When Oranges Fall (2026)
လိမ္မော်ခြံထဲက အမှတ်တရ (၂၀၂၆)
Ep-12
https://t.me/glseries_thai/432
#WhenOrangesFall #thaiseries #2026series #mmsub #BL
လိမ္မော်ခြံထဲက အမှတ်တရ (၂၀၂၆)
Ep-12
https://t.me/glseries_thai/432
"ကို" ခရစ်တင် ယင်ခွန် "ကို(တစ်)" အဖြစ်
Progress Passawish Thamasungkeeti
"ကို" ခနင် စီရိသာရာ "ကို(နှစ်)" အဖြစ်
Almond Poomsuwan Suwansatit
ဇာတ်လမ်းအကျဉ်း
"နာမည်ချင်းတူပေမယ့် ကံကြမ္မာချင်း မတူတဲ့
'ကို' နှစ်ယောက်"
လိမ္မော်သီးကိုတောင် အိမ်နီးချင်းခြံထဲက အသီးကိုမှ စားချင်တဲ့ ဆော့ကစားရတာ ဝါသနာပါတဲ့
"ကို (တစ်)" ဆိုတဲ့ လိမ္မော်နတ်ဆိုးလေးနဲ့
ထိုလိမ္မော်ပင်ရဲ့ ပိုင်ရှင် အေးဆေးတည်ငြိမ်ပြီး လူကြီးဆန်လွန်းတဲ့ "ကို(နှစ်)"
စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်သလို တစ်ယောက်က ခိုးစားတဲ့သူ တစ်ယောက်က ပိုင်ရှင်အဖြစ် ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ဦးကြားမှာ "နာမည်" ကလွဲလို့ တူညီတာဆိုလို့ ဘာမှမရှိခဲ့ပါဘူး
ဒါပေမဲ့ အချိန်တွေကုန်လွန်ပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ အမုန်းနဲ့ စခဲ့တဲ့ ဆက်ဆံရေးက အချစ်ကို ပြောင်းလဲသွားမှာလား လိမ္မော်သီးလေးတွေက သူတို့နှစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုမျိုး နီးစပ်အောင် ဖန်တီးပေးမှာလဲဆိုတဲ့
"ကို(တစ်) နဲ့ "ကို(နှစ်)" တို့ရဲ့ ငယ်ဘဝအမှတ်တရတွေကနေ ရင့်ကျက်လာတဲ့ အချစ်ဇာတ်လမ်းလေးအထိ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဘာသာပြန်တင်ဆက်ပေးသွားမှာမို့လို့ အတူတူစောင့်ကြည့်လိုက်ကြရအောင်ဗျို့
#WhenOrangesFall #thaiseries #2026series #mmsub #BL
My Tutor, My Love (2026)
ချစ်ရပါသောကျွန်မရဲ့ကျူတာ (၂၀၂၆)
Ep-11
https://t.me/bhthai/103
#MyTutorMyLove #thaiseries #2026series #mmsub #blackhole
ချစ်ရပါသောကျွန်မရဲ့ကျူတာ (၂၀၂၆)
Ep-11
https://t.me/bhthai/103
ဒီဇာတ်လမ်းလေးမှာတော့ အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။
အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။
ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.....
#MyTutorMyLove #thaiseries #2026series #mmsub #blackhole
❤9👍1
When Light Fades (2026)
အလင်းပျောက်တဲ့ညက ကြယ်ရောင်အလင်း (၂၀၂၆)
Ep-6
https://t.me/thaiseries_bl0/229
#WhenLightFades #thaiseries #2026series #mmsub #BL #blackhole
အလင်းပျောက်တဲ့ညက ကြယ်ရောင်အလင်း (၂၀၂၆)
Ep-6
https://t.me/thaiseries_bl0/229
နာမည်ကြီးKinnPorscheဇာတ်ကားထဲမှာ ဘော်ဒီဂတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့Basရဲ့main leadအနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားအသစ်လေးမှာတော့...
ယွဲ့အဖြစ် Bas Asavapatr Ponpiboonနဲ့ ရာဝင်/ဆန်အဖြစ် Lhongchang Atip Korsinkaတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
<ဇာတ်လမ်းအကျဉ်း>
၁၉၇၆ခုနှစ်ရဲ့မုန်တိုင်းထန်လှတဲ့နိုင်ငံရေးကာလအတွင်းမှာ ဆုံးဖြတ်ချက်တစ်ခုနဲ့တောအုပ်ကြီးထဲကိုခြေချဝင်ရောက်လာတဲ့ကျောင်းသားလူငယ်တွေဟာ ဘန်ဆန်ဒေါင်(Ban Saeng Dao)ကရဲဘော်ရဲဘက်တွေဆုံတွေ့ခဲ့ကြပါတယ်။
ဒီလိုနဲ့ပဲတူညီတဲ့ဝါဒသဘောတရားလမ်းစဥ်တွေပေါ်မှာလျှောက်လှမ်းကြမယ့်လူတွေအနေနဲ့ ရဲဘော်ယွဲ့ကလည်း ဆန်ကိုနေ့တိုင်းသင်ကြားပေးရင်း သူတို့ကြားမှာရဲဘော်ရဲဘက်စိတ်ထက်ပိုတဲ့သံယောဇဉ်နှောင်ကြိုးတစ်ခုစတင်အမြစ်တွယ်လာပြီး ဒီနှောင်ကြိုးဟာ သူတို့ယုံကြည်ချက်အတွက်ရှေ့ဆက်မယ့်လမ်းမှာကြီးမားတဲ့ခွန်အားဖြစ်လာစေပါတယ်။
ဒီစီးရီးမှာ မင်းသားချောတွေဖြစ်ကြတဲ့ Basနဲ့Lhongchangတို့က ခက်ခဲတဲ့နိုင်ငံရေးလှိုင်းတံပိုးတွေကြားကအချစ်နဲ့ယုံကြည်ချက်ကို ရင်နင့်စရာပုံဖော်ထားတဲ့အတွက် အပတ်စဥ်ကြာသပတေးနေ့တိုင်း ကြည့်ရှုအားပေးလို့ရပါပြီ။
#WhenLightFades #thaiseries #2026series #mmsub #BL #blackhole
❤2
Be My Player Two (2026)
ဂိမ်းထဲက ရန်သူ၊ ဘဝရဲ့ အချစ်ဦး (၂၀၂၆)
Ep-3
https://t.me/thaiseries_b4/446
#BeMyPlayerTwo #thaiseries #2026series #mmsub #BL #blackhole
ဂိမ်းထဲက ရန်သူ၊ ဘဝရဲ့ အချစ်ဦး (၂၀၂၆)
Ep-3
https://t.me/thaiseries_b4/446
ဂိမ်းလောကရဲ့ ထိပ်သီး Streamer တစ်ယောက်ဖြစ်တဲ့ Thi အတွက်တော့ ဂိမ်းဆိုတာ အနိုင်ရဖို့သက်သက်မဟုတ်ဘဲ သူ့ရဲ့ ဂုဏ်သိက္ခာပါ၊ ဒါပေမဲ့ တစ်နေ့မှာတော့ သူ လုံးဝမထင်မှတ်ထားတဲ့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ Zo ရဲ့ လက်ချက်နဲ့ အရှက်တကွဲ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ရတဲ့အခါ Thi ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပြိုင်ဘက်ကို ရှာဖွေပြီး လက်စားချေဖို့အတွက် ခြေရာခံလိုက်တဲ့အခါမှာတော့ ဂိမ်းထဲက ရန်သူတော်ဟာ အပြင်လောကမှာတော့ Thi ရဲ့ ဘဝကို အပြည့်အဝ နားလည်ပေးနိုင်သူ၊ သူနဲ့အတူ အနိုင်အရှုံးတွေကို ကျော်ဖြတ်ပေးမယ့် တစ်ဦးတည်းသော "Player Two" ဖြစ်လာမယ့်သူမှန်း လုံးဝမသိလိုက်ပါဘူး။ မျက်နှာချင်းဆိုင်မမြင်ရတဲ့ ဂိမ်းကမ္ဘာကနေ အပြင်လောကရဲ့ လက်တွေ့ဘဝထိ ပေါက်ကွဲထွက်လာမယ့် သူတို့နှစ်ယောက်ရဲ့ ရန်သူတော်မှ ချစ်သူများအဖြစ် ပြောင်းလဲသွားမယ့် စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ
