Love Beyond the Grave ( နေရောင်အောက်က ဝိညာဉ်ညို့မီးအိမ် )
49.9K subscribers
1.72K photos
1 video
1.46K links
👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇
https://t.me/tgchannelbuysellgp

Admin - @UrMine2025
ဒီaccကိုသာ ဆက်သွယ်ပေးပါ။ အခြားမည်သူကိုမှ ကြော်ငြာရှာခိုင်းခြင်း မရှိပါ။

ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
Download Telegram
Check in Hanyang (2024)

Ep-14
https://t.me/GoodPartnermmsub/775

အခုတစ်ခါမှာတော့ ဂျိုဆွန်းခေတ်ကို အခြေတည်ရိုက်ကူးထားပြီး ပရိသတ်ကြီးတို့ရဲ့
အသည်းစွဲသရုပ်ဆောင်တွေဖြစ်ကြတဲ့ Baek In Hyuk, Kim Je Eun ,
Jung Gun Joo , Park Jae Chan တို့ အပါအဝင် အခြားသောသရုပ်ဆောင်များစွာ
ပါဝင်ရိုက်ကူးထားတဲ့ နန်းတွင်းအချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင် ..

ဇာတ်လမ်းအညွှန်း
**

ယုံးချွန်းရူဆိုတာကတော့ ဂျိုဆွန်းခေတ်မှာ ခမ်းနားကြီးကျယ်ဆုံးသော တည်းခိုဆောင်
တစ်ခုပဲ ဖြစ်ပါတယ်။ "ဧည့်သည်သည်သာလျှင် ဘုရင်" ဆိုတဲ့ ဆောင်ပုဒ်ကို
လက်ကိုင်ကျင့်သုံးပြီး လုပ်ကိုင်နေကြတဲ့နေရာလေးပေါ့ ..

ဂျိုဆွန်းမင်းသားတစ်ပါးဖြစ်ပေမဲ့လည်း သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး Lee Eun Ho ဆိုတဲ့
နာမည်ပွားကို အသုံးပြုကာ ယုံးချွန်းရူမှာ အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နေသူ Lee Eun .....

အထွေထွေစီမံခန့်ခွဲသူဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယုံးချွန်းရူမှာ
ယောက်ျားလေးယောင်ဆောင်ပြီး အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Hong Seok Soo...

ယုံးချွန်းရူရဲ့ ဆက်ခံသူတစ်ဦးဖြစ်သော်လည်း ယုံးချွန်းရူကို စီမံကွပ်ကဲဖို့အတွက်
တစ်စက်လေးတောင် စိတ်မဝင်စားပေမဲ့ အဖေဖြစ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့်
အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေရတဲ့ Chu Jun Hwa ....

မိသားစု ဂုဏ်အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် ယုံးချွန်းရူမှာ အမြဲတမ်းဝန်ထမ်း
တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်နဲ့ အလုပ်သင်အဖြစ် လုပ်ကိုင်နေတဲ့ Goo Soo Ra ....

ဒီလိုမျိုး မတူညီတဲ့ အကြောင်းပြချက်တွေ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်လေး
၄ ယောက်ဟာ အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း .. စိန်ခေါ်မှု အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးတော့ ...

ခင်မင်ရင်းနှီးလာကြမဲ့ သူငယ်ချင်း ၄ ယောက်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲ ..

လူငယ်ဘဝ  ငယ်ရွယ်မှု ပုံရိပ်တွေ ထင်ဟပ်‌အောင် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဒီကားလေးကို
အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း CM နဲ့ အတူတူ စောင့်ကြည့်လိုက်ရအောင်နော် ..

