The Soulmate Rings (2026)
အချိန်ခရီးသည်ရဲ့ချစ်လက်စွပ် (၂၀၂၆)
Ep-3
#TheSoulmateRings #thaiseries #2026series #mmsub #blackhole
အချိန်ခရီးသည်ရဲ့ချစ်လက်စွပ် (၂၀၂၆)
Ep-3
Soda အဖြစ် Mook Worranit Thawornwong
Dindaen အဖြစ် Euro Yotsawat Tawapee
ဇာတ်လမ်းအကျဉ်း
အွန်လိုင်းပေါ်မှာ ပစ္စည်းတွေ ရောင်းရင်း အောင်မြင်နေတဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ ဆယ်လီမလေး " ဆိုဒါ " တစ်ယောက် မင်္ဂလာဆောင်တော့မယ့် သတင်းကြောင့် ပရိသတ်တွေကြား လူပြောများသွားခဲ့ပါတော့တယ်...
သတို့သားလောင်းကတော့ သမရိုးကျဆန်လွန်းလှတဲ့ တိရစ္ဆာန်ဆရာဝန်လေး "ဒင်ဒန်" ဖြစ်နေပြီး.. စိတ်ထားကောင်းပြီး အေးဆေးတည်ငြိမ်သူ ဖြစ်ပေမဲ့ 'ဆိုဒါ' ရဲ့ အသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေကတော့ သူတို့နှစ်ဦးကို ကွဲပြားလွန်းတာကြောင့် သဘောမတူနိုင်ခဲ့ကြပါဘူး.
ဒီလိုနဲ့ မင်္ဂလာပွဲရက် နီးကပ်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်အပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ ဆုံးဖြတ်ချက်တွေကြား သံသယတွေ စတင်ကြီးထွားလာခဲ့ချိန်မှာတော့ မထင်မှတ်ထားတဲ့ ဆန်းကြယ်မှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်....
အဲဒါကတော့ မင်္ဂလာပွဲမတိုင်မီ အတိတ်အချိန်ကာလကို နှစ်ယောက်လုံး ရောက်ရှိသွားခဲ့ကြတာပါ ..ပြောင်းလဲသွားတဲ့ အခြေအနေတွေကြားမှာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်က ပိုခိုင်မာလာမလား ဒါမှမဟုတ် ခြားနားလွန်းတဲ့ သူတို့ရဲ့ ဘဝတွေကြောင့် အတိတ်မှာပဲ လမ်းခွဲလိုက်ရမလား ဆိုတာကတော့... အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။
#TheSoulmateRings #thaiseries #2026series #mmsub #blackhole
❤6👍2
Pls Love (2026)
ချစ်ခွင့်တောင်းခံလွှာ (၂၀၂၆)
Ep-6
#PlsLove #thaiseries #2026series #mmsub #GL #blackhole
ချစ်ခွင့်တောင်းခံလွှာ (၂၀၂၆)
Ep-6
ပင်လယ်ကမ်းခြေက ခဏတာ ရင်ခုန်သံဟောင်းလေးတစ်ခုက ဘန်ကောက်မြို့ရဲ့ဇိမ်ခံကလပ်တစ်ခုမှာ ပြန်လည်အသက်ဝင်လာတဲ့အခါ
ဖင်း ဖာခီနီ ထရိုင်ဆူဝတ်ထီဝပ် အဖြစ် Lena Lorena
ဖန် ဖန်အပ်ဆွန် အဖြစ် Miu Natsha
အရာရာပြည့်စုံပြီး ရေခဲတုံးလို အေးစက်လွန်းတဲ့ စီးပွားရေးလုပ်ငန်းရှင် အမွေဆက်ခံသူ ဖင်း ဖာခီနီ
ဇိမ်ခံကလပ်တစ်ခုမှာ Hostess တစ်ယောက်အဖြစ် ဘဝကို ရုန်းကန်နေရသူလေး ဖန်အပ်ဆွန်
တစ်ညတာပတ်သတ်ခဲ့ဖူးကြတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပြန်ဆုံတွေ့ချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် အနီးကပ်နေထိုင်ရတဲ့အခါ….
ဖြေရှင်းမရသေးတဲ့ ခံစားချက်ဟောင်းတွေ မာနတရားတွေနဲ့ နာကျင်စရာ အထင်လွဲမှုတွေကို နှစ်ယောက်လုံး ပြန်လည်ရင်ဆိုင်ရတဲ့ချိန် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ကွာဟလွန်းတဲ့ လူတန်းစား အဆင့်အတန်းတွေက သူတို့ရဲ့ဆက်ဆံရေးကိုဖျက်ဆီးဖို့ ခြိမ်းခြောက်လာချိန်မှာတော့...
အချင်းချင်း အကဲဖြတ်မှုတွေမပါဘဲ ယုံကြည်ချစ်မြတ်နိုးဖို့ သူတို့နှစ်ယောက် ဘယ်လောက်ထိ သတ္တိရှိကြမလဲဆိုတာကို ရင်ခုန်လှိုက်မောဖွယ် အသည်းယားဖွယ်အပြည့်နဲ့ ကြည့်ရှုရမယ့် အလှလေးနှစ်ယောက်ဖြစ်တဲ့ LenaMiu ရဲ့ ဒုတိယမြောက်စီးရီးလေးကို တင်ဆက်ပေးသွားမှာမို့ ရှေ့ဆုံးကနေကြည့်ဖို့ စောင့်နေလိုက်တော့နော်...
