Burmese Red Devils
6.25K subscribers
1.24K photos
28 videos
68 links
မန်ယူနိုက်တက် ပွဲစဉ်တိုင်းကို တိုက်ရိုက်ပြသ ပေးနေတဲ့ Channel 🔴
Download Telegram
" ပွဲမတိုင်ခင်ကတည်းက ဒီပွဲက ဘယ်လောက်အရေးကြီးတယ်ဆိုတာ နဲ့ နိုင်ကို နိုင်မှ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြတယ် ။ ကျွန်တော်တို့ ကစားသမားတွေအားလုံး ခံစားချက်တွေ ပြည့်နေခဲ့ပါတယ် ။

ပွဲမစခင် ကွင်းကို မြင်တာနဲ့ ကျွန်တော်တို့အားလုံး ရင်ထဲမှာ ဗလောင်ဆူနေပြီ ။ အဲဒီ စိတ်ဓာတ်တွေကို ကျွန်တော်တို့ ဆက်ထိန်းထားမှ ရမယ် ။ ပွဲတွေ ပို ပိုပြီး နိုင်ရမယ် ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပရိတ်သတ်တွေကို ပျော်အောင် လုပ်ပေးရဦးမယ် ''

🎙️ဘေယင်ဒါ

#Bayindir
#ManchesterUnited
👏96🤡1
မန်ယူနိုက်တက်နောက်ခံလူ မက်သိုက်ခ် ဒီလစ်ဟာ လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဘယ်နောက်ခံလူထက်မဆို တစ်ဦးချင်း ရင်‌ဆိုင်လုယူနိုင်မှု အကြိမ် အများဆုံး စွမ်းဆောင်ထားနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ် ။

◉ Matthijs de Ligt — 23 ကြိမ်
◎ Calvin Bassey — 20 ကြိမ်
◎ Joachim Andersen — 17 ကြိမ်
◎ Ibrahima Konaté — 17 ကြိမ်
◎ Maxime Estève — 16 ကြိမ်

[ DataMB ]
12👍4
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ :

🥇 ဂိုးပေါက်ကန်သွင်းမှု အများဆုံး
🥇 အခွင့်အရေး ဖန်တီးမှု အများဆုံး
🥇 ဂိုးရနိုင်ချေ အများဆုံး အသင်း ဖြစ်ပါတယ်

(h/t @StatmanDave)
🔥113🏆3😱2
"မန်စီးတီးနဲ့ပွဲအပြီး ရွိုင်ကိန်း ကျွန်တော့်ကို ဝေဖန်ခဲ့တာဟာ မှန်ကန်ပါတယ်။ ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာ ကျွန်တော့်ရဲ့ပုံစံက အခြေအနေအမှန်မှာ ရှိမနေပါဘူး။ ဒါကိုလဲ ရွိုင်ကိမ်း ပြောလို့သိတာမဟုတ်ပါဘူး။ ပွဲပြီးကတည်းက ကျွန်တော့်ကိုယ် ကျွန်တော် သိခဲ့တာပါ။ အဓိကအရေးကြီးဆုံးအရာက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကောင်းလာအောင် ကြိုးစားလုပ်ဆောင်ရမလဲဆိုတာကို သိဖို့ပါပဲ"

🎙️လုခ်ရှော

#LukeShaw
#ManchesterUnited
16
တော်မီနေးဟာ ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၈ နေရာအထိ ရခဲ့ပြီး ဟာလန်း၊ ဒီကလန်ရိုက်စ်၊ ဗန်ဒိုက်၊ ဖလော်ရီယန်ဝဇ်၊ အိုလစ်ဆေ၊ ယာအိုနေးဗက်စ်၊ လော်တာရိုမာတီနက်ဇ်တို့ထက် ပိုမိုမြင့်မားတဲ့ အဆင့်လည်း ဖြစ်ပါတယ် ။

Congratulations 🎉

#McTominay
🔥193
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 : ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ ဒီယိုဂိုဒါလော့ ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ပြီး ကာရင်တန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ် ။

[ Manchester United ]
6👏3👌2
မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အမော်ရင်ဟာ ဂိုးသမားနေရာအတွက် အတွေ့အကြုံရှိတဲ့ ဂိုးသမားတစ်ယောက် ထပ်မံအလိုရှိနေပြီး နွေရာသီမှာ အေစီမီလန် ဂိုးသမား မိုင်နန် ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ လက်ရှိ မိုင်နန်ရဲ့အေစီမီလန်စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ် 🚨🔴

#ManchesterUnited
#Maignan
11🔥2
ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးဟာ ယူနိုက်တက်မှာ သူ့ရဲ့ပွဲထွက်ခွင့်နေရာအတွက် ပြန်လည်ကြိုးပမ်းသွားရန် စိတ်ပိုင်းဖြတ် ထားပါတယ် ။