Crd to CM

#CheckinHanyang
#koreaseries
1
Cinderella Game (2024)

Ep-44

https://t.me/GoodPartnermmsub/773

ဒီဇာတ်လမ်းတွဲရှည်မှာတော့ Marriage Not Dating မှ မင်းသမီး Han Groo၊ Queen Of Tears မှ မင်းသမီးကြီး Na Young Hee နဲ့ Choi Sang , Kwon Do Hyun တို့မှ အဓိကပါဝင်ထားပြီး လက်စားချေတဲ့ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမဲ့ မိသားစု ကားကောင်းလေးဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-

Koo Ha-Na (Han Groo) ကတော့ တစ်ကိုယ်တည်းသမားဖြစ်ပြီး မိသားစုရဲ့
အားကိုးအားထားရာ သမီးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ မိသားစုကို ထောက်ပံ့ဖို့ ကိုယ့်ရောစိတ်ပါနှစ်မြှုပ်ထားတဲ့ သူမဟာ တစ်ရက် သူဟာ သူ့မိသားစုရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတဲ့ ထိတ်လန့်ဖွယ် အမှန်တရားကို သိလိုက်ရပါတော့တယ်။ ဒါ့အပြင် လက်ရှိမိသားစုက သူ့ မိဘအရင်းရဲ့ ရန်သူတွေဖြစ်နေပြီး သူ့ကို
လက်ရှိ မိဘအတုတွေက အသုံးချထားမှန်းကိုပါ သိလိုက်ရပါတော့တယ်။ ဒီလိုအဖြစ်မှန်တွေကို သိသွားတဲ့သူဟာ စိတ်ထိခိုက်ပြီး သူမကို လိုသုံးလုပ်ထားတဲ့ မိသားစုကို လက်စားချေဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့...

ဇာတ်လမ်းတွဲရှည်တွေကို နှစ်သက်သူတွေ အကြိုက် လူတွေရဲ့ စိတ်အမျိုး အဖုံဖုံအပြင် အားရပါးရ လက်စားချေတာတွေကိုပါ ကြည့်ရှုရမှာဖြစ်လို့ အပတ်စဥ် တနင်္လာမှ သောကြာအထိ CM နဲ့ အတူ ရှုစားလိုက်ရအောင်နော်။

Crd to CM

#CinderellaGame
#blackhole
1👍1👏1
Back For You (2025)
ပုံပြင်ထဲမှ ဝိုးတဝါးခြေရာလေးများ

Ep-1 to 6
https://t.me/Cseriesongoing/479?single

မမ AngelaBaby နဲ့ ကိုကို Wang Anyu ရဲ့ဇာတ်ကားလေးကတော့ ဝုန်းကနဲ ဆိုသလိုထွက်လာပါပြီနော် ❤️
ဇာတ်လမ်းအကျဉ်း

ရဲ၀န်ထမ်းတစ်ဦးဖြစ်တဲ့ အားလိုင်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်ဂိုဏ်းရဲ့လိုက်လံသတ်ဖြစ်မှုကြောင့် ထွက်ပြေးနေရစဉ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးလုနာ့က ကယ်တင်ပေးခဲ့ပါတယ်

သူ့ကိုကယ်တင်ပေးမှုကြောင့် လုနာ့ ဒဏ်ရာအပြင်းအထန်ရပြီး သတိမေ့နေခဲ့ပါတယ် အားလိုင်ဟာ သူ့ရဲ့ကယ်တင်ရှင်မိန်းကလေးလုနာ့ နိုးထလာဖို့အတွက် လုနာ့ဆီမှာ ပါလာတဲ့ ပုံပြင်စာအုပ် ၁၂ အုပ်ကို တစ်ပုဒ်ချင်းစီ ဖတ်ပြခဲ့ပါတယ်

ထူးဆန်းတာကတော့ အဲဒီစာအုပ်၁၂ အုပ်ထဲက ပုံပြင်တိုင်းဟာ အားလိုင်အမှုဖော်ထုတ်ရာမှာ သဲလွန်စတွေ ရှာတွေ့စေရုံမကဘဲ အမှုတိုင်းကို အဖြစ်မှန်ဖော်ထုတ်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်

ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် အားလိုင်ဟာ လုနာ့နိုးထလာဖို့ ပိုမျှော်လင့်လာပြီး တစ်ဖက်မှာလည်း လုနာ့ရဲ့နောက်ကြောင်းကို အပူပြင်းပြင်းရှာဖွေနေခဲ့ပါတယ်

ပုံပြင် ၁၂ အုပ်လုံးဖတ်လို့မကုန်ခင်မှာ လုနာ့တစ်ယောက် နိုးထလာနိုင်မလား အားလိုင်တစ်ယောက် လုနာ့ရဲ့ဘယ်လိုလျှို့ဝှက်ချက်တွေကို ရှာတွေ့လာမလဲဆိုတာ........

