဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က လာဘ်ငွေတွေယူပြီး ရာဇဝတ်ကောင်တွေကို အကာအကွယ်ပေးနေလို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACT) ဥက္ကဋ္ဌ ဒေါက်တာ မာန က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

#CJPlatform #အဂတိလိုက်စားမှု #ထိုင်းနိုင်ငံ #ကျားဖြန့်လုပ်ငန်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/B3a3Hl88NrU
👍10👏2
စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြို့ပြနေရာတွေမှာ လုံခြုံရေးလစ်ဟာမှုတွေရှိနေတာကြောင့် ဆက်လက်တိုက်ခိုက်သွားမယ်လို့ PLA ပြော

CJ Platform

စစ်အုပ်စု စစ်တိုင်းရုံးတွေရှိနေတဲ့ နေပြည်တော်အပါအဝင် တခြားမြို့ပြဒေသတွေမှာ လုံခြုံရေးအားနည်းချက်နဲ့ လစ်ဟာမှုအပေါ် အသုံးချပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/211120253-2/
👍8😁1
ဗီယက်နမ်ရေကြီးမြေပြိုမှုအတွင်း ပြည်သူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ရကာ နေအိမ် ၅၀,၀၀၀ ကျော် ထိခိုက်

CJ Platform

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ အခုတစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြည်သူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၉ ဦးဝန်းကျင် ပျောက်ဆုံးတယ်လို့ ဗီယက်နမ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုရန် >>> https://cjplatform.com/211120255-2/
😢81👍1😁1