Movie Channel (ရသစုံ)
46.5K subscribers
718 photos
709 links
Action, Comedy ,Drama , Horror
Download Telegram
Bridge of Spies (20/15)


📱IMDb Rating ___7.6/10, Rotten ___91%

ဒီရုပ်ရှင်ရဲ့ အမည်ကတော့ အနောက်ဘာလင်နဲ့ အရှေ့ဂျာမဏီတို့အကြား နယ်စပ်ဒေသမှာ တည်ဆောက်ထားတဲ့ Glienicke Bridge ကို ညွှန်းဆိုတာပါ။ ထိုတံတားကို “Bridge of Spies” လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ စစ်အေးကာလမှာ ဖမ်းဆီးခံသူလျှိုတွေကို အဲဒီတံတားပေါ်ဝယ် အကြိမ်ပေါင်းများစွာ လဲလှယ်ခဲ့ကြလို့ပါတဲ့။

ဒီရုပ်ရှင်ဇာတ်ကားက အဲဒီတံတားကြီးရဲ့ ပထမဦးဆုံးသော အမေရိကန်-ရုရှား သူလျှိုလဲလှယ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးပြီး Tom Hanks နဲ့ Mark Rylance တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။

Academy Award ၆ ခု လျာထားခံရပြီး Rylance က Best Supporting Actor ဆုကိုရရှိခဲ့ပါသေးတယ်။

ဇာတ်လမ်းအကျဉ်း .....

၁၉၅၇ ခုနှစ်မှာ ရူဒေါ့ဖ် အေဘယ်ကို ဆိုဗီယက်သူလျှို ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ နယူးယောက်မြို့မှာ ဖမ်းဆီးလိုက်တယ်။ အေဘယ်ရဲ့ ဥပဒေအကြံပေးနေရာအတွက် နယူးယောက်ရှေ့နေအဖွဲ့က တာဝန်ပေးအပ်လိုက်သူကတော့ ဂျိမ်းစ် ဘီ ဒိုနိုဗန်ဆိုတဲ့ အာမခံရှေ့နေတစ်ဦးဖြစ်တယ်။

“ကျွန်တော်က အာမခံရှေ့နေလေ၊ ကျွန်တော် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ရှေ့နေမလိုက်တာ နှစ်နဲ့ချီနေပြီ၊ ဘာလို့ ကျွန်တော့်ကို တာဝန်ပေးတာလဲ ... ဪ ကျွန်တော်က ဆိုဗီယက်စပိုင်ကို ကာကွယ်ပေးပါတယ်ဆိုပြီး လူမုန်းခံရမယ့်အပြင် အမှုကိုကလည်း အရှုံးခံပေးရဦးမှာတဲ့လား”

ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ဒိုနိုဗန်ဟာ အေဘယ်ကို ခင်ဗျားကသူလျှိုလားဆိုတဲ့ မေးခွန်းကို တစ်ချက်ကလေးတောင် မမေးဘဲ ကာကွယ်ရေးရှေ့နေ ဖြစ်လာတဲ့ သူ့အလုပ်ကို သူတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့တယ်။ အေဘယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ ရရှိအောင် ကြိုးပမ်းပေးခဲ့တယ်။

တစ်နိုင်ငံလုံးက ကွန်မြူနစ်ကောင်ကို ကာကွယ်ပေးတဲ့ ရှေ့နေဆိုပြီး ဝိုင်းတိုက်ခိုက်ကြ၊ အိမ်အထိ လာရောက်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်တာတောင် သူ့အမှုသည် သေဒဏ်မကျသင့်စေရေး အစွမ်းကုန် ကြိုးစားပြီး အထက်လွှတ်တော်တရားရုံးအထိ အယူခံဝင်ပေးခဲ့တယ်။

ဒီလိုနဲ့ ၁၉၆၀ ပြည့်နှစ်ရောက်လာပြီး သတင်းတွေထဲမှာ အမေရိကန်သမ္မတက ကြေညာချက်တစ်ခု ထုတ်ပြန်တယ်။ နာဆာရဲ့ မိုးလေဝသလေယာဉ်တစ်စီး လမ်းကြောင်းလွဲပြီး ဆိုဗီယက်ပိုင်နက် ဟိုးအတွင်းထဲမှာ ပျက်ကျသွားတယ်။ လေယာဉ်နဲ့ လေယာဉ်မှူးကို ပြန်တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေတွေက ရှုပ်ထွေးလာပါပြီတဲ့။