#PlsLove #thaiseries #2026series #mmsub #GL #blackhole
❤7
Third Person (2026)
တတိယလူ (၂၀၂၆)
Ep-6
#ThirdPerson #thaiseries #2026series #mmsub #GL #blackhole
တတိယလူ (၂၀၂၆)
Ep-6
တို့မမGarnရဲ့ ပွဲဦးထွက် GL သစ်လေး လာပါပြီတဲ့နော်။
ခရစ်အဖြစ် Garn Nuttacha
ဆန်းအဖြစ် Mimie Bhapat
နာဒီယာအဖြစ် Piglet Charada
"ပတ်သက်မှုတစ်ခုမှာ အချစ်မခံရတဲ့လူက တတိယလူတဲ့လား"
GL Drama ပရိသတ်တွေအတွက် အချစ်၊ သံယောဇဉ်နဲ့ လျှို့ဝှက်ချက်တွေ ရောယှက်နေတဲ့ ထိုင်းဒရာမာ စီးရီးသစ်လေး "Third Person" နဲ့ မိတ်ဆက်ပေးပါရစေ။ စာရေးဆရာ SIIX ရဲ့ နာမည်ကြီး Web Novel ကို အသက်သွင်းထားတာဖြစ်ပြီး ကျွန်တော့်မမ P'Garnရဲ့ first gl ဆိုလည်းမမှားပါဘူး။
ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့နေတဲ့ ခရစ်ဆိုတဲ့ ကောင်မလေးကနေ စတင်ပါတယ်။ သူဟာ အတိတ်ကို ဘာမှမမှတ်မိတော့ပေမဲ့ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့ ချစ်သူကောင်မလေး နာဒီယာနဲ့အတူ အေးချမ်းတဲ့ ဘဝလေးတစ်ခုကို ဖြတ်သန်းနေတာပါ။
အရာအားလုံးက သာယာဖြောင့်ဖြူးနေတယ်လို့ ထင်ရပေမဲ့... တစ်နေ့မှာ ဆန်းလို့ခေါ်တဲ့ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက် သူတို့ဘဝထဲကို ရုတ်တရက် ဝင်ရောက်လာပါတယ်။ ဆန်း ရောက်လာတဲ့အချိန်ကစပြီး ခရစ် ယုံကြည်ထားတဲ့ အမှန်တရားတွေနဲ့ ယုံကြည်မှုတွေအားလုံး စတင်လှုပ်ခတ်လာပါတော့တယ်။
"ငါ့ရဲ့ အတိတ်မှာ မင်း မရှိခဲ့ဘူးဆိုရင်တောင်... ငါ့ရဲ့ ပစ္စုပ္ပန်မှာတော့ မင်းကလွဲပြီး တခြားသူ မရှိဘူး" ဆိုတဲ့ သံယောဇဉ်တွေကြားမှာ ဆန်း ကရော ဘယ်လို လျှို့ဝှက်ချက်တွေ သယ်ဆောင်လာတာလဲ။ နာဒီယာ ဖုံးကွယ်ထားတဲ့ အမှန်တရားကရော ဘာဖြစ်မလဲ။
သာမန် အချစ်ဇာတ်လမ်းလေး မဟုတ်ဘဲ Drama ဆန်ဆန် လျှို့ဝှက်ချက်တွေနဲ့ ရင်တမမ ရှုစားရမဲ့ GL ကားကောင်းလေးမို့ ကြည့်ရှုခံစားလိုက်ကြပါဦး။
#ThirdPerson #thaiseries #2026series #mmsub #GL #blackhole
❤4
Lovex3 (2026)
ရင်ခုန်သံအထပ်ထပ် (၂၀၂၆)
Ep-10
#Lovex3 #thaiseries #2026series #mmsub #BL #blackhole
ရင်ခုန်သံအထပ်ထပ် (၂၀၂၆)
Ep-10
ဖစ်ဆစ် အဖြစ် Krit Ngamtanakijja
ဖူအန်အဖြစ် Phop Pongphop
ဒင်အဖြစ် Pao Pichitchai
စတားအဖြစ် Tonkla Saharat
အော့အဖြစ် NJ Deeprompt
ချေမီ အဖြစ် Chok Ditheechok
ကျောင်းသားခြောက်ယောက်ဟာ ချစ်ခြင်းမေတ္တာမသင်မနေရသင်တန်းကိုတက်ရောက်ကြပြီး နှလုံးသားရော မိမိကိုယ်ပါ ရင့်ကျက်ကြီးပြင်းမလာသည်အထိ ထင်မှတ်မထားဘဲ ပိုမိုနီးကပ်လာသောအချစ် အမှီလိုက်နိုင်ရန် အပြေးလိုက်ရမဲ့အချစ် ကတိဟောင်းတစ်ခုကို သယ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာသောအချစ် စတဲ့သင်ခန်းစာတွေကို လေ့လာသင်ယူဖြတ်ကျော်ရမှာဖြစ်ပါတယ်
သင်ခန်းစာ ၁ : ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေရသော်လည်း သူငယ်ချင်းနဲ့အခြားတစ်ယောက်ကို အောင်သွယ်တော်အဖြစ် ပါဝင်ကူညီပေးခဲ့ရသော အထက်တန်းကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်း
သင်ခန်းစာ ၂ : ကျောင်းရဲ့ချစ်စရာအကောင်းဆုံးဂျူနီယာစတားရဲ့နှလုံးသားနှင့် LINE ID ကို အပိုင်ရအောင်လုပ်ရမဲ့ စီနီယာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌရဲ့အချစ်ဇာတ်လမ်း
သင်ခန်းစာ ၃: ကိုယ့်အစ်ကိုရဲ့အချစ်ဆုံးသူငယ်ချင်းကို တိတ်တခိုးချစ်နေမိပြီး ကတိဟောင်းတစ်ခုကို ဖက်တွယ်ထားနေမိတော့ ဂျူနီယာကျောင်းသားလေးတစ်ယောက်ရဲ့ ဆက်စောင့်ရမလား လက်လွှတ်လိုက်ရမလားဆိုတဲ့အချစ်ဇာတ်လမ်း
အချစ်ဇာတ်လမ်း ၃ ခုကိုမှ ဟာသ အချစ် အလွမ်းတွေနဲ့ အပိုင်း ၁၅ ပိုင်းကြီးတောင်ကြည့်ရမှာဖြစ်လို့ Bl ဖန်တွေအနေနဲ့လက်လွှတ်မခံဘဲနဲ့ တနင်္ဂနွေညတိုင်း လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#Lovex3 #thaiseries #2026series #mmsub #BL #blackhole
❤2
Keaw Pisdan (2026)
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-39,40
#KeawPisdan #thaiseries #2026series #mmsub #blackhole
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-39,40
#KeawPisdan #thaiseries #2026series #mmsub #blackhole
Mr FanBoy (2026)
မင်းရဲ့ ဖန်ဘွိုင် (၂၀၂၆)
Ep-8
#MrFanBoy #thaiseries #2026series #mmsub #BL #blackhole
မင်းရဲ့ ဖန်ဘွိုင် (၂၀၂၆)
Ep-8
ဝမ်က မင်းသား နိုင်းရဲ့ ရူးရူးမူးမူး Fanboy လေးပေါ့။ နိုင်းကို လိုက်ပုံရိုက်ရင်းနဲ့ နိုင်းနဲ့ တွဲရိုက်နေတဲ့ မင်းသား သီးဒ်နဲ့ ငြိပြီး Sasaeng လို့ အထင်လွဲခံလိုက်ရတာ။
