CB Bank Customer များနှင့် အများပြည်သူသို့ အသိပေးကြေညာခြင်း

CB Bank ၏ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဘဏ်ခွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ တောင်ငူ (ဗိုလ်မှူးဖိုးကွန်းလမ်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ယခင်က အမှတ်- ပဆ (၁၄/ ၀၀၂၅)၊ ကုန်သည်ကြီးလမ်း၊ (၁၆) ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး၌ ဖွင့်လှစ်ထားသော တောင်ငူဘဏ်ခွဲကို အမှတ် (၁၂၃)၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ (၇) ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူ (ဗိုလ်မှူးဖိုးကွန်းလမ်း) ဘဏ်ခွဲအဖြစ် အမည်နှင့် လိပ်စာပြောင်းလဲ၍ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

#CBBank #Announcement
Tian Xiang Hot Pot ဆိုင်မှာ CB Bank ရဲ့ VISA Credit Card တွေသုံးစွဲပြီး Discount ရယူမယ်!

ဟော့ပေါ့ကြိုက်နှစ်သက်သူတွေအနေနဲ့ Tian Xiang Hot Pot ဆိုင်မှာ CB Bank က ထုတ်လုပ်ထားတဲ့ VISA Credit Card တွေနဲ့ သုံးစွဲပေးချေမယ်ဆိုရင် 10% Discount ပရိုမိုးရှင်းအခွင့်အရေးနဲ့ သုံးဆောင်နိုင်ပါပြီ။

စည်းကမ်းသတ်မှတ်ချက်များမှာ …
• CB VISA Credit Card နဲ့ငွေပေးချေမှုအတွက်သာ အကျုံးဝင်ပါတယ်။
• အခြားပရိုမိုးရှင်းများနှင့် တွဲဖက်ခံစား၍မရပါ။
• ပရိုမိုးရှင်းကာလမှာ ယခုအချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။
• စည်းကမ်းချက်များ ကွဲပြားသည့်အတွက် အသုံးမပြုမီ သေချာစွာစစ်ဆေးပါ။

ပရိုမိုးရှင်းကာလမှာ ယခုအချိန်မှစတင်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြစ်တဲ့အတွက် ဤကာလအတွင်း Tian Xiang Hot Pot ဆိုင်ကိုလာရောက်သုံးဆောင်ပြီး CB VISA Credit Card နဲ့ငွေပေးချေကာ 10% Discount ရယူလိုက်ပါ။

#CBBank #TianXiangHotPot #CBVISACreditCard
“CB Bank က ထုတ်လုပ်တဲ့ FIFA World Cup - Themed CB-Visa Prepaid Card အသစ် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခြင်း

CB Bank Customer ကြီးများရှင်။

CB Bank က အသစ်ထုတ်လုပ်လိုက်တဲ့ FIFA World Cup - Themed CB-Visa Prepaid Card ကို လျှောက်ထားရယူမည်ဆိုပါက CB Bank ရုံးချုပ်အပါအဝင် မည်သည့်ဘဏ်ခွဲသို့မဆို ကိုယ်တိုင်လာရောက်၍ လွယ်ကူစွာ လျှောက်ထားရယူနိုင်ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ FIFA World Cup - Themed CB-Visa Prepaid Card အသစ်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်တွေ ရောက်ရှိလာမှာဖြစ်ပြီး ကတ်လျှောက်ထားဖို့ လိုအပ်ချက်တွေကတော့ …

• အသက် ၂၁ နှစ်နဲ့အထက်ဖြစ်ရပါမယ်။

• မှတ်ပုံတင် သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရပါမယ်။

• နေရပ်လိပ်စာအပြည့်အစုံ

• အီးမေးလ်လိပ်စာ အစရှိတာတွေ လိုအပ်ပါတယ်။

“FIFA World Cup - Themed CB-Visa Prepaid Card အသစ်လျှောက်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေ စောင့်မျှော်လိုက်ရအောင်”

#CBBank #FIFAWorldCupThemedCBVisaPrepaidCard #PrepaidCard
CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း
 
CB Bank ကတ်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကတ်ဝန်ဆောင်မှုများအား QR Code ကို Scan ဖတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပါပြီ။
 
၁။ Debit/ Credit/ Prepaid ကတ်များ Activate နှင့် Deactivate ပြုလုပ်ခြင်း
 
၂။ eSavings နှင့် Smart Savings Personal ဘဏ်အကောင့်ပိုင်ရှင်များ Debit ကတ်လျှောက်ထားခြင်း
 
၃။ သက်တမ်းကုန်ဆုံးသွားသော ကတ်များ၊ ပျောက်ဆုံးပျက်စီးသွားသော ကတ်များကို အသစ်လျှောက်ထားရယူခြင်း
 
၄။ ကတ်အသုံးပြုပြီး ငွေပေးချေခြင်းဆိုင်ရာ အငြင်းပွားမှုကိစ္စများကို ပြန်လည်ရှင်းလင်းပေးခြင်းတို့ ဖြစ်ပါသည်။
 