သိပ်မကြာပါဘူး ... ရှေ့နေ ဒိုနိုဗန်ဆီကို စာတစ်စောင်ရောက်လာတယ် ... အမေရိကန်လေယာဉ်မှူးနဲ့ ဆိုဗီယက်သူလျှိုကြီးကို လဲလှယ်ဖို့အတွက် စိတ်ဝင်စားပါတယ်တဲ့။ ဒီတော့ ဒိုနိုဗန်လည်း ဘာလင်တံတိုင်းတည်ဆောက်နေတဲ့ကာလကြီးမှာ ဘာလင်မြို့ကို ချီတက်လာရတော့တယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3409
Please open Telegram to view this post
VIEW IN TELEGRAM
Avatar: Fire and Ash (20/25) အကြည်ဗားရှင်း


📱IMDb Rating ___7.4/10, Rotten ___66%

ဒီဇာတ်ကားကတော့ Avatar: The Way of Water အပြီး မကြာမီကာလကို အခြေခံထားပါတယ်။

Jake Sully နဲ့ Neytiri တို့ဟာ သားကြီး Neteyam ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ရင်ဆိုင်ရင်း ကျန်ရစ်သူမိသားစုဝင်တွေဖြစ်တဲ့ Lo’ak, Tuk, Kiri နဲ့ မွေးစားသား Spider တို့အတွက် ပန်ဒိုရာကမ္ဘာမှာ ဘဝသစ်ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။

ဒီအပိုင်းရဲ့ ရန်သူသစ်တွေကတော့ Ash Peopleလို့ခေါ်တဲ့ နာဗီမျိုးနွယ်စုသစ်တွေ ပေါ်ထွက်လာခြင်းပါပဲ။ သူတို့ဟာ မီးတောင်ဒေသမှာ နေထိုင်ကြပြီး၊ Eywa (မယ်တော်ကြီး) ရဲ့ စွန့်ပစ်ခြင်းခံထားရတယ်လို့ ခံယူထားကြသူတွေပါ။

ဒါကြောင့် သာမန် နာဗီတွေလို ငြိမ်းချမ်းမနေဘဲ အကြမ်းဖက်တယ် လုယက်ကြတယ်။ သူတို့ရဲ့ ခေါင်းဆောင် Varang ကတော့ ဒီပဋိပက္ခတွေရဲ့ အဓိက ခေါင်းဆောင်ပါပဲ။

ဒါ့အပြင် လူသားစစ်တပ် (RDA) တွေဟာ အဖိုးတန် Amrita ကို ရယူဖို့အတွက် Tulkun (ဝေလငါးကြီးများ) တွေကို အမဲလိုက်ဖို့ ပြန်ရောက်လာကြပါတယ်။ ဒီတစ်ခါမှာတော့ Jake Sully တို့ဟာ လူသားရန်သူတွေအပြင်၊ ကိုယ့်မျိုးနွယ်တူ နာဗီအချင်းချင်း (Ash People) ရဲ့ ရန်ကိုပါ နှစ်ဖက်ညှပ်ပြီး ရင်ဆိုင်ရတော့မှာပါ။

မွေးစားသမီး Kiri ရဲ့ စွမ်းအားတွေလည်း ပိုမိုကြီးထွားလာပြီး၊ Eywa ရဲ့ ဝိညာဉ်ကမ္ဘာနဲ့ ဆက်သွယ်နိုင်သွားပြီး ပန်ဒိုရာကမ္ဘာကြီးကို ကယ်တင်မယ့် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အဆုံးအဖြတ်ကို ပြောင်းလဲပေးနိုင်မယ့်သူ တစ်ယောက်ဖြစ်လာပါပြီ။

