Chinese Basic + HSK1 (Self Study)
14.7K subscribers
212 photos
59 videos
2 files
7 links
Chinese Language Self-study Channel
Group chat link 👇🏻👇🏻
https://t.me/chineselanguagebasicselfstudy
Download Telegram
Du chinese မှာ စာဖတ်ဖြစ်ကြတဲ့သူရှိလား?

ဘာတွေဖတ်ဖြစ်ကြလဲ ပြန် share ကြည့်ကြဦး

အစ်မတော့ ဒီနေ့ 《陈世美》နဲ့《画皮》ဖတ်ဖြစ်တယ် 🙂🙂
👍74
。。。的时候

Structure 👇🏻👇🏻
“Action A + 的时候 + Action B”

လုပ်ဆောင်မှု တစ်ခုကို လုပ်နေစဉ်မှာ အခြားတစ်ခုကို တွဲဖက်လုပ်ဆောင်တဲ့အခါ 。。。的时候 ပုံစံကို သုံးလို့ရသည်။

e.g,

你回来的时候买些苹果
/nǐ huí lái de shí hou mái xīe píng guǒ/
မင်း ပြန်လာတဲ့အချိန်မှာ ပန်းသီးနည်းနည်းဝယ်လာပါ။

吃饭的时候不要看电视
/c hī fàn de shí hou bù yào kàn diàn shì/
ထမင်းစားနေချိန်မှာ တီဗီမကြည်ပါနဲ့။

#hsk1 #grammar
48👍9🤩2


generally ကတော့ တည်နေရာပြတဲ့ စကားလုံးလို့မှတ်လို့ရတယ်။

在 ရဲ့ လုပ်ဆောင်ပုံက (၃) မျိုးရှိတယ်။
၁. 动词 ကြိယာ
၂. 介词ဝိဘတ်
၃. 补语အဖြည့်ပုဒ်

eg လေးတွေကြည့်ကြည့်လိုက်

၁. 动词 ကြိယာ

他在学习。သူက ကျောင်းမှာရှိနေတယ်။
他在北京。သူက ပေကျင်းမှာ ရှိနေတယ်။

၂. 介词 ဝိဘတ်

他在北京学习汉语 。
သူက ပေကျင်းမှာ တရုတ်စာသင်နေတယ်။

၃. 补语 အဖြည့်ပုဒ်

他住在北京 。
သူက ပေကျင်းမှာ နေထိုင်နေတယ်။

#hsk1 #grammar
39👍13
ဒီကရှေ့ pinyin တွေ မထည့်ပေးတော့ဘူး။
grammar လေ့လာပြီဆိုကတည်းက pinyin , vocab နဲ့ character တွေရပြီးမှ လေ့လာသင့်တဲ့ အဆင့်မို့ ရှေ့ကအဆင့်တွေ မကျေညက်သေးရင် အရင်ပြန်သွားလေ့လာပါ
ပြီးမှ grammar ဆက်လေ့လာပါ

💪🏻💪🏻
22👍5
နောက်တစ်ခု HSK group တွေမှာ စာအုပ်လာလာတောင်းတဲ့သူတွေ နောက်ဆို ban ပါမယ်။
🥰

‼️ခဏခဏပြောပါတယ် စာအုပ်တွေကို main channel ထဲမှာပဲ တောင်းပေးပါလို့။

group ထဲကိုက နားမလည်တဲ့ စာမေးဖို့ပဲဖြစ်ပါတယ်။ ✌🏻

Admin: 木ノ葉の子

#warning #announcement
👍195
ဒီနေ့မှ ဇွတ်တွေကို တင်နေတာပဲနော် 🤣🤣

လာပါပြီ နောက်ထပ် app တစ်ခုပါ

Du Chinese free premium ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲ။
ပိုက်ဆံပေးပြီး Subscribe လုပ်ရမှာပေါ့။

Free ပဲ ထပ်သုံးချင်တယ်ဆိုရင်ကတော့
Niu Chinese ကို ပြေး down လိုက်တော့။

သူလည်း Du လို reading app ပါပဲ။ အားလုံး free ဖတ်လို့ရပါတယ်။ နောက်ပြီး HSK level အလိုက် filter ခေါ်ပြီး ရွေးဖတ်လို့ရသေးတယ်။