#BeMyPlayerTwo #thaiseries #2026series #mmsub #BL #blackhole
My Lady's Bodyguard (2026)
အရှင်မလေးရဲ့ အသည်းကျော် ကိုယ်ရံတော် (၂၀၂၆)
Ep-6
https://t.me/thaiseries_bh3/305
အရှင်မလေးရဲ့ အသည်းကျော် ကိုယ်ရံတော် (၂၀၂၆)
Ep-6
https://t.me/thaiseries_bh3/305
Apple ဆိုတဲ့ဇာတ်ကားလေးအပြီးမှာ ဒုတိယမြောက်ဇာတ်လမ်းတွဲလေးနဲ့ ပွဲထွက်လာတဲ့ Orm-folk ရဲ့ ဇာတ်လမ်းတွဲသစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ#MyLadysBodyguard #thaiseries #2026series #mmsub #GL #blackhole
"ရုပ်ဖျက်ထားလို့ အမှန်တရားကို ဖုံးကွယ်ထားနိုင်ပေမဲ့ နှလုံးသားထဲက ဖြစ်တည်လာတဲ့ ခံစားချက်တွေကိုတော့ ဘယ်တော့မှ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး..."
သာယာလှပတဲ့ ထိုင်းရှေးခေတ်နောက်ခံ ဇာတ်ဝတ်တန်ဆာတွေနဲ့အတူ ကြည်နူးရင်ခုန်စရာကောင်းလှတဲ့ "My Lady's Bodyguard (2026)" ဆိုတဲ့ Thai Web Series အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားလေးထဲမှာတော့ အရမ်းကို အရာရာ စပ်စုချင်တဲ့ သခင်မလေးတစ်ယောက်ကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် သက်တော်စောင့်မလေး တစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။
တာဝန်အရ စောင့်ရှောက်ပေးရရင်းကနေ သခင်မလေးက သူ့ဘဝရဲ့ အလင်းရောင်လေး ဖြစ်လာတဲ့အခါ... သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေ ဘယ်လိုတွေ သန္ဓေတည်လာမလဲ၊
အခက်အခဲတွေကြားကနေ ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
Historical, Romance အမျိုးအစားဖြစ်တဲ့အတွက် ရှေးခေတ်အဝတ်အစား အပြင်အဆင်တွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နှစ်ယောက်ရဲ့ Chemistry ကို မျက်စိအေးအေးလေး ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
သခင်မလေးရဲ့ အချွဲတွေကြားမှာ ခပ်တည်တည် သက်တော်စောင့်မလေး ဘယ်လိုတွေ အရည်ပျော်မလဲဆိုတာကတော့ ပရိသတ်ကြီးကို အပြုံးမပျက်စေရဘူးလို့ အာမခံပါတယ်နော်။
❤1
The Scammer Games (2026)
လူလိမ်တို့ရဲ့ကစားပွဲများ (၂၀၂၆)
Ep-13
https://t.me/thaiseries_cr/357
#TheScammerGames #thaiseries #2026series #mmsub #blackhole
လူလိမ်တို့ရဲ့ကစားပွဲများ (၂၀၂၆)
Ep-13
https://t.me/thaiseries_cr/357
Krating Khunnarong Pratesrat
Kao Supassrathip Akkrathaweepatch
Na Naphat Vikairungroj တို့အဓိကပါဝင်ထားတဲ့ thai drama ကောင်းကောင်းလေးလာပါပြီ
ဇာတ်လမ်းအကျဉ်း
"The Admin" လို့ လူသိများတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမည်မသိလူတစ်ယောက်က ဆုကြေးငွေ အမြောက်အမြားကို သုံးပြီးတော့ မတူညီတဲ့ နောက်ခံနဲ့ အရည်အချင်းကိုယ်စီရှိတဲ့ ထိပ်တန်းလိမ်လည်သူ ၈ ယောက်ကို တစ်နေရာတည်းမှာ စုစည်းဖို့အတွက် ဖန်တီးခဲ့ပါတယ်။
သူတို့အဖွဲ့ကို ပေးအပ်ထားတဲ့ အဓိကတာဝန်က ဩဇာကြီးမားတဲ့ မာဖီးယားဂိုဏ်းကြီးရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ကို အကွက်ကျကျ ပြန်လည်လိမ်လည်ပြီး ဖြိုခွင်းဖို့ပါ။
Admin ရဲ့ ညွှန်ကြားချက်တွေ အတိုင်း သူတို့အဖွဲ့က မြေအောက်ထီလုပ်ငန်း၊ တရားမဝင် လောင်းကစားဝိုင်းများနဲ့ လူထုကို ဒုက္ခပေးနေတဲ့ Call Center ဂိုဏ်းတွေကို တစ်ဆင့်ချင်းစီ ဝင်ရောက်စီးနင်းပြီး လှည့်ဖြားမှုမျိုးစုံနဲ့ လက်စားချေ တိုက်ခိုက်ကြတယ်။
ဒါပေမဲ့လည်း ဆုကြေးငွေအတွက် အဖွဲ့ခွဲကြတဲ့အခါ အဲ့ဒီအဖွဲ့က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လိမ်လည်မှုကြီး (The Biggest Heist) ကို အကောင်အထည်ဖော်ရန် ကြိုးစားရင်းကနေ ဒီစစ်ဆင်ရေးကြီးတစ်ခုလုံးရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ပိုမိုမှောင်မိုက်တဲ့ အမှန်တရားတွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာကို တစ်စတစ်စ သိရှိသွားကြတဲ့အခါမှာ.....
ဒီလို Action,Drama ကားကောင်းကောင်းလေးကို တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်ကြည့်လိုက်ရအောင်ရှင့်
#TheScammerGames #thaiseries #2026series #mmsub #blackhole
My Tutor, My Love (2026)
ချစ်ရပါသောကျွန်မရဲ့ကျူတာ (၂၀၂၆)
Ep-12
https://t.me/bhthai/112
#MyTutorMyLove #thaiseries #2026series #mmsub #blackhole
ချစ်ရပါသောကျွန်မရဲ့ကျူတာ (၂၀၂၆)
Ep-12
https://t.me/bhthai/112
ဒီဇာတ်လမ်းလေးမှာတော့ အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။
အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။
ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.....