ဒါပေမဲ့ ဘုရားပေးချင်တော့ ဝမ်က နိုင်းနဲ့ သီးဒ်တို့ တွဲရိုက်မယ့် BL ကားမှာ အရံမင်းသားအဖြစ် အရွေးခံရပြီး သရုပ်ဆောင်လောကထဲ ရောက်သွားရော။
ရိုက်ကူးရေးမှာ အစက မတည့်ဘဲ မျက်နှာကြည့်မရတဲ့ သီးဒ်က ဝမ် ဒုက္ခရောက်တိုင်း ဝင်ဝင်ကူညီပေးရင်းနဲ့ အနီးကပ် ရှိလာတယ်။ အဲဒီအချိန်မှာပဲ သူ အသေရူးရတဲ့ Idol နိုင်းရဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိသွားရတယ်။
အဲဒီတော့ ဝမ်တစ်ယောက် သူအားပေးတဲ့ Idol နဲ့ ဘေးနားမှာ အမြဲရှိပေးတဲ့ သီးဒ်တို့ကြားထဲမှာ ခံစားချက်တွေ ရှုပ်ထွေးပြီး သရုပ်ဆောင်လောကရဲ့ ဒုက္ခတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ကြည့်ရမှာပါ။
#MrFanBoy #thaiseries #2026series #mmsub #BL #blackhole
❤3
Police in Love (2026)
ဥပဒေနဲ့အညီ ချစ်ခွင့်ပန်ပါရစေ (၂၀၂၆)
Ep-6
#PoliceinLove #thaiseries #2026series #mmsub #blackhole
ဥပဒေနဲ့အညီ ချစ်ခွင့်ပန်ပါရစေ (၂၀၂၆)
Ep-6
ထီအာထာ အဖြစ် Yin Anan Wong
မန်ကွန် အဖြစ် War Wanarat
"လက်ထပ်ကြမလား…. ခြောက်လပြည့်ရင် ကွာရှင်းကြတာပေါ့"
ဘဝရဲ့ကံဆိုးမှုတွေ အညံ့တွေကို ယတြာချေဖို့အတွက် အောက်တိုဘာလ (၁၃) ရက် တနင်္လာနေ့မှာ မွေးဖွားသူတစ်ယောက်နဲ့ မဖြစ်မနေ လက်ထပ်ရမယ်လို့ မိခင်ဖြစ်သူဆီကနေ ရာဇသံပေးခံလိုက်ရတဲ့ စုံထောက်အရာရှိ ထီအာထာ
ပိုပြီး ခေါင်းခဲစရာကောင်းတာက အဲဒီလူရဲ့နာမည်နဲ့ မျိုးရိုးနာမည်မှာ ထိုင်းဗျည်းအက္ခရာ "ร" (ရကောက်) မဖြစ်မနေ ပါဝင်ရမယ်ဆိုတဲ့အချက်ပါပဲ
ရှာရခက်လှတဲ့ ဒီကံကြမ္မာရှင်က ဝေးဝေးလံလံမှာ မဟုတ်ဘဲ သူ့ရဲ့လက်အောက်ငယ်သား ရဲအရာရှိလေး မန်ကွန်က မွေးသက္ကရာဇ်ကအစ နာမည်အဆုံး သတ်မှတ်ချက်တွေအားလုံးနဲ့ တစ်ထပ်တည်း ကျနေတဲ့သူဖြစ်နေတဲ့အခါ
သူတို့နှစ်ယောက်ရဲ့သဘောတူညီချက်က ရှင်းရှင်းလေးပါ ခြောက်လအတူနေမယ် ပြီးရင် ကွာရှင်းမယ် ဒါပေမဲ့ တစ်မိုးအောက်တည်းမှာ အတူနေရင်းနဲ့ အချိန်တွေကြာလာတာနဲ့အမျှ ဟန်ဆောင်ဇနီးမောင်နှံနှစ်ယောက်ရဲ့ သံယောဇဉ်တွေက တဖြည်းဖြည်း နက်ရှိုင်းလာရင်း
ဒီလိုနဲ့ သူတို့ရဲ့ဆက်ဆံရေးကို စမ်းသပ်လာတဲ့ ရည်းစားဟောင်းရဲ့ဝင်ရောက်စွက်ဖက်မှု တိတ်တိတ်လေး ခံစားချက်တွေရှိနေတဲ့ အထက်အရာရှိတစ်ယောက်ရဲ့ကြားဝင်မှုတွေအပြင်... ထီအာရဲ့ကံဆိုးမှုတွေအားလုံးက မန်ကွန်ဆီကိုသာ ကျရောက်သွားလိမ့်မယ်ဆိုတဲ့ ကြက်သီးထစရာ ဟောကိန်းတစ်ခုကိုပါ ထပ်မံရင်ဆိုင်လာရတဲ့အခါ...
သူတို့ရဲ့ခြောက်လတာ စာချုပ်လေးက အချစ်စစ်အဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် ဟောကိန်းတွေအတိုင်းပဲ အဆုံးသတ်သွားမလားဆိုတာကို Contract Marriage ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်ကြတဲ့ချစ်သူတို့အဖို့ ရင်ခုန်လှိုက်မောဖွယ် ကြည့်ရှုရမှာမို့ အခုပဲကြည့်လိုက်တော့နော်
#PoliceinLove #thaiseries #2026series #mmsub #blackhole
❤2
Oops Mysterious Sounds (2026)
လျှို့ဝှက်သံစဉ်ကြားက အချစ် (၂၀၂၆)
Ep-5
#OopsMysteriousSounds #thaiseries #2026series #mmsub #BL #blackhole
လျှို့ဝှက်သံစဉ်ကြားက အချစ် (၂၀၂၆)
Ep-5
ဖော့ဒူအန် အဖြစ် PK Patarachai
ဂျင်နာ အဖြစ် Namna Thanthai
"ရန်သူကနေ ချစ်သူဖြစ်ဖိုဆိုတာ... တစ်ပတ်ရစ် နားကြပ်ဟောင်းလေး တစ်စုံပဲ လိုတယ်"
ရန်သူကနေ ချစ်သူဖြစ်သွားတဲ့ (Enemies to Lovers) ဇာတ်ကွက်မျိုးကိုမှ သရဲတစ္ဆေတွေ၊ ထူးဆန်းတဲ့အသံတွေနဲ့ ဆန်းဆန်းပြားပြား ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မဲ့ BL ဇာတ်လမ်းသစ် ထွက်ရှိလာပါပြီ။
ဇာတ်လမ်းလေးကတော့ ရှက်တတ်တဲ့ ကျောင်းသားလေး ဖော့ဒူအန်ဆီကနေ စထားပါတယ်။ ဖော့ဒူအန်ဟာ သူ့ရဲ့ Crush လေးနဲ့ ပတ်သက်လာရင် ကံဆိုးမိုးမှောင်ကျပြီး အလွဲလွဲအချော်ချော်တွေချည်း ကြုံနေရသူပါ။
တစ်နေ့မှာတော့ သူက တစ်ပတ်ရစ် နားကြပ်ဟောင်းလေးတစ်ခုကို ဝယ်လိုက်မိရာကနေ မထင်မှတ်ထားတဲ့ ပြဿနာတွေ စလာပါတော့တယ်။ ဒီနားကြပ်လေးက သာမန်နားကြပ်မဟုတ်ဘဲ လူသေတွေရဲ့ ဝိညာဉ်လောကနဲ့ ဆက်သွယ်ပေးနိုင်တဲ့ နားကြပ်ဖြစ်နေတာပါပဲ။
ပိုဆိုးတာက ဒီနားကြပ်လေးကြောင့်ပဲ သူနဲ့ လုံးဝမတည့်တဲ့ ခါးသီးလှတဲ့ ရန်သူတော်ကြီးနဲ့ ဆက်စပ်သွားပြီး တမလွန်ကမ္ဘာထဲကို အတူတူ ဆွဲခေါ်ခံလိုက်ရတဲ့အခါ...။
မတည့်အတူနေ ရန်သူနှစ်ယောက် ဝိညာဉ်တွေကြားမှာ ဘယ်လို အသက်လုပြေးကြမလဲ... ကြောက်လွန်းလို ဖက်ပြေးကြရာကနေ ဘယ်လိုတွေ ရင်ခုန်သံ မြန်လာကြမလဲ...
