Net_flix
17.2K subscribers
367 photos
168 links
Download Telegram
Man Of Virtue (2026)
သူတော်ကောင်းနှင့်လျှို့ဝှက်မစ်ရှင် (၂၀၂၆)

Ep-23

ဆန်ဆူအက်အဖြစ် Aof Chanapol Sataya
နူနာအဖြစ် PP Phatchaya Phiansamoe
‌ဘုန်းဘုန်းဆူအာအဖြစ် Tide Ekkapun Bunluerit

ချန်ဆူအက်ဟာ လူမိုက်ဂိုဏ်းတခုက ခိုးယူသွားတဲ့တန်ဖိုးကြီးစိန်တလုံးအား ပြန်လည်ရယူရန်အတွက် တာဝန်ပေးခိုင်းစေခံခဲ့သူဖြစ်ပြီးတော့ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်နေစဉ်အတွင်းမှာပဲ မတော်တဆမှုဖြစ်ခါ တောင်အောက်ကိုပြုတ်ကျသွားပြီး တောင်ခြေမှာရှိတဲ့ဦးဇင်းတပါးဖြစ်သူ ဘုန်းဘုန်းဆူအာရဲ့ ကယ်တင်ပေးတာကိုခံထားခဲ့ရပါတယ်

ချန်ဆူအက်ဟာ မတော်တဆမှုဖြစ်ထားတာကြောင့်အတိတ်မေ့နေခဲ့ပြီးတော့ သူကိုယ်တိုင်ကရဲဆိုတာကိုပါမေ့နေခဲ့ကာ လူမိုက်ဂိုဏ်းများကလည်း သူတို့ခိုးယူလာတဲ့စိန်ကိုပြန်ယူရန်အတွက် ချန်တူအက်ကို အန္တရာယ်လာပေးကပါတော့တယ် ထိုအချိန်မှာပဲ ရဲတပ်ဖွဲ့ကလည်း စိန်တုံးပြန်လည်ရယူရန်စစ်ဆင်ရေးတာဝန်ပေးခံလိုက်ရတဲ့ ချန်ဆူအက်တယောက်ပြန်မလာတဲ့အတွက် စိန်တုံးကို လူမိုက်ဂိုဏ်းဆီကနေရယူကာ အပိုင်သိမ်းသွားပြီလို့ထင်မှတ်နေကြပါတယ်

ချန်ဆူအက်ကို လူမိုက်ဂိုဏ်းတခုက ခဏခဏတိုက်ခိုက်နေကြသဖြင့် စုံထောက်ဖြစ်သူ နူနာနဲ့တိုင်ပင်ကြတာ ရဲစခန်းကိုပဲ တိုင်ကြားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုမျိုး ချန်ဆူအက်ကိုမယုံကြည်တဲ့ရဲဌာနဟာ ဖမ်းဆီးကာစစ်ဆေးမေးပြန်ပါတော့တယ်

အဖမ်းခံရလိုက်တဲ့အခါမှာ နူနာမှ ပြန်လည်လွတ်အောင်အောင်ကူညီပေးလိုက်သဖြင့် လွတ်လာကြသော်လည်း ချန်ဆူအက်နဲ့ နူနာအပြင် ဆရာတော်ဆူအာကိုပါ တန်ဖိုးကြီးစိန်ကိုခိုးယူတယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခံလိုက်ပါတော့တယ်

သူတို့သုံးယောက် မတရားဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုများကြားမှ ထွက်ပြေးတိမ်းရှောင်ကြပုံတွေ အပြစ်မရှိကြောင်းသက်သေပြရန်အတွက် အန္တရာယ်များအကြားမှ သက် သေများကို ရှာဖွေကြပုံ နောက်ကွယ်မှ ကြိုးကိုင်နေသည့် အာဏာရှိသူများနှင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်ကြပုံတွေကို ဟာသနှောကြည့်ရှုရမှာမလို့ တနင်္လာနေ့မှသောကြာနေ့အထိ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်