#MyTutorMyLove #thaiseries #2026series #mmsub #blackhole
❤19👎1
Make It Right (2026)
အချစ်လမ်းစ (၂၀၂၆)
Ep-3
https://t.me/series_v1/168
#MakeItRight #thaiseries #2026series #mmsub #BL #blackhole
အချစ်လမ်းစ (၂၀၂၆)
Ep-3
https://t.me/series_v1/168
အဆင်လည်းငမ်းရင်း ဆယ်ကျော်သက်ဘဝလေးကိုအဝအပြည့်ခံစားရမဲ့ဇာတ်ကားကောင်းလေးလာပါပြီ..
Main Role တွေအနေနဲ့
ဖျူး အဖြစ် Boongkee Surasee Manoonpanich
ထီ အဖြစ် Prommy Poonyawee Suwanvaree
ဖရိန်း အဖြစ် Shane Thanatpong Thaveesapmanee
ဘွတ် အဖြစ် PeemKrit Krittapas Panitpongsathorn
ဒါ့အပြင် Support Role တွေရော Guest Role တွေရောအများကြီးပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
ဖျူး ဟာ သူ့ရည်းစား ဂျင် ဖောက်ပြန်နေတာကို မြင်လိုက်ရပြီးနောက် နှလုံးသားကွဲအက်ကာ စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ အရက်မူးနေတဲ့ ညတစ်ညမှာ ကျောင်းက နာမည်ကြီးပြီး ရုပ်ချောတဲ့ ကောင်လေး ထီ နဲ့ မထင်မှတ်ဘဲအတူရှိခဲ့ကြပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကသူငယ်ချင်းအဆင့်ထက် ပိုသွားခဲ့ပါတယ်။
ထီ က ဖျူး အပေါ် တကယ်မြတ်နိုးတဲ့ အချစ်တွေ ရှိလာခဲ့ပေမဲ့ ဖျူး ကတော့ အတိတ်က ရည်းစားဟောင်းကို အပြတ်မဖြတ်နိုင်သေးဘဲ ဝေခွဲမရဖြစ်နေတာကြောင့် သူတို့နှစ်ယောက်ကြားမှာ သံသယနဲ့ နာကျင်မှုတွေ ရှိလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ လူဆိုးလေး ဖရိန်း က စံပြကျောင်းသားနဲ့ အတန်းခေါင်းဆောင်ဖြစ်တဲ့ ဘွတ် ရဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အမှားတစ်ခုကနေ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးပြီး ဖုံးကွယ်ထားစရာမလိုတဲ့ စစ်မှန်တဲ့အချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။
အခြားတစ်ဖက်မှာလည်း ဖျူး ကို အမြဲအားကျအတုယူရတဲ့ ညီလေး ရော့ထန် နဲ့ ကျောင်းရဲ့ အကအဖွဲ့ခေါင်းဆောင် နိုင်း တို့ဟာ အပြန်အလှန် ရန်ဖြစ်စနောက်ရာကနေ ရိုးသားဖြူစင်တဲ့ အချစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသလို ဖျူး ရဲ့ သူငယ်ချင်း လွတ်မို ကလည်း အခြားကျောင်းက အကအဖွဲ့ခေါင်းဆောင်ကောင်လေး ယော့ နဲ့ ရေမြေခြား ချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပန်းခြံလေးထဲမှာ ပျိုးထောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဖျူး ရဲ့ အစ်မဖြစ်သူ ဖင်း ကလည်း သူမအပေါ် ရိုးရိုးသားသားနဲ့ အချစ်ကို ဖွင့်ပြောလာတဲ့ ညီမလေး ရိုင်မိုင် ကြောင့် နှလုံးသား တံခါးပွင့်သွားခဲ့ပါတယ်
ဒီလိုဆယ်ကျော်သက်အရွယ်ရဲ့ ချစ်ခြင်း မုန်းခြင်း သဝန်တိုမှုတွေ နာကျင်မှုတွေကိုအဆင်တွေလည်းငမ်းရင်း အပြည့်အဝခံစားရမဲ့ဇာတ်ကားလေးကို တင်ဆက်ပေးနေပြီဖြစ်လို့အခုပဲ ကြည့်ရှုလိုက်ရအောင်ဗျို့
#MakeItRight #thaiseries #2026series #mmsub #BL #blackhole
Don't Be Too Emotional ( 2026)
နှလုံးသားကို အရှုံးမပေးနဲ့ (၂၀၂၆)
Ep-6
https://t.me/thaiseries_b8/230
#DontBeTooEmotional #thaiseries #2026series #mmsub #BL #blackhole
နှလုံးသားကို အရှုံးမပေးနဲ့ (၂၀၂၆)
Ep-6
https://t.me/thaiseries_b8/230
မှော်ဆန်ဆန် လျှို့ဝှက်ချက်တွေ ဖုံးလွှမ်းနေတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အရိပ်မှောင်ထဲမှာ... လူတွေလိုချင်တဲ့ အလိုရမ္မတ်မှန်သမျှကို ကြီးမားတဲ့ ပေးဆပ်မှုတစ်ခုခုနဲ့ လဲလှယ်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းရှိသူ၊ ဆွဲဆောင်မှုပြင်းပြီး နားလည်ရခက်တဲ့ လူငယ်လေး ဂျိန်း ပတ်ထရစ် (Jane Patrick) ရှိနေပါတယ်။ လူတိုင်းက သူ့ကို အန္တရာယ်ကောင်လို ကြောက်ရွံ့ပြီး ဝေးဝေးကရှောင်ကြပေမဲ့၊ မကြောက်မရွံ့ဘဲ ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာခဲ့သူကတော့ ချောမောထက်မြက်တဲ့ ဘောလုံးသမားလေး ဂျင်နာလီ (Jennalee) ပဲ ဖြစ်ပါတယ်။
အများအမြင်မှာ အေးစက်လှတဲ့ ဂျိန်း ပတ်ထရစ် ရဲ့ ရင်ထဲက နူးညံ့မှုကို တစ်ဦးတည်းသောသူအဖြစ် မြင်တွေ့ခွင့်ရလာတဲ့ ဂျင်နာလီ တစ်ယောက် သူတို့နှစ်ဦးကြားက သံယောဇဉ် နက်ရှိုင်းလာတာနဲ့အမျှ... အသက်ရှူမှားလောက်မယ့် စုန်းပြာပုဏ္ဏားဆန်တဲ့ အချစ်၊ အမုန်း၊ အန္တရာယ်တွေကြားထဲ တားဆီးမရဘဲ တိုးဝင်မိရင်း ကြီးမားတဲ့ သဘာဝလွန် လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်သွားကြမယ့် အချစ်မိုးမှောင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
#DontBeTooEmotional #thaiseries #2026series #mmsub #BL #blackhole
Black Coral (2026)
ကျိန်စာသင့်သန္တာကျောက်တန်းနက် (၂၀၂၆)
Ep-22
https://t.me/thaiseries_l0/285
#BlackCoral #thaiseries #2026series #mmsub #blackhole
