Movie Channel (ရသစုံ)
46.4K subscribers
707 photos
698 links
Action, Comedy ,Drama , Horror
Download Telegram
X-X-X (20/02)


XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ….2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။

X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊

တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်…

ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ…။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3158
Please open Telegram to view this post
VIEW IN TELEGRAM
44🔥1🥰1
XXX: S^ta^te of ^the U^ni^on (20/05)


XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ….2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။

၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။

xXx: State of the Union (2005) ကတော့ xXx ရဲ့ နံပါတ် ၂ ဇာတ်ကားဖြစ်ပြီး X အဖြစ် လူမည်းသရုပ်ဆောင် Ice Cube က သရုပ်ဆောင်ထားပါတယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3162
Please open Telegram to view this post
VIEW IN TELEGRAM
14
The Re^ve^na^nt (20/15)


📱IMDb Rating ___8.0/10, Rotten ___78%

Won 3 Oscars. Another 87 wins & 186 nominations


အော်စကာဆု ရွှေကမ္ဘာလုံးဆုတွေ အပါအဝင် ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ သိမ်းပိုက်ထားတဲ့ ဇာတ်ကားပါ။

ဒီဇာတ်ကားက အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသားကြီး လီယိုနာဒိုရဲ့ အော်စကာ အိမ်မက်ခရီးရှည်ကို ဒီဇာတ်ကားနဲ့အတူအဆုံးသတ်နိုင်ခဲ့သလို၊
မင်းသားလီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်ခဲ့ပါတယ် ။

ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။
မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။

မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ Survival adventure ဇာတ်လမ်းကိုလုံးဝအသက်ဝင်သွားအောင် ချပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။

ဇာတ်ကားကောင်းလို့မပြောပါရစေနဲ့။ ထိပ်တန်းဇာတ်ကားပါ။ ကောင်းတယ်ဆိုတာထက်ကိုလွန်သွားပါပြီ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3173
Please open Telegram to view this post
VIEW IN TELEGRAM
6🔥1
Rise of the Planet of the Apes (20/11)


Rotten Tomatoes 82% နဲ့ IMDb Rating 7.6/10 ရထားတဲ့
ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Andy Serkis နဲ့ James Franco တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။

လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။


➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3185
Please open Telegram to view this post
VIEW IN TELEGRAM
3
Dawn of the Planet of the Apes (20/14)


📱IMDb Rating ___7.6/10, Rotten ___90%

အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ 2000ခုနှစ်နောက်ပိုင်း Planet of the Apes ဇာတ်ကားတွေထဲမှာ အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေလွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီးလူတော်တော်များများ သေကုန်ကြပါတယ်။

Caesar ဦးဆောင်တဲ့ မျောက်တွေကတော့San Francisco မြို့နားကတောထဲမှာအေးအေးဆေးဆေးနေနေ ကြပါတယ်။ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသားMalcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားတာကနေစပြီးဘာတွေဖြစ်လာကြမလဲဆိုတာ…………။
ဒီဇာတ်ကားက အကောင်း ဆုံးအထူးပြုလုပ်ချက်တွေနဲ့ ပုံဖော်တင်ပြထားပါတယ်။

အထူးသဖြင့် လူဝံ ခေါင်းဆောင်Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေးမှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။

နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေးတွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကိုထင်ဟပ်ပြထားပါတယ်။
စစ်ရဲ့ ဆိုးကျိုးနဲ့ သဘောတရားကို လည်းလူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3194
Please open Telegram to view this post
VIEW IN TELEGRAM
3
The Girl with the Dragon Tattoo (20/11)


📱IMDb Rating ___7.8/10, Rotten ___86%

Won 1 Oscar. Another 26 wins & 91
nominations



ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိအုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့
အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်

ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ်ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ်

ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀က ဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာ အဖြေသိရဖို့မီကယ်ဘလွန်းကစ်ကို ငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်

ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီးဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့….

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3209
Please open Telegram to view this post
VIEW IN TELEGRAM
3🥰1
War for the Planet of the Apes (20/17)


📱IMDb Rating ___7.4/10, Rotten ___94%

အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။

မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို အကြင်နာမဲ့ရက်စက်တဲ့ ကာနယ် ကဦးဆောင်တာဖြစ်ပြီး ဆီဇာရဲ့ ဇနီးနဲ့ သားအကြီးဆုံးကို သတ် ဖြတ်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ မိသား စုနဲ့ မျောက်ဝံ မျိုးနွယ်စုကို ကာ ကွယ်ချင်တဲ့ဆီဇာနဲ့ မျောက်ဝံတွေ ကို မုန်းတီးပြီးအမျိုးဖြုတ်သုတ် သင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့ အကြားမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်ပါတော့တယ်။

မျောက်ဝံအဖွဲ့မှာ သစ္စာ ဖောက်သူတွေ ရှိတဲ့အတွက် နောက်ဆုံးမှာ ဆီဇာ အဖမ်းခံခဲ့ရပြီး ရက်စက်တဲ့ကာနယ်က အစာဖြတ်၊ ရေဖြတ်နဲ့ ညှဉ်းပန်းဒုက္ခပေးခဲ့ပေ မယ့်လည်း ကူညီမယ့်သူပေါ် လာ တဲ့အတွက် ဆီဇာတစ်ဖန်ပြန် လွတ်မြောက်ခဲ့ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ ဆီဇာနဲ့ ကာနယ် ထိပ်တိုက် တွေ့ကြတဲ့အခါမှာ တော့ အနာဂတ်ကမ္ဘာမှာ ကျန်ရှိ မယ့် လူသားမျိုးနွယ်စုနဲ့ မျောက်ဝံ မျိုးနွယ်စုတို့ရဲ့ ကံကြမ္မာအတွက် ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာ ရှုစားရမှာပါ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3229
Please open Telegram to view this post
VIEW IN TELEGRAM
2
American Made (20/17)