Crd to SK

#BackForYou
#ongoing2025
#chineseseries
👍2
The White Olive Tree (2025)
အဖြူရောင်သံလွင်ပင်လေး

Ep-1 to 14
https://t.me/chineseongoing1/2590?single

လျန်ချန် ဂြိုလ်တုတီဗွိချန်နယ်တစ်ခုရဲ့ အမျိုးသမီးသတင်းထောက် Song Ran ဟာ အခြေအနေငြိမ်သက်တဲ့ အရှေ့တိုင်းပြည်နယ်တစ်ခုမှာ သတင်းပို့ရန် ရောက်ရှိနေချိန်မှာ ရုတ်တရက် အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရပါတယ်

ကံကောင်းထောက်မစွာနဲ့ ထိုပြည်‌နယ်မှာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေတဲ့ တရုတ်အင်ဂျင်နီယာ Li Zan က သူမကို ကယ်တင်နိုင်ခဲ့ပါတယ်

Song Ran နဲ့ အပြန်အလှန်ပြောဆို ဆက်ဆံမိတဲ့ Li Zan ဟာ  အပြင်ပန်းကြည့်ရင် ပျော့ညံ့ပုံရတဲ့သူမကို တရားမျှတမှုလိုလားပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ ရဲရင့်သူတစ်‌ယောက်ဖြစ်‌ကြောင်း တဖြည်းဖြည်း တွေ့ရှိလာခဲ့ပါတယ်

တူညီတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လိုက်ဖက်ညီတဲ့ စိတ်ဝိညာဉ်တွေဟာ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာမီးတောက်ကို တစ်စတစ်စကြီးထွားလာအောင် ဖန်တီးပေးခဲ့ပါတယ်

ဒါပေမဲ့ ရုတ်တရက် ပေါက်ကွဲမှုတစ်ခုက ထိုဆက်ဆံရေးလေးကို အဆုံးသတ်စေခဲ့တဲ့အခါ ...

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုယ်စီနဲ့ မိမိနိုင်ငံကို ပြန်ရောက်လာကြပြီး ကိုယ်စီရဲ့ဘဝအတွင်း ခက်ခဲပင်ပန်းစွာဖြတ်သန်းကာ အချင်းချင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ သူတို့နှစ်ဦး တစ်ချိန်မှာတော့ မတော်တဆ ပြန်ဆုံတွေ့မိကြတဲ့အခါ ...

#TheWhiteOliveTree
#ongoing2025
#chineseseries
6👍2👏1😁1
Forwarded from Korea Content
Kick Kick Kick Kick (2025)

Ep-1

ဒီဟာသဇာတ်ကားလေးမှာတော့ "Officer Black Belt, Romance in the House"က မင်းသားကြီး Ji Jin Heeနဲ့ "Prison Playbook, Hi Bye Mama, Uncle Samsik"စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသား Lee Kyu Hyung တို့က အတွဲညီညီနဲ့ အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းက‌တော့

ဂျီဂျင်ဟီး (Ji Jin Hee)ဟာ နာမည်ကြီးသရုပ်ဆောင်နဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ခဲ့ပြီး
Kick Kick Kick Kick ဆိုတဲ့ ထုတ်လုပ်ရေးကုမ္ပဏီကို ဂျိုယောင်းရှစ် (Lee Kyu Hyung)နဲ့အတူ
တည်ထောင်လိုက်ပါတယ် ။

ဂျိုယောင်းရှစ်ကတော့ နာမည်ကြီးပီဒီတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကောလာဟလသတင်းတွေကြောင့်
ပီဒီအလုပ်ကို ရပ်နားခဲ့ရသူပါ။

သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ မတည့်ခဲ့ကြ‌ပေမဲ့ ထုတ်လုပ်ရေးကုမ္ပဏီကို စပ်တူတည်ထောင်ဖြစ်သွားတဲ့အခါ .......

