K Movies Channel Official
14.2K subscribers
1.03K photos
5 videos
707 links
ကြော်ငြာထည့်သွင်းလိုပါက @kyawmyint00 အကောင့်ဆက်သွယ်နိုင်ပါတယ်
Download Telegram
Damayanthi (2019) မြန်မာစာတန်းထိုး

Drama / Horror
IMDB 9.5 /10

မပြီးဆုံးသေးတဲ့ ရန်ကြွေးနဲ့ အမုန်းတရားအပြည့်နဲ့ ဓမ္မရံသီ...

အမေကိုဆေးကုပေးဖို့အတွက် အိမ်ရောင်းဖို့ လိုအပ်နေတဲ့လူငယ်လေး...

ဒီအိမ်မှာ ဘာပြဿနာမှမရှိကြောင်း ဝယ်သူတွေဘက်ကသေချာစေဖို့ ...

လူတစ်စုကို သုံးရက်တာ အိမ်မှာအစမ်းနေပေးဖို့ ဂိမ်းပွဲတစ်ခုဖန်တီးပြီး လှည့်ဖျားခဲ့တယ်...

ဒီအိမ်မှာ တစ္ဆေရှိနေတဲ့အကြောင်းကို သူတို့မသိကြဘူး...

ဒီတော့ တစ္ဆေကိုသွားနှောက်ယှက်တဲ့လူတစ်စုရယ် ...

ဒေါသတွေကြီးနေတယ် ဝိညာဉ်တစ်ခုရယ်ကြား ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ…

ဒီဝိညာဉ်ကရော ဘာကြောင့် သေဆုံးပြီး အမုန်းတရားတွေ ပြည့်နှက်နေခဲ့ရသလဲဆိုတာကတော့....
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ⬇️
https://t.me/c/2344641246/321
Please open Telegram to view this post
VIEW IN TELEGRAM
Terminator: Dark Fate (2019)
========================

အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်း
ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ⬇️
https://t.me/c/2344641246/323
Please open Telegram to view this post
VIEW IN TELEGRAM
Sarip.....odhaa Saniv.....aaram (2024)ဇာတ်ကားသစ်ကြီးရှယ်ကြမ်း
"စနေကောင်"

IMDB 7.6
တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့
တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို
အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်

ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး
ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ
"ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက
ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်

ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း
စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး
စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ

ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ
သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး
သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

#Credit
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ⬇️
https://t.me/c/2344641246/325
Please open Telegram to view this post
VIEW IN TELEGRAM
Furiosa: A Mad Max Saga (2024)
ဇာတ်ကားသစ်

ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။
 
IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။
 
Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။

#Credit
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ⬇️
https://t.me/c/2344641246/327
Please open Telegram to view this post
VIEW IN TELEGRAM
THE MUMMY 1999 - 2008

ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။

မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး…

အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ
နှစ်ဦးအကြောင်းကိုအစပြုလို့….. ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/329
Please open Telegram to view this post
VIEW IN TELEGRAM
Dada 2023 မြန်မာစာတမ်းထိုး
--------------------------
IMDb-8.5/10

ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက်
ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေး

ဇာတ်လမ်းအညွှန်း
မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး
ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ်
ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ်
ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲ

ဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ
ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ
အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင်
ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့
ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ
က‌ဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေ

ကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်.....
လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/331
Please open Telegram to view this post
VIEW IN TELEGRAM
Vasantha Mullai 2023
----------------------------------------
IMDb 8.3/10

ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့
Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်

ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​
နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့
မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ်

သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့
မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲ
ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့
ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့
နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့
သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး
တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့....

