Channel Myanmar Movies
249K subscribers
134 photos
2 videos
54 links
Download Telegram
Never Say Never

ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့
မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန်
သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ
နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက်
မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့
ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ
ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း
သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ
စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

#credit
(18+) The Lady Improper (2019)

IMDB (5.1/10)

ဘ၀မှာဆုံးရှုံးရတာတွေများလာတဲ့အခါ ဘ၀အသစ်ပြန်စချင်ကြတာပဲ မဟုတ်လား ဒီဇာတ်ကားထဲမှာလည်း Siu Man ဆိုတဲ့ ကောင်မလေးက ယောကျ်ားရဲ့စွန့်ပစ်ခြင်းခံရ ဖခင်ကလည်းဆုံး သတ်သေချင်စရာလောကထဲကနေ ဘ၀အ သစ်ပြန်စဖို့ စာဖိုးမှူးလုပ် အဖေ့ရဲ့စားသောက်ဆိုင်ကိုပြန်လည်ဖွင့်ဖို့လုပ်ပါတော့တယ်

အတွေ့အကြုံမရှိတဲ့သူမို့ အရံစားဖိုမှူးငှားရတာပေါ့ ငှားတဲ့ စားဖိုမှူးက ချောတဲ့အပြင် ဆွဲဆောင်မှု့အပြည့်ရှိနေကာ ဂရုစိုက်မှု့တွေပါကောင်းတော့ ချစ်ကြွမ်း၀င်မိသွားတာပေါ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို လှိုက်လဲရင်သက်စွာ ကြည့်ရှု့ရမယ့် ဇာတ်ကားလေးမို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော်

#Credit
From Beijing with Love (1994)

စတီချောင်ရဲ့ ဟာသစုံထောက်ကားလေးကို တက်ဆက်ပေးလိုက်ပါတယ် စတီဗင်ချောင်ဆိုတော့ သူ့ရဲ့ရုပ်တည်ကြီးနဲ့တစ်လွဲလုပ်တာတွေ ပြောတာတွေနဲ့ တစ်ကားလုံးခွီးရမှာပါ

လင်းလင်ချိုင်း(စတီဗင်ချောင်)ဟာ အရည်အချင်းမပြည့်ဝလိုဆိုပြီး စုံထောက်အဖြစ်က ရပ်နာခံရပြီး ဝက်သားရောင်းနေရတာ ၁၀နှစ်ရှိပါပြီ အဲဒီအချိန်မှာအဖိုးမဖြတ်လိုမရတဲ့ ဒိုင်နိုဆောအရိုးခေါင်းဟာ အခိုးခံလိုက်ရတယ် ဒီအမှုကိုလိုက်သမျှစုံထောက်တွေလည်း အကုန်အသတ်ခံလိုက်ရတော့ နောက်ဆုံးမှာ ဝက်သားသည်စုံထောက်ချိုင်းကိုပဲ ဒီအမှုကိုအပ်လိုက်ရပါတော့တယ် ဒီလိုနဲ့ဝက်သားသည်စုံထောက်ချိုင်းတစ်ယောက် သေကံအမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရင်း အရိုးခေါင်းခိုးမှုရဲ့နောက်ကွယ်က သူတွေကိုဘယ်လိုနိမ်နင်းသွားမလဲဆိုတာကို ဟာသတွေနဲ့ခွီးရင်ကြည့်ရှူရမှာပါ

ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MK ဖြစ်ပါတယ်

#Credit
Ghost Game (2006)
===============

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က ကမ္ဘောဒီးယားက တားဆီးနယ်မြေ Case ၁၇ မှာ ဝင်သွားတဲ့လူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးခဲ့ကြပါတယ်
အဲ့နောက်ပိုင်း အဲ့နေရာကို ဘယ်သူမှမသွားရဲတော့ပါဘူး

