CB Bank’s Prepaid Card များ၏ သုံးစွဲနိုင်မည့်ပမာဏအား အသိပေးကြေညာခြင်း

CB Bank က ထုတ်လုပ်ထားသည့် Prepaid Card သုံးစွဲသူ Customer များအနေဖြင့် သုံးစွဲနိုင်မည့်ပမာဏသတ်မှတ်ချက်ကို သိရှိနိုင်ပါရန် လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ CB Bank ၏ Prepaid Card တစ်ကတ်အတွက် တစ်ရက်လျှင် USD 500 (သို့မဟုတ်) အဆိုပါနှုန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ၊ တစ်လလျှင် USD 1,000 (သို့မဟုတ်) အဆိုပါနှုန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ သုံးစွဲနိုင်မည်ဖြစ်ပါသည်။

CB Bank ၏ Prepaid Card သုံးစွဲသူ Customer များအပါအဝင် အခြားသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲကြသည့် Customer များအား အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။

#CBBank #Announcement #PrepaidCard
"CB Bank ၏ ATM စက်များတွင် MPU Debit ကတ်များအားလုံးဖြင့် ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း"

CB Bank ၏ ATM စက်များတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ မည်သည့်ဘဏ်၏ MPU Debit ကတ်များဖြင့်မဆို တစ်ရက်လျှင် ကျပ် ၃ သိန်းနှုန်းဖြင့် သီတင်းတစ်ပတ်လျှင် ကျပ် ၅ သိန်းအထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Customer များအဆင်ပြေချောမွေ့စေရန်အတွက် CB Bank အနေဖြင့် ငွေသားဖြည့်တင်းမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

CB Bank ၏ ATM စက် တည်နေရာများ - https://cbbank.me/ATM_Locations

အဆင်မပြေမှု တစ်စုံတစ်ရာကြုံတွေ့ရပါက CB Bank Contact Centre +951 231 7770 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#CBBank #CashOutAnnouncement #MPUCards #CBATM
‘CB Pay ကိုအသုံးပြုပြီး ဘဏ်လုပ်ငန်းဆိုင်ရာ Digital ဝန်ဆောင်မှုများကို ရယူလိုက်ပါ’

CB Pay Application ရှိရုံနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ရယူနိုင်ပါတယ်။

CB Pay App မှတစ်ဆင့် ရရှိနိုင်တဲ့ Digital ဝန်ဆောင်မှုတွေကတော့ ...

အခြား CB Bank အကောင့်များသို့ ငွေလွှဲပေးပို့ခြင်း

ဖုန်းဘီလ်ဖြည့်ခြင်း၊ အင်တာနက်ဘီလ်ပေးဆောင်ခြင်း

အာမခံကြေးများပေးသွင်းခြင်း

Mobile Money Payment ငွေဖြည့်နိုင်ခြင်း

Microfinance Payment များ အခက်အခဲမရှိ ပေးသွင်းနိုင်ခြင်း

Credit Card Repayment ပြုလုပ်နိုင်ခြင်းတို့အပြင်

CB Pay Application မှာ အသစ်ထည့်သွင်းထားတဲ့ Card+ ကိုနှိပ်ပြီး CB Bank ကထုတ်လုပ်တဲ့ ကတ်ဝန်ဆောင်မှုနဲ့ အချက်အလက်များကို ရယူနိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုများစွာကို ၂၄ နာရီအချိန်မရွေး အသုံးပြုနိုင်ပါတယ်။

‘Digital ဝန်ဆောင်မှုများစွာအတွက် CB Bank ရဲ့ CB Pay’

CB Pay Application အားရယူရန် - http://onelink.to/cbpay

#CBBank #CBPay #DigitalServices
CB Bank ကတ်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကတ်ဝန်ဆောင်မှုများအား QR Code ကို Scan ဖတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပါပြီ။

➡️ Debit/ Credit/ Prepaid ကတ်များ Activate နှင့် Deactivate ပြုလုပ်ခြင်း

➡️ eSavings နှင့် Smart Savings Personal ဘဏ်အကောင့်ပိုင်ရှင်များ Debit ကတ်လျှောက်ထားခြင်း

➡️ သက်တမ်းကုန်ဆုံးသွားသော ကတ်များ၊ ပျောက်ဆုံးပျက်စီးသွားသော ကတ်များကို အသစ်လျှောက်ထားရယူခြင်း