ကျိန်စာသင့်သန္တာကျောက်တန်းနက် (၂၀၂၆)
Ep-22
https://t.me/thaiseries_l0/285
ဇာတ်လမ်းအကျဉ်း
ပင်လယ်ရေပြင်အောက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ရေအောက်ဇီဝဗေဒပညာရှင် Narathon ဟာ သေမင်းတမန် ဝဲဂယက်တွေကြောင့် နာမည်ကြီးပြီး ကျိန်စာသင့်နေတယ်လို့ ယူဆရတဲ့ 'Skull Island' (ဦးခေါင်းခွံကျွန်း) အနီးမှာ အလွန်လှပပြီး အပျက်အစီးမရှိသေးတဲ့ သန္တာကျောက်တန်းတစ်ခု ရှိနေတာကို သိရှိသွားခဲ့ပါတယ်။
သူဟာ ဒီမစ်ရှင်အတွက် ဓာတ်ပုံပညာပရော်ဖက်ဆာ Prachaya၊ ပြီးတော့ သူ့ရဲ့အဖေဖြစ်သူ (သူဌေးကြီး Phum) စွဲလမ်းနှစ်သက်နေတဲ့ ရေအောက်ဓာတ်ပုံဆရာမလေး Kaimook တို့နဲ့ ပူးပေါင်းပြီး လေ့လာရေးဆင်းခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ စုံစမ်းလေလေ ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်ဆိုးတွေက ပေါ်ထွက်လာလေလေ ဖြစ်ခဲ့ပါတယ်။ Narathon ရဲ့အဖေ Phum နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး Sairung တို့ ပူးပေါင်းပြီး အဲဒီကျွန်းရဲ့ မြေကွက်တွေနဲ့ ရေပြင်ပိုင်နက်တွေကို မတရားသိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်တွေကိုပါ ရိပ်မိလာခဲ့ပါတယ်။
ဒီလိုနဲ့ Narathon တစ်ယောက် ပင်လယ်ရေအောက်ထဲ ပိုမိုနက်ရှိုင်းစွာ အမှန်တရားကို ရှာဖွေရင်း သရဲတစ္ဆေဒဏ္ဍာရီတွေ၊ ဖုံးကွယ်ထားတဲ့ လူသတ်မှုအမှုဟောင်းတွေနဲ့အတူ အဲဒီသန္တာကျောက်တန်းနဲ့ ထူးဆန်းစွာ ဆက်နွှယ်နေပြီး လူတိုင်းကို ကယ်တင်ခြင်း ဒါမှမဟုတ် သေခြင်းတရား ပေးစွမ်းနိုင်တဲ့ Sarai ဆိုတဲ့ ဝိညာဉ်မလေးရဲ့ ကျိန်စာကြားထဲ ပိတ်မိသွားပါတော့တယ်။ ဒီလိုစိတ်ဝင်စားဖွယ်ဇာတ်ကြောင်းတွေနဲ့ Horror/Drama ကားကောင်းလေးကို တင်ဆက်ပေးတော့မှာမို့လို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ဗျို့
#BlackCoral #thaiseries #2026series #mmsub #blackhole
In Love Forever (2026)
ရင်ထဲမှာ ထာဝရ (၂၀၂၆)
Ep-7
https://t.me/thaiseries_h3/244
#InLoveForever #thaiseries #2026series #mmsub #GL #blackhole
ရင်ထဲမှာ ထာဝရ (၂၀၂၆)
Ep-7
https://t.me/thaiseries_h3/244
ရန်း အဖြစ် Ling Ling
နင်း အဖြစ် Orm Kornaphat
CH3ရဲ့ power GL Cpဖြစ်တဲ့ Ling_Ormကတော့ တတိယမြောက်ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာပါပြီ
ဒီတစ်ခါမှာတော့ အရိုအချိုတွေလည်းပါသလို အလောင်အမြိုက်လေးတွေလည်းပါတာဆိုတော့ မတူညီတဲ့ပုံစံနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့... ဆွဲဆောင်မှုရှိပြီး ထက်မြက်တဲ့ ရှေ့နေမလေးနဲ့ Gen-Z သူဌေးသမီးလေးတိုဟာ အကြောင်းအမျိုးမျိုးနဲ့ မိသားစုတွေရဲ့ ဖိအားပေးမှုတွေကြောင့် သူတိုရဲ့ အိမ်ထောင်ရေးကို လမ်းခွဲပြီး အဆုံးသတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကံကြမ္မာက သူတိုနှစ်ယောက်ကို ဒီအတိုင်း အလွတ်မပေးခဲ့ပါဘူး။
စီးပွားရေးအရ အရေးကြီးတဲ့ သဘောတူညီမှုတစ်ခုကြောင့် သူတိုနှစ်ယောက်ဟာ မဖြစ်မနေ ပြန်လည်ပေါင်းဖက်ရပြီး "ပျော်ရွှင်နေတဲ့ ဇနီးမောင်နှံ" အဖြစ် ပတ်ဝန်းကျင်ကို ဟန်ဆောင်ကြရတဲ့အခါ...။
ဟန်ဆောင်ပေါင်းသင်းနေရတဲ့ အတုအယောင် ဆက်ဆံရေးကြားထဲကနေ အရင်က တိမ်မြုပ်နေတဲ့ ခံစားချက်ဟောင်းတွေ ပြန်လည်နိုးထလာပါတော့တယ်။
တစ်ဖက်မှာ အချစ်မီးတောက်လေးတွေ ပြန်လည်တောက်လောင်လာသလို၊ တခြားတစ်ဖက်မှာလည်း အရင်က ဖုံးကွယ်ထားခဲ့တဲ့ နာကျင်စရာ ဒဏ်ရာဟောင်းတွေက ပြန်လည်ပေါ်ထွက်လာတဲ့အခါ...။
သူတိုနှစ်ယောက်ရဲ့ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးက ဒုတိယအခွင့်အရေးတစ်ခု ထပ်ရနိုင်မလား... ဒါမှမဟုတ် တချိုအမာရွတ်တွေက ဘယ်တော့မှ ပျောက်ကင်းသွားမှာ မဟုတ်တော့ဘူးလား ဆိုတာကိုတော့.,,,
ဒီသောကြာနေ့ကစပြီး လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ (၁၂) ပိုင်းပါ စီးရီးသစ်လေးဖြစ်လို GL ဖန်တွေအတွက်တော့ အပတ်စဉ် စောင့်ကြည့်ရမယ့် ကားကောင်းလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
#InLoveForever #thaiseries #2026series #mmsub #GL #blackhole
4 Elements The Fire (2026)
အချစ်မီးလျှံ (၂၀၂၆)
Ep-4
https://t.me/glseries_love/249
#4Elements #TheFire #thaiseries #2026series #mmsub #GL #blackhole
အချစ်မီးလျှံ (၂၀၂၆)
Ep-4
https://t.me/glseries_love/249
ပျိုရီးမမဘွနဲ့ တူ တူမတွေပဲ ထိန်းမယ်ဆိုပြီး လေကျယ်ထားတဲ့ ကျွန်းပိုင်ရှင် မမဖိုင်တစ်ယောက် မယကဂိုဏ်းဝင်ဖြစ်မဲ့နေ့လေးကို ရောက်ရှိလာပါပြီရှင်။
ဖိုင်အဖြစ် Namneung Milin Watinthanakit
ကဖောင်အဖြစ် Noey Kanteera Wadcharathadsanakul
"အဖေ့ရဲ့ သမုဒယအဖော် ဒုတိယကတော်လို့ ထင်ခဲ့တဲ့ မိန်းကလေးက အသည်းနှလုံး ဖြစ်လာတယ်တဲ့လား..."