ဒါကို Reality Show တခုက ဂိမ်းပြိုင်ပွဲတခုလုပ်လိုက်ပါတယ်
အဲ့ဒီနေရာကိုသွားပြီး အကြောက်တရားတွေကိုခံနိုင်သူ နောက်ဆုံးကျန်ရစ်ခဲ့သူက အနိုင်ရသူဖြစ်ပြီး ဆုငွေ ၅ သန်းရမှာဖြစ်ပါတယ်

ယှဉ်ပြိုင်သူအားလုံး ၁၁ ယောက်ရှိပြီး သူတို့တွေ ဘယ်လိုရုန်းကန်ကြမှာလဲ
အဲ့ထဲမှာရော ဘယ်လောက်တောင်ခြောက်ခြားစရာကောင်းနေမလဲ ဇာတ်ကားထဲမှာကြည့်ရှုရအောင်နော် ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )

#Credit
House of Hummingbird (2018)

ဒီရုပ်ရှင်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ တံတားပြိုကျမှု အဖြစ်အပျက်တစ်ခုကို အကြောင်းပြုပြီးရိုက်ကူးတဲ့ စိတ်ကူးယဉ်နဲ့ ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။


ဒါရိုက်တာ Kim Bora ငယ်စဉ်ကကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုအခြေပြုရိုက်ကူးထားပြီး ဆယ်ကျော်သက်ရွယ်
ကောင်မလေးတစ်ယောက်ရဲ့ မမျှော်လင့်ပဲ ကြုံတွေ့လိုက်ရတဲ့ ဘေးဒုက္ခတွေရယ် သူ့ရဲ့ အချစ်နဲ့ ဘဝအတွက် ရှာဖွေမှုတွေကို ခံစားကြည့်ရှူရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။

#Credit
Pieta 2012

IMDB – 7.2
ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။
Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chit The ပဲ ဖြစ်ပါတယ်)

#Credit
The Young Master (1980)

ဒီတစ်ခါတော့ ဟောင်ကောင် ခုန်ဆွ ခုန်ဆွ တရုတ်သရဲကားတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီကပဲ ၁၉၈၀ မှာ ရိုက်ထားတဲ့ Jackie Chan ရဲ့ ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ… ရှေးဟောင်းကားဆိုပေမဲ့ IMDb rating က 7.1/10 ‌ထိတောင် ရရှိထားပါသေးတယ်။ Martial သိုင်းကားတစ်ခုအတွက်ဆိုရင် အတော်ကို မြင့်တဲ့ အမှတ်မျိုးပါဗျာ။ နောက်ပိုင်းမှာ နာမည်ကြီးလာကြတဲ့ လူတွေအတော်များများလည်း ဇာတ်ပို့ အနေနဲ့ ပါဝင်ထားကြပါသေးတယ်ဗျ။ ဇာတ်အိမ်‌အကြမ်းဖျင်းပြောရရင်တော့ တရုတ်ခြင်္သေ့ အက ပြိုင်ရင်း ရှုံးသွားတဲ့အခါ ဆရာတစ်ယောက်ဟာ နောက်ကွယ်မှာ ဘယ်လို လုပ်လို့ ရှုံးသွားရတယ်ဆိုတာကို သိသွားပြီး သူငယ်ငယ်တည်းက မွေးစားထားခဲ့တဲ့ ချစ်တပည့်ကြီးတစ်ယောက်ကို နှင်ထုတ်လိုက်ပါတယ်။ ဒါကြောင့်မို့ အစ်ကိုကြီးနဲ့ အတူတူကြီးပြင်းလာရတဲ့ ကောင်လေးက သူ့မွေးစားအစ်ကိုကြီးကို ရှာဖို့ ဆရာ့ကို ကတိပေးပြီး ရှာပုံတော်ထွက်ဖြစ်ရင်း အခွီး အပြောင် ဇာတ်လမ်း ဇာတ်အိမ်တွေ နဲ့အတူ တကယ်ကို အခုခေတ် သိုင်းတွေလို လေထဲက ချနေတာမျိုးမဟုတ်တဲ့ ကွန်ဖူးသိုင်း ချတာတွေကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