#ManOfVirtue #thaiseries #2026series #mmsub #blackhole
Nour (2026)
အလင်းရောင် (၂၀၂၆)

Ep-4

ဂျိမ်း အဖြစ် Boss Patthakarn  Thanasiriudom
ခန် အဖြစ် Tongtong Kitsakorn Kanogtorn
ဂျီရတ် အဖြစ် Toey Pongsakorn Mettarikanon
ချီတ အဖြစ် Phoom Chawonwat Thongyoo

စုံထောက်၊ မာဖီးယားနဲ့ ရာဇဝတ်မှုဆန်းဆန်းတွေကိုမှ 'Supernatural Fantasy'နဲ့ ပေါင်းစပ်ရိုက်ကူးထားတာမလို့
BL genres တွေထဲမှာ သိပ်မတွေ့ရတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း..

မြို့ကြီးတစ်မြို့လုံး မီးခိုးငွေ့တွေကြားမှာ ပဟေဠိဆန်စွာ မီးလောင်ကျွမ်းမှုတွေ တဆက်တည်း ဖြစ်ပွားလာခဲ့ပါတယ်..သာမန်မဟုတ်တဲ့ ထူးဆန်းတဲ့ မီးလောင်မှုတွေကနေ..ကွင်းဆက်လူသတ်မှုတွေပါ ဖြစ်ပေါ်လာတဲ့အခါမှာတော့..ဆယ်စုနှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အချိန်ကျလာခဲ့ပါတယ်

အဲအတွက် ဒီဆန်းကြယ်တဲ့ အမှုတွေကို လိုက်လံစုံစမ်းဖို့
တက်ကြွနေတဲ့ အရာရှိငယ် 'ဂျိမ်း' နဲ့ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဆန်းကြယ်လှတဲ့ ဗိုလ်မှူး'ခန်'တို့ဟာလည်း ရေစက်ဆုံဖို့ ဖြစ်လာပါတော့တယ်...

တစ်ဖက်မှာလည်း သေဆုံးသူတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်စစ်ဆေးပေးနေတဲ့ မှုခင်းဆရာဝန် 'ဂျီရတ်' နဲ့ သူရဲ့ လက်ထောက် 'ချီတ'တို့.. သေခြင်းနဲ့ ရှင်ခြင်းရဲ့ ပါးလွှာလှတဲ့ စည်းကြားမှာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရင်း နှစ်ဦးကြား သံယောဇဉ်တွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်..

ဒီလိုနဲ့ အမှုတွေပေါင်းဆုံသွားချိန်မှာတော့ ဒီမီးလောင်မှုတွေရဲ့နောက်ကွယ်မှာ မျိုးဆက်ပေါင်းများစွာ စွဲကပ်လာခဲ့တဲ့ ကျိန်စာဆိုးကြီးတစ်ခုနဲ့ ဆက်နွှယ်နေမှန်း သိလိုက်ရတဲ့အခါ...

သေခြင်းတရား ချစ်ခြင်းမေတ္တာ တရားမျှတမှုနဲ့ လက်စားချေမှုတွေကြား သူတို့ ၄ ယောက်ရဲ့ ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ကြည့်ရှုလို့ရနေပါပြီ။


#Nour #thaiseries #2026series #mmsub #BL #blackhole
2
Some Things Stay (2026)
ပြန်ပြင်ချင်တဲ့အမှတ်တရများ (၂၀၂၆)

Ep-3,4

"ပျက်သွားတဲ့ အရုပ်တစ်ရုပ်ကို ပြန်ပြင်သလို... စိမ်းကားနေတဲ့ မိသားစုသံယောဇဉ်တွေကိုရော ပြန်ပြင်ယူလို့ရနိုင်မလား..."