Thai GL Mega Projectကြီးဖြစ်တဲ့ 4E ကို နှုတ်ဆက်ရတော့မဲ့ နောက်ဆုံးအတွဲလေးအလှည့်ကို ရောက်ရှိလာပါပြီ။ နံပါတ်လေးအတွဲကတော့ မီးဆိုတဲ့အတိုင်းပဲ မတည့်အတူနေ ကြောင်နဲ့ကြွက် Enemies to Lovers Vibe အပြည့်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဖိုင်နဲ့ ကဖောင်ဆိုတဲ့ ငယ်သူငယ်ချင်း ရန်ဘက်နှစ်ယောက် ပြန်ဆုံတွေ့ရာကနေ စတင်ပါတယ်။
ပြဿနာက ဖိုင်ရဲ့အဖေက ကဖောင်ကို ရုတ်တရက်အိမ်ခေါ်လာပြီး တစ်အိမ်လုံးကလူတွေကို ဖိုင်နဲ့တန်းတူဆက်ဆံဖို့ အမိန့်ပေးချိန်မှာ ကဖောင်ကို သူ့အဖေရဲ့ မယားငယ်၊ မိသားစုပိုင်ဆိုင်မှုတွေကို လာမက်မောတဲ့ သိုက်တူးသမားလို့ အထင်လွဲသွားရာကနေ စတာပါပဲ။
"ငွေမက်တဲ့မိန်းမ" ဆိုတဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့အတူ ဖိုင်တစ်ယောက် ကဖောင်ကို တွေ့ရာနေရာတိုင်းမှာ ဒုက္ခပေးဖို့၊ နှိပ်စက်ဖို့ ကြံစည်ပါတော့တယ်။
ဒါပေမဲ့ ကဖောင်ကလည်း အချဉ်မဟုတ်တော့ အပြန်အလှန် အချေအတင်တွေနဲ့ ချကြရင်းကနေ... မဆုံးနိုင်တဲ့ ရန်ပွဲတွေကြားမှာ မငြင်းဆန်နိုင်တဲ့ ဆွဲဆောင်မှုတွေ၊ သံယောဇဉ်တွေ တဖြည်းဖြည်း ဖြစ်တည်လာတဲ့အခါ…
ရန်သူတွေကနေ တစ်ယောက်မရှိရင် မဖြစ်တဲ့သူတွေဖြစ်လာချိန်မှာ... ဖိုင်တစ်ယောက် သူ့ရဲ့ မိသားစုအပေါ် ထားရမယ့် တာဝန်ဝတ္တရားနဲ့ သူ့နှလုံးသားကို ဖမ်းစားသွားတဲ့ မိန်းကလေး ဒီအရာနှစ်ခုကြားမှာ ဘယ်အရာကို ရွေးချယ်မလဲ... အချစ်အတွက် ဘာတွေစတေးရမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးနော်။
#4Elements #TheFire #thaiseries #2026series #mmsub #GL #blackhole
❤1
Peach and Me (2026)
ချစ်သူသက်တမ်းတလျှောက် (၂၀၂၆)
Ep-4
https://t.me/thaiseries_b9/222
#PeachandMe #thaiseries #2026series #GL #blackhole
ချစ်သူသက်တမ်းတလျှောက် (၂၀၂၆)
Ep-4
https://t.me/thaiseries_b9/222
ကဲ ကဲ အားလုံးဘေးဖယ် "ခွန်ထီ" လာပါပြီ
အကုန်လုံးစောင့်မျှော်နေကြတဲ့ Peach and Me လေးကတော့ထွက်လာပါပြီ
ထီ အဖြစ် Pond Naravit Lertratkosum
ဖိ အဖြစ် Phuwin Tangsakyuen တို့ main role အဖြစ်ပါဝင်ထားပြီး နာမည်ကြီး support role များစွာပါပါတယ်
ဇာတ်လမ်းအကျဉ်း...
ခွန်ထီ နဲ့ ဖိ တို့ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့... အရင်ကထက် ပိုပြီး အချစ်ကြီး၊ အူတိုတတ်တဲ့ ခွန်ထီ တစ်ယောက် အချစ်မူးပြီး ရူးမတတ်ဖြစ်မယ့်အစား "အသိသတိလေးဝင်ပြီး အေးအေးဆေးဆေး နေထိုင်သွားမယ်" လို့ သန္နိဋ္ဌာန် ချလိုက်ပါတော့တယ်။
ဒါပေမဲ့ စကားကသာ လွယ်တာပါ လက်တွေ့မှာတော့ ထီ ရဲ့ အချစ်တွေက လုံးဝလျော့မသွားတဲ့အပြင် ၆ လဆက်တိုက် ပိတ်ရက်တိုင်း ဖိ ကို ဟန်းနီးမွန်းတွေ လိုက်ပို့နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဖိ တစ်ယောက် မောလွန်းလို့ "တော်ပါတော့ ခဏလောက် နားပြီး အလုပ်လေးပဲ အာရုံစိုက်ပါရစေတော့" လို့ တောင်းပန်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ထီ ရဲ့ အချစ်ရေးကို နေရာပေးဖို့အတွက် ရုမ်း က အာစီနီ ရဲ့ ခေါင်းဆောင်အဖြစ် တာဝန် လွှဲပြောင်းယူလိုက်ပြီး ထီ ကတော့ GMM THEE V က သူ့ရဲ့ အလုပ်တွေဆီကို ပြန်ပြီး အာရုံစိုက်လာခဲ့ပါတယ်။
အလုပ်ခွင်ထဲ ပြန်ဝင်လာကြတဲ့အခါမှာတော့ အိမ်ထောင်သည်ဘဝရဲ့ အသစ်စက်စက် တာဝန်တွေ၊ အလုပ်ခွင်က ဖိအားတွေနဲ့ ထီ ရဲ့ မလျော့တဲ့ အချစ်ကြီးမှုတွေကြားထဲမှာ ဖိ တစ်ယောက် ဘယ်လိုတွေ ဗာရာဏသီ ချောရဦးမလဲနော်
ရုမ်း နဲ့ မို့ ရဲ့ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်ကြမှာလဲ? အချစ်ကြီးတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ romance, comedy ဇာတ်လမ်းလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးမှာမို့လို့စောင့်ကြည့်လိုက်ရအောင်ရှင့်
#PeachandMe #thaiseries #2026series #GL #blackhole
❤2
The Edge Of Horizon (2026)
ထီးနန်းရိပ်က တားမြစ်သက်လျာ (၂၀၂၆)
Ep-7
https://t.me/bhthai0/96
#TheEdgeOfHorizon #thaiseries #2026series #mmsub #BL #blackhole
ထီးနန်းရိပ်က တားမြစ်သက်လျာ (၂၀၂၆)
Ep-7
https://t.me/bhthai0/96
မင်းသား ထင်နာကွန် ဝါရာကူဝါထင် အဖြစ် Ongsa Ttuchh