#Credit
Missing You (2016)

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့၂၀၁၆ က ထွက်ခဲ့တဲ့ Missing You ဆိုတဲ့ကားပါဒီကားကတော့ Mo Hong-jin ရေးသားရိုက်ကူးထားတဲ့
တောင်ကိုရီးယားလက်စားချေတဲ့ကားလေးပါ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ တောင်ကိုရီးယားမှာ ထုတ်လွှင့်ခဲ့ပါတယ်Hee-ju ဆိုတဲ့ကောင်မလေးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့အဖေကိုသတ်သွားခဲ့တဲ့ကွင်းဆက်လူသတ်သမား Ki-bum လွတ်လာမယ့်နေ့ကို စောင့်နေခဲ့ပါတယ်K-bum ဟာ သူ့ပြစ်ဒဏ်ကိုပေးဆပ်ပြီးနောက်မှာ ထောင်ကလွတ်လာခဲ့ပါတယ်Dae-young ဆိုတဲ့စုံထောက်ကလည်း ထောင်ထွက်ကို သံသယရှိနေဆဲဖြစ်တဲ့အတွက်သူ့ကို အနီးကပ်စောင့်ကြည့်ပါတယ်သူ့ရဲ့လွတ်မြောက်မှုကို စောင့်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရယ်လူသတ်သမားရဲ့လွတ်မြောက်မှုကို စောင့်ကြည့်နေတဲ့ စုံထောက်တစ်ယောက်ရယ်ဖြစ်ရပ်ဆန်းကိုဖြစ်နေသေးတဲ့တစုံတခုကိုစောင့်နေတဲ့ မိန်းကလေးငယ်တစ်ယောက်ရယ်သူတို့ ၃ ယောက်ဟာ ရှုပ်ထွေးတဲ့ပတ်သက်ဆက်နွယ်မှုတွေ ရှိနေခဲ့ပါတယ်ဇာတ်လမ်းလေးက လျှို့ဝှက်စွာနဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ပေါင်းများစွာကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာမို့Thriller ချစ်ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ..


#Credit
Sarileru Neekevvaru [2020]
======================

ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။

စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။

မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။

ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။

ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။

ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။

ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။

#Credit
My Paparotti (2013)

ဒီကား လေးက တော့ အရမ်းကို ကြည့်လို ကောင်းတဲ့ ဇာတ်ကား လေးတကားပါ မင်းသားကို အဓိထားရိုက်ကူးထားတဲ့ ကား လေး ပေါ့ နော်

လီဂျန်းဟိုဟာ အထက်တန်း ကျောင်းသား တစ် ယောက်ဖြစ်ပြီး လူမိုက်တစ် ယောက်လည်း ဖြစ်ပါတယ်  ကျောင်း ပေါင်းများစွာ ပြောင်းလာရင်း  နောက်ဆုံးမှာ တော့ ဂင်ချမ်းအနုပညာအထက်ဝန်း ကျောင်းကို  ရောက်လာခဲ့ပါတယ်

ဂီတဆရာဖြစ်တဲ့ဆရာနာနဲ့ တွေ့ဆုံခဲ့ပါတယ်
သူဟာ ဂျန်းဟိုကို စာသင် ပေးချင်စိတ်မရှိပါဘူး။ဒါ ပေမယ့် တစ်ရက်မှာ တော့ သူ့သီချင်းဆိုသံကို ကြားရင်း စာသင် ပေးဖို ဖြစ်သွားပါ တော့တယ်။လီဂျန်းဟိုက အမတန်အသံ ကောင်းသူဖြစ်ရက်နဲ့ ဘာဖြစ်လို လူမိုက်ဖြစ်လာရတာလဲ။

ဆရာနာက ကော ဘာလို စာသင် ပေးဖြစ်သွားရတာလဲ လူမိုက်ဘဝက နေ အဆို တော်ဘဝကို ရော   ဂျန်းဟိုက  ပြောင်းလဲနိုင်ပါ့မလား….