Thai Drama လွမ်းလွမ်းဆွေးဆွေးလေးတွေမှ ကြိုက်တဲ့ ပရိသတ်တွေအတွက် အချိန် ၄၅ မိနစ်အတွင်းမှာ မျက်ရည်တွေ ဝဲတက်လာစေမယ့် ထိုင်းဒရာမာကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားလေးရဲ့ အဓိက ဆွဲဆောင်မှုကတော့ ထိုင်းဇာတ်လမ်းတွဲ ပရိသတ်တွေရဲ့ အချစ်တော် Hormones The Series ထဲက နာမည်ကြီးမင်းသား မင်းသမီးအတွဲလေးဖြစ်တဲ့ March Chutavuth Pattarakampol နဲ့ Kao Supassra တို့ ရဲ့ comeback drama လေးပါ

ဇာတ်လမ်းလေးကတော့...

ပန်ဖတ်ဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိသားစုရဲ့ အချစ်ကို မရခဲ့ဘူးလို့ တထစ်ချ ယုံကြည်ထားသူလေးပါ။ ဒါပေမဲ့ ကံကြမ္မာက အကြောင်းဖန်လာတော့ သူလုံးဝမလုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ဖို့ အိမ်ကို ပြန်လာခဲ့ရပါတယ်။

အဲဒါကတော့ မိသားစုပိုင် အရုပ်ပြင်ဆိုင်လေးကို ဦးစီးဖို့နဲ့... သူ့အတွက် အမြဲတမ်း 'ဝန်ထုပ်ဝန်ပိုး' လို့ သတ်မှတ်ထားခဲ့တဲ့ အော်တစ်ဇင် ခံစားနေရတဲ့ အစ်ကိုကြီးကို ပြုစုစောင့်ရှောက်ဖို့ပါပဲ။

အစပိုင်းမှာတော့ မတည့်အတူနေ မောင်နှမနှစ်ယောက်ကြားက အဖုအထစ်တွေနဲ့ အဆင်မပြေမှုတွေက အများကြီးပေါ့။ ဒါပေမဲ့... တစ်မိုးအောက်ထဲမှာ အတူတူ နေထိုင်ရင်း၊ ပျက်စီးနေတဲ့ အရုပ်လေးတွေကို အတူတူ ပြန်ပြင်ရင်းနဲ့ပဲ... သူတို့မောင်နှမနှစ်ယောက်ကြားက ပြတ်တောက်နေတဲ့ သံယောဇဉ်ကြိုးလေးတွေက တဖြည်းဖြည်းချင်း ပြန်လည်ဆက်နွယ်လာခဲ့ပါတယ်။

ခါးသက်ခဲ့တဲ့ ငယ်ဘဝ အမှတ်တရဟောင်းတွေကို သူတို့မောင်နှမနှစ်ယောက် ဘယ်လို ပြန်လည်ကုစားကြမလဲ။ အစ်ကိုကြီးဖြစ်သူရဲ့ ဖြူစင်တဲ့ မေတ္တာတရားတွေက ညီမလေးရဲ့ ရေခဲလိုအေးစက်နေတဲ့ နှလုံးသားကို ဘယ်လို အရည်ပျော်စေမလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ။

မိသားစုမေတ္တာ၊ မောင်နှမသံယောဇဉ်ကို အကောင်းဆုံး ပုံဖော်သွားတဲ့ Family/Drama ဇာတ်ကားကောင်းလေးမို့ အလွမ်းအဆွေးဒရာမာကိုရှာနေတာဆိုရင်တော့ ခုပဲ တစ်ရှူးလေးဆောင်ပြီး ကြည့်ရှုလိုက်ကြပါဦးစို့။


#SomeThingsStay #thaiseries #2026series #mmsub #blackhole
Moon Shadow (2026)
လရိပ် (၂၀၂၆)

Ep-4

ကဲ... GL (Girls' Love) Romance Drama ဇာတ်ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် GMMTV ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ Moonshadow ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