➡️ ကတ်အသုံးပြုပြီး ငွေပေးချေခြင်းဆိုင်ရာ အငြင်းပွားမှုကိစ္စများကို ပြန်လည်ရှင်းလင်းပေးခြင်းတို့ ဖြစ်ပါသည်။

CB Bank ကတ် ဝန်ဆောင်မှုများရယူလိုပါက နီးစပ်ရာဘဏ်ခွဲများတွင် QR Code ကို Scan ဖတ်၍သော်လည်းကောင်း၊ အောက်ဖော်ပြပါပုံ၌ ပါရှိသည့် QR Code မှတစ်ဆင့်သော်လည်းကောင်း မိမိရယူလိုသော ဝန်ဆောင်မှုအား လျှောက်ထားနိုင်ပြီး ကတ်ပိုင်ရှင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို ဘဏ်ကစစ်ဆေးမည်ဖြစ်ပါသည်။

ဘဏ်ကစစ်ဆေးပြီးနောက် ရုံးဖွင့်ရက်နှစ်ရက်အတွင်း လူကြီးမင်းတို့ ရယူလိုသော ဝန်ဆောင်မှုအား လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ထံမှ လိုအပ်သည့်အချက်အလက်များရှိခဲ့ပါက ဘဏ်မှ ကတ်ပိုင်ရှင်ကို ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

CB Bank ၏ Website မှတစ်ဆင့် ကတ် ဝန်ဆောင်မှုလျှောက်ထားရန် - https://www.cbbank.com.mm/en/form

#CBBank #Announcement #Cards #Service
"CB Pay ကိုအသုံးပြုပြီး Internet Bill ပေးဆောင်လိုက်ပါ"

➡️ ဖုန်းထဲမှာ CB Pay Application သာရှိနေမယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် Internet Bill ပေးဆောင်လို့ရနေပါပြီ။CB Pay ရဲ့ Pay Bill ကနေတစ်ဆင့် အချိန်ကုန်လူသက်သာ လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်တဲ့အပြင် Biller တွေအများကြီးနဲ့ချိတ်ဆက်ထားတာဆိုတော့ အဆင်ပြေတာပေါ့။

CB Pay မှတစ်ဆင့် ဘီလ်ပေးဆောင်နိုင်သည့် Biller များ

• 5BB Broadband Payment
• Fortune Broadband Payment
• MIH Payment
• Myanmar Net
• Myanmar UNILINK Communication Payment
• Ooredoo Supernet Fiber Payment
• Shwelink Fibernet Payment
• Myanmar APN Payment
• Net Core Internet Payment
• ATOM Myanmar Broadband Payment
• Marga Global Telecom
• Yatanarpon Teleport (YTP) Payment
• MPT B2C Payment
• MyTel FTTH
• Hi Internet
• G Net
• ChindwinNet
• Kinetic Myanmar
• Micky Myanmar Fiber Internet

Internet လိုင်းတွေ သက်တမ်းတိုးတော့မယ်ဆိုရင်တော့ CB Pay ကိုသတိရလိုက်နော်။
“မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နည်းပညာအဆင့်မြင့် CB Card+ App ကနေ Card To Card Transfer လုပ်လို့ရတယ်ဆိုတာ သိပြီးပြီလား?

CB Bank ကတ်သုံးစွဲသူ Customer များအားလုံး CB Card+ Application ကိုအသုံးပြုပြီး Prepaid-Credit ကတ်များကို Card to Card Transfer ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

CB Card+ မှတစ်ဆင့် Card to Card Transfer ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြထားတဲ့ Video ကိုကြည့်ရှုပြီး လေ့လာနိုင်ပါတယ်။


CB Card+ App ကို Android ဖုန်းများတွင် Download ရယူရန် - https://cbbank.me/digitalapp_android

CB Card+ App ကို iOS ဖုန်းများတွင် Download ရယူရန် - https://cbbank.me/digitalapp_iOS


Card to Card Transfer နှင့်ပတ်သက်၍ FAQ များကို လေ့လာရန် - https://cbbank.me/CardtoCardTransferFAQs

