Movie_Max_Cartoon _Myanmar_Channel
366K subscribers
6.45K photos
2.34K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
The Monkey King: The Legend Begins (2022)

အခုကတော့ Journey to the Westမှာကြုံရမယ့် အခက်အခဲပေါင်း ၈၁ ခုအနက်မှ အရိုးဖြူမယ်အကြောင်းရိုက်ကူးထားတဲ့ movieကို တင်ဆက်ပေးမှာပါ။
စွန်းဝူခုန်းကားရဲ့ထုံးစံအရ ကွမ်ရင်မယ်တော်က ထန်စန်းကို တရားစာပင့်ဆောင်ဖို့ အနောက်ဘက်ကို ခရီးသွားဖို့စေလွှတ်တာကစတင်လို့ ထန်စန်းတစ်ယောက် ဝူခုန်းတို့ကို လိုက်ရှာပြီး ကျမ်းစာပင့်ခရီးကို အစပျိုးထားပါတယ်။ Monkey Kingရဲ့ထုံးစံအတိုင်း ဆရာတော်ကိုစားမယ်တကဲကဲမိစ္ဆာတွေကတစ်ဖက်၊ မိစ္ဆာနဲ့လူမကွဲဘဲ အကုန်လုံးကိုသနားနေတဲ့ ဇွတ်ဖြူစင်ဆရာတော်(ပြီးရင်တော့ အစဉ်အလာမပျက် ဝူခုန်း ဝူခုန်း အော်တတ်သူလေး) မိစ္ဆာတွေကိုရှင်းလင်းသုတ်သင်ရင်းနဲ့ ဆရာတော်နဲ့အမြဲငြင်းခုံနေတဲ့ ဝူခုန်း၊ စားဖို့နဲ့နှာဖို့ပဲသိတဲ့ပါကျဲ၊ ဆရာတော်ပြီးရင်အဖြူစင်ဆုံး အူတူတူလေး ရှားဝူကျင့်တို့ကို မြင်ရမှာဖြစ်ပြီး သူတို့တွေအရိုးဖြူမယ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
📣 ကြော်ငြာကဏ္ဏ 📢
ငွေးကြေး ယုံကြည်စိတ်ချမှန်ကန်တဲ့ 💯✔️💰 Online Game ...
လူကြီးမင်းတို အတွက် အကောင်းဆုံး Vibet77 Online Game မှာ ...

#LiveCasino #Slot #Fishing #Sport #TableGame #ArcadeGame
ဂိမ်းပေါင်းများစွာကို ငွေကြေး 100% ယုံကြည်စိတ်ချစွာ 🎲🎮🎰📱
🕐 24 Hours Service 🕛 ဖြင့် ဆော့ကစားလိုရပါပြီ .....

#Promotion များစွာလည်း အလန်းစားတွေရှိလို 😍 😍
ရယူ ဆော့ကစားနိုင်ပြီး မန်ဘာအသစ်များ အတွက်♠️♣️♥️♦️
New Member Bonus ,အခြား Promotion များစွာကိုလည်း 🆕🆓
အကောင့်ဖွင့်ယူပြီးတာနဲ့ Viber/Telegram မှာ ဆက်သွယ်ရယူနိုင်ပါတယ်။

အကောင့်ဖွင့်ယူရန်နှင့် အသေးစိတ် သိရှိလိုပါက 📲
Phone/Viber- 09-880217374 / 09-981292796
Viber Link - https://msng.link/o?959880217374=vi
Game Link - https://vibet77plus.com/register.php?referrer=106913
Telegram Link - https://t.me/Vibet77_OfficialBot
Sacrum Vindictae (2023)

ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကိုအနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကို
ပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီးသူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။သူ့အလုပ်ရှင်က မိန်းမနဲ့ကလေးတွေကိုသတ်တဲ့ လူတွေကိုမုန်းတဲ့လူဖြစ်ပြီးအဲ့လိုလုပ်ခဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့နုချ်ကိုတောင်ခိုင်းခဲ့ပါသေးတယ်။ဒါပေမယ့် အဲ့လိုမျိုးမုန်းတဲ့လူတစ်ယောက်က သူ့မိန်းမနဲ့သမီးသေဆုံးရခြင်းရဲ့အဓိကတရားခံဖြစ်နေခဲ့တဲ့အခါမှာတော့ နုချ်တစ်ယောက် ဘာတွေဆက်လုပ်မယ်ဘာတွေဆက်ဖြစ်မလဲ သူ့မိန်းမနဲ့သမီးအတွက်ရောလက်စားချေနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။

#Credit


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Queen of Desert (2015)

ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။

ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
The Croods (2013)

ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့…ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင် ဖန်တီးပြတော့တာပဲ။ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ် သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ။ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ

▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
The Croods: A New Age (2020)

ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာခဲ့တဲ့ “မနက်ဖြန်”ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တတစ်နေ့မှာဂူတွေထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ “မနက်ဖြန်”ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည်လိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာမိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ၊ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရောဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို ကြည့်ရှု့ရမှာပါ


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