တစ်ခုရှိတာတော့ Du လို background audio play တော့ မပါသေးဘူး။ Vocab အတွက်ပဲ audio နားထောင်လို့ရသေးတယ်။ ကျန်တာတော့ တော်တော် ဆင်ပါတယ်။
အထဲမှာပါတဲ့ story content တွေတော့ မတူဘူးပေါ့။

#reading #chineseapp
50👍27
Media is too big
VIEW IN TELEGRAM
ဒီနေ့ကတော့ ဒီ channel လေးမှာ တရုတ်စာရဲ့ အခြေခံဖြစ်တဲ့ pinyin တွေကို တင်ပေး share ပေးတဲ့ Admin နှင်းပင်ရဲ့ မွေးနေ့လေးပါ။ 🥰🥰

小雪,祝你生日快乐🎂🎁🎈

​花花 ရဲ့ 走,一起去看日出吧 သီချင်းလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

🎶把烦恼都甩掉吧。🎶
🎵我们的世界一直会很美好。🎵
🎶其它“不重要”。🎶
🎵享受每分每秒。🎶🎶

🎉🎉
72👍5😢1
会,能,想

会 တစ်ခုခုကို လုပ်နိုင်တဲ့ စွမ်းရည်ရှိတာ။ လုပ်တတ်တာ။

e.g,
他会做饭。
သူက ဟင်းချက်တတ်တယ်။

能 တစ်ခုခုကို လုပ်နိုင်တဲ့ အခြေအနေရှိတာ။ လုပ်လို့ရတာ။

e.g,
我在学校,你几点能来?
ငါကျောင်းမှာ၊ မင်းဘယ်နှနာရီလာနိုင်မလဲ။

တစ်ခုခုကိုမလုပ်ဖို့ တားမြစ်ချင်တဲ့ အခါမှာလည်း 不+能 ကိုသုံးလို့ရတယ်။

e.g,
上课的时候不能玩手机。
စာသင်ချိန်မှာ ဖုန်းသုံးလို့မရပါ။

想 တစ်ခုခုကို လုပ်ချင်တာ။ လုပ်ဖို့ဆန္ဒရှိတာ။

e.g,
我想吃饭。
ငါ ထမင်းစားချင်တယ်။

#hsk1 #grammar
98👍27🤩2
Telegram ရဲ့ တရုတ်လိုအခေါ်အဝေါ်က

纸飞机 /zhǐ fēi jī/ လို့ ခေါ်ကြပါတယ်နော်။

တိုက်ရိုက်ဘာသာပြန်ရင်တော့ စက္ကူလေယာဉ်ပျံပေါ့လေ 😂

တကယ်တော့ ဒါကလည်း မူရင်း English ကနေ မွေးစား/မှီငြမ်း/ဆင့်ပွားပြီး ပေါ် လာတဲ့ စာလုံးအမျိုးအစားပါပဲ။

​တကယ်လို့များ သူများတွေက 你用纸飞机吗?လို့မေးလာခဲ့ရင် ဘာမှန်းမသိမှာစိုးလို့ share ပေးလိုက်ပါတယ်နော်။

#wordoftheday #knowledge
136👍29🤩3


/zà ng/ n. = ကိုယ်တွင်း ကလီစာ

/zā ng/ adj. = ညစ်ပေသော၊ ညစ်ပတ်ပေရေနေသော၊ ညစ်ညမ်းသော

အသံထွက်ပေါ် မူတည်ပြီး အဓိပ္ပာယ်လည်း ကွဲသွားပါတယ်။

Hsk-1 level ထဲကတော့ မဟုတ်ပါဘူး။ Group ထဲမှာ ညီမတစ်ယောက်မေးထားတာတွေ့လို့ တင်ပေးလိုက်တာပါ။

#generalword #knowledge
44👍15
Yo!