ဖို့ ဖို့ထီ မန်ခွန်ဖက် အဖြစ် Inn Jakkrasin
ငယ်စဉ်ကလေးဘဝကတည်းက ခွဲလို့မရလောက်အောင်ကို ရင်းနှီးကြတဲ့ မင်းသားလေး ထင်နာကွန်နဲ့ အထိန်းတော်ကြီးရဲ့သားဖြစ်သူ ဖို့
နန်းတော်ရိုးမကြီးရဲ့အရိပ်အောက်မှာ သူတို့နှစ်ဦးရဲ့ အပြစ်ကင်းစင်တဲ့ ပထမဦးဆုံးအချစ်ပန်းလေးဟာ တိတ်တဆိတ် ဖူးပွင့်ခဲ့ဖူးပေမယ့် တင်းကျပ်လှတဲ့ ရှေးရိုးစဉ်လာထုံးတမ်းတွေ ကြီးမားလှတဲ့အဆင့်အတန်း ကွာဟမှုတွေနဲ့ တာဝန်ဝတ္တရားတွေကြားမှာ ဖူးပွင့်ခဲ့ရတဲ့အချစ်ပန်းလေးဟာ အကြင်နာကင်းမဲ့စွာနဲ့ စောစီးစွာပဲခြွေယူခံခဲ့ရပါတယ်
နှစ်တွေအတော်ကြာလာတဲ့အချိန်…. တစ်ယောက်ကတော့ တိုင်းပြည်နဲ့ ထီးနန်းရဲ့မျှော်လင့်ချက်တွေကို မဖြစ်မနေ ထမ်းပိုးထားရတဲ့ တာဝန်သိမင်းသားလေးတစ်ပါးဖြစ်လာခဲ့ပြီး အခြားတစ်ယောက်ကတော့ နန်းတော်တံခါးပြင်ပက လွတ်လပ်တဲ့သာမန်ဘဝကို တောင့်တနေခဲ့သူအဖြစ် မတူညီစွာရှင်သန်ခဲ့ကြရင်း
တိုင်းပြည်ရဲ့လှိုင်းထန်လှတဲ့ သမိုင်းဝင် အချိုးအကွေ့တစ်ခုမှာ ကံကြမ္မာက သူတို့နှစ်ဦးကို မျက်နှာချင်းဆိုင် ပြန်လည်ဆုံတွေ့စေတဲ့အခါ အဆင့်အတန်းခွဲခြားမှု ဂုဏ်သိက္ခာနဲ့ရေးဆွဲထားတဲ့ စည်းမျဉ်းတွေ ကြီးစိုးနေတဲ့ ဒီလောကကြီးမှာ သူတို့နှစ်ဦးရဲ့အချစ်ဟာ တိုင်းပြည်က လုံးဝခွင့်မပြုနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်နေခဲ့ပါတယ်
ရှင်သန်ခွင့်မရှိပါဘူးလို့ ပြဋ္ဌာန်းထားတဲ့ ဒီမြေပြင်ပေါ်မှာ……
သူတို့ရဲ့အချစ်တွေဟာ တကယ်ပဲ အမြစ်တွယ် ရှင်သန်ခွင့် ရနိုင်ပါ့မလား...
တာဝန်လား အချစ်လား…
ထီးနန်းရဲ့တာဝန်ဝတ္တရားနဲ့ ကိုယ်ပိုင်နှလုံးသားရဲ့အားပြိုင်မှုကြားမှာ ဘယ်အရာက ရှင်သန်ကျန်ရစ်နေခဲ့မလဲ….
အဆင့်တန်းကွာခြားလှတဲ့လူနှစ်ဦးကြားက ဘဝအတွက်ရုန်းကန်မှုတွေ တင်းမာမှုတွေကို အချစ် အလွမ်း အဆွေးအပြည့်နဲ့ ခံစားချက်ပေါင်းများစွာကို တစ်ခါတည်းခံစားနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုမို့ အပတ်စဉ် စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှူလိုက်တော့နော်
#TheEdgeOfHorizon #thaiseries #2026series #mmsub #BL #blackhole
Ghosting Love (2026)
Club Friday Love Status: Ghosting Love (2026)
အစအနဖျောက်သွားတဲ့အချစ် (၂၀၂၆)
Ep-1 to 5 ( The End )
https://t.me/thaiseries_h8/111
#GhostingLove #thaiseries #2026series #mmsub #blackhole
Club Friday Love Status: Ghosting Love (2026)
အစအနဖျောက်သွားတဲ့အချစ် (၂၀၂၆)
Ep-1 to 5 ( The End )
https://t.me/thaiseries_h8/111
ဖာဖန် အဖြစ် - Lilly Ladapa Thongkham
ထန်ခွန် အဖြစ် - Lee Thanat Lowkhunsombat
အိုင်ရင် အဖြစ် - Namwhan Phulita Supinchompoo
မိဘနှစ်ပါးစလုံးကို ရုတ်တရက် မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီးနောက်၊ ကြီးမားလှတဲ့ ရတနာလုပ်ငန်းစုကြီးရဲ့ တစ်ဦးတည်းသော အမွေခံအဖြစ် ဖာဖန် ( တစ်ယောက် တာဝန်တွေကို မပြင်ဆင်ရသေးဘဲ လွှဲပြောင်းရယူခဲ့ရပါတယ်။ ဝမ်းနည်းပူဆွေးနေရတဲ့ အချိန်မှာတင် မကဘဲ၊ သူမရဲ့ အနားမှာ ရှိသမျှ အမွေအနှစ်တွေကို အတင်းအဓမ္မ လုယူချင်နေကြတဲ့ ဆွေမျိုးတွေရဲ့ ဖိအားပေးမှုကိုပါ ရင်ဆိုင်ရပါတော့တယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပျက်ပြားပြီး ဘဝမှာ အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိတဲ့ စိတ်ကုထုံးပညာရှင် ထန်ခွန် နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထန်ခွန်ဟာ ဖာဖန်ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်းချင်း ရယူပြီး "သူတစ်ယောက်တည်းသာ ဖာဖန်ကို ကာကွယ်ပေးနိုင်မယ့်သူ" လို့ သွေးဆောင်ဖျောင်းဖျနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဖာဖန်ဟာ ထန်ခွန်အပေါ် ရင်ဖွင့်ပြီး အချစ်သက်ဝင်ရုံတင်မက၊ သူမဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေအားလုံးကိုပါ လွှဲအပ်ပေးလိုက်တဲ့အခါမှာတော့...။
ထန်ခွန်က တကယ်ပဲ စေတနာအမှန်နဲ့ ကာကွယ်ပေးချင်တဲ့ ကယ်တင်ရှင်လား? ဒါမှမဟုတ် သိုးရေခြုံထားတဲ့ ဝံပုလွေလိုမျိုး ဖာဖန်ရဲ့ အမွေတွေကို စိတ်ပညာနည်းအရ မသမာတဲ့နည်းနဲ့ ကစားမယ့်သူလား?