    Credit...
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/333
Please open Telegram to view this post
VIEW IN TELEGRAM
အချစ်ဦးဆိုတာကလည်း… ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။

Tholi Prema (2018)
================
ဇာတ်ကားနာမည်က မြန်မာလို‘အချစ်ဦး’ပါတဲ့ဗျာ။ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ဆိုရင် မှားမလား။
မင်းသားနဲ့ မင်းသမီးတွေ့ဖို့ အကြောင်းဖန်လာတာက ရထားပေါ်မှာပါ။လျှပ်တစ်ပြတ် တွေ့ခဲ့တာမျိုးမဟုတ်ဘဲ လျှပ်တစ်ပြတ် ပျောက်ဆုံးသွားတဲ့အခါ လိုက်ရှာရခက်ပါတယ်။ပျောက်သွားရတဲ့အကြောင်းကလည်း မင်းသမီးမှာအရမ်းကို စိုးရိမ်တတ်တဲ့ အရင်းခံစိတ်လေး ရှိပါတယ်။နောက်ထပ်ဒါကလည်း  အလွဲကြီး လွဲကြဦးမယ့်မိန်းကလေးတွေ စိတ်ဆိုတာလည်း သပွတ်အူလို ရှုပ်ထွေးပြီး ခန့်မှန်းရခက်တာမျိုး၊ယောကျ်ားလေးဆိုတော့လည်း အချစ်အတွက်ဆို ဘာပဲ ပေးဆပ်ရပေးဆပ်ရ၊တစ်ဖက်ကနှလုံးသားနဲ့ တစ်ဖက်က ဦးဏှောက်ယှဉ်ထိုးလာကြတဲ့အခါ မထင်မှတ်ထားတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရတယ်။
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/335
Please open Telegram to view this post
VIEW IN TELEGRAM
ချန်ဒူး ချန်ပီယံ (2024)

ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို
ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်

Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ်

၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်
ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်....

နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ
မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့

အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က
အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ်

တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့
လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော
ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့်
အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက်
တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျ

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/337
Please open Telegram to view this post
VIEW IN TELEGRAM
Weekend in Taipei (2024) ဇာတ်ကားသစ်
Action, Thriller ☄️☄️

ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့ အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကိုကြည့်ရမှာပါ။
Fast & Furious မှာ Han အဖြစ် အသိများကြတဲ့Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပြီး ၊မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။

ဇာတ်လမ်းအကျဉ်း 🔽🔽

မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့ လာထောက်လှမ်းခဲ့ပေမဲ့မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။

နောက် ၁၅ နှစ်ကြာချိန်မှာမှခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကိုတိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။
အဲဒီအချိန်မှာပဲ အတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက်ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ကြိုးစားကြရပါတော့တယ်။

အက်ရှင်အသားပေးဖြစ်သလိုမိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်

အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/341

Credit
Please open Telegram to view this post
VIEW IN TELEGRAM
Externals(2021)
Genre: Action,Drama, Fantasy

Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်တွေထဲက
Eternals ဆိုတဲ့ ဇာတ်ကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ
Roundup ဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ကိုရီးယား လူသန်မင်းသားကြီးလည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း

စကြ၀ဌာရဲ့ အစမှာ
မဟာဖန်ဆင်းရှင်း အာရစ်ရှမ်ဟာ
ပထမဆုံးသောနေကို ဖန်တီးပြီး
စကြ၀ဌာကိုအလင်းပေးခဲ့ပါတယ်။
သက်ရှိတွေလည်း ရှင်သန်ပေါက်ဖွားလာခဲ့ပြီး စကြ၀ဌာဟာ ဟန်ချက်ညီစွာ ရှင်သန်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဒီးဗီးယန့်ဆိုတဲ့
သတ္တဝါဆိုးတွေ ဖြစ်ပေါ်လာခဲ့ပြီး
သူတို့ဟာ အသိဉာဏ်ရှိ သက်ရှိတွေကိုစားသုံးကြပါတော့တယ်။
ဒီလိုနဲ့ စကြ၀ဌာဟာ ကစဉ့်ကလျားဖြစ်နေတာကို တားဆီးဖို့အတွက်
အာရစ်ရှုမ်ဟာ မသေမျိုးသူရဲ‌ကောင်း
Eternals  တွေကိုဖန်တီးပြီး ဒီးဗီးယန့်တွေကို နှိမ်နှင်းဖို့ လွှတ်လိုက်ပါတော့တယ်။
Eternals တွေဟာ ဒီးဗီးယန့်တွေကို နှိမ်နင်းရင်း စကြ၀ဌာရဲ့ ရန်သူအစစ်ကို
သိလိုက်ရတဲ့အချိန်မှာတော့...
စူပါဟီးရိုး ဖန်တွေအတွက်
အကြိုက်တွေ့စေမဲ့ကားဆိုတာ
အသေအချာမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါအုံး

အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ⬇️
https://t.me/c/2344641246/344
Please open Telegram to view this post
VIEW IN TELEGRAM
The Thin Red Line (1998)

📱IMDb Rating 7.6/10 , Rotten Tomatoes (80%)

ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....

ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Ryan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်

ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။

TTRL ရဲ့ဇာတ်ကြောင်းကတော့  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်...
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/346

Credit
Please open Telegram to view this post
VIEW IN TELEGRAM
Kanguva (2024) ဇာတ်ကားသစ်
“ကံကြမ္မာပဟေဠိ”

၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။

ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့
ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။

တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။

တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင်အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။

ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့…
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/348

Credit
Please open Telegram to view this post
VIEW IN TELEGRAM
Yevadu (2014)
====================

တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။

ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ
ထွက်ပြေးခိုင်းတာကနေ စပါတယ်။

ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့်မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။

ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကိုရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်
လက်စားချေပုံများကို အိန္ဒိယ ဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။

#Crd
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/351

Credit
Please open Telegram to view this post
VIEW IN TELEGRAM
မျက်ရည်ခိုင်မှကြည့်ပါ

ငိုချင်ရင် ဒီအချစ်ကားကြည့်ပါ 💔သုံးလေးရက်လောက်ကရင်ထဲဟာတာတာနဲ့ ထမင်းတောင်မစားနိုင်ဘူး🤦‍♀️ သုံးခါကြည့်လဲ သုံးခါလုံးပြန်ငိုရတဲ့ကား 😭
မျက်ရည်လွယ်သူတွေကတော့ တစ်ရှူးလေးဆောင်ပြီးမှကြည့်သင့်ပါတယ်‼️

ဗာဆူဒါဆိုတဲ့ အမျိုးသမီးက အိမ်ထောင်ကျ ကလေးရပြီးတဲ့ နောက်မှာ သူ့ယောက်ျားဖြစ်သူ က
အလုပ်ကိစ္စခရီးထွက်ရင်းနဲ့ပျောက်ခြင်းမလှပျောက်နေခဲ့ပါ တယ်။

ကလေးတစ်ယောက်နဲ့ ရုန်းကန်ရင်း တစ်ရက်တော့ သူ့ ဆီကို ရဲတွေ ရောက်လာတယ်။

သူ့ယောက်ျားက သာမန်အလုပ် သမားတစ်ယောက်မဟုတ်ဘဲ အကြမ်းဖက် တစ်ယောက်အဖြစ် ထွက်ပြေးနေတာ ဖြစ်ကြောင်း၊ သူဆက်သွယ်လာတာနဲ့ ရဲတပ်ဖွဲ့ကို အသိပေးဖို့ အကြောင်းပြော သွားခဲ့ကြတယ်။

ဗာဆူဒါက သူ့ ယောက်ျားအကြောင်းကို သိပြီး သူ့ကို နှစ်အတန်ကြာပစ်ထားခဲ့ တဲ့ ယောက်ျားကို စိတ်အနာကြီး နာသွားခဲ့တယ်။

ဒီကြားထဲမှာပဲ ဗာဆူဒါက ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ် ရင်း အဲဒီဟိုတယ်ပိုင်ရှင်လူငယ် သူဌေးက မြင်မြင်ချင်းကြိုက်ပြီး သူ့ကိုရဖို့ ကြိုးစားတယ်။

တိုတိုပြောရရင် အဲဒီသူဌေးက သူ့ကို ဒူဘိုင်းအထိခေါ်ပြီး အလုပ်တွေပေး၊ လိုလေသေးမရှိအောင်ထားနဲ့ သူ့ဘ၀မှာ အရင်က မရဖူးတဲ့ ချစ်ခြင်းမေတ္တာကို သူရသွားခဲ့တယ်။