ဖော့ဒူအန်ရဲ့ အချစ်ရေးကရော ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရယ်မော ရင်ခုန်ဖွယ် ကြည့်ရှုရမှာပါ။Rom-Com နဲ့ Horror Vibe လေးကို အချိုးကျကျ ရောစပ်ထားတဲ့ စီးရီးလေးမို ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင်ရယ်ချင်ရင်တော့ ခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
#OopsMysteriousSounds #thaiseries #2026series #mmsub #BL #blackhole
❤1
The Crow Club (2026)
ကျီးနက်ကလပ် (၂၀၂၆)
Ep-5
#TheCrowClub #thaiseries #2026series #mmsub #BL #blackhole
ကျီးနက်ကလပ် (၂၀၂၆)
Ep-5
လင်ဒါ အဖြစ် Cris
ရတ်ခွန်း အဖြစ် Newyear
ဝမ်း အဖြစ် Milk
ဖာထီ အဖြစ် Pop
ရန် အဖြစ် Title
တန်မို အဖြစ် Otto
ယိုယဲ အဖြစ် BJ
တလေ အဖြစ် Sailub
ဆန်း အဖြစ် Ponတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
<ဇာတ်လမ်းအကျဉ်း>
ဒီဇာတ်လမ်းလေးက "The Crow Club"ဆိုတဲ့ လျှို့ဝှက်ဘားတစ်ခုကိုအခြေခံထားတာပါ အဲ့ဒီဘားမှာ မမလင်ဒါ ဆိုတဲ့ဆရာမကြီးကဦးဆောင်ပြီး လူထူးလူဆန်းတစ်စုနဲ့ပေါင်းစည်းထားတာပေါ့ သူတို့အဖွဲ့က တခြားလူတွေမလုပ်ပေးနိုင်တဲ့ အထူးအဆန်းအလုပ်တွေ ပြဿနာတွေကို လာအပ်တဲ့ဖောက်သည်တွေဆီကပိုက်ဆံအများကြီးယူပြီး ကူညီဖြေရှင်းပေးကြပါတယ်။
ဇာတ်လမ်းထဲမှာ အဓိကအတွဲလေးတွဲရဲ့ ရှုပ်ထွေးဆန်းပြားတဲ့အကြောင်းတွေပါဝင်ထားပါတယ်-
အတွဲတစ်။သရဲလိုက်ခြောက်ခံနေရလို့အကူအညီတောင်းခြင်း:
အင်ဂျင်နီယာလေး ဝမ်းကို ဗိသုကာပညာရှင်ရတ်ခွန်းက သူ့ရည်းစားအတုလုပ်ပေးဖို့ငှားလိုက်ပါတယ် အကြောင်းကတော့ Rakkhunရဲ့အချစ်ရေးကိုနှောင့်ယှက်နေတဲ့သရဲကိုလှည့်စားဖို့အတွက်ပါပဲ အဲ့ဒီကနေပဲအချင်းချင်းချစ်မိသွားကြပါတော့တယ်။
အတွဲနှစ်။T-Popအဆိုတော်နဲ့ fake coupleအရှုပ်တော်ပုံ:
လူရှေ့မထွက်ရဲဘဲ နောက်ကွယ်ကနေသာသီချင်းဆိုတတ်တဲ့စကေးရှိတဲ့ဖာထီကို သီချင်းအေဂျင်စီကသင်တန်းသားရန်ကလာငှားပါတယ် အဖွဲ့သစ်နဲ့ ပွဲဦးထွက်နိုင်အောင်လုပ်ရင်း အတင်းတုပ်တာတွေ fake romanceတွေကြားမှာပဲ တကယ်သံယောဇဉ်တွယ်လာကြပါတော့တယ်။
အတွဲသုံး။ရည်းစားဟောင်းနဲ့ Survivalဂိမ်းထဲရောက်သွားခြင်း:
ဒေါသအိုးဖိုက်တာလေးတန်မိုနဲ့ သူ့ရဲ့အရှုပ်ထုတ်ရည်းစားဟောင်းယိုယဲတို့နှစ်ယောက်ရဲ့ဇာတ်လမ်း ယိုယဲက ပိုက်ဆံတစ်သန်းရမယ့် "Werewolf"ဆိုတဲ့reality showမှာပါဖို့တန်မိုကို ပိုက်ဆံပေးပြီးငှားလိုက်ပေမယ့် တောတောင်ထဲရောက်မှ ဂိမ်းမဟုတ်ဘဲ တကယ့်သွေးထွက်သံယိုပွဲကြီးဖြစ်နေမှန်းသိလိုက်ရပါတော့တယ်။
အတွဲလေး။အချစ်ဝတ္ထုရေးဆရာရဲ့ Fake Husbandအစီအစဉ်:
ကျရှုံးနေတဲ့အချစ်ဝတ္ထုရေးဆရာဆန်းက နာမည်ပြန်ရလာအောင်လို့ ဘားရဲ့လက်ထောက်မန်နေဂျာ(ပန်းချီဆရာ)တလေကို လင်မယားအတုလုပ်ခိုင်းပါတယ် စာအုပ်အသစ်ရေးဖို့အတွေ့အကြုံယူရင်းနဲ့ တကယ်ရင်ခုန်စရာတွေဖြစ်လာကြတဲ့အခါ...