Sun and moon universe ထဲက A Shadow underneath the moon ဝတ္ထုကိုရိုက်ကူးထားတာဖြစ်ပြီး အရှေ့ကထွက်ရှိခဲ့ပြီးတဲ့ My Only Sunshine နဲ့ same universeပါ။

ဒီဇာတ်ကားလေးကတော့ Emi-Bonnie CPရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ခိုခိုသကြားရဲ့ကလေးလေး Film ကလည်း ပါဝင်ထားသေးတာမို့ visual တစ်ပေါက်ကတော့ ရှမ်းရှမ်းတောက်ပါပဲ။

ကျန်အဖြစ် Emi Thasorn
ကီးအဖြစ် Bonnie Pattraphus
ဂျေးအဖြစ် Film Rachanun

ဇာတ်လမ်းလေးကတော့ အရာရာပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးချောလေး ကျန်တစ်ယောက် တစ်ညမှာ ကီးဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးနဲ့ မထင်မှတ်ဘဲ One-night stand ဖြစ်သွားရာကနေ စပါတယ်။

ကျန်က ဒီကိစ္စကို ပြီးရင် ပြီးရောဆိုပြီး ဆက်မတွေးချင်ပေမဲ့၊ ကီးကတော့ လွယ်လွယ်နဲ့ အလျှော့မပေးပါဘူး။ "ကျွန်မကို အစ်မရဲ့ sugar baby အဖြစ် ထားပါလား" ဆိုပြီး ရဲရဲတင်းတင်းပဲ အဆိုပြုလာပါတော့တယ်။

ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပတ်သက်မှုကနေ အစပြုလိုက်တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တဖြည်းဖြည်းနဲ့ အချစ်စစ်တစ်ခုအဖြစ် ပြောင်းလဲလာတဲ့အခါ…

ဒီအချိန်မှာမှ ကျန်ရဲ့ ငယ်ချစ်ဦး အဆက်ဟောင်းဖြစ်တဲ့ ဂျေး ပြန်ရောက်လာတဲ့အခါမှာတော့ အတိတ်က အချစ်ဟောင်းနဲ့ ပစ္စုပ္ပန်က အချစ်သစ်ကြားမှာ ချန်းတစ်ယောက် ဘယ်လို ဗျာများရမလဲ၊ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုလိုက်ရအောင်ပါ။


#MoonShadow #thaiseries #2026series #mmsub #GL #blackhole
Treasure Lovers (2026)
ရတနာကျွန်းပေါ်ကဖူးစာ (၂၀၂၆)

Ep-4

ဖရယ်ဝါ/ရွန်အဖြစ် Pie Rinrada Kaewbuasai

ချာလမ်အဖြစ် Ryu Vachirawich Watthanaphakdeephaisanတို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

<ဇာတ်လမ်းအကျဉ်း>

ကျိန်စာသင့်နေတဲ့သင်္ဘောသားချာလမ်နဲ့ အိမ်ကစီစဉ်တဲ့မင်္ဂလာပွဲကိုပစ်ပြီးထွက်ပြေးလာတဲ့ Youtuberမလေးဖရယ်ဝါတို့ရဲ့ ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ဖရယ်ဝါဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့မိဘတွေရဲ့အဖြစ်မှန်ကိုသိချင်လို့ ချာလမ်ရဲ့သင်္ဘောပေါ်ခိုးလိုက်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့အဓိကပန်းတိုင်ကတော့ ပင်လယ်နတ်ဘုရားဆီကနေ ဆုတောင်းတစ်ခုတောင်းဆိုခွင့်ရစေမယ့် ဒဏ္ဍာရီလာ"ပတ္တမြားနက်မျက်နှာဖုံး"ကို အပြိုင်အဆိုင်လိုက်ရှာဖို့ဖြစ်နေတာပါပဲ။