Speaking practise လုပ်ဖို့ partner မရှိတဲ့သူတွေ SuperChinese app ရဲ့ Talk feature မှာ စကားပြောသွားလေ့ကျင့်လို့ရတယ်။

Feature (3) မျိုးပါတယ်။

1. 随机匹配က level အလိုက် random group ထဲထည့်ပေးပြီး ၁၀ မိနစ် စကားပြောရတာပါ။ ပေါ့ပေါ့ပါးပါး chatting လုပ်ရုံပါပဲ။ topic ခေါင်းစဉ်ပါပေမဲ့ group member ပေါ်မူတည်ပြီး topic မဆွေးနွေးဘဲ ထွေရာလေးပါး ထိုင်ပြောနေလို့လည်း ရတယ်။

2. 猜词语 က စကားလုံးလေးတွေမှန်းခိုင်းတာ။ တစ်ဖက်ကို ၅ မိနစ်စီ (စုစုပေါင်း ၁၀ မိနစ်ကြာမယ်) ကိုယ်က အဖြေမှန်းရတဲ့ဖက်နဲ့စရင် တစ်ဖက်လူက ပြောတာနားထောင်၊ ပြီးရင် ဘယ်စကားလုံးဖြစ်နိုင်လည်း မှန်းရုံပဲ။ ၅ မိနစ်ပြည့်ရင် ကိုယ်က မေးရတဲ့ဘက်ပြန်ရောက်သွားမယ်၊ အဲ့အခါ မေးရမဲ့ စကားလုံးကို တဖက်လူကို ကိုယ်က သွယ်ဝိုက်ပြီး ရှင်းပြရတယ်။ သူအဖြေမရမချင်းအမျိုးမျိုး လှည့်ပြောပေးရတယ်။ ပျော်ဖို့ကောင်းတယ်။

3. 话题 ကတော့ ပြောလက်စ group တွေ ကြည့်လို့ရပြီး ကိုယ်ကြိုက်တဲ့ထဲ ဝင် join ပြီး ပြောရုံပါပဲ။ ဒီမှာ ပေါ်နေမဲ့ group တွေက 1 & 2 က group တွေရဲ့ list ပါပဲ။

ကိုယ်ကတော့ 猜词语 ပဲ ဝင်ဖြစ်တယ်။ စိတ်လှုပ်ရှားဖို့ကောင်းပြီး တစ်ဖက်လူကို အဖြေရအောင် ဆွဲခေါ်နိုင်ရတဲ့ skill ထုတ်သုံးရတာဆိုတော့ Brainstorming ပိုဖြစ်တာမို့လို့။

လွပ်လွပ်လပ်လပ် ဝင်ပြောပါ။ အကုန်လုံးက learner အချင်းချင်းတွေပဲမို့ ပြောတာမှားမှာလည်းစိတ်ပူစရာမရှိ။

As a saying “To speak more, speak more. There’s no shortcut!”

All the best!

#speaking #chineseapp #recommend
51👍29😢1
ဒီနေ့ကတော့ ဒီ channel လေးရဲ့ founder & admin ဖြစ်တဲ့ Admin ဖန်းမင်ကျုံး ရဲ့ မွေးနေ့လေးပါ။ 🥰🥰

小明,祝你生日快乐🎂🎁🎈

🎉🎉
181👍9
Newbie Chinese learners တို့ရေ Channel မှာက လေ့လာရမဲ့ အခြေခံတွေကို Pin ထောက်ပေးထားတယ်။ မိမိဘာသာအရင် အားစိုက်ထုတ်ပါ။ လိုက်ဖတ်ပါ။ လေ့လာပါ။
85👍7
电 /dià n/ = လျှပ်စစ် (electronic)
脑 /nǎ o/ = ဦးနှောက် (brain)
电脑 /dià n nǎo/ = ကွန်ပျူတာ (computer)

#generalword
126👍16
遍 vs 次

(၂) ခုစလုံးက အကြိမ်အရေအတွက် မျိုးပြစကားလုံးပါပဲ။

အဓိကကွာခြားချက်က လုပ်ဆောင်မှုပြီးမြောက်တဲ့ အတိုင်းအတာနဲ့ ခွဲလို့ရတယ်။

e.g,

(၁)这本书小明读了三次。
ရှောင်မင် ဒီစာအုပ်ကို ဖတ်တာ ၃ ခေါက်ရှိပြီ။

(၂)这本书小明读了三遍。
ရှောင်မင် ဒီစာအုပ်ကို ဖတ်တာ ၃ ပြန်ရှိပြီ။

三次 ၃ ခေါက်ဖတ်တယ်လို့ ပြောရင် သူက စာအုပ်ကို ဖတ်သာဖတ်နေတာ၊ စာအုပ်တစ်အုပ်ကို လုံးဝ ဖတ်လို့ပြီးနေတာမျိုး မဟုတ်ဘူး။ အခန်းတစ်ခန်းထဲ ပြန်ပြန်ဖတ်နေတာကြောင့် ၃ ခေါက်ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်။