ဘားတစ်ခုတည်းမှာပဲစုံစည်းပြီး action,mystery,romanceနဲ့supernatural typeဆန်ဆန်လည်းကြည့်ရမယ် main roleတွေအများကြီးလည်းပါဝင်ထားတဲ့အတွက် အပတ်စဉ်သောကြာနေ့ညမှာ လာရောက်ကြည့်ရှုအားပေးလို့ရပါပြီ။
#TheCrowClub #thaiseries #2026series #mmsub #BL #blackhole
❤2
Weirdo101 (2026)
ငါတို့ကြားက ဆွဲငင်အား (၂၀၂၆)
Ep-10 ( The End )
#Weirdo101 #thaiseries #2026series #mmsub #BL #blackhole
ငါတို့ကြားက ဆွဲငင်အား (၂၀၂၆)
Ep-10 ( The End )
နီရန်အဖြစ် Keen Suvijak Piyanopharoj
ချီဝါ ပန်ချီဝါအဖြစ် Sea Dechchart Tasilpတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
<ဇာတ်လမ်းအကျဉ်း>
ကျောင်းရဲ့ဂျူဒိုကစားသမားဖြစ်ပြီး အရာရာကိုအေးဆေးဖြတ်သန်းတတ်တဲ့နီရန်ဟာ ထူးခြားတဲ့အတွေးအခေါ်နဲ့ဆက်သွယ်ပြောဆိုပုံရှိတဲ့ နက္ခတ္တဗေဒကလပ်ရဲ့ဉာဏ်ကြီးရှင်ချီဝါနဲ့ဆုံတွေ့ခဲ့ပါတယ်။
သူတို့နစ်ဦးသားရဲ့ဆက်ဆံရေးကတော့ နီရန်နက္ခတ္တဗေဒကလပ်ထဲဝင်ပြီးပြီးချင်းမှာပဲအစပျိုးလာပါတော့တယ် ချီဝါဟာလည်း ကျောင်းမှာချောမောလွန်းလို့နာမည်တစ်ခုရထားသူဖြစ်ပြီး နီရန်ကလည်း ဂျူဒိုပြိုင်ပွဲအတွက် လေ့ကျင့်ရေးကိုအာရုံစိုက်နေရတဲ့ကောင်လေးတစ်ယောက်ပါ။
ဒီလိုနဲ့ နီရန်နက္ခတ္တဗေဒကလပ်ထဲဝင်ပြီးနောက်ပိုင်းမှာ ချီဝါဘက်က နီရန်ကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့စ,ပိုးလာတဲ့အခါ နီရန်က သူ့ရဲ့ခံစားချက်တွေကိုပြန်လည်မေးခွန်းထုတ်လာပါတော့တယ်။
GMMကအငယ်လေးတွေဖြစ်ကြတဲ့ မှန်ကြောင်ချီဝါနဲ့အစ်ကိုကြီးနီရန်တို့ရဲ့ အသည်းယားစရာကျောင်းသားဇာတ်လမ်းလေးတစ်ပုဒ်ကို အပတ်စဉ်သောကြာနေ့တိုင်း လာရောက်ကြည့်ရှုနိုင်ပါပြီနော်။
#Weirdo101 #thaiseries #2026series #mmsub #BL #blackhole
❤3
Under The Working Desk (2026)
ဘဝရဲ့ပြန်လည်စတင်ခေါ်သံ (၂၀၂၆)
Ep-19
#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
ဘဝရဲ့ပြန်လည်စတင်ခေါ်သံ (၂၀၂၆)
Ep-19
One31 ရုပ်သံလိုင်းမှ ထုတ်လွှင့်သော ရုံးတွင်းဟာသ (Office Sitcom) အမျိုးအစားဖြစ်ပြီး၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် ‘Brief Here Bangkok’ ကြော်ငြာအေဂျင်စီတစ်ခုအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းသူများကို အလုပ်ထုတ်မည်ဟု သူဌေးဖြစ်သူက ကြေညာလိုက်ရာမှ စတင်ကာ ဝန်ထမ်းများဖြစ်ကြသည့် တင်တင် (Pueak Pongsatorn)၊ ချို (Bo Thanakorn)၊ ပလုမ်း (Art Marut) နှင့် အိုင့် (DJ Aoi) တို့အပါအဝင် အသက်အရွယ်စုံ၊ စရိုက်စုံလင်လှသည့် လုပ်ဖော်ကိုင်ဖက်တစ်စု ရာထူးတည်မြဲရေးနှင့် ခေါင်းမာလှသော ဖောက်သည်များကို ရင်ဆိုင်ရင်း ရုံးတွင်းအလွဲလွဲအချော်ချော် အားပြိုင်မှုများကို ဟာသနှောကာ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ အခက်အခဲများကြားက အရှုံးမပေးဘဲ အတူတကွ ရုန်းကန်ပုံနှင့် မတူကွဲပြားသည့် မျိုးဆက်သစ်/ဟောင်းကြား အပေးအယူမျှတစွာ သင်ယူရုန်းကန်ရပုံတို့ကို ခံစားရစေမည့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါသည်။
#UnderTheWorkingDesk #thaiseries #2026series #mmsub #blackhole
❤1
Khom Khlang (2026)
နှလုံးသားအင်းကွက် (၂၀၂၆)
Ep-7,8
#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
နှလုံးသားအင်းကွက် (၂၀၂၆)
Ep-7,8
ဘူလန်အဖြစ် Bint Sireethorn
ဖင်းအဖြစ် Puinoon Warangsiri
GL ပရိသတ်တွေအတွက် ရိုးရိုး Romance တွေ ရိုးအီနေပြီဆိုရင်တော့ အောက်လမ်းပညာ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အချစ်ကို ရောမွှေထားတဲ့ ဝီတီဗီကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ GL series သစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။
ဒီဇာတ်လမ်းလေးကတော့ Star hunter entertainment ရဲ့ တတိယ GL စီးရီးလေးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Love senior အတွဲလေးဖြစ်တဲ့ Anda-Lookkaew လည်း ပါဝင်သွားမှာပါ။
ဇာတ်လမ်းအစမှာတော့ အရာရာကို လက်တွေ့ကျကျ စဉ်းစားတတ်ပြီး ယုတ္တိဗေဒကိုသာ ယုံကြည်တဲ့ ရဲမေမလေး တစ်ယောက်ဟာ မထင်မှတ်ဘဲ အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရှေးဟောင်းယုံကြည်မှုတွေ၊ ဂါထာမန္တန် အစီအရင်တွေကို လက်ကိုင်ထားတဲ့ ဆရာတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။
တစ်ယောက်က အထောက်အထားနဲ့ ဥပဒေကို ယုံကြည်သူ၊ နောက်တစ်ယောက်က မမြင်ရတဲ့ နာမ်လောကနဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူ... ရေနဲ့မီးလို လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရှေးဟောင်းစာပေတွေ၊ လျှို့ဝှက်သင်္ကေတတွေနဲ့ ပြည့်နှက်နေတဲ့ အမှုကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့အခါ...
အမှုက တဖြည်းဖြည်း နက်ရှိုင်းလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကလည်း နောက်ဆုတ်လို့မရအောင် ရစ်ပတ်လာပါတော့တယ်။ တရားခံကို ရှာဖွေရင်း ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာရဲ့ ဆွဲဆောင်မှုအောက်မှာ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲ။
နာမည်ကြီး ဝတ္ထု "Formidable Eyes" ကို အခြေခံရိုက်ကူးထားပြီး Mystic ဖြစ်တဲ့ အငွေ့အသက်တွေ၊ Occult ပညာရပ်တွေကြားထဲကနေ ပေါက်ဖွားလာမယ့် ဇာတ်လမ်းလေးမို့ Thriller နဲ့ Romance ကို ချိန်သားကိုက် ပေါင်းစပ်ထားတဲ့ Vibe မျိုးကို ခံစားရမှာ အသေအချာပါပဲ။ ဇာတ်အိမ်ခိုင်ခိုင်မာမာ ဆွဲခေါ်သွားမယ့် စီးရီးလေးဖြစ်လို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
#KhomKhlang #thaiseries #2026series #mmsub #GL #blackhole
❤4
Beneath The Lies (2026)
မုသားများရဲ့နောက်ကွယ် (၂၀၂၆)
Ep-4,5
#BeneathTheLies #thaiseries #2026series #mmsub #blackhole
မုသားများရဲ့နောက်ကွယ် (၂၀၂၆)
Ep-4,5
ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြတဲ့ အတိတ်က သံယောဇဉ်ဟောင်းတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ မာယာတွေ သစ္စာဖောက်မှုတွေကြားမှာ ပြိုကွဲသွားခဲ့ရတဲ့အခါမှာတော့ .......