သင်္ဘောသားချာလမ်ကလည်း သူ့ကျိန်စာကိုပြယ်ချင်သလို ဖရယ်ဝါကလည်း သူမမိဘတွေရဲ့အမှန်တရားကိုသိချင်နေတာပါ ဒီလိုနဲ့ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ပင်လယ်ပြင်မှာအတူတူစွန့်စားရင်း အန္တရာယ်တွေကိုရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့ပတ္တမြားနက်မျက်နှာဖုံးကိုရသွားမလား ဆုတောင်းတွေပြည့်ပါ့မလားဆိုတာကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့များမှာ လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။


#TreasureLovers #thaiseries #2026series #mmsub #blackhole
Dang And His Gangsters (2026)
ဒန် နဲ့ သူ့ရဲ့လူမိုက်များ (၂၀၂၆)

Ep-8 ( The End )

ပြည်တန်ဆာတစ်ယောက်ရဲ့ သားအဖြစ် လူတွေရဲ့ နှိမ်ချကဲ့ရဲ့မှုကို ခါးစည်းခံရင်း တရားဥပဒေကို စိုးမိုးမယ့် ရဲအရာရှိတစ်ယောက် ဖြစ်လာဖို့ သူ အိပ်မက်မက်ခဲ့ဖူးတယ်
ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တွေဟာ ရက်စက်လွန်းလှလို့ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတဲ့ ဘဝရဲ့အလှည့်အပြောင်း၊ အကြပ်အတည်းတွေကြောင့် သူ့ရဲ့ဖြူစင်တဲ့ အိပ်မက်တွေဟာ ဖုန်မှုန့်လို လွင့်ပါးသွားခဲ့ရပြီး တရားဥပဒေရဲ့ တစ်ဖက်ခြမ်း၊ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့ အမှောင်ကမ္ဘာထဲကို သက်ဆင်းခဲ့ရတော့တယ်
အမှောင်ထဲမှာ ဝုန်းဒိုင်းကျဲနေတဲ့ ထိုဘဝဟာ သူ့ဆီကနေ အရာရာကို လုယူသွားခဲ့ပါတယ် ပထမဆုံးအကြိမ် နှလုံးသားကို နွေးထွေးစေခဲ့တဲ့ အချစ်ဆုံး ချစ်သူနဲ့ သံယောဇဉ်ကြိုးတွေ မတတ်သာဘဲ ဖြတ်တောက်ခဲ့ရသလို၊ သက်စွန့်ဆံဖျား အတူရှိခဲ့တဲ့ တစ်ဦးတည်းသော အသက်တမျှ ချစ်ရတဲ့ သူငယ်ချင်းနဲ့ပါ လမ်းခွဲခြားနားခဲ့ရတယ်
တစ်ချိန်က တရားဥပဒေဘက်က ရပ်တည်ချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ အခုတော့ လက်ထဲမှာ သေနတ်ကို ကိုင်၊ ရင်ထဲမှာ အတိတ်ရဲ့ ဒဏ်ရာတွေကို ပိုက်ရင်း လူဆိုးဂိုဏ်းရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့အခါ...
သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ဘဝမှန်၊ စွန့်လွှတ်လိုက်ရတဲ့ အချစ်၊ သစ္စာဖောက်ခံလိုက်ရတဲ့ သံယောဇဉ်တွေကြားမှာ စိုးမင်းတစ်ယောက် ဘယ်လိုဆက်လက် ရုန်းကန်သွားမလဲ။ အမှောင်ကမ္ဘာထဲကနေ အလင်းရောင်ဆီကို ပြန်လည်ကူးခတ်နိုင်ပါ့မလားဆိုတာ … ကြည့်လိုရပါပြီ


#DangAndHisGangsters #thaiseries #2026series #mmsub #blackhole
To Love and Cherish (2026)
ရင်ထဲကမြတ်နိုးသူ (၂၀၂၆)

Ep-9,10 ( The End )

ဒါလန် အဖြစ် Bua Nilinthip
ရန်စီမန် အဖြစ် Flim Thanapat

မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်တွေကို စွန့်လွှတ်ပြီး အထက်တန်းကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ထဲ ဝင်ခဲ့ရတဲ့ ဒါလန်