အာဏာ၊ အမွေအနှစ်၊ သစ္စာဖောက်မှုတွေနဲ့အတူ စိတ်ပညာပိုင်းဆိုင်ရာ အလှည့်အပတ်တွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဒီဇာတ်လမ်းကို အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။
#GhostingLove #thaiseries #2026series #mmsub #blackhole
A Dog And A Plane (2026)
မှန်းရခက်တဲ့ ကောင်းကင်ပြာ (၂၀၂၆)
Ep-1 to 10 ( The End )
https://t.me/thaiseries_bh0/129
#ADogAndAPlane #thaiseries #2026series #mmsub #BL #blackhole
မှန်းရခက်တဲ့ ကောင်းကင်ပြာ (၂၀၂၆)
Ep-1 to 10 ( The End )
https://t.me/thaiseries_bh0/129
အားလုံးနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ GMMTVရဲ့legendaryအတွဲဖေတေတို့ရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။
တိုတိုအဖြစ် Tay Tawan Vihokratana
ခါနစ်အဖြစ် New Thitipoom Techa-apaikhunတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
<ဇာတ်လမ်းအကျဉ်း>
ဒီဇာတ်လမ်းလေးကတော့ လေယာဉ်မောင်လေးရယ် ကယ်ဆယ်ရေး(EMT)အဖွဲ့ရယ် မတော်တဆဆုံမိရာကနေစတာပါပဲ လေယာဉ်မောင်လေးခါနစ်တစ်ယောက် အလွဲသုံးပါးEMTအဖွဲ့နဲ့ အိတ်ချင်းမှားသွားရာကနေ အဲ့ဒီအဖွဲ့ထဲက တိုတိုဆိုတဲ့ကောင်လေးက ခါနစ်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုယူသုံးမိရာကနေ အကုန်အခိုးခံလိုက်ရရော။
ပစ္စည်းဖိုးမလျော်နိုင်ရင် လူအားနဲ့အကြွေးဆပ်ဆိုပြီး ခါနစ်က တိုတိုကို အလုပ်တစ်ခုခိုင်းစားပါတော့တယ် အဲ့ဒါကတော့—သူ့ရဲ့ချစ်သူလေယာဉ်မှူးဖောက်ပြန်နေတာကို သက်သေရှာခိုင်းတာဖြစ်နေပါသတဲ့။
ဒါပေမဲ့ ကံကြမ္မာကမျက်နှာသာမပေးတော့ ခါနစ်ရဲ့ချစ်သူလေယာဥ်မှူးက တိုတိုကိုလာဘ်ထိုး/နှုတ်ပိတ်ပြီး အမှန်တရားကိုဖုံးကွယ်ခိုင်းလိုက်တဲ့အခါ...တိုတိုတစ်ယောက် လိမ်ညာမှုတွေကြားထဲပိတ်မိနေရင်း ခါနစ်နဲ့အတူတူရှိတဲ့အချိန်တွေများလာတဲ့အခါမှာတော့...အဲ့ဒီအလိမ်အညာတွေအတွက် သူကိုယ်တိုင်နောင်တရလာမယ့်အပြင် နှလုံးသားချင်းပါ ငြိတွယ်လာပါတော့တယ်။
အစပိုင်းမှာတော့ ရယ်မောရမယ့်အလွဲတွေနဲ့သွားပြီး နောက်ပိုင်းမှာတော့ လိမ်ညာမှုတွေကြားကသံယောဇဉ်ကြောင့် ရင်ခုန်စိတ်မကောင်းဖြစ်ရမယ့်Romance Dramaမျိုးလေးမလို့ အပတ်စဉ်သောကြာနေ့ညတိုင်းကြည့်ရှုအားပေးနိုင်ပါပြီ။
#ADogAndAPlane #thaiseries #2026series #mmsub #BL #blackhole
Keaw Pisdan (2026)
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-17
https://t.me/thaiseries_g/241
#KeawPisdan #thaiseries #2026series #mmsub #blackhole
အံ့ဖွယ်ဖန်လုံးတော် (၂၀၂၆)
Ep-17
https://t.me/thaiseries_g/241
#KeawPisdan #thaiseries #2026series #mmsub #blackhole
Strong Will (2026)
စိန်လိုမာတဲ့နှလုံးသားပိုင်ရှင် (၂၀၂၆)
Ep-1 to 30 ( The End )
https://t.me/thaiseries_h2/213
#StrongWill #thaiseries #2026series #mmsub #blackhole
စိန်လိုမာတဲ့နှလုံးသားပိုင်ရှင် (၂၀၂၆)
Ep-1 to 30 ( The End )
https://t.me/thaiseries_h2/213
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli
နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath
<ဇာတ်လမ်းအကျဉ်း>
ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။
ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။
ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။
#StrongWill #thaiseries #2026series #mmsub #blackhole
👏1
Payback (2026)
အမုန်းနဲ့လဲတဲ့ အချစ်ကြွေး (၂၀၂၆)
Ep-1 to 10 ( The End )
https://t.me/thaiseries_i/189
#Payback #thaiseries #2026series #mmsub #BL #blackhole
အမုန်းနဲ့လဲတဲ့ အချစ်ကြွေး (၂၀၂၆)
Ep-1 to 10 ( The End )
https://t.me/thaiseries_i/189
ဆန်း အဖြစ် Min Thanakorn Wichanukhor
ဂျေအဖြစ် Toptap Jarukit Kaewmoonrueang
ဇာတ်လမ်းအကျဉ်း
အတိတ်က ဒဏ်ရာတွေကို မမေ့နိုင်သေးတဲ့ အသက် ၂၅ နှစ်အရွယ် ဒလီသမား ဆန်းဟာ အကြမ်းဖက်မှုကြောင့် မိသားစုကို ဆုံးရှုံးခဲ့ရပြီး အပြစ်ရှိသလို ခံစားနေရတဲ့ သူ့ဘဝဟာ တစ်နေ့မှာ Dream Entertainment ကို ဝင်ရောက်လိုက်ခြင်းနဲ့ အပြောင်းအလဲ စတင်လာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လက်စားချေခရီးစဉ်ရဲ့ အစလည်း ဖြစ်သလို... အတိတ်က လူတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့ရမယ့် အချိန်လည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီလူကတော့ အေးစက်ပြီး ဩဇာကြီးမားတဲ့ ကုမ္ပဏီဒါရိုက်တာ ဂျေပဲဖြစ်ပါတယ်။ ဂျေ အတွက် အချစ်နဲ့ ခံစားချက်တွေဟာ အားနည်းချက်တစ်ခုသာ ဖြစ်ပြီး လူတိုင်းနဲ့ ဆက်ဆံရေးကို အကျိုးအမြတ်အရသာ တိုင်းတာတတ်သူတစ်ယောက်ပါ ။ ဒါပေမယ့် သူ့နှလုံးသားအတွင်းက မပျောက်ကင်းသေးတဲ့ ဒဏ်ရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပါတယ်။
ဆန်း ရဲ့ ရောက်ရှိလာမှုက ဂျေ ရဲ့ စနစ်တကျ ထိန်းချုပ်ထားတဲ့ ကမ္ဘာကို တဖြည်းဖြည်း လှုပ်ခတ်စေခဲ့ပြီး၊ ဖျော်ဖြေရေးလောကရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဂျေ က ဆန်း ရဲ့ နောက်ကွယ်က ထောက်ခံသူအဖြစ် ရပ်တည်လာခဲ့ပါတယ်။
လျှို့ဝှက်ချက်တွေ၊ လက်စားချေမှုတွေ၊ ယုံကြည်မှုနဲ့ သစ္စာတရားတို့ကြား... သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း မထင်မှတ်ထားတဲ့ ခံစားချက်တွေ ပေါက်ဖွားလာမလား...။ ဒါမှမဟုတ် အတိတ်ရဲ့ အမှောင်ထုက သူတို့ကို ဖုံးလှမ်းသွားမလား...။
နှလုံးသားကို လှုပ်ခတ်စေမယ့် အချစ်၊ သည်းထိတ်ရင်ဖိုစေမယ့် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။
#Payback #thaiseries #2026series #mmsub #BL #blackhole
The Running of Love and Money (2026)
အချစ်နှင့်ငွေကြားကအပြေးပြိုင်ပွဲ (၂၀၂၆)
Ep-10
https://t.me/blseries_bh/275
အချစ်နှင့်ငွေကြားကအပြေးပြိုင်ပွဲ (၂၀၂၆)
Ep-10
https://t.me/blseries_bh/275
ဆန့်အဖြစ် Ice Panuwat Premmaneenan#TheRunningofLoveandMoney #thaiseries #2026series #mmsub #blackhole
ဖွန် အဖြစ် Oom Eisaya Hosuwan
ယွမ် အဖြစ် Oom Eisaya Hosuwan
ဖရန့် အဖြစ် Prima Bhunjaroeun
ပွန် အဖြစ် Peterpan Tadsapon Wiwitawan
ဘောနပ် အဖြစ် Cine Phatrakorn Bussarakwadee
ဘဝဆိုတာ...လူတိုင်း မက်မောကြတဲ့ အိပ်မက်တွေနဲ့ စတင်ပေမယ့်...