အလီဆာ (လီဆာ) အဖြစ် Yaya Urassaya Sperbund
ဝမ်ရာဝီ (ရာဝီ) အဖြစ် Kao Noppakao Dechaphatthanakun
ဖာခွန်း (ခွန်း) အဖြစ် Gulf Kanawut Traipipattanapong
ရာဝီနဲ့ ဖာခွန်းတို့ဟာ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြပြီး မိသားစုရင်းချာထက်တောင် ပိုမိုခိုင်မာတဲ့ သံယောဇဉ်နဲ့ တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။ အဲဒီခိုင်မာတဲ့ ဆက်ဆံရေးဟာ အလီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက် သူတို့ဘဝထဲကို စတင်ဝင်ရောက်လာချိန်မှာတော့ အေးစက်စက် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
သုံးယောက်ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ မရေရာမှုတွေကြား ရုန်းကန်နေရချိန်မှာပဲ ဖာခွန်းဟာ ရုတ်တရက်ကြီး အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ရာဝီဟာလည်း သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ အမွေဆက်ခံသူဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ညီအစ်ကိုလို ချစ်ခင်ရတဲ့သူကို ကယ်တင်နိုင်မဲ့ စွမ်းအားနဲ့ စည်းစိမ်းတွေ ရရှိလိုက်ချိန်မှာ အရာရာ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ပေးလိမ့်မယ်လို့ ရာဝီတစ်ယောက် ယုံကြည်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ထင်မှတ်ထားတဲ့ ဇာတ်သိမ်းဆိုတာဟာ လိမ်ညာမှုတွေနဲ့ ရှုပ်ထွေးလှတဲ့ အကောက်ကြံမှု ကွန်ရက်ကြီးရဲ့ အစပြုခြင်းမျှသာဖြစ်နေခဲ့ပြီး သူတို့သုံးယောက်လုံးရဲ့ ဘဝတွေကို ထာဝရပြောင်းလဲသွားစေခဲ့ပါတော့တယ်။ အေးစက်စက် လိမ်ညာမှုတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ မထင်မှတ်ထားတဲ့ အမှန်တရားကြီးက ဘာဖြစ်မလဲဆိုတာကို ဒရာမာကွင်းလေး Yaya, Kao နဲ့ Gulf တို့ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ရှုစားပေးကြပါဦး။
#BeneathTheLies #thaiseries #2026series #mmsub #blackhole
The Soulmate Rings (2026)
အချိန်ခရီးသည်ရဲ့ချစ်လက်စွပ် (၂၀၂၆)
Ep-5,6
#TheSoulmateRings #thaiseries #2026series #mmsub #blackhole
အချိန်ခရီးသည်ရဲ့ချစ်လက်စွပ် (၂၀၂၆)
Ep-5,6
Soda အဖြစ် Mook Worranit Thawornwong
Dindaen အဖြစ် Euro Yotsawat Tawapee
ဇာတ်လမ်းအကျဉ်း
အွန်လိုင်းပေါ်မှာ ပစ္စည်းတွေ ရောင်းရင်း အောင်မြင်နေတဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ ဆယ်လီမလေး " ဆိုဒါ " တစ်ယောက် မင်္ဂလာဆောင်တော့မယ့် သတင်းကြောင့် ပရိသတ်တွေကြား လူပြောများသွားခဲ့ပါတော့တယ်...
သတို့သားလောင်းကတော့ သမရိုးကျဆန်လွန်းလှတဲ့ တိရစ္ဆာန်ဆရာဝန်လေး "ဒင်ဒန်" ဖြစ်နေပြီး.. စိတ်ထားကောင်းပြီး အေးဆေးတည်ငြိမ်သူ ဖြစ်ပေမဲ့ 'ဆိုဒါ' ရဲ့ အသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေကတော့ သူတို့နှစ်ဦးကို ကွဲပြားလွန်းတာကြောင့် သဘောမတူနိုင်ခဲ့ကြပါဘူး.
ဒီလိုနဲ့ မင်္ဂလာပွဲရက် နီးကပ်လာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်အပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ ဆုံးဖြတ်ချက်တွေကြား သံသယတွေ စတင်ကြီးထွားလာခဲ့ချိန်မှာတော့ မထင်မှတ်ထားတဲ့ ဆန်းကြယ်မှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်....
အဲဒါကတော့ မင်္ဂလာပွဲမတိုင်မီ အတိတ်အချိန်ကာလကို နှစ်ယောက်လုံး ရောက်ရှိသွားခဲ့ကြတာပါ ..ပြောင်းလဲသွားတဲ့ အခြေအနေတွေကြားမှာ သူတို့နှစ်ဦးရဲ့ သံယောဇဉ်က ပိုခိုင်မာလာမလား ဒါမှမဟုတ် ခြားနားလွန်းတဲ့ သူတို့ရဲ့ ဘဝတွေကြောင့် အတိတ်မှာပဲ လမ်းခွဲလိုက်ရမလား ဆိုတာကတော့... အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။
#TheSoulmateRings #thaiseries #2026series #mmsub #blackhole
Murder In The Kitchen (2026)
မီးဖိုချောင်ထဲကရာဇဝတ်မှု (၂၀၂၆)
Ep-5
#MurderInTheKitchen #thaiseries #2026series #mmsub #blackhole
မီးဖိုချောင်ထဲကရာဇဝတ်မှု (၂၀၂၆)
Ep-5
ကျွန်တော့်မမ အင်ဖာရဲ့ စီးရီးသစ်လေးကိုမျှော်နေသူတွေအတွက် ခုပဲချက်ချင်းလက်ငင်းဆိုသလို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။
ဒီကားလေးမှာတော့ Engfa အပြင် P'Pinky P'Pock တို့လို ဝါရင့်မင်းသမီးတွေပါ အားဖြည့်ပါဝင်ထားတာဖြစ်လို့ cast တစ်ပေါက်နဲ့တင် တော်တော်မြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့ဇာတ်ကားလို့ ပြောရမှာပါ။
နာလင်း အဖြစ် Engfa Waraha
ခွန်လူအန်အာဆဝင်း အဖြစ် Bank Thiti
"ကိုယ့်ကို အသက်ပေးမွေးခဲ့တဲ့ မိခင်အရင်းလား... ဒါမှမဟုတ် ကိုယ်မြတ်နိုးရတဲ့ ချစ်သူအမျိုးသားလား..."