အလုပ်အကိုင်ရှာဖွေဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ ရုပ်သံထုတ်လွှင့်ရေး ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးဝန်ထမ်း တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရင်း အဲဒီမှာပဲ ရည်းစားဟောင်းဖြစ်သူ ရန်စီမန်နဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါတော့တယ်

အခုအချိန်မှာတော့ အဲဒီကုမ္ပဏီက ဩဇာအာဏာကြီးမားတဲ့ အမှုဆောင်အရာရှိဟာ ရန်စီမန် ဖြစ်နေခဲ့ပါတယ်

ဆယ်ကျော်သက်အရွယ်တုန်းက တစ်ယောက်ကိုတစ်ယောက် အသေအလဲ ချစ်ခဲ့ကြပေမဲ့ နာကျင်စရာ အထင်လွဲမှုတွေ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကြောင့် လမ်းခွဲခဲ့ရတဲ့သူတို့နှစ်ယောက်...

ပြန်ဆုံတွေ့ကြတဲ့အခါ အတိတ်က နာကျင်မှုတွေကို ကျော်လွန်ပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်နိုင်ပါ့မလား...
အရင်တုန်းက လောင်ကျွမ်းခဲ့ဖူးတဲ့ အချစ်မီးတောက်လေး ပြန်လည်အသက်ဝင်လာနိုင်ဦးမလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ရိုမန်တစ် ဒရာမာဇာတ်လမ်းကောင်းလေးမို့ အခုပဲစောင့်ကြည့်လိုက်တော့နော်


#ToLoveandCherish #thaiseries #2026series #mmsub #blackhole
Man Of Virtue (2026)
သူတော်ကောင်းနှင့်လျှို့ဝှက်မစ်ရှင် (၂၀၂၆)

Ep-24

ဆန်ဆူအက်အဖြစ် Aof Chanapol Sataya
နူနာအဖြစ် PP Phatchaya Phiansamoe
‌ဘုန်းဘုန်းဆူအာအဖြစ် Tide Ekkapun Bunluerit

ချန်ဆူအက်ဟာ လူမိုက်ဂိုဏ်းတခုက ခိုးယူသွားတဲ့တန်ဖိုးကြီးစိန်တလုံးအား ပြန်လည်ရယူရန်အတွက် တာဝန်ပေးခိုင်းစေခံခဲ့သူဖြစ်ပြီးတော့ အဲဒီစစ်ဆင်ရေးကို ဆောင်ရွက်နေစဉ်အတွင်းမှာပဲ မတော်တဆမှုဖြစ်ခါ တောင်အောက်ကိုပြုတ်ကျသွားပြီး တောင်ခြေမှာရှိတဲ့ဦးဇင်းတပါးဖြစ်သူ ဘုန်းဘုန်းဆူအာရဲ့ ကယ်တင်ပေးတာကိုခံထားခဲ့ရပါတယ်

ချန်ဆူအက်ဟာ မတော်တဆမှုဖြစ်ထားတာကြောင့်အတိတ်မေ့နေခဲ့ပြီးတော့ သူကိုယ်တိုင်ကရဲဆိုတာကိုပါမေ့နေခဲ့ကာ လူမိုက်ဂိုဏ်းများကလည်း သူတို့ခိုးယူလာတဲ့စိန်ကိုပြန်ယူရန်အတွက် ချန်တူအက်ကို အန္တရာယ်လာပေးကပါတော့တယ် ထိုအချိန်မှာပဲ ရဲတပ်ဖွဲ့ကလည်း စိန်တုံးပြန်လည်ရယူရန်စစ်ဆင်ရေးတာဝန်ပေးခံလိုက်ရတဲ့ ချန်ဆူအက်တယောက်ပြန်မလာတဲ့အတွက် စိန်တုံးကို လူမိုက်ဂိုဏ်းဆီကနေရယူကာ အပိုင်သိမ်းသွားပြီလို့ထင်မှတ်နေကြပါတယ်