ဒီဇာတ်လမ်း လေးက တော့ ဆရာတပည့်ကြားက အချစ်နဲ့ လူမိုက် တွေရဲ့ဘဝကို  ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်
Watching (2019)

2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်…
ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ …
သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ …
သူမရဲ့ အလုပ်ပြန်ချိန်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် …
သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် …

ဒါပေမယ့် သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်…သူကတော့ သူမတို့ Company အဆောက်အဦး ကားပါကင်ကဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ ရှိပြီးမမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်…
စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်…
ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့….
The King Of Arms (2019)

နယ်စပ်ဂိတ်မှာ မှောင်ခိုဆေးခြောက်ကုန်သွယ်တဲ့အဖွဲ့က စပြောရမယ်ကားတွေနဲ့ နည်းမျိုးစုံ မှောင်ခိုသွင်းပြီး ရောင်းဝယ်နေတဲ့ ဖျံတချို့ကိုရဲတွေ ဘယ်လို ကြိုးစားပြီး ဖမ်းခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ…ပြည်သူ့ဝန်ထမ်းကောင်း ဆိုတာကို သိချင်သူတိုင်း ကြည့်သင့်တဲ့ ကားကောင်းလေးပါ

#Credit
Alienoid : Return to the Future (2024)

Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့
ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီ
ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့
ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို
အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့
ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင်
Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့
Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်
အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။
#Crd_Review
Alienoid 2022 Mmsub

Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ
ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်
သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့
ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့
ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ
တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော
အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲ
အားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ– Reply 1988 ထဲက Ryu JunYeol
– Our Blues ထဲက Kim Woo Bin
– 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri နဲ့
– ဘတ်ချောအွန်းလို့ မြန်မာမှာ လူသိများတဲ့ မင်းသားကြီး So Ji Sub တို့ပါဝင်ထားလို့အာရုံအစိုက်ခံရဆုံးဇာတ်လမ်းပါပဲအညွှန်း ကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။
#crd_review
Crazy Tsunami 2021

မိချောင်းကား
Media is too big
VIEW IN TELEGRAM
Crazy Tsunami 2021

မိချောင်းကား
BONUS   200%

3️⃣0️⃣0️⃣0️⃣  သွင်း 6️⃣0️⃣0️⃣0️⃣

5️⃣0️⃣0️⃣0️⃣  သွင်း  1️⃣0️⃣0️⃣0️⃣0️⃣

ရှမ်းကိုးမီး ကစားမလား ? စလော့ ကစားမလား ?
ကြိုက်နှစ်သက်ရာဂိမ်းကို ကစား 200% မန်ဘာသစ်ဘောနပ်စ် အပြင်

ရှမ်းနေ့စဉ်ဘောနပ်စ် 20%

ရှမ်းကိုးမီးတစ်နေ့တာ ရှုံးကြေး 5%

စလော့နေ့စဉ်ဘောနပ်စ် 30%

စလော့ တစ်ပတ်တာရှုံးကြေး  10%

သူငယ်ချင်းမိတ်ဆက်ဘောနပ် 2000

Telegram>> https://t.me/m9bossi

Viber>>https://msng.link/o?959883223355=vi

Website>>https://heylink.me/bossii/

Facebook link>>https://www.facebook.com/m9bossi

☎️09-883-223-355

( သွင်းငွေ အနည်းဆုံး ၁,၀၀၀ကျပ်)

⚠️* 1 ယူနစ် 1 ကျပ်*

ငွေသွင်း/ငွေထုတ် တိကျမှန်ကန် မြန်ဆန်တဲ့ အေးဂျင့်လေး ရှာနေရင်တော့ အခုမှ လှမ်းခဲ့တော့နော်🥰

နှစ်ခါမရနိုင်တဲ့ဘောနပ်လေးဖြစ်တာမို့ Bossi ကကြိုဆိုပါတယ်ရှင့်⭐️