📱IMDb Rating ___7.1/10,Rotten ____85%

ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်နေရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကကို ကြည့်လိုက်ကြပါလို့ ‌တိုက်တွန်းလိုက်ပါတယ်

ဇာတ်လမ်းကတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး

အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ခိုင်းစေလာခဲ့ပါတယ်

နောက်ပိုင်းမှာ CIA အပြင် Pablo Escobar ရဲ့ မူးယစ်ဂိုဏ်း၊ သူ့မိတ်ဆွေ ရှိတ်ဖာဆီမှ ရုရှားလက်နက်မှောင်ခိုသွင်းလုပ်ငန်းတို့တွင်ပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး
သူရဲ့ အဓိကတာဝန်ကတော့ ကိုကင်း၊ AK-47 သေနတ်၊ လူမှောင်ခိုတို့ကို နယ်စပ်စစ်ဆေးရေးနဲ့ လေတပ်က မမြင်အောင် တစ်နိုင်ငံကနေ တစ်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်ပေးရတာပါ။

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3231
Please open Telegram to view this post
VIEW IN TELEGRAM
2🥰2
Kingdom of the Planet of the Apes (20/24)


 📱IMDb Rating __6.8/10, Rotten ___80%

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာကာလကို ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်း .....

ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက်နေထိုင်နေကြပါပြီ။

နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။

သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။

တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။

ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။

နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။


➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3236
Please open Telegram to view this post
VIEW IN TELEGRAM
4
The Raid (20/11)


📱IMDb Rating __7.6/10, Rotten __87%

အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။

ဇာတ်လမ်းကတော့…အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက်

SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ်

အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ်

အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး

သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်…

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3259
Please open Telegram to view this post
VIEW IN TELEGRAM
6
The Raid 2 (20/14)


📱IMDb Rating ___7.9/10, Rotten ___83%

2011 ကထွက်ထားတဲ့ The Raid: Redemption ရဲ့အဆက်ဖြစ်ပြီး တခြားအဆက်ကားတွေနဲ့မတူ Rating တွေတောင် ပိုလို့ကောင်းလာတဲ့ Sequel ကားဖြစ်ပါတယ်။
အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။

ဇာတ်လမ်းအကျဉ်း .....

လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။
သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့ ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။

သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ အန္တရာယ်ရှိနေပါပြီ။
ရမ့်အနေနဲ့ သူ့ဇနီးနဲ့ မွေးကင်းစအရွယ် သားငယ်ကို ကာကွယ်ဖို့သာ ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါကြောင့် သူဟာ ဒုစရိုက်လောကကို လျှို့ဝှက်ဝင်ရောက်ရ ပါမယ်။

ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ရဲတွေဆီကို ပြိုင်ဆိုင်နေတဲ့ အင်အားစုတွေကို အဆင့်ဆင့် ဝင်ရောက်ရမှာပါ။ ရောက်ပြီဆိုမှ သူတို့ရဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ရမ်ရဲ့ ရှည်လျားတဲ့ ခရီးကြမ်းကြီးကို စတင်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကနေ ကွဲထွက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ယုဒါ့အဖြစ် တာဝန်ပေးအပ်ခံရတယ်။


➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3264
Please open Telegram to view this post
VIEW IN TELEGRAM
3
Shutter Island (20/10)


📱IMDb Rating ___8.1/10, Rotten ___69 %

Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။

ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး ။

အင်ဒရူးနဲ့ ဂျက်တိုသူငယ်ချင်းနှစ်ယောက် ကျွန်းတစ်ကျွန်းကို ခရီးထွက်လာကြပါတယ်

ကျွန်းပေါ်မှာတည်ထားတဲ့ အကျဉ်းထောင်ပေါ်က အကျဉ်းသူတစ်ယောက် ပျောက်ဆုံးသွားမှုကိုစစ်ဆေးဖို အရောက်သွားနေကြတာပေါ့

ကျွန်းပေါ်ရောက်တော့ အကျဉ်းသားတွေအားလုံးဟာ လူနာတွေလိုပဲ..

အမှုအကြောင်းစစ်ဆေးတော့လည်း အားလုံးက မသိဘူး ဆိုတာချည်းပဲ ထွက်လာကြတယ်..

ဒီလိုဆို ထွက်ပေါက်မရှိတဲ့ ဒီအကျဉ်းခန်းက ဒီအကျဉ်းသူမက ဘယ်လိုများ လွတ်မြောက်သွားတာလဲဆိုပြီးတော့ အဖြေကို ရှာမတွေ့ကြပါဘူး

ပြီးတော့ ဒီ အကျဉ်းထောင်ရဲ့ လျိုဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့...


➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3276
Please open Telegram to view this post
VIEW IN TELEGRAM
1
Zombieland (20/09)


📱IMDb Rating __7.6/10, Rotten __89%

Emma Stone တို့လို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ Rating တွေမြင့် Zombie ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်

အဲ့ဒီအချိန်မှာတော့ ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာ သူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ်

တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်

ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်

နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြပြီး မျှော်လင့်ချက်မဲ့နေတဲ့ သူတို့၄ယောက် ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူးလို့ သူတို့ထင်နေခဲ့ကြတဲ့ ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်

ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရဖို့ဖြစ်လာတဲ့အခါ

➡️ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/3303
Please open Telegram to view this post
VIEW IN TELEGRAM
3