မြတ်နိုးရတဲ့ကဗျာများကိုရေးသားသည်
82 subscribers
84 photos
146 videos
4 links
Download Telegram
အစ်ကိုကတိမ်တွေလိုပဲ .....






























(လေလွင့်နေတာ)


#Ann
🥰7
100 girls

vs

ကျွန်တော်မျက်နှာညိုးရင် မနေတက်သောမိန်းကလေးတစ်ဦး..


#Jazz
👏3
လမ်းလည်း မကြုံတော့သလို့
အကြည့်လည်း မဆုံနိုင်တော့ဘူး
လမ်းပဲလွဲလွဲ လမ်းပဲခွဲခွဲ
ဒီကမ္ဘာမှာ ကိုယ်တို့ ဘယ်ဖိနပ်စီးစီး  ဝေးသွားပြီးနော် အချစ်..


#Jazz
👏6
အကြိမ်ကြိမ် အခါခါ လွဲမှားခဲ့ပါတယ်
ဆံပင်ညှပ်ဆိုင် မှားရွေးမိတာက အစ
မေတ္တာတွေ လူမှားပေးမိတာ အဆုံး

#Jazz
🔥5
တကယ်အဆင်မပြေတဲ့နှစ်တစ်နှစ်ပါပဲ....

ကိုယ့်ကိုချစ်တဲ့လူတွေကိုလည်းဆုံးရှုံးလိုက်ရသလို ကိုယ်ချစ်တဲ့လူတွေကိုလည်းဆုံးရှုံးလိုက်ရတယ်....
ဒီလိုပါပဲ လူတွေတစ်ယောက်ပြီးတစ်ယောက်ထွက်သွားပေမယ့် အမှတ်တရတွေကတော့ကျန်စမြဲပါပဲ....
မေ့နိုင်လို့ထွက်သွားတဲ့သူကထွက်သွားခဲ့ပြီး....
မမေ့နိုင်တဲ့လူကတော့ကျန်ရစ်နေခဲ့ရောပေါ့.....



#Ann
🔥3👏1
အမြဲတမ်းမဟုတ်ရင်တောင်တစ်ခါတစ်လေတော့သတိရတယ်မဟုတ်လား..ကိုယ့်နာမည်အစလေးကြားလိုက်တဲ့အချိန်ပဲဖြစ်"ပေါ့။


#Shun
🍓5
Channel name was changed to «မြတ်နိုးရတဲ့ကဗျာများကိုရေးသားသည်»
ပုံမှန်ထက်တိတ်ဆိတ်သွားတာကလွဲရင်..အရင်လိုမင်းကိုချစ်တုန်းပါပဲ။

#Shun
💔4
မောင်က လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မ ပါသည်။
မောင်က နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောက်ယှက်ဖြစ်မည့်
စာတစ်စောင် စကားတစ်ခွန်းမျှ
မောင်မကြားရစေဘဲ
ကျွန်မ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ။
အဲ့သည်အထိ
ကျွန်မ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် မောင်။

ဂျူး
🍓74
ဘယ်သူ့ကို ဘယ်သူကမှ
နှုတ်ဆက်စရာမလိုဘဲ
မင်းရော ကိုယ်ပါ အိပ်လို့ပျော်ပြီဆိုရင်
ကိုယ်တို့ဝေးသွားတာ . . . သေ ချာ ပြီ ။     ။

-နွေသစ်ငြိမ်း
🔥4
ဘယ်လောက်ပဲချစ်ခဲ့"အချိန်တန်တော့လည်းမာနကိုပဲရွေးချယ်ခဲ့ကြတာပဲ။

#Shun
💔42
အနာဂတ်မှာဘာဖြစ်အောင်ကြိုးစားမယ်ဆိုတာထက်..
တစ်နေ့မောင်"နဲ့လက်ထပ်ဖြစ်ခဲ့ရင်ဆိုပြီးကြိုတွေးခဲ့ဖူးတဲ့ဒီမိန်းမမှမရူးရင်ဘယ်သူရူးမလဲ။

#Shun
5
အတိတ်မှာ ပိတ်မိနေတာမျိုးမဟုတ်ပဲ  နှစ်ယောက်အတူတွဲလျှောက်ကြမယ်ဆိုတဲ့အနာဂတ်မှာ တစ်ယောက်ထဲဖြစ်သွားတာကို
မယုံမကြည်နေမိတာမျိုးး

ကိုယ်သေရင် သူ့ဘဝပါ
အဓိပ္ပါယ်မရှိတော့တာမို့
လိုက်သေဖို့ပဲရွေးမှာလို့
သူပြောခဲ့တုန်းက
ကျွန်မ ခလေးငယ်က
ကျွန်မကို သိပ်ချစ်ရှာတာပဲဆိုပြီးး ကျွန်မ ကျန်းမာရေးးကို
ဂရုစိုက်ခဲ့တယ်

ကျွန်မ မျက်နှာ ညှိုးနေရင်တောင် ရှင် စိတ်ပူရတယ်ဆို
"ဒါဆို ဘာကြောင့်များ ထားခဲ့ရက်ပါသလဲ... "

စိတ်ပူပြီးးများး ပြန်လှည့်ကြည့်မလားဆိုပြီးး ဒီမိန်းမ ဉာဏ်များခဲ့ပါသေးတယ်... အရာမထင်ခဲ့ဖူးးး
ရှင်နေနိုင်လွန်းခဲ့တယ်...


-အမရာ
🍓21💔1
သိပ်ချစ်တတ်တဲ့ဒီမိန်းမပေါ်ကိုမှရက်စက်လေခြင်း..အမျိုးသားငယ်။

#Shun
💔4
တစ်ယောက်ကို တစ်ယောက်

သတိတရရှိနေသေးတယ်ဆိုရင်

ငါတို့လမ်းခွဲခဲ့တာမဟုတ်ဘူး

လမ်းလွဲခဲ့တာ

#crd
#Shun
5🔥2
အနေဝေးရင်သွေးအေးသွားတာကချစ်သူတွေကြားထဲမှာပဲရှိတယ်ထင်ခဲ့တာ...တကယ်တော့သူငယ်ချင်းတွေကြားထဲမှာလဲရှိပါတယ်။

*တစ်ယောက်ထဲနေတတ်အောင်ငါ့မှာပြန်ပြီးပုံသွင်းယူရအုံးမယ်💔*


#Shun
💔9