Jake နဲ့ Quaritch တို့ရဲ့ အားပြိုင်မှု၊ Spider နဲ့ သူ့အဖေအရင်း (Quaritch) ကြားက သံယောဇဉ်နဲ့ ပဋိပက္ခ၊ Ash People တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြားမှာ Sully မိသားစုတစ်ခုလုံး ဘယ်လို ရုန်းကန်ကြမလဲဆိုတာကို မြင်တွေ့ရမှာပါ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+SWV9NcxJsmFhNmM1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2908105167/769
Please open Telegram to view this post
VIEW IN TELEGRAM
3
Even If This Love Disappears Tonight (20/25)


📱IMDb Rating ____7.3/10

The Trauma Code: Heroes on Call ထဲက ဆရာဝန်လေး Choo Young Woo နဲ့ Resident Playbook ထဲက ဆရာဝန်မလေး Shin Sia တို့ရဲ့ ရုံတင် Melo Movie လေး ထွက်ရှိလို့လာပါပြီ။
၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူ ဂျပန်ရုပ်ရှင်ကို remake ပြန်လည် ရိုက်ကူးထားခြင်းဖြစ်ပြီး
ကိုးရီးယားဗားရှင်းလေးနဲ့လည်း ထပ်ငိုချင်လှပါချည်ရဲ့ ဆိုသူများအတွက်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်း ......

အနိုင်ကျင့်ခံနေရတဲ့ သူငယ်ချင်းကို ကူညီဖို့အတွက် အထက်တန်းကျောင်းသားလေး ဂင်ဂျယ်ဝန်း (Choo Young Woo) ဟာ ကျောင်းမှာ အရမ်းနာမည်ကြီးတဲ့ မိန်းကလေး ဟန်ဆောယွန်း (Shin Sia) ကို လူကြားထဲမှာ ဖွင့်ပြောရာကနေ မထင်မှတ်ဘဲ တွဲဖြစ်သွားကြပါတယ်။

ဒီလိုနဲ့ ဂျယ်ဝန်းတစ်ယောက် ဆောယွန်းနဲ့ တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါ ဆောယွန်းဆီမှာ ဝမ်းနည်းဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို သိလိုက်ရပါတော့တယ်။

အဲဒါကတော့ ဆောယွန်းက အိပ်ပျော်သွားပြီး ပြန်နိုးလာတိုင်း အိပ်မပျော်ခင်က မှတ်ဉာဏ်တွေ အကုန်လုံးကို မေ့သွားတဲ့ရောဂါကို ခံစားနေရတယ်ဆိုတာပါပဲ။

ဒါကြောင့်လည်း ဆောယွန်းဟာ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ဒိုင်ယာရီထဲမှာ ချရေးထားပြီး နောက်တစ်နေ့မနက်မှာ ပြန်ဖတ်ရင်း ဘဝကို ဖြတ်သန်းနေရသူပါ။

ဂျယ်ဝန်းတစ်ယောက် ဆောယွန်းရဲ့ ပျောက်ဆုံးသွားမဲ့ မှတ်ဉာဏ်‌တွေထဲမှာ ပျော်ရွှင်စရာတွေပဲ ဖြည့်စွက်ပေးနိုင်ဖို့ ကြိုးစားတဲ့အခါမှာတော့... တကယ်ပဲ ချစ်ခဲ့တဲ့ အမှတ်တရတွေ ပျောက်ကွယ်သွားရင် ချစ်ခဲ့တဲ့ ခံစားချက်တွေပါ ပျောက်ကွယ်သွားမှာလား...

ဒီနေ့ညမှာ ကမ္ဘာပေါ်ကနေ ဒီအချစ်က ပျောက်ကွယ်သွားရင်တောင် မနက်ဖြန်မှာ သူတို့နှစ်ဦးကြား အချစ်က တစ်ဖန် ဖြစ်တည်လာနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3411
Please open Telegram to view this post
VIEW IN TELEGRAM
Interstellar (20/14)


📱IMDb Rating ___8.7/10, Rotten ___73%

2014 Novemberမှာ ထွက်ရှိခဲ့ပြီး…
IMDb Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…

ဒါရိုက်တာကလည်း Christopher Nolan ဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး Visual Effectsy ပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆု နဲ့ ဆန်ကာတင် ၁၄၄ဆု စာရင်းဝင်ခဲ့ပါတယ် 2014ရဲ့ အကောင်းဆုံး ၁၀ကားထဲမှာစာရင်းဝင်ခဲ့ပါသေးတယ်

ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့ 21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက်
နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်

၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…

ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်းကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…

ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်။


➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3415
Please open Telegram to view this post
VIEW IN TELEGRAM
2
The Night Manager (20/26)

Season Two

📱IMDb Rating ___7.6/10, Rotten ___97%

လိုကီမင်းသားကြီး နဲ့ ဒေါက်တာဟောက်စ်မင်းသားကြီးတို ပါတဲ့

စုံထောက်စပိုင် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+WVnaF_Lwj6s5OTQ9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2378106681/681
Please open Telegram to view this post
VIEW IN TELEGRAM
1
The Man from Nowhere (20/10)


📱IMDb Rating ___7.7/10, Rotten ___100%

ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ် ရပ်တည်ခဲ့သလို၊ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။

ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။

ဇာတ်လမ်းအကျဥ်း .....

မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုး သူခိုးမလေး။

သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။

ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်။

ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲ ဆိုတာကိုတော့ The Man From Nowhere လေးကို ကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3417
Please open Telegram to view this post
VIEW IN TELEGRAM
1
Jarhead (20/05) မြန်မာစာတန်းထိုး


📱IMDb Rating ___7.0/10, Rotten ___60%

ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေစပြထားတယ်

စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကိုအသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် ..

သရုပ်ဆောင်တွေကလည်းနာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်…

စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ ..

ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကိုလှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ ..

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3421
Please open Telegram to view this post
VIEW IN TELEGRAM
2
Hwang Jin Yi (20/07)


📱IMDb Rating ___6.3/10, Rotten ___56%

မျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်

အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ…

မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့် သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူး

တစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်…

အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်

တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ…

သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်…။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3423
Please open Telegram to view this post
VIEW IN TELEGRAM
1
Bloodhounds (20/23)


📱IMDb Rating ___8.1/10, Rotten ___89%

နာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့ တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်နော်။

ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ။

လက်ဝှေ့ပြိုင်ပွဲတွေ ထိုးရင်း သူနဲ့ အသက်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်း အမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့ သူငယ်ချင်း ဖြစ်ခဲ့ကြပါတယ်။

ဂွန်းဝူရဲ့အမေဟာ ငွေကြေး မပြေလည်တာကြောင့် တရားမဝင် ငွေတိုးချေးစားတဲ့ လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိပြီး နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါ

သားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ် တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်။

နာမည်ကြီးသရုပ်ဆောင်တွေချည်းပဲ ဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ယခုဝင်ကြည့်လိုက်ရအောင်နော်

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+WVnaF_Lwj6s5OTQ9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2378106681/688
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Zillion M9_Asia 🎰
😆🙃🤓🥹😞😙😎😅☺️🙂🤩🙂

😃😃😃😃😃😃🤩🤩🤩🤩🤩

ရှမ်းကိုးမီး, ဘူကြီး, စလော့, ငါးပစ်, Live ကာစီနို တိုကို အကန့်အသက်မရှိ စိတ်ကြိုက် ဆော့ကစားချင်တဲ့ လူကြီးမင်းတို အတွက်

💵 ငွေကြေးခိုင်မာပြီး 24နာရီ အချိန်ပြည့် ချိုသာတဲ့ ဝန်ဆောင်မှုတွေနဲ့ 💯 စိတ်ချယုံကြည်စွာ ကစားလိုရတဲ့

🚨❗️❗️❗️❗️❗️❗️❗️🚨

ဂိမ်းဆိုဒ်ကြီးရှိပါတယ်ရှင့် 💞


😀(စလော့) မန်ဘာသစ်ဘောနပ် 200%

😀(ရှမ်း) မန်ဘာသစ်ဘောနပ် 100%

😀ရှုံးကြေးဘောနပ် 10%

😀နေ့စဥ်ဘောနပ် 10%


#ZILLIONM9Asia ဂိမ်းဆိုဒ်ကြီး

စိတ်ဝင်စားလို့ 💥 ကစားချင်ရင် အခုပဲ 👋 ဆက်သွယ်လိုက်ပါရှင့်


❤️✍️🧎📎


💬Viber =>
https://msng.link/o?959424110334=vi

✈️Telegram => @Zillion_M9Asia

✈️ Channel Link => https://t.me/ZillionM9_Asia

💵 စိတ်ကြိုက် ငွေသွင်း /ငွေထုတ်
(၂၄ နာရီဝန်ဆောင်မှု)