ကုမ္ပဏီအဆင်ပြေလာအောင်ကြိုးစားကြရင်း ဘယ်လိုအလွဲလေးတွေဖြစ်လာမလဲဆိုတာ ဟာသလေးတွေပါ
နှောပြီးတင်ဆက်ထားတာကြောင့် ကြည့်ရှုခံစားကြည့်ပါဦးနော် ။

#KickKickKickKick
#ongoing2025
#koreaseries
1
Study Group (2025)

Ep-5,6

https://t.me/GoodPartnermmsub/785

နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊ Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးကတော့
ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသက်မွေးဝမ်းကျောင်းက
ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့ တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။ စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာမို့ စာကလွဲပြီး ခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။ တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက် စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။
ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက် ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ
ရှုစားပေးပါဦးနော်။

#StudyGroup
#koreaseries
😁3
Sorry Not Sorry (2024)

Ep-9
https://t.me/TheTrunkMm/796

အများနည်းတူ သာယာပျော်ရွှင်ဖွယ်ဘဝမှာ သုခခံစားရင်း ဘဝကို ဖြတ်သန်းချင်ပေမဲ...

ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးနေရတဲ့ ဂျီဆောင်းအီဇာတ်ကြောင်း...ဆောင်းအီဟာ ဘဝကို...

တစ်ကနေ ပြန်စမယ်လို့ စိတ်ကူးပြီး ပျော်ရွှင်ချင်လို့ အိမ်ထောင်ပြုဖို့ စီစဉ်ကာမှ ပွဲပျက်ကာ...

အသစ်ငှားရမ်းထားတဲ့ မင်္ဂလာဦးအိမ်ရဲ့အကြွေးတွေကို ဆပ်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး...

ငွေကြေးကိစ္စတွေကို ရုန်းကန်ဖြေရှင်းရပါတော့တယ်။ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့လာတဲ့ သူမဟာ... ၏

လူအများအမြင်မှာ တင့်တယ်အောင် ပျော်ရွှင်နေတဲ့ အိမ်ထောင်ရှင်ကလေးအမေအဖြစ်လည်း...

မျက်နှာဖုံးတပ်ရင်း ဘဝကို သူ့စိတ်ကူးအိပ်မက်ရဲ့ဆန့်ကျင်ဘက်အဖြစ်နဲ့ ရှင်သန်နေရသူပါ။ ဆောင်းအီတစ်ယောက်...

ပြောင်းရွေ့လာတဲ့နေရာအသစ်မှာ ဒုက္ခပင်လယ်ဝယ်နေရတယ်ဆိုသော်ငြားလည်း အမျိုးသမီးတွေနဲ့ ပတ်သက်လာရင်...

ဒေါသကြီး အမျက်ထွက်တတ်တဲ့ ကျောင်းဆရာ ချာယန်းဝူနဲ့ တွေ့ဆုံခဲ့ရတဲ့အပြင် ဆောင်းအီရဲ့ဗြောင်းဆန်နေတဲ့ ဘဝကို...

နားလည်ခံစားပေးတဲ့ ကော်ဖီဆိုင်ပိုင်ရှင်လူငယ်လေး ဂင်ဂျီယွန်းနဲ့ တွေ့ဆုံခဲ့ခဲ့ရပါတယ်။ မုန်တိုင်းထန်နေတဲ့ ဆောင်းအီဘဝထဲကို...

လေပြင်းနဲ့ လေပြေညှင်းသဖွယ် ဝင်ရောက်လာတဲ့ အမျိုးသားနှစ်ယောက်နဲ့ ဆောင်းအီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ...

မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားအတိုင်း မပြီးပြတ်နိုင်တဲ့ ဒုက္ခအခက်အခဲတွေကို ကြုံနေရတဲ့ ဆောင်းအီဘဝကရော...

အဆုံးသတ်မှာ သူမျှော်လင့်တောင့်တနေတဲ့ ပျော်ရွှင်ဖွယ်ရာဘဝကို ပိုင်ဆိုင်သွားမလား

Crd to CM

#SorryNotSorry
#blackhole
The Scandal of Chunhwa (2025)