တကယ့်လက်တွေ့ဘဝမှာတော့ အချစ်၊ ငွေကြေးနဲ့ တာဝန်ဝတ္တရားတွေကြား
နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ ခရီးတစ်ခုပါ။
Running of Love and Money ကတော့ အရွယ်ရောက်လာတဲ့ လူငယ်သူငယ်ချင်းတစ်စုရဲ့
အချစ်၊ မိတ်ဆွေသံယောဇဉ်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရတဲ့ အဖြစ်အပျက်တွေကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့
ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခုပဲက ဖြစ်ပါတယ်။
သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အိပ်မက်တွေရှိတယ်။
အောင်မြင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါပေမယ့်...
အောင်မြင်မှုဆီ သွားတဲ့လမ်းက ထင်ထားသလောက် မလွယ်ကူခဲ့ပါဘူး။
တချို့က အချစ်ကို ရွေးချယ်ရတယ်။ တချို့က အနာဂတ်ကို ရွေးချယ်ရတယ်။
တချို့ကတော့...မိသားစုတာဝန်တွေအတွက်
ကိုယ့်ရဲ့အိပ်မက်တွေကိုတောင် စွန့်လွှတ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတယ်။
တစ်ခါတစ်ရံ...
ငွေကြေးဆိုတာ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်သလို...
တစ်ခါတစ်ရံမှာတော့ အချစ်နဲ့ မိတ်ဆွေသံယောဇဉ်တွေကိုတောင်
ကွဲကွာသွားစေနိုင်ပါတယ်။
အောင်မြင်မှုရဖို့ သူတို့ ဘယ်လောက်ထိ ပေးဆပ်ရမလဲ...
အချစ်ကို ကာကွယ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲ...
သူငယ်ချင်းသံယောဇဉ်တွေက အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား...
ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်ထိုင်းလူငယ်တွေရဲ့
အလုပ်အကိုင်၊ အချစ်ရေး၊ မိသားစုတာဝန်နဲ့ အနာဂတ်အတွက်
ရုန်းကန်ကြိုးစားနေတဲ့ ဘဝအစစ်အမှန်တွေကို
စိတ်ခံစားမှုအပြည့်နဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။
ရယ်မောစရာ အခိုက်အတန့်တွေရှိသလို...
မျက်ရည်ကျစေမယ့် အချိန်တွေလည်း ရှိမယ်။
နှလုံးသားကို နွေးထွေးစေမယ့် မိတ်ဆွေသံယောဇဉ်တွေလည်း ပါဝင်နေပါတယ်။
အချစ်နဲ့ အိပ်မက်ကြား...ငွေကြေးနဲ့ ဘဝရပ်တည်မှုကြား...သူတို့ရဲ့ ရွေးချယ်မှုက
သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲသွားစေမလဲ... ဆိုတာကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။
❤3
The Hidden Shadow (2026)
လရောင်တံတိုင်း (၂၀၂၆)
Ep-11
https://t.me/thaiseries_b0/375
#TheHiddenShadow #thaiseries #2026series #mmsub #blackhole
လရောင်တံတိုင်း (၂၀၂၆)
Ep-11
https://t.me/thaiseries_b0/375
ခယ်ဒါရွန် အဖြစ် Tubtim Anyarin Terathananpat
နစ်ချန် အဖြစ် New Wongsakorn Paramatthakorn
ဇာတ်လမ်းအကျဉ်း
ဂျင်လာ ဆိုတဲ့ သတင်းထောက်မလေးဟာ နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရဲ့ အမွေခံဖြစ်သူ ခယ်ဒါရွန် ဆိုတဲ့ အမျိုးသမီးကို အင်တာဗျူးဖို့ သွားခဲ့ရင်း သူ့ဘဝဟာ မမျှော်လင့်တဲ့အပြောင်းအလဲကြီးဖြစ်ခဲ့တယ်
ပြင်ပလူတွေအမြင်မှာတော့ ခယ်ဒါရွန် ဟာ ဂုဏ်သရေရှိပြီး ပညာအရည်အချင်း အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်ရှိပြီး နစ်ချန် လို့ခေါ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ပါရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပေါ့
ဒါပေမဲ့ စီမံကိန်းတစ်ခုကို သွားကြည့်ရင်း ရဟတ်ယာဉ်မတော်တဆမှု ဖြစ်သွားတဲ့အခါမှာတော့ အရာအားလုံး ပြောင်းပြန်ဖြစ်သွားပါတော့တယ်
ဂျင်လာ သတိရလာတဲ့အချိန်မှာ မထင်မှတ်ဘဲ ခယ်ဒါရွန် ရဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို သိလိုက်ရတယ် စိတ်ဝိညာဉ်ချင်းလဲတာမျိုး မဟုတ်ဘဲ ခယ်ဒါရွန် ရဲ့ယောက်ျားဖြစ်သူ နစ်ချန် ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုကြောင့် ဖြစ်ပါတယ်
ဂျင်လာ က ဒီလိုဟန်ဆောင်ဖို့ သဘောမတူချင်ပေမဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နေတဲ့ သူ့အဒေါ်ရဲ့ လုံခြုံရေးအတွက်ကြောင့် ခယ်ဒါရွန် ရဲ့ အဘိုးမကွယ်လွန်ခင်အထိ ခယ်ဒါရွန် အဖြစ် ဟန်ဆောင်နေပေးဖို့ သဘောတူလိုက်ရတယ်
ဒီလိုနဲ့ ဟန်ဆောင်နေထိုင်ရင်းနဲ့မှ... အပြင်ပန်းမှာ သဘောကောင်းပါတယ်ဆိုတဲ့ ခယ်ဒါရွန် ရဲ့ နောက်ကွယ်က တုန်လှုပ်စရာ လျှို့ဝှက်ချက်တွေကို ဂျင်လာ တစ်ယောက် စပြီး သိလာရပါတော့တယ်
ဇာတ်လမ်းလေးက လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ကြည့်ရကျိုး နပ်မယ့်ကားလေးကားလေးဖြစ်တဲ့အတွက် အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်းမှာ စောင့်မျှော်ကြည့်ရှူအားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်
#TheHiddenShadow #thaiseries #2026series #mmsub #blackhole
❤2😁1