ချန်ဆူအက်ကို လူမိုက်ဂိုဏ်းတခုက ခဏခဏတိုက်ခိုက်နေကြသဖြင့် စုံထောက်ဖြစ်သူ နူနာနဲ့တိုင်ပင်ကြတာ ရဲစခန်းကိုပဲ တိုင်ကြားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုမျိုး ချန်ဆူအက်ကိုမယုံကြည်တဲ့ရဲဌာနဟာ ဖမ်းဆီးကာစစ်ဆေးမေးပြန်ပါတော့တယ်

အဖမ်းခံရလိုက်တဲ့အခါမှာ နူနာမှ ပြန်လည်လွတ်အောင်အောင်ကူညီပေးလိုက်သဖြင့် လွတ်လာကြသော်လည်း ချန်ဆူအက်နဲ့ နူနာအပြင် ဆရာတော်ဆူအာကိုပါ တန်ဖိုးကြီးစိန်ကိုခိုးယူတယ်လို့ မတရားစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခံလိုက်ပါတော့တယ်

သူတို့သုံးယောက် မတရားဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုများကြားမှ ထွက်ပြေးတိမ်းရှောင်ကြပုံတွေ အပြစ်မရှိကြောင်းသက်သေပြရန်အတွက် အန္တရာယ်များအကြားမှ သက် သေများကို ရှာဖွေကြပုံ နောက်ကွယ်မှ ကြိုးကိုင်နေသည့် အာဏာရှိသူများနှင့် ရာဇဝတ်ဂိုဏ်းများကို ရင်ဆိုင်ကြပုံတွေကို ဟာသနှောကြည့်ရှုရမှာမလို့ တနင်္လာနေ့မှသောကြာနေ့အထိ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်


#ManOfVirtue #thaiseries #2026series #mmsub #blackhole
Be My Player Two (2026)
ဂိမ်းထဲက ရန်သူ၊ ဘဝရဲ့ အချစ်ဦး (၂၀၂၆)

Ep-9

ဂိမ်းလောကရဲ့ ထိပ်သီး Streamer တစ်ယောက်ဖြစ်တဲ့ Thi အတွက်တော့ ဂိမ်းဆိုတာ အနိုင်ရဖို့သက်သက်မဟုတ်ဘဲ သူ့ရဲ့ ဂုဏ်သိက္ခာပါ၊ ဒါပေမဲ့ တစ်နေ့မှာတော့ သူ လုံးဝမထင်မှတ်ထားတဲ့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ Zo ရဲ့ လက်ချက်နဲ့ အရှက်တကွဲ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ရတဲ့အခါ Thi ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပြိုင်ဘက်ကို ရှာဖွေပြီး လက်စားချေဖို့အတွက် ခြေရာခံလိုက်တဲ့အခါမှာတော့ ဂိမ်းထဲက ရန်သူတော်ဟာ အပြင်လောကမှာတော့ Thi ရဲ့ ဘဝကို အပြည့်အဝ နားလည်ပေးနိုင်သူ၊ သူနဲ့အတူ အနိုင်အရှုံးတွေကို ကျော်ဖြတ်ပေးမယ့် တစ်ဦးတည်းသော "Player Two" ဖြစ်လာမယ့်သူမှန်း လုံးဝမသိလိုက်ပါဘူး။ မျက်နှာချင်းဆိုင်မမြင်ရတဲ့ ဂိမ်းကမ္ဘာကနေ အပြင်လောကရဲ့ လက်တွေ့ဘဝထိ ပေါက်ကွဲထွက်လာမယ့် သူတို့နှစ်ယောက်ရဲ့ ရန်သူတော်မှ ချစ်သူများအဖြစ် ပြောင်းလဲသွားမယ့် စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ


#BeMyPlayerTwo #thaiseries #2026series #mmsub #BL #blackhole
Unlucky Bae (2026)
ကံဆိုးသူလေးရဲ့ အချစ်စွန့်စားခန်း (၂၀၂၆)