Ep-1,2
https://t.me/WhenthePhoneRingsMm/583

ဒီကားလေးကတော့ စိတ်ကူးယဉ်တိုင်းပြည် Dong Bang Gukမှာ အခြေတည်ထားတဲ့ ဇာတ်အိမ်လေးတစ်ခုဖြစ်ပါတယ်။ Hwa Ri က တော်ဝင်မိသားစုရဲ့ အငယ်ဆုံးသမီးလေးဖြစ်ပြီး အမှီအခိုကင်းတဲ့စိတ်ရှိတဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့် ထိမ်းမြားချိန်ရောက်လာတဲ့အခါမှာ သူ့ဖာသာ အိမ်ထောင်ဖက်ရှာဖိုနဲ့ ကာမနိုးကြွားစေတဲ့Chun Hwa ဇာတ်လမ်းတွဲမှာ သူ့ကိုအဓိကဇာတ်ဆောင်အဖြစ်ဆွဲထားတဲ့ ပန်းချီဆရာကိုရှာဖိုအတွက် နန်းတော်ထဲကနေ ထွက်လာခဲ့ပါတယ် ။ Choi Hwan ကတော့ မင်းသမီး Hwa Ri နဲ့ သင့်တော်တဲ့ထိမ်းမြားသူစာရင်းထဲက ပထမဆုံးလူတစ်ယောက်ဖြစ်ပါတယ် သူဟာချမ်းသာတဲ့ကုန်သည်တစ်ယောက်ဖြစ်ပြီး ပိုက်ဆံမက်၊ မိန်းမလိုက်စားတဲ့ အသွင်အပြင် ရှိပေမယ့် သူ့မှာ ဘယ်သူမှမသိတဲ့ လျှိဝှက်ချက်တစ်ခု ရှိနေပါတယ် ။ ဒီလိုမျိုး သူတို ၂ယောက် တွေ့ဆုံချိန်မှာ ဘယ်လိုအလွဲ၊ဟာသလေးတွေဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်လိုက်ရအောင်ပါနော်။

#TheScandalofChunhwa
#ongoing2025
#koreaseries
1👍1🥰1
Motel California (2025)

Ep-9
https://t.me/WhenthePhoneRingsMm/586

Romance ကားလေးတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ CM ပရိသတ်ကြီးတို့အတွက် Lee Se Young၊ Na In Woo၊ Choi Hee Jin နဲ့ Kim Tae Hyeong တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Motel California ဆိုတဲ့ Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Ji Kang Hee (Lee Se Young) ဟာ မွေးရပ်မြေဖြစ်တဲ့ ရွာလေးမှာ ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့ Motel Californiaမှာ ကြီးပြင်းခဲ့သူလေးပါ။ မိခင်ဖြစ်သူကတော့ ကပြားတစ်ဦးဖြစ်ပြီး ရှုပ်ထွေးတဲ့ မိသားစုအခြေအနေကြောင့် Kang Hee လေးဟာ ပတ်ဝန်းကျင်ရဲ့ တီးတိုးပြောဆိုသံတွေကြားမှာ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရသူဆိုလည်း မမှားပါဘူး။ ငယ်သူငယ်ချင်းဖြစ်သူ Yeon-Soo ကို သဘောကျနေခဲ့ပြီး အသက်၂၀အရွယ်မှာ မွေးရပ်မြေကနေ ဆိုးလ်ကိုထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ၁၂နှစ်ကြာပြီးနောက်မှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီး အချစ်ဦးဖြစ်သူ တိရစ္ဆာန်ဆေးကုဆရာဝန်လေး Yeon Soo (Na In-Woo) နဲ့ ပြန်လည်ဆုံတွေ့ ကြတဲ့အခါမှာတော့...ဒါပေမဲ့ Kang Hee မသိလိုက်တာကတော့ Yeon Soo ရဲ့ အချစ်ဦးကလည်း သူဖြစ်နေတယ်ဆိုတာပါပဲ။ အချစ်ဦးနဲ့ဆို ကွေကွင်းတတ်ကြပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းလေးကရော ဘယ်လိုအလွဲလေးတွေနဲ့ ဘယ်လိုချစ်စရာဇာတ်လမ်းလေး ဖြစ်နေမလဲဆိုတာကိုတော့ အပတ်စဥ် သောကြာ၊ စနေန့တိုင်း စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။

Crd to CM

#MotelCalifornia
#koreaseries
Newtopia (2025)