#slotgame
#casino
#jackpot
#Shankoemee
Please open Telegram to view this post
VIEW IN TELEGRAM
2👍1🤩1
No Other Choice (20/25)


📱IMDb Rating ___7.6/10, Rotten ___97%

ဒီတစ်ခေါက်မှာတော့  ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့  IMDb 7.9/10 အထိ ရရှိထားပြီး ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းယူနေတဲ့ ရုပ်ရှင်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။

Donald E. Westlake ရဲ့ နာမည်ကြီး Mystery, Thriller ဝတ္ထုဖြစ်တဲ့ "The Ax" ဝတ္ထုကိုအခြေခံရိုက်ထားတဲ့ ဒီကားလေးကိုတော့ Old Boy၊ The Handmaiden စတဲ့ နာမည်ကြီးလက်ရာများကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Park Chan Wook က ရိုက်ကူးထားပြီး

Cast တွေအနေနဲ့လည်း ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြတဲ့ Lee Byung-Hun၊ Son Ye-Jin၊ Cha Seung-Won တို့အပြင် Park Hee-Soon၊ Lee Sung-Min၊ Yum Hye-Ran စတဲ့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း .....

ဂရုစိုက်တဲ့ဇနီးသည်၊ ကလေးနှစ်ယောက်၊ ခွေးနှစ်ကောင်နဲ့ ခက်ခက်ခဲခဲ ဝယ်ခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံးမှာ ဘဝကိုပျော်ပျော်ရွှင်ရွှင်  ဖြတ်သန်းနေတဲ့ ယူမန်ဆူ (Lee Byung-Hun) ရဲ့ ဘဝဟာ ၂၅ နှစ်ကျော် အလုပ်လုပ်လာခဲ့တဲ့ စက္ကူကုမ္ပဏီကနေ ရုတ်တရက် အလုပ်ပြုတ်သွားပြီးနောက်မှာတော့ ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။

အချိန်အတော်ကြာ အလုပ်ပြန်မဝင်နိုင်တာကြောင့် ငယ်ဘဝရဲ့အမှတ်တရတွေရှိနေတဲ့ အိမ်ကိုလည်းရောင်းရတော့မလို အခြေအနေဖြစ်သွားပြီး

မိသားစုဝင်တွေကိုလည်း ကျွေးမွေးဖို့တာဝန်ရှိတဲ့ မန်ဆူတစ်ယောက် အလုပ်ပြန်ရဖို့ရန်အတွက် အနှောက်အယှက်တစ်ခုလိုဖြစ်နေတဲ့ လူတွေကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်မှာတော့.....

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3427
Please open Telegram to view this post
VIEW IN TELEGRAM
1
True Lies (19/94)


📱IMDb Rating ___7.3/10, Rotten ___77%

Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ်၊ သမီးလေး Dana ရဲ့ ချစ်ဖေဖေ၊ ဝါရှင်တန်ဒီစီရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး ။

ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ။

အမှန်ကတော့ Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ။

Harry ဟာ အေးဂျင့်တစ်ဦး ဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်။

ဒါကို ရိပ်မိတဲ့ Harry က ဇနီးနဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်။

ဇနီး အပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာတစ်ခု ပေါ်လာပါတော့တယ်။

Abu Aziz ဆိုတဲ့ အကြမ်းဖက်သမားဟာ Crimson Jihad လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ US ကို သူတို့ လိုချင်တာ မပေးရင် အန္တရာယ်ပြုမယ်ဆိုပြီး ချိန်းခြောက်လာပါတော့တယ်။

ပြသနာအားလုံးကို အာနိုးကြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ခံစားကြပါဦး။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3431
Please open Telegram to view this post
VIEW IN TELEGRAM
"တစ်နေ့တာ ပင်ပန်းသမျှတွေကို ဒီဇာတ်ကားလေးကြည့်ပြီး အနားယူလိုက်ပါ "


Baby’s Day Out (19/94)

၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..

Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။

ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ

Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။

Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။

ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်….

အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3433
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Zillion M9_Asia 🎰
😆🙃🤓🥹😞😙😎😅☺️🙂🤩🙂

😃😃😃😃😃😃🤩🤩🤩🤩🤩

ရှမ်းကိုးမီး, ဘူကြီး, စလော့, ငါးပစ်, Live ကာစီနို တို့ကို အကန့်အသက်မရှိ "စိတ်ကြိုက်သွင်း၊ စိတ်ကြိုက်ထုတ်" စိတ်ကြိုက် ဆော့ကစားချင်တဲ့ လူကြီးမင်းတို့ အတွက်

💵 ငွေကြေးခိုင်မာပြီး 24နာရီ အချိန်ပြည့် ချိုသာတဲ့ ဝန်ဆောင်မှုတွေနဲ့ 💯 စိတ်ချယုံကြည်စွာ ကစားလို့ရတဲ့

🚨❗️❗️❗️❗️❗️❗️❗️🚨

ဂိမ်းဆိုဒ်ကြီးက အသင့်ရှိနေတာမို့လို့ အခုပဲ အကောင့်ဖွင့်ပြီး 💵အနိုင်ငွေတိုးပွား လိုက်တော့နော် 💞

😀(စလော့) မန်ဘာသစ်ဘောနပ် 200%

😀(ရှမ်း) မန်ဘာသစ်ဘောနပ် 100%

😀ရှုံးကြေးဘောနပ် 10%

😀နေ့စဥ်ဘောနပ် 10%


#ZILLIONM9Asia ဂိမ်းဆိုဒ်

❤️✍️🧎📎


💬Viber =>
https://msng.link/o?959424110334=vi

✈️Telegram => @Zillion_M9Asia

✈️ Channel Link => https://t.me/ZillionM9_Asia

💵 စိတ်ကြိုက် ငွေသွင်း /ငွေထုတ်
(၂၄ နာရီဝန်ဆောင်မှု)


#slotgame
#casino
#jackpot
#Shankoemee
Please open Telegram to view this post
VIEW IN TELEGRAM
1
Bloodhounds S2 (20/26)


အပိုင်းသစ် (1 မှ 7) စ/ဆုံး

အကြမ်းစား လက်သီးထိုးချက်တွေနဲ့ အရမ်းကို လူကြိုက်များခဲ့တဲ့ "Bloodhounds" စီးရီးလေးကတော့ အခုတစ်ခေါက်မှာ Season 2 နဲ့အတူ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

Season 1 က Main Cast တွေ ဖြစ်ကြတဲ့ မင်းသား Woo Do-Hwan နဲ့ Lee Sang-Yi တို့ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး

အဆိုတော်မင်းသားကြီး Rain ကလည်း ဗီလိန်အဖြစ် အားဖြည့်ထားပါတယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+WVnaF_Lwj6s5OTQ9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2378106681/698
Please open Telegram to view this post
VIEW IN TELEGRAM
3
Criminal (20/16)


📱IMDb Rating ___6.3/10

မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။

ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ…

ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်….

အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်….။

အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီး အောင်မြင်သွားမလား… ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား….

လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။

Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်…

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3439
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Zillion M9_Asia 🎰
😆🙃🤓🥹😞😙😎😅☺️🙂🤩🙂

😃😃😃😃😃😃🤩🤩🤩🤩🤩

ရှမ်းကိုးမီး, ဘူကြီး, စလော့, ငါးပစ်, Live ကာစီနို တိုကို အကန့်အသက်မရှိ စိတ်ကြိုက် ဆော့ကစားချင်တဲ့ လူကြီးမင်းတို အတွက်

💵 ငွေကြေးခိုင်မာပြီး 24နာရီ အချိန်ပြည့် ချိုသာတဲ့ ဝန်ဆောင်မှုတွေနဲ့ 💯 စိတ်ချယုံကြည်စွာ ကစားလိုရတဲ့