ယောက်ျားက ပစ်သွားတဲ့အချိန် သူ့ကို အနီးကပ် ဂရုစိုက်နေတဲ့ သူဌေးတစ်ယောက်အပေါ် ဗာဆူဒါ ချစ်မိသွားတယ်။ သူတို့ အတူနေလိုက်ကြတယ်ပေါ့။

ပြဿနာက အဲဒီလိုချစ်ပြီး နောက်ပိုင်းမှစပါတယ်။ ဗာဆူဒါရဲ့ ယောက်ျားက အိန္ဒိယပြန်ရောက်လာတယ်။

လူရုပ်မပေါ်တော့အောင် စုတ်ပြတ်သတ်နေပြီး ဗာဆူဒါက ခွင့်နဲ့ ပြန်ရောက်တဲ့ အချိန်မှာ သူ့ယောက်ျားနဲ့ တိုးပါ တယ်။

သူ့ကို ပစ်သွားခဲ့တယ်ဆိုတဲ့ ယောက်ျားက တကယ်တော့အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာဖြစ်ပြီး အဲဒီအကြမ်းဖက်သမားတွေက သူ့ကို နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။

ဒါတွေကို ဗာဆူဒါသိပြီးတဲ့အချိန်က တော်တော်လွန်သွားပြီ။

ယောက်ျားမရှိတော့လို့ သူရွေးချယ်တဲ့ အမျိုးသားက တစ်ဖက်။ သူ့ကို ချစ်ရဲ့သားနဲ့ တစ်ဖက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သူ့ရဲ့ကာမပိုင်က တစ်ဖက်နဲ့ပေါ့။ဒီနောက်မှာ ဒီလူသုံးယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊

အတ္တ၊ မာနနဲ့ စွန့်လွှတ်ခြင်းတွေကိုပါ ထည့်ပြသွားပါတယ်။

ဒီဇာတ်ကားက ဒီမှာ ရေးပြသလို အစဉ်လိုက်ဖြစ်စဉ်မဟုတ်ပါဘူး။ ဇာတ်ကားအစ အဆုံးကြည့်မှသာ ဇာတ်လမ်းကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်

#credit
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/353
Please open Telegram to view this post
VIEW IN TELEGRAM
Nandhan 2024
"ကျေးရွာအုပ်ချုပ်ရေးမှူး"

IMDb - 8.9/10
အသစ်ထွက်ရှိလာတဲ့ ကျေးလက်အငွေ့အသက်အပြည့်နဲ့ ဇာတ်အနိမ့်အမြင့်တွေခွဲခြားခံရတဲ့ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ရယ်ရာထူးလိုချင်သူတွေကြားက ပြဿနာတွေ နောက်ပြီးနင်းပြားတွေရဲ့ဘဝ ဖိနှိပ်ခံရမှုတွေကိုမီးမောင်းထိုးပြထားတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဗာနန်ဂန်ကူဒီကျေးရွာမှာ ရွာသူကြီးနေရာအတွက် ရွေးကောက်ပွဲ လုပ်ဖို့စီစဉ်နေကြပါတယ်။စီစဉ်နေကြပါတယ်လို့ ပြောပေသိ ဆယ်စုနှစ်တစ်ခုလောက်အုပ်စိုး ခဲ့တဲ့ဇာတ်မြင့်က ရွာသူကြီး ကိုပူလင်ဂမ်ကပဲဆက်လက်တင်မြှောက်ခံရ ဖို့များနေပါတယ်။ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုကြောင့် ရွာသူကြီးနေရာ ဝင်အရွေးခံ လို့မရတဲ့အချိန်မှာတော့သူ နှိမ်ချပြီး အောက်တန်းစားလို့သတ်မှတ်ထားတဲ့ သူ့အိမ်က အိမ် အကူ ကိုဇ်ပါနန်ကိုရွာသူကြီးနေရာပေးဖို့ ကြံစည်တဲ့အခါမှာတော့။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/355
Please open Telegram to view this post
VIEW IN TELEGRAM
ဂျန်ဂျမား