မိုင်နူးဟာ ကာရင်တန်မှာ လေ့ကျင့်ခန်းအစီအစဉ်များကိုပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်နေပြီး နည်းပြ အမော်ရင် မျက်စိကျသဘောကျလာစေရန်အတွက် တက်စွမ်းသမျှ ကြိုးစားနေပါတယ် ။

[StevenRailston]
9👍8😢1
မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုလံဘီယာ ယူ ၁၇ အသင်းခေါင်းဆောင် Cristian Orozco နဲ့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ DM နှင့် CM နေရာတို့တွင် ကစားနိုင်တဲ့ Cristian Orozco ဟာ အသက် ၁၈ နှစ်ပြည့်ချိန်ကျမှသာ မန်ယူနိုက်တက် အသင်းသို့ ရောက်ရှိလာမှာဖြစ်ပါတယ်။

#ManchesterUnited
16👍2🔥1
မန်ချက်စတာယူနိုက်တက်အသင်းက ကလပ်အသင်းအတွက် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို အမှတ်တရလက်ဆောင်တစ်ခု ပေးအပ်ခဲ့ပါတယ် ။

အဲ့ဒီလက်ဆောင်ကတော့ သူ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ခုစီက ဂိုးသွင်းတဲ့ ပုံရိပ်တွေနဲ့ ပုံဖော်ထားတဲ့ အထူးထုတ် ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါတယ် 🤩🔴

#BrunoFernandes
#ManchesterUnited
27🥰2
" ကျွန်တော်တို့တုန်းကဆိုရင် ကျွန်တော်ဟာ ပွဲကစားဖို့ ကွင်းထဲကို မဝင်မီ ဥမင်ထဲမှာကတည်းက အမြဲတမ်း စိတ်ဓာတ်တခုနဲ့ ကွင်းထဲကို ဝင်တယ်။ အဲဒါ ဘာလဲဆိုတော့ ပြိုင်ဖက်နောက်ခံလူတွေကို စေ့စေ့ကြည့်ပြီး '' မင်းတို့ ငါ့ကို မထိန်းနိုင်ပါဘူးကွာ '' ဆိုတဲ့ ခံယူချက်ထားပြီး အမြဲတမ်း ပွဲကို ကစားတယ် ''

🎙️ဝိန်းရွန်းနီ 🔴

#WayneRooney
#ManchesterUnited
27🔥7
“လူတွေက ရော်နယ်ဒိုကို ကျနော်မုန်းတယ်လို့ ထင်နေတယ်၊ မဟုတ်ပါဘူး၊ သူနဲ့ကျနော်က ဘယ်လောက်ထိ ခင်မင်ရင်းနှီးလဲဆိုတာကို မသိကြတာပါ၊ မက်ဆီက ပိုကောင်းတယ်လို့ ကျနော်က ပြောခဲ့လို့ အဲလိုထင်နေကြပုံပဲ၊ မက်ဆီက အသင်းနဲ့ အသင်းဖော်တွေကို ဆွဲခေါ်တဲ့အပိုင်းမှာ ပိုကောင်းလို့ သူ့ကို ကျနော်သဘောကျတာပါ၊ ဒါပေမယ့် ရော်နယ်ဒိုကို ကျနော်ချစ်ပါတယ်၊ သူက အခုထိ Genius တယောက်ဖြစ်နေတုန်းပါပဲ”

🎙️ရွန်နီ

#Ronaldo
#Rooney
21😁1
🚨🚨 𝐒𝐇𝐎𝐂𝐊𝐈𝐍𝐆:

မန်ယူနိုက်တက်နောက်ခံလူ နူဆာယာ မာဇရာဝီ ဟာ ဒဏ်ရာရရှိမှုကြောင့် လာမယ့် နိုင်ငံတကာပွဲစဉ်တွေ ပြီးတဲ့အထိ အနားယူရတော့မှာပါ။ 🙅‍♂️

အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဒီသတင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

[Fabrizio Romano]
😢102
" အာမက်ဒီယာလို အင်္ဂလန်မှာမရှိပါဘူး။ သူ့မိသားစုဝင်တစ်ယောက် ဆုံးပါးသွားလို့နေရပ်ပြန်သွားပါတယ်။ ကျွန်တော်တို့ဘက်က ဒါကို နားလည်ပေးပြီး ထောက်ခံမှုအပြည့်ပေးထားပါတယ်။ ဘရန့်ဖိုဒ့်နဲ့ပွဲ သူကစားလို့ရမှာမဟုတ်ပါဘူး" 🔴

🎙️ရူဘင်အမော်ရင်

#RubenAmorim
#AmadDiallo
12😢1