📽 CINEMA Movie Time 📽
34.8K subscribers
4.58K photos
51 videos
2.12K links
ကြော်ညာများဆက်သွယ်ရန် @monet585

ဝင်ပြီးပြန်ထွက်တဲ့သူများ လူပျိူကြီးအပျိူကြီး ဖြစ်ပါစေဗျာ🥱🥱
Download Telegram
Yes Man (2008) IMDb Rating (6.8)

ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Jim Carrey အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးကတော့ (500) Days of Summer ရဲ့ ဆမ်းမား တဖြစ်လဲ Zooey Deschanel က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

“Yes Man” ဟာ 2008 ခုနှစ်ထွက် ရိုမန်တစ်ဟာသ ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရေးသားတင်ဆက်သူတွေကတော့ Nicholas Stoller, Jarrad Paul, နှင့် Andrew Mogel တို့ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေပေါ့ဗျာ။

ဒီဇာတ်လမ်းက 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဟာသစာရေးဆရာ Danny Wallace ရေးသားခဲ့တဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Danny Wallace ကိုယ်တိုင်လည်း ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။

ဝေဖန်သူတွေဆီက အကောင်းအဆိုး ရောထွေးတဲ့ သုံးသပ်ချက်များတွေ ရှိခဲ့ပေမဲ့ ရုပ်ရှင်ရုံမှာတော့ အောင်မြင်မှု ရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ စုစုပေါင်း $223 သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။လူ့လောကနဲ့ ကင်းကွာနေတဲ့သူတစ်ယောက်။

အိမ်ထောင်ရေးလည်း ပြိုကွဲပြီးကာစ၊ ဘယ်သူနဲ့မှ မတွေ့ချင် မမြင်ချင် အဆက်အဆံမလုပ်ချင်ဘဲ တစ်ကိုယ်တော်လေလွင့်နေတဲ့ ဇာတ်လိုက်ကျော်ကြီး ကားလ် ဆိုတဲ့လူတစ်ယောက် ရှိခဲ့ပါတယ်။ဒီလို ပြောရဆိုရခက်၊ လမ်းမှန်ပေါ်ဆွဲတင်ရခက်နေတဲ့သူ့ကို မိတ်ဆွေတစ်ယောက်က လူမှုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ခေါ်သွားလိုက်တယ်။ အဲဒီ ညီလာခံရဲ့ ရည်ရွယ်ချက်က ကိုယ့်အပေါ် လူတွေ တောင်းဆိုလာတာရှိရင် ငြင်းဆန်ခွင့်မရှိ “အင်း” လို့ ပြောဖို့။

ဒီလိုနဲ့ “ဟင့်အင်း” ဆိုပြီး နေရာတကာ ငြင်းချက်ထုတ်ပြီး လူတွေနဲ့ကင်းကွာနေတဲ့ ကားလ် တစ်ယောက် သူ မဖြစ်မနေ ပေးခဲ့ရတဲ့ ကတိပဋိညာဉ်တစ်ခုကြောင့် လူတကာတောင်းဆိုသမျှ “အင်း” လိုက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အံ့အားသင့်စရာပါပဲ။ ဒီလိုနေထိုင်နေရင်း ကားလ် အပေါ်မှာ ကောင်းတဲ့အရာတွေချည်း ဖြစ်လာပါတော့သတဲ့။ အလုပ်မှာလည်း ရာထူးတိုးရုံမက အကြီးပိုင်းအထိဖြစ်သွား။ လူမှုဝန်းကျင်မှာလည်း သတင်းကောင်းတွေ မွှေးပျံ့။

ကံမကောင်းတဲ့တစ်နေ့တော့ ကားလ် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ လက်ခံပေးလို့မရဘဲ ငြင်းလိုက်ရပါတယ်။ ဒီလိုနဲ့ ကတိပဋိညာဉ်ရဲ့ နောက်ဆက်တွဲဒဏ်ခတ်မှုကို ကားလ် တစ်ယောက် ကြုံလိုက်ရတဲ့အခါ …။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/233
Novocaine (2025) IMDB: 6.7/10

The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။

ဇာတ်ကားနာမည် Novocaine ဆိုတာကတော့
ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့Congenital Insensitivity to Pain withAnhidrosis (CIPA) မွေးရာပါ နာကျင်မှုကိုမခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါရှိနေတာပါ။

ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာအသက် ၂၅ ကျော်တာ ရှားပါတယ်။ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိအစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိနိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲသောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာလက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။

ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကိုဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကိုနောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။အဓိကကြည့်ရမှာကတော့ အက်ရှင်ခန်းကြမ်းကြမ်းတွေဟာသတွေနဲ့ လှည့်ကွက်လေးတွေ ဖြစ်လို့ ဒီလိုစတိုင်မျိုးကြိုက်တတ်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူး။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/234
Media is too big
VIEW IN TELEGRAM
📌 🤩 အဝယ် 2️⃣,0️⃣0️⃣0️⃣
📌 အဘိုးကြီး 🔠ax Win 🤩😘