IMDB rating 7.2/ 10

Horror,

ဒီဇာတ်ကားလေးဟာနှစ်ဘ၀ကလဲ့စားကားအဖြစ် လူသိများခဲ့ပြီး IMDB rating 7.2/ 10 ရရှိထားတဲ့အတွက် ဇာတ်ကားကောင်း တစ်ကားလားလို့ မေးခွန်းထုတ်ဖို့ မလိုအပ်တော့ပါဘူး

ဇာတ်လမ်းအကျဉ်း
~~
ဟိုက်ဒရာဘတ် ဆိုတဲ့မြို့လေးမှာ အာနန္ဒသီ နာမည်ရှိ မိန်းကလေး မင်္ဂလာဆောင် ကျင်းပမယ့်ဇာတ်၀င်ခန်းနဲ့ အစပျိုးထားပါတယ်

သူမရဲ့ အဘိုးကေတာ့ သူမတို့ ငယ်စဉ်ကဇာတိဆီသွားရောက်ပြီး မင်္ဂလာဆောင် ချိန်ရက်မြတ်ကို သွားယူခဲ့ပါတယ် မြို့လေးနာမည်ကတော့ ဂတ်ဝဲ မြို့လေးပါ။

မြို့၀င် နေရာလေးနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတော့ အိမ်အိုဟောင်းလိုလို နန်းတော်လိုလို ရှိနေပါတယ်။

အဲ့ဒီနေရာ မှာတော့ မကောင်းဆိုးဝါး ဝိညာဉ် တစ္ခုဟာ ဂူသွင်း ပိတ်ထားခံရပါတယ် တစ်ညမှာတော့ အာနန္ဒသီ ရဲ့အဘိုးစေခိုင်းမှုကြောင့် ဆူရွီလာ ဆိုတဲ့ အိမ်ဖော်မလေးဟာ သူမရဲ့ယောက်ျားနှင့်အတူ ဟိုက်ဒရာဘတ် ရွိ အာနန္ဒသီ တို့ဆီ မင်္ဂလာဆောင် ရက်မြတ်တွက်စာစောင် ကို ပေးရန်အသွား အိမ်အိုကြီးရဲ့ ဝိညာဉ် က တားဆီးလိုက်ပါတယ်။

#Credit
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/357

Credit
Please open Telegram to view this post
VIEW IN TELEGRAM
ဒီကားအရမ်းကောင်းတယ်နော်ရှိုးလိုက်အုံး

Ro.....wdy Rat.....hore (2012) မြန်မာစာတန်းထိုး
=============================

ဒီဇာတ်ကားလေးမှာတော့ လူလိမ်သူခိုး ရှီဗားဟာသူ့ကောင်မလေးကြောင့်ခိုးတယ့်အလုပ်ကိုစွန့်လွတ်ဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးအနေနဲ့ဟဲဗီးတခုကိုခိုးတဲ့အခါမှာတော့သေတ္တာထဲမှာခလေးတစ်ယောက်ပါလာတာကိုတွေ့လိုက်ရပါတယ်။

ခလေးဟာသူကိုမြင်မြင်ချင်းသူ့ကိုအဖေလို့ခေါ်လိုက်တဲ့အခါမှာတော့သူကိုယ်တိုင်လဲအံ့သြသွားပါတယ်။အမှန်တော့ ဒီခလေးဟာအဖေဖြစ်သူနဲ့ရုပ်ချင်းသူတဲ့ရဲအုပ် ဗစ်ကရန်ရာထော ဆိုတဲ့လူပဲဖြစ်ပါတယ်။ကဲနောက်ပိုင်းဘာတွေဆက်ဖြစ်မှာ
လဲဆိုတာကိုတော့ဆက်လက်ကြည့်ရူပါလို့ညွှန်းဆိုပါတယ်။