🚨❗️❗️❗️❗️❗️❗️❗️🚨

ဂိမ်းဆိုဒ်ကြီးရှိပါတယ်ရှင့် 💞


😀(စလော့) မန်ဘာသစ်ဘောနပ် 200%

😀(ရှမ်း) မန်ဘာသစ်ဘောနပ် 100%

😀ရှုံးကြေးဘောနပ် 10%

😀နေ့စဥ်ဘောနပ် 10%


#ZILLIONM9Asia ဂိမ်းဆိုဒ်ကြီး

စိတ်ဝင်စားလို့ 💥 ကစားချင်ရင် အခုပဲ 👋 ဆက်သွယ်လိုက်ပါရှင့်


❤️✍️🧎📎


💬Viber =>
https://msng.link/o?959424110334=vi

✈️Telegram => @Zillion_M9Asia

✈️ Channel Link => https://t.me/ZillionM9_Asia

💵 စိတ်ကြိုက် ငွေသွင်း /ငွေထုတ်
(၂၄ နာရီဝန်ဆောင်မှု)


#slotgame
#casino
#jackpot
#Shankoemee
Please open Telegram to view this post
VIEW IN TELEGRAM
1👍1🤩1
The Man Inside Me (20/19)


ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဝက်ဝက်ကွဲ ရယ်ရတဲ့ "The Dude in Me" ဆိုတဲ့ Action, Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။

ပရိသတ်တို့နဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီး Park Sung-Woong, B1A4 က အချောလေး Jin Young, မင်းသမီးကြီး Ra Mi-Ran နဲ့ Lee Soo-Min တို့ အဓိက ပါဝင်ထားပြီး တခြားသရုပ်ဆောင်များလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပါတယ်။

ဇာတ်လမ်းလေးကတော့ ..

ဂျန်ဖန်းဆူ (Park Sung-Woong) ဆိုတာက နာမည်ကြားရုံနဲ့ လူမိုက်လောကမှာ ဒူးတုန်ရတဲ့အထိ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။

တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး .. ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရတဲ့ ဒုံဟျွန်း (Jin Young) ဆိုတဲ့ အဝလွန်ကျောင်းသားလေးနဲ့ ဝိညာဥ်ချင်း လဲသွားပါတော့တယ် ။

ဒီလိုနဲ့ လူမိုက်ဂိုဏ်းစတားကြီးရဲ့ ဝိညာဉ်က စိတ်နုနယ်တဲ့ ကျောင်းသားလေးရဲ့ ကိုယ်ထဲကို ရောက်သွားတဲ့အခါမှာတော့ ..

အဝလွန်နေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချပြီးတဲ့နောက် ကျောင်းမှာ အနိုင်ကျင့်သူတွေကို ပညာပြန်ပေးပုံတွေကို ကြည့်ရတာလည်း အားရကျေနပ်ဖို့ကောင်းပြီး

တစ်ဖက်မှာလည်း ဒုံဟျွန်းရဲ့ အတန်းဖော်ဖြစ်တဲ့ ကျောင်းသူလေး ဟျွန်းဂျောင်းရဲ့ အမေဟာ ဂိုဏ်းစတားကြီးရဲ့ ရည်းစားဟောင်းဖြစ်နေတဲ့အပြင် အဲဒီကျောင်းသူလေးကပါ သူ့သမီးအရင်းဖြစ်နေတဲ့အခါမှာတော့ ..

ဒီကားလေးက အစကနေ အဆုံးထိ ပျင်းစရာတစ်ချက်လေးမှ မရှိအောင် ဟာသတွေ၊ အက်ရှင်တွေနဲ့ ရသစုံစုံပါဝင်တဲ့ကားကောင်းလေး ဖြစ်ပါတယ်။

မိသားစုချစ်ခြင်းတရားနဲ့ မေတ္တာရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေဟာ ငွေထက် ပိုတန်ဖိုးရှိကြောင်းကို ပုံဖော်ပြသထားတာမို့လို့ ကြည့်လို့ တန်တဲ့ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/3443
Please open Telegram to view this post
VIEW IN TELEGRAM
Deadpool 1+2 (2016 - 2018)


📱IMDb Rating ___8.0/10, Rotten ___85%

မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။

ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။

ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာ နားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။

မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့ မွေးလာသလားအောက်မေ့ရပါတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။

ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+SWV9NcxJsmFhNmM1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2908105167/791
Please open Telegram to view this post
VIEW IN TELEGRAM
1