CB Bank ကတ် ဝန်ဆောင်မှုများရယူလိုပါက နီးစပ်ရာဘဏ်ခွဲများတွင် QR Code ကို Scan ဖတ်၍သော်လည်းကောင်း၊ အောက်ဖော်ပြပါပုံ၌ ပါရှိသည့် QR Code မှတစ်ဆင့်သော်လည်းကောင်း မိမိရယူလိုသော ဝန်ဆောင်မှုအား လျှောက်ထားနိုင်ပြီး ကတ်ပိုင်ရှင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို ဘဏ်ကစစ်ဆေးမည်ဖြစ်ပါသည်။
 
ဘဏ်ကစစ်ဆေးပြီးနောက် ရုံးဖွင့်ရက်နှစ်ရက်အတွင်း လူကြီးမင်းတို့ ရယူလိုသော ဝန်ဆောင်မှုအား လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ထံမှ လိုအပ်သည့်အချက်အလက်များရှိခဲ့ပါက ဘဏ်မှ ကတ်ပိုင်ရှင်ကို ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
 
CB Bank ၏ Website မှတစ်ဆင့် ကတ် ဝန်ဆောင်မှုလျှောက်ထားရန် - https://www.cbbank.com.mm/en/form

#CBBank #Announcement #Cards #Service
CB Bank ရဲ့ ကတ်တွေသုံးစွဲပြီး L'amour Beauty & Nail Bar မှာ 10% Discount အခွင့်အရေးကို ရယူပါ!

CB Bank က ထုတ်လုပ်ထားတဲ့ မည်သည့်ကတ်အမျိုးအစားမဆိုသုံးစွဲပြီး L'amour Beauty & Nail Bar မှာ ငွေပေးချေမယ်ဆိုရင် 10% Discount ရရှိနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ် စတင်နေပါပြီ။

L'amour Beauty & Nail Bar မှာ CB Bank ရဲ့ ကတ်အမျိုးအစားအားလုံးနဲ့ ပေးချေနိုင်မှာဖြစ်ကာ ယခုအချိန်မှစတင်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ 10% Discount ပရိုမိုးရှင်း အခွင့်အရေးကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အမှတ် 307 (B) ၊ ဝေဇယန္တာလမ်း၊ ပြည်သာယာလမ်းနဲ့ ရတနာလမ်းကြား၊ သင်္ဃန်းကျွန်းမြို့နယ်မှာတည်ရှိတဲ့ L'amour Beauty & Nail Bar မှာ အလှအပရေးရာဝန်ဆောင်မှုတွေရယူပြီး 10% Discount ရယူလိုက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

#CBBank #Cards #LamourBeautyNailBar
CB Bank’s Prepaid Card များကို CB Bank ၏ ဘဏ်ခွဲတိုင်းတွင် Top Up ပြုလုပ်နိုင်ပါပြီ!

CB Bank Customer များအနေဖြင့် Prepaid Card များ Top Up ပြုလုပ်ခြင်းကို နိုင်ငံတစ်ဝန်းလုံးရှိ CB Bank ၏ ဘဏ်ခွဲတိုင်း၌ လွယ်ကူချောမွေ့စွာ ဝန်ဆောင်မှုရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

CB Bank’s Prepaid Card များအား မြန်မာကျပ်ငွေ Top Up ပြုလုပ်သည်ဖြစ်စေ၊ USD Top Up ပြုလုပ်သည်ဖြစ်စေ ငွေသားပေးသွင်း၍ CB Bank ၏ ဘဏ်ခွဲတိုင်း၌ အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။

#CBBank #PrepaidCard #TopUp
“Outlet A မှာ ဈေးဝယ်ယူတိုင်း CB Bank ကတ်နဲ့ပေးချေပြီး 10% OFF Discount ရယူလိုက်ပါ”

👉 CB Bank Customer ကြီးများအနေနဲ့ Outlet A မှာ Branded ပစ္စည်းတွေဝယ်ယူတိုင်း CB Bank မည်သည့်ကတ်နဲ့မဆို ပေးချေလိုက်တာနဲ့ 10% OFF Discount ရရှိသွားမှာဖြစ်ပါတယ်။

👉 Promotion ပေးထားတဲ့ကာလကတော့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့အထိဖြစ်ပါတယ်။

👉 နိုဝင်ဘာလ ၈ ရက်နေ့အထိ ဘယ်လောက်ဖိုးပဲဝယ်ယူဝယ်ယူ 10% Discount ရနေမှာဆိုတော့ တန်တယ်နော်။

Outlet A Address: No.16A, Aung Zaya Road, 14 ward, Yankin Tsp Near Radio Music Bar

“Outlet A ကိုသွားရင် CB Bank ကတ်လေးယူသွားနော်”

#CBBank #CBAllCardPromotion #OutetA #BrandedOutfit