Ep-5

အန်လပ်ကီး ဘေး ဆိုတဲ့ ထိုင်းဘီအယ်လ် ဇာတ်လမ်းလေးမှာတော့ မိသားစုရဲ့ ယုံကြည်မှုတွေကို မလိုက်ချင်ဘဲ ရှောင်ပြေးနေတဲ့ စတိုင်ကျတဲ့ကောင်လေး ရင် ဆိုတဲ့တစ်ယောက်က ရည်းစားဟောင်းနဲ့ ကွဲသွားပြီး လူသစ်နဲ့တွဲနေတာကို မြင်လိုက်ရကတည်းက ရတက်မအေးဖြစ်ပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ကို ကာကွယ်ပေးဖို့ အနားမှာရှိနေပေးမယ့် ကိုဘ်ဖာ ဆိုတဲ့ကောင်လေးနဲ့ ဆုံဖြစ်သွားပြီးတော့ ကံကြမ္မာဆိုးတွေကို အတူကျော်ဖြတ်ရင်းနဲ့ နောက်ဆုံးမှာ တကယ်ချစ်သူတွေ ဖြစ်သွားကြတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။


#UnluckyBae #thaiseries #2026series #mmsub #BL #blackhole
1
Forwarded from Next Hub Shop
(၆)ရက်နေ့ ပစ္စည်းဝင်ပါမယ်
Cooling Fanဆို ရောက်တာနဲ့ ကုန်တာမို့ Preorder တင်ထားလိုက်တော့နော်

Cooling Fan အကြောင်း ရှင်းပြထားသော Review Video
https://t.me/nexthubshopmm/1246

Goojodoq Cooling Fan - 65000Ks
ရနိုင်သောအရောင်-White,Black,Pink,Purple,Silver,Gray

Silicon Case - 12500Ks
ရနိုင်သောအရောင်-White,Black,Pink

ဘယ်နေရာရောက်ရောက် အေးမြနေဖို့ Goojodoq Fan လေးက အဆင်သင့်! 🌬️

မျက်နှာအသားအရေအတွက် မိန်းကလေးတွေ အလွန်ကြိုက်တဲ့ Cooling Fan

အပြင်မှာ အလုပ်ကိစ္စနဲ့ သွားရလာရသူတွေ၊ ကျောင်းသွားသူတွေ၊ ခရီးသွားသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မိတ်ဆွေ။

Features

👉 အိတ်ထဲထည့်သွားရလွယ်ကူတဲ့ Portable Size

👉ပြောင်းလဲသုံးနိုင်တဲ့ လေအားအဆင့်များ

👉 USB-C နဲ့ အလွယ်တကူ အားသွင်းနိုင်

ပူပြင်းတဲ့ နေရောင်အောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် အေးမြလန်းဆန်းအောင် ထားရှိနိုင်ဖို့ Goojodoq ကို ရွေးချယ်လိုက်ပါ။

📍 ငွေပေးချေမှုစနစ် (Payment)
အိမ်ရောက်ငွေချေ (COD) ရတဲ့ မြို့တိုင်းအတွက် ပစ္စည်းရောက်မှ ငွေချေရမှာမလို့ စိတ်အေးချမ်းသာ မှာယူနိုင်ပါတယ်ခင်ဗျာ။ 🏠🤝

💬 မှာယူရန် နည်းလမ်း (Order Here) 💬
Telegram - @nexthubshopmyanmar 📲

📝 မှာယူမယ်ဆိုရင် ဒီအချက်လေးတွေ ပို့ပေးပါဦးဗျ:
နာမည်
ပစ္စည်းအမျိုးအစား (Item) (Color)
ပို့ရမယ့် လိပ်စာအပြည့်အစုံ (Address)
ဖုန်းနံပါတ် (Phone)

#goojodoq #coolingfan #nexthubshop
4