ငယ်စဉ်ကတည်းက ကွဲကွာနေခဲ့ကြတဲ့ သားအမိနှစ်ယောက်။ တစ်ယောက်က ကျွန်ဘဝရောက်သွားပြီး ကျန်တစ်ယောက်ကတော့ မြင့်မြတ်တဲ့ မှူးမတ်အသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာခဲ့ရတယ်။
တစ်နေ့မှာတော့ မြို့တော်မှာ ထိတ်လန့်ဖွယ် လူသတ်မှုကြီးတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာပဲ သူတို့သားအမိနှစ်ယောက်ဟာ "ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေ" ကနေတစ်ဆင့် လျှို့ဝှက်သတင်းစကားတွေ ဖလှယ်ပြီး အဆက်အသွယ်လုပ်ခဲ့ကြတာပေါ့။
ပြဿနာက အဲဒီလူသတ်သမားရဲ့ နောက်ဆုံးပစ်မှတ်က သမီးဖြစ်သူ ချစ်ရတဲ့ အမျိုးသား ဖြစ်နေတာပါပဲ။
ဒီတော့ သမီးဖြစ်သူအနေနဲ့ သူ့ကိုမွေးခဲ့တဲ့ မိခင်ကိုပဲ ရွေးချယ်မလား၊ သူချစ်ရတဲ့သူကိုပဲ သေမင်းလက်ကနေ ကယ်တင်မလားဆိုတာကိုတော့...
ကဲ... Mystery နဲ့ Crime ရောထားတဲ့ ရှေးခေတ်ပုံစံ ဇာတ်လမ်းလေးတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ အခုပဲ ကြည့်လိုက်ကြရအောင်နော်။
#MurderInTheKitchen #thaiseries #2026series #mmsub #blackhole
❤3
Treasure Lovers (2026)
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)
Ep-17 ( The End )
#TreasureLovers #thaiseries #2026series #mmsub #blackhole
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)
Ep-17 ( The End )
ဖရယ်ဝါ/ရွန်အဖြစ် Pie Rinrada Kaewbuasai
ချာလမ်အဖြစ် Ryu Vachirawich Watthanaphakdeephaisanတို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။
<ဇာတ်လမ်းအကျဉ်း>
ကျိန်စာသင့်နေတဲ့သင်္ဘောသားချာလမ်နဲ့ အိမ်ကစီစဉ်တဲ့မင်္ဂလာပွဲကိုပစ်ပြီးထွက်ပြေးလာတဲ့ Youtuberမလေးဖရယ်ဝါတို့ရဲ့ ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးဖြစ်ပါတယ်။
ဖရယ်ဝါဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့မိဘတွေရဲ့အဖြစ်မှန်ကိုသိချင်လို့ ချာလမ်ရဲ့သင်္ဘောပေါ်ခိုးလိုက်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့အဓိကပန်းတိုင်ကတော့ ပင်လယ်နတ်ဘုရားဆီကနေ ဆုတောင်းတစ်ခုတောင်းဆိုခွင့်ရစေမယ့် ဒဏ္ဍာရီလာ"ပတ္တမြားနက်မျက်နှာဖုံး"ကို အပြိုင်အဆိုင်လိုက်ရှာဖို့ဖြစ်နေတာပါပဲ။
သင်္ဘောသားချာလမ်ကလည်း သူ့ကျိန်စာကိုပြယ်ချင်သလို ဖရယ်ဝါကလည်း သူမမိဘတွေရဲ့အမှန်တရားကိုသိချင်နေတာပါ ဒီလိုနဲ့ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ပင်လယ်ပြင်မှာအတူတူစွန့်စားရင်း အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ပတ္တမြားနက်မျက်နှာဖုံးကိုရသွားမလား ဆုတောင်းတွေပြည့်ပါ့မလားဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့များမှာ လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။
#TreasureLovers #thaiseries #2026series #mmsub #blackhole
Dark Legacy (2026)
အမှောင်ဖုံးတဲ့အမွေအနှစ် (၂၀၂၆)
Ep-5
#DarkLegacy #thaiseries #2026series #mmsub #blackhole
အမှောင်ဖုံးတဲ့အမွေအနှစ် (၂၀၂၆)
Ep-5
Kahol အဖြစ် Ken Phupoom Phongpanupak
Wasitthi အဖြစ် Mintshi Sattanan Thongsombun
ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ဦး သေဆုံးပြီးနောက်မှာ သူ့ရဲ့အမွေအနှစ်တွေကို ရယူဖို့အတွက် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ မိသားစုဝင်တွေဟာ ဝေးလံခေါင်သီတဲ့ အိမ်ကြီးတစ်လုံးမှာ စုဝေးလာကြပါတယ်။
ဒါပေမဲ့ အမွေခွဲဝေဖို့ မစခင်မှာပဲ မိသားစုဝင်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အစပိုင်းမှာတော့ မတော်တဆမှုတစ်ခုလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်လူတစ်ယောက် ထပ်မံသေဆုံးလာတဲ့အခါမှာတော့ အားလုံးဟာ ဒီအိမ်ကြီးထဲမှာ လူသတ်သမားတစ်ယောက် ရှိနေပြီဆိုတာ သဘောပေါက်လာကြပါတယ်။
အပြင်ထွက်ဖို့လမ်းမရှိတော့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။
ဒါပေမဲ့ သူတို့မသိသေးတာတစ်ခုက...
သူဌေးကြီးသေဆုံးမှုဟာ ဒီအရာအားလုံးရဲ့အစ ဖြစ်နေခဲ့တာပါ။
တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အချိန်မှာတော့.... လူသတ်သမားက ဘယ်သူဖြစ်မလဲ ဆိုတဲ့မေးခွန်းထက် ပိုကြောက်စရာကောင်းတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
အဲဒါကတော့ အိမ်ကြီးထဲမှာ လူသတ်သမား ဘယ်နှယောက်ရှိနေလဲဆိုတာပါပဲ....
အသက်ရှင်သူတွေထဲမှာ အမှန်တရားကို သိသွားတဲ့ သူရှိပါ့မလား...
အမွေတွက်လာခဲ့တဲ့သူတွေထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။
#DarkLegacy #thaiseries #2026series #mmsub #blackhole
❤1
Hell Home (2026)
ငရဲစံအိမ် (၂၀၂၆)
Ep-1,2,3,4
#HellHome #thaiseries #2026series #mmsub #blackhole
ငရဲစံအိမ် (၂၀၂၆)
Ep-1,2,3,4
"မိသားစုဝင်အချင်းချင်း သစ္စာဖောက်မှု၊ လျှို့ဝှက်ဆန်းကြယ် လူသတ်မှုနဲ့ ကလဲ့စားချေခြင်း ငရဲခန်း..."