三遍 လို့ ၃ ပြန်ဖတ်ပြီးတာမျိုးကတော့ အစအဆုံးဖတ်ပြီးလို့ ပြန်ပြန်ဖတ်တာကို ၃ ပြန်ရှိနေပြီ။

ဒီလို အဓိပ္ပာယ်သက်ရောက်မှု ကွာသွားတာပါ။

#generalword #measureword
96👍34
Basic & hsk-1 လေ့လာပြီးတဲ့သူတွေ အဆင့်မြှင့်ပြီး Join လို့ရပါတယ်။
ဆက်လေ့လာကြပါ။ 🤓🫰🏻

Channel link ပေါင်းချုပ်

Basic + HSK1

https://t.me/chineselanguagebasic

HSK 2

https://t.me/chineseselfstudyhsk2

HSK 3

https://t.me/chineseselfstudyhsk3

HSK 4

https://t.me/chineselanguageselfstudyhsk4

HSK 5

https://t.me/learnchinesehsk5

HSK 6

https://t.me/chineseselfstudyhsk6

Chinese Books

https://t.me/ChineseLanguageSelfStudy
214👍72😢17😁15😱14🤩7
Chinese Basic + HSK1 (Self Study) pinned «Newbie Chinese learners တို့ရေ Channel မှာက လေ့လာရမဲ့ အခြေခံတွေကို Pin ထောက်ပေးထားတယ်။ မိမိဘာသာအရင် အားစိုက်ထုတ်ပါ။ လိုက်ဖတ်ပါ။ လေ့လာပါ။»
Hello!အားလုံးမင်္ဂလာပါခင်ဗျ💕

အခုမှ ပထမဆုံး Chinese Language ကို စလေ့လာမယ်ဆိုရင် ဘယ်ကစရမှန်းမသိသေးတဲ့သူတွေအတွက်ရှင်းပြပေးထားလို့ သေချာလေးဖတ်ကြည့်စေချင်ပါတယ်🥹🥹

ပထမဆုံးတရုတ်စာလေ့လာမယ်ဆိုရင် Hanyu Pinyin လို့ခေါ်တဲ့ တရုတ်စာအသံအထွက်ဖြစ်တဲ့ English Alphabet လေးတွေနဲ့ဟာကို ဂရုတစိုက် သေချာမှန်ကန်စွာ စနစ်တကျ အသံထွက်မှန်စွာ လေ့လာရပါမယ်

အဲလိုလေ့လာဖို့ Recommend ပေးပါဆိုရင် အောက်ကစာအုပ်လေးနဲ့ လေ့လာစေချင်ပါတယ် 💕

ကဲစာအုပ်လေးသိရပြီးဆိုရင် အသံထွက်တွေကရော ဘယ်ကနေကြည့်ရမလဲဆိုရင်

မင်မင်တို့ရဲ့ Chinese Self Style Basic Channel လေးထဲမှာ Hanyu Pinyin ကို အစ အဆုံး Videoလေးတွေတင်ပေးထားပါတယ် ဒါကြောင့်အဲ Video လေးကို ကြည့်ပြီးလေ့လာလို့ရပါတယ်

Video လေးတွေကို ကြည့်ချင်တယ်ဆို Channel ရဲ့ Search Box မှာ #pinyin #vowels #finals ဆိုပြီး ရိုက်ရှာလို့ရပါတယ်ခင်ဗျ🫶

ကျေးဇူးတင်ပါတယ်🥹❣️
237👍74
Recommend ပေးတဲ့စာအုပ်လေးပါ💕
41👍6
Recommend Book လေးပါ
27👍7