#CBBank #CardtoCardTransfer #DigitalApp
“မြန်မာနိုင်ငံရဲ့ ပထမဆုံး ငွေပေးချေမှုပုံစံအသစ် CB Card+ Application ကတစ်ဆင့် Wallet to Wallet Transfer ပြုလုပ်နိုင်ပါပြီ”

CB Card+ Application ကို အသုံးပြုပြီး အွန်လိုင်းကနေ Wallet to Wallet Transfer ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

CB Card+ မှတစ်ဆင့် Wallet to Wallet Transfer ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြထားတဲ့ Video ကို ကြည့်ရှုပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။


CB Card+ App ကို Android ဖုန်းများတွင် Download ရယူရန် - https://cbbank.me/digitalapp_android


CB Card+ App ကို iOS ဖုန်းများတွင် Download ရယူရန် - https://cbbank.me/digitalapp_iOS

Wallet to Wallet Transfer နှင့်ပတ်သက်၍ FAQ များကိုလေ့လာရန် - https://cbbank.me/WalletToWalletTransferFAQs

#CBBank #WallettoWalletTransfer #DigitalApp
မင်္ဂလာပါ …

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေကြသည့် လုပ်ငန်းရှင်ကြီးများအတွက် CB Bank တွင် Foreign Currency (Chinese Yuan) Account ကုမ္ပဏီငွေစာရင်းကို CB Bank ၏ ဘဏ်ခွဲတိုင်းတွင် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Exchange Rate ကို နေ့စဉ် (ဘဏ်ဖွင့်ရက်) မူဆယ်မြို့ရှိ ယွမ်/ ကျပ် ဈေးကွက်အပေါ်မူတည်၍ CB Bank အနေဖြင့် အသင့်လျော်ဆုံး ယွမ်/ ကျပ်ငွေလဲနှုန်း သတ်မှတ်ကာ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

လူကြီးမင်းတို့အနေဖြင့်  အသေးစိတ်ထပ်မံသိရှိလိုသည်များရှိပါက CB Bank Contact Centre (+951) 231 7770 သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

CB Bank Website တွင် အသေးစိတ်လေ့လာရန် - https://cbbank.me/china-myanmarbordertrade

#CBBank #ChinaBorderTrade #TradeService
CB Bank’s iBanking နဲ့ မည်သည့်ဘဏ်ကိုမဆို ငွေလွှဲကြမယ်!

CB Bank ရဲ့ Business iBanking ဝန်ဆောင်မှုကိုသုံးစွဲပြီး တစ်နိုင်လုံးမှာရှိတဲ့ မည်သည့်ဘဏ်သို့မဆို အချိန်မကုန်ဘဲ အလွယ်တကူ ငွေလွှဲနိုင်ပါပြီ။

ဘဏ်သို့သွားရန်မလိုဘဲ Mobile Phone, Tablet, Laptop တို့ကိုအသုံးပြုပြီး မိမိရဲ့ CB Bank iBanking ၏ ကျပ်ငွေစာရင်းမှ အခြားဘဏ်ရဲ့ ကျပ်ငွေစာရင်းသို့ တစ်ရက်လျှင် ငွေပမာဏအကန့်အသတ်မရှိ အချိန်နေရာမရွေး ငွေလွှဲဆောင်ရွက်နိုင်မှာဖြစ်လို့ အဆင်ပြေချောမွေ့စေမှာလည်း ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက https://cbbank.me/Business_iBanking မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး Contact Centre ဖုန်းနံပါတ် (01-2317770) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#CBBank #iBanking #OtherBankTransfer
"CB Bank ၏ ပို့ကုန်လုပ်ငန်းရှင်များမှ Limited Merchandise Gift Set အား ပိုင်ဆိုင်သွားသည့်
ပထမဦးဆုံးကံထူးရှင်ကြေညာခြင်း"

နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သည့် Limited Merchandise Gift Set ကံထူးရှင်ရွေးချယ်ခြင်းအစီအစဉ်အတွက် ပထမဦးဆုံးကံထူးရှင်မှာ MYANMAR HONGYUAN INTERNATIONAL ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း Trade ဝန်ဆောင်မှုများရယူပြီး Transaction တစ်ကြောင်းပြုလုပ်တိုင်း Limited Merchandise Gift Set ကံစမ်းခွင့်တစ်ကြိမ် ရရှိသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#CBBank #TradeServices #LimitedMerchandiseGiftSet #BorderTrade #CNY