မာလီဆာ အဖြစ် Sinjai Plengpanich
တူအန်ထမ် အဖြစ် Nattasha Bunprachom
ခရစ် အဖြစ် Thanavate Siriwattanagul
မိသားစုအပေါ်ထားရှိတဲ့ အယူအဆတွေ မတူညီကြတာကြောင့် တူလယာအတွက်တော့ ချုပ်ကိုင်လိုစိတ်ပြင်းထန်တဲ့ သူ့ယောက္ခမကြီးနဲ့ အဆင်ပြေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သားသမီးနဲ့ ခင်ပွန်းသည်အတွက်ဆိုပြီး အရာရာကို ကြိတ်မှိတ်သည်းခံနေခဲ့သော်လည်း ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို သိလိုက်ရတဲ့အချိန်မှာ တူလယာတစ်ယောက် သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းသွားခဲ့ရပါတယ်။
တူလယာတို့လင်မယား ကွာရှင်းကြတော့မဲ့အချိန်မှာပဲ မထင်မှတ်ထားဘဲ ခင်ပွန်းဖြစ်သူရဲ့ မယားငယ်မလေးဟာ သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကွာရှင်းခွင့်ရမဲ့အစား တူလယာတစ်ယောက် မယားငယ်ကိုလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ သူ့ယောက္ခမကြီးဘက်ကနေ ရှေ့နေအဖြစ် မဖြစ်မနေ လိုက်ပါကာကွယ်ပေးဖို့ ဖိအားပေးခံရတဲ့အချိန်မှာတော့ ........
အမုန်းတရားတွေ လိမ်ညာမှုတွေနဲ့ တောက်လောင်နေတဲ့ ဒီ"ငရဲအိမ်"ကြီးထဲကနေ တူလယာတစ်ယောက် သူ့ကလေးကို ဘယ်လို ကာကွယ်သွားမလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်စရာဖြစ်ရပ်တွေကို တင်ဆက်ပေးမှာမို့ ရှုစားအားပေးကြပါဦး။
#HellHome #thaiseries #2026series #mmsub #blackhole
Teach Me Touch Me (2026)
ထိတွေ့မှု (၂၀၂၆)
Ep-1,2
#TeachMeTouchMe #thaiseries #2026series #mmsub #BL #blackhole
ထိတွေ့မှု (၂၀၂၆)
Ep-1,2
ကန်ထီအဖြစ် Chalarm Siam Pipatcharoenwong
ဂီယာအဖြစ် James Pongsapak Rachaporn
အိပ်ယာပေါ်ကကိစ္စမှာ ညံ့လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူဟောင်းရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသား ဂီယာဟာ သူ့ရဲ့အပြစ်ကင်းစင်တဲ့ ပုံစံကို စွန့်လွှတ်ပြီး ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် အဲဒီလိုနဲ့ပဲ သူဟာ အသက် ၃၄ နှစ်အရွယ် နာမည်ကျော် လူချောပလေဘိုင်းတစ်ဦးဖြစ်ပြီး ဇိမ်ခံကားလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ကန်ထီနဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူ့ကို အချစ်ရေးနဲ့ ဆွဲဆောင်မှုပညာရပ်တွေ သင်ပေးဖို့အတွက် ကန်ထီကို သတ္တိရှိရှိ အကူအညီတောင်းတဲ့အခါ ကန်ထီက ပထမတော့ ငြင်းဆန်ခဲ့ပေမဲ့ ဂီယာရဲ့စိတ်အားထက်သန်မှုကြောင့် ကန်ထီတစ်ယောက် စိတ်ဝင်စားသွားခဲ့ပါတော့တယ်
နှစ်ယောက်သား အနီးကပ်အတူရှိနေကြရင်းနဲ့ သင်ခန်းစာတွေသင်ပေးရင်းကနေ ထိန်းချုပ်လို့မရနိုင်တဲ့ခံစားချက်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီးတော့ ကန်ထီတစ်ယောက် ဂီယာရဲ့ နူးညံ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝကို စတင်တွေ့ရှိလာသလို ဂီယာကလည်း ကန်ထီရဲ့ ပလေဘိုင်းမျက်နှာဖုံးအောက်မှာ ကိန်းအောင်းနေတဲ့ စစ်မှန်တဲ့ နှလုံးသားကို မြင်တွေ့လာရပါတယ်
သူတို့နှစ်ယောက်ကြားမှာ ဆရာနဲ့တပည့်ဆိုတဲ့စည်းခြားထားမှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားပြီး ဘယ်လိုအခြေအနေထိရောက်သွားကြပြီး ဂီယာကရော လိင်မှုကိစ္စမှာတတ်ကျွမ်းသွားမလား ကန်ထီကရောဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဗုဒ္ဓဟူးညတိုင်း လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်
#TeachMeTouchMe #thaiseries #2026series #mmsub #BL #blackhole
❤4
Built In Love (2026)
အချစ်ဒီဇိုင်း (၂၀၂၆)
Ep-1
#BuiltinLove #thaiseries #2026series #mmsub #GL #blackhole
အချစ်ဒီဇိုင်း (၂၀၂၆)
Ep-1
"ဗိသုကာပညာရှင်မလေးနှင့် ဖုန်းရွှေဆရာမလေးတို့ကြားက အဆန်းပြားဆုံး ချစ်ခြင်းတိုက်ပွဲ..."
ဆိုး အဖြစ် Pimjira Jaroenlak
ရှင်းရှင်း အဖြစ် Pannin Charnmanoon
ဆိုလ်ဟာ စည်းစနစ်ကျပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေကိုပဲ ဦးစားပေးတတ်တဲ့ ကျွမ်းကျင်ဗိသုကာပညာရှင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရှင်းရှင်းကတော့ ရှေးရိုးစဉ်ဆက် ယုံကြည်ချက်တွေ စွမ်းအင်နဲ့ ဓာတ်ကြီးလေးပါး မျှတမှုကို အလေးထားတဲ့ အောင်မြင်ကျော်ကြားလှတဲ့ ဖုန်းရွှေဆရာမလေးတစ်ယောက်ပေါ့။
စိတ္တဇဆန်ဆန် ဆန့်ကျင်ဘက် အယူအဆရှိကြတဲ့ ဒီအမျိုးသမီးလေးနှစ်ယောက်ဟာ အိမ်ပိုင်ရှင်တစ်ယောက်အတွက် အိမ်တစ်အိမ်ကို ပူးတွဲဖန်တီးတည်ဆောက်ပေးဖို့ အကြောင်းဖန်လာခဲ့တဲ့အခါမှာတော့ .....
ဒီဆန့်ကျင်ဘက်နှစ်ယောက်ကြားမှာ အစကတော့ အတိုက်အခံတွေနဲ့ပြည့်နှက်နေခဲ့ပေမဲ့လည်း သူတို့ အတူတူတည်ဆောက်နေတဲ့ အိမ်ကြီးနဲ့အတူ ရင်ထဲက တားမြစ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားတွေက နေရာလွတ်ရှာပြီး ဖူးပွင့်လာနိုင်ပါ့မလားဆိုတာကို မင်းသမီးနှစ်ယောက်ရဲ့ ချစ်စရာကောင်းပြီး အချေအတင် အားပြိုင်မှုတွေကို ရင်ခုန်ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးမှာမို့ မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
#BuiltinLove #thaiseries #2026series #mmsub #GL #blackhole