#Credit
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/359
Please open Telegram to view this post
VIEW IN TELEGRAM
".မနက်ဖန် မင်းနိုင်ရင် မင်းတယောက်တည်း မဟုတ်ဘူး

သန်းနဲ့ချီ မိန်းခလေးတွေ မင်းနဲ့အတူ အနိုင်ရမှာ

သူတို့ထက် အားနည်းတယ်လို့ထင်နေတဲ့ ယောက်ျားတွေကို မိန်ခလေးတွေ အနိုင်ရလာလိမ့်မယ်

အိမ်ထောင်မှုတွေလုပ်ဖို့ အတင်းစေခိုင်းသူတွေ

အရွယ်မတိုင်ခင် လက်ထပ်ပြီး ခလေးမွေးနေရသူတွေပေါ့

မနက်ဖြန်ပွဲက အရေးအကြီးဆုံး အရာတခုပဲ

မနက်ဖြန် သြစတြေးလျနဲ့တိုက်ခိုက်ရုံပဲ မဟုတ်ဘူး

အဲဒီလို မိန်းခလေးတွေကို နိမ့်ကျတယ်လို့ထင်တဲ့ သူတွေကိုပါ တိုက်ခိုက်ရမှာ"

"နပန်းသမားဟောင်းကြီး မဟီဗာဆင်းဖိုဂတ် နဲ့ သူရဲ့ သမီးနှစ်ယောက် မျိုးဆက်သစ် အမျိုးသမီးနပန်သမားလေးတို့ လူအများရဲ့ဝေဖန်တိုက်ခိုက်သမျှကို ခါးစည်းခံရင်း အောင်မြင်ရဖို့ ရုန်းကန်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ ခံစားကြည့်လိုက်ကြပါဦးခညာ"
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/361
Please open Telegram to view this post
VIEW IN TELEGRAM
Saala (2024)
“ဆာလာ”

တမီလ်နာဒူပြည်နယ်မှာ အရက်ကိုတားမြစ်ထားပေမဲ့၁၉၇၁စီးပွားရေးပျက်ကပ်ကြောင့်အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။၁၉၈၃ခုနစ်မှာ အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး အစိုးရကနေ လူတစ်ဦးချင်းစီအတွက်အရက်ဆိုင်လိုင်စင်တွေကို လေလံတင်ရောင်းချပေးခဲ့တယ်။နိုင်ငံရေးသမားတွေနဲ့ ဩဇာညောင်းတဲ့လူတွေက လေလံတွေကိုလက်ဝါးကြီးအုပ်ပြီးအရက်ဆိုင်တွေကို ထိန်းချုပ်ထားခဲ့ကြတယ်။ပါဗသီဘားဆိုတဲ့ အရက်ဆိုင်ကိုတော့ ဂူနာတစ်ယောက်တည်းကပဲ ခုနစ်နှစ်တိုင်အောင်လေလံအောင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဒါကိုမနာလိုတဲ့ သန်ဂါဒူရိုင်တို့ တူကြီးနှစ်ယောက်ကပါဗသီဘားကို သူတို့အပိုင်ဖြစ်ဖို့ကြိုးစားကြပါတယ်။ဒီမှာပဲ ရန်ပွဲတွေဖြစ်ကြတဲ့အချိန် ဂူနာ့အသက်ကို မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်တဲ့ ဆာလာကဝင်ကယ်ရာကစ ဆာလာ့ကို ဂူနာက ညီငယ်သဖွယ် ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်။ဒီကနေစလိုက်တဲ့ရန်ငြိုးက ဆာလာအရွယ်ရောက်လာချိန်ထိ တမြေ့မြေ့တောက်လောင်လာခဲ့ချိန်မှာတော့။
အောက်ပါChannel ကိုအရင် Join 🔽
https://t.me/+v_Zq7F4fJmE4NjJl

ဇာတ်ကားကြည့်ရန် နှိပ်ပါ🔽
https://t.me/c/2344641246/363
Please open Telegram to view this post
VIEW IN TELEGRAM