😧😦😯🙄😘

🔠🔠🔠🔠🔠🔠🔠8️⃣8️⃣8️⃣ 🥰

📌😛😝😜🤪😋2️⃣0️⃣0️⃣🔣
📌 နေ့စဉ်🤪😋 2️⃣0️⃣🔣
📌 မိတ်ဆက်🤪😋 5️⃣0️⃣🔣

🫣🤭🫢😹😮 🤩

📌🔠iber - 09 256 980 326 😹😮

📌🔠elegram တိုက်ရိုက်လင့် ☺️

✅ http://t.me/Diamond888_Offical
Please open Telegram to view this post
VIEW IN TELEGRAM
E.T. the Extra-Terrestrial (1982) IMDB: 7.9/10 Family, Sci-Fi -

🏆 Won 4 Oscars. Another 47 wins & 34 nominations.

၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။ET Phone Home ဆိုတာပါပဲ။ဒီရုပ်ရှင်လေးကတော့ ကလေးဘဝအိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။နာမည်ထဲကအတိုင်းပါပဲသိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက်သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်းသရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်းရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။Effect လေးတွေထည့် မဖြစ်နိုင်တာတွေမဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီးရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/235
Stand by Me (1986)

IMDB: 8.1/10

Stephen King ဆိုရင် Horror ဘုရင်ကြီးလို့ ပြေးမြင်ယောင်ကြလိမ့်မယ်ထင်တယ်။ ပြောလည်း ပြောချင်စရာပေါ့ IT တို့ Dark Tower တို့လို အကြမ်းစား universe တွေကို ဖန်းတီးခဲ့တဲ့သူကိုး။ ဒါပေမဲ့ ရိုးရိုးလေးနဲ့ လှနေတဲ့ ကားတွေလည်း ရှိခဲပါသေးတယ်။
တွမ်ဟမ့်ကြီးရဲ့ the Green Mile လို၊ လူတိုင်းအသည်းကျော် The Shawshank Redemption ဇာတ်လမ်းမျိုးတွေပေါ့။
အခု ဒီကားလေးက အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်လှုပ်ရှားရတဲ့ကားလေးပါ။ ထူခြားချက်ကတော့ ကလေးလေးတွေရဲ့ စွန့်စားခန်းလေးဖြစ်နေတာပါပဲ။ (IT ထဲတုန်းက အရှုံးသမားလေးများအဖွဲ့ကိုလည်း စိမ်းကြမယ်မထင်ဘူး)
ဇာတ်လမ်းကတော့ ဟိုးလေတကျော် လူပြောများနေတဲ့ ကလေးပျောက်တဲ့ အမှုကို ကလေးတွေက အဖွဲ့လိုက် ပြန်ရှာကြတဲ့ဇာတ်လမ်းပါပဲ။ စရိုက်စုံတဲ့ ကလေးလေးယောက်ရဲ့အကြောင်းပေါ့။ ထုံးစံအတိုင်း နောက်ခံစကားပြောအေးအေးလေးနဲ့ မပျင်းရအောင်ဆွဲခေါ်သွားတဲ့ကားပါ။


🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/236
Big (1988)

IMDb (7.3)……Rotten Tomatoes (93%)

၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။

ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ “လူကြီးဖြစ်ချင်တယ်” ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။

ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ
တော့ ကလေးဘဝကိုပဲ ပြန်နေချင်လာတော့တယ်။Tom Hanks သရုပ်ဆောင်ကောင်းတာကတော့ အထူးတလည်ပြောနေစရာမလိုဘူး။ အမူအရာ တွေတင်မကဘူး သူ့ရဲ့ အကြည့်တွေ စိတ်ခံစားချက်တွေကပါ Josh ဆိုတာ လူကြီး ခန္ဓာကိုယ်ဖဲရောက်နေတဲ့ ကလေးလေးပဲဆိုတာ ပရိတ်သတ်က အဆုံးထိ ယုံကြည်ထားနိုင်စေခဲ့တယ်။


ဒီပို့စ်မှာ တစ်ကယ်ဆွေးနွေးလိုတာကတော့ Big ရဲ့ ဇာတ်ညွှန်းပဲ။ အထူးသဖြင့် ခုထိ ထွက်နေတဲ့ မြန်မာကားတွေ နဲ့ နှိုင်းယှဉ်ကြည့်ချင်တာ။ မြန်မာဇာတ်ညွှန်းအများစုဟာ ဇာတ်ကောင်တွေရဲ့ စိတ်အခြေအနေတွေ၊ တွေးနေတာတွေကို ဖော်ပြမယ်ဆိုရင် စကားပြောနဲ့ ဒါမှမဟူတ်ရင် အမူအရာ အပိုကြီးတွေနဲ့ ဖော်ပြတတ်ကြတယ်။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/237
Delta (2022)

အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။

အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/238
The Vault(2021)

IMDb Rating __6.4/10, Rotten __60%

Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ….

ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့ Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်….

Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ…..

အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်…..

လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်….

လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့…

ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်…ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ…

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/239
A Prayer Before Dawn (2017)

IMDb Rating _7.3/10 ,Rotten__ 92%

ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘဝ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။

ဘီလီမိုးဟာ ဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ တစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။

အဲ့ကနေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ်။ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။

တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ဝင်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပြီး ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/240
Pet Sematary (2019)

IMDB: 6.2/10

ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။

ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။
စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။

ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။
(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်)

ဇာတ်လမ်းအကျဉ်း

မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/241
Sex Education Season 1 to 4 စဆုံး ကြည့်လိုရပါပြီ

အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲ ဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့
လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်
ကျွန်တော်တိုနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာ
ဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူး အဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလိုပြသနာတက်နေကြတာတွေလည်း
အခုထိရှိပါသေးတယ်သူတိုနိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲ
ပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်
ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖိုလည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့
ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ်

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/242
1 ထောင်ရှိရုံနဲ့ ဘာမှလုပ်လို့မရတဲ့ခေတ်မှာ
စီးပွားရေး လုပ်လို့ရတာ VIP 388MM😍မှာပဲရှိတယ်
1ထောင်ထဲနဲ့ နဲ့ အမြတ်များများ ရဖို့ လကစားလို့ရပြီနော်
အဖိုးကြီးဂိမ်း/ချိုချဉ်ဂိမ်း/ဖဲဂိမ်း/ငါးပစ်ဂိမ်း
စိတ်ကြိုက်ဆော့

Viber 👇
https://msng.link/o?959942446746=vi

Telegram 👇
https://t.me/+959767637399

line 👇
https://lin.ee/32XpgAZ

Fb 👇
https://www.facebook.com/profile.php?id=100085501850844&mibextid=ZbWKwL
Pitch Perfect ( collection ) အပိုင်း ( ၃ ) ပိုင်း စဆုံး

IMDb Rating 7.2/10Rotten Tomatoes 81%

Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။

ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။

သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။

အဖွဲ့ဝင်သစ်တွေဖြစ်ကြသောကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုနည်းကာ နားလည်မပေးနိုင်ကြသောကြောင့် သီချင်းဆိုရာတွင် အခက်အခဲဖြစ်သည့်အပြင် ခေါင်းဆောင်သစ်ဖြစ်သည့် Aubrey ၏ ရှေးရိုးစွဲလုပ်ဆောင်မှုတွေကြောင့် ပရိသတ်ကို ဆွဲဆောင်နိုင်မှုနည်းပါးခဲ့ရပါတယ်။

နောက်ပိုင်းတွင် အဖွဲ့ဝင်သစ်ဖြစ်သည့် Beca ၏ အကြံပေးမှုများဖြင့် သီချင်းရွေးချယ်ပြီး သီဆိုမှုပုံစံကို ပြောင်းလဲခဲ့ကာမှ နိုင်ငံတကာ Cappella ပွဲကို အနိုင်ရရှိခဲ့ပါတော့တယ်။ဤဇာတ်ကားတွင် Beca အဖြစ်သရုပ်ဆောင်သည့် မင်းသမီး Anna Kendrick မှ ခွက်ကို အသုံးပြုပြီး ကိုယ်တိုင်သီဆိုခဲ့သည့် When I Gone သီချင်းသည် Billboard Hot 100 တွင် ပါဝင်ခဲ့သည်အထိ နာမည်ကျော်ကြားခဲ့ပါတယ်။

ထူးခြားချက်အနေဖြင့် Aubrey အဖြစ်သရုပ်ဆောင်သည့် Anna Camp နှင့် Jesse အဖြစ်သရုပ်ဆောင်သည့် Skylar Astin နှင့် ၂၀၁၃ ခုနှစ်တွင် စတင် Date လုပ်ကာ ၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။Jesse J ၏ Price Tag သီချင်းကိုလည်း Final ပွဲတွင် သီဆိုခဲ့ပြီး တခြားနာမည်ကြီးသီချင်းများစွာကိုလည်း Version အသစ်နဲ့သီဆိုသွားတာကို နားဆင်ခံစားနိုင်ပါတယ်။

လူငယ်များရဲ့ လွတ်လပ်သောဘဝ၊ ဖခင်မေတ္တာ၊ သူငယ်ချင်းသံယောဇဉ်နဲ့အတူ မဆုတ်မနစ်ကြိုးစားမှုတွေကိုလည်း ဤဇာတ်ကားတွင် ကြည့်ရူခံစားရမှာပါ။IMDb Rating 7.2/10 ရရှိကာ Rotten Tomatoes အနေနဲ့ ၈၁ % ရရှိထားပြီး ဆုပေါင်းများစွာလည်း ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

🚨 Cinema Movie Channel ကိုအရင် Join ပြီမှ ကြည့်ရန်  -

 đŸ‘‰đŸ˝  -   https://t.me/+lCq-Ms-oKrhiMGQ9

Movie Link  - https://t.me/c/2586908008/248