Ep-1,2
https://t.me/JeongnyeonTheStarIsBornMmsub/339

Copyrightကြောင့် တဆင့်ခံ တင်ပေးတာကို နားလည်ပေးပါနော်။

Lee Jae-Yoon(Park Jeong-Min) ကတော့ အခြားသော သက်တူရွယ်တူတွေထက် နောက်ကျပြီး အသက် ၂၆မှ စစ်မှုထမ်းနေရသူတစ်ဦးပါ ။ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Kang Young-Joo(Kim Jisoo) ကတော့ တက္ကသိုလ်တက်စဉ်က ရုပ်ရည်ချောမောမှုကြောင့် အလှဘုရင်မလို့ နာမည်ကြီးခဲ့ပြီးအခုလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။Lee Jae-Yoonတစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင် ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ သမီးရည်းစားနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အေးစက်လာပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့အချိန် တစ်ရက်မှာတော့ လူတွေကို ဇွန်ဘီအဖြစ် ကူးစက်ပြောင်းလဲစေတဲ့ ဘယ်ကမှန်းမသိတဲ့ ဗိုင်းရပ်တစ်ခု ပေါ်ထွက်လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။ထိတ်လန့်စရာပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း သန်မာရဲရင့်လာတဲ့ ကုမ္ပဏီဝန်ထမ်းလေး Kang Young-Joo နဲ့စစ်သားဖြစ်နေပေမဲ့လည်း အားနည်းပြီးတော့ ယုံကြည်ချက်မရှိတဲ့ Lee Jae-Yoonတို့နှစ်ယောက်ဟာကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီတွေကို တစ်ဆင့်ချင်းစီ နှိမ်နှင်းပြီးတော့ အပျက်အစီးတွေကြားထဲပြန်လည်ဆုံစည်းအောင် ကိုယ်စီ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာ အတူကြည့်ရအောင်
#Newtopia
#ongoing2025
#koreaseries
👍31👏1
Love Scout (2025)

Ep-11
https://t.me/TheTyrantMmsub/196

ဂန်ဂျီယွန်းဟာ Headhunting ကုမ္ပဏီတစ်ခုရဲ့စီအီးအိုဖြစ်ပြီး ကုမ္ပဏီတည်ထောင်ပြီး ၅နှစ်အတွင်းမှာပဲ Headhunting နယ်ပယ်မှာ ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တာကြောင့် အသက်၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူလေးတွေအတွက် စံပြအမျိုးသမီးအဖြစ် ရပ်တည်နေခဲ့ပါတယ်။ သူမရဲ့အလုပ်အကိုင်မှာ အောင်မြင်ပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ ဂန်ဂျီယွန်းဟာ တစ်ဖက်မှာတော့ သူမရဲ့အလုပ်ကလွဲပြီး ဘာကိုမှ မလုပ်ကိုင်တတ်သူတစ်ဦးဖြစ်နေပြန်ပါတယ်။

သူမရဲ့ကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးသူကတော့ သူမရဲ့အတွင်းရေးမှူး ယူအွန်းဟိုပဲဖြစ်ပါတယ်။ ယူအွန်းဟိုဟာ ၆နှစ်အရွယ်သမီးလေးကို တစ်ကိုယ်တည်းပျိုးထောင်နေတဲ့ Single Father ‌ဖြစ်ပြီး ကုမ္ပဏီအလုပ်တင်မကဘဲ အိမ်မှုကိစ္စတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်နိုင်တဲ့ အားကိုးရတဲ့အတွင်းရေးမှူးပဲဖြစ်ပါတယ်။

မြင်တွေ့နေကျ ရုံးတွင်းရိုမန့်စ်တွေကို ကျော်လွန်ပြီး အချစ်၊အလုပ်နဲ့ ဘဝရဲ့ရှုပ်ထွေးမှုတွေကို ဆန်းသစ်တဲ့ပုံစံနဲ့ ပြသသွားမယ်လို့ဆိုထားတဲ့ ဒီဇာတ်ကားလေးမှာ ဘယ်လိုအမှတ်ရစေမယ့် ဇာတ်ကွက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားသွားမလဲဆိုတာ အတူတူ ကြည့်ကြရအောင်နော်။

#LoveScout
#blackhole
1
Motel California (2025)

Ep-10
https://t.me/WhenthePhoneRingsMm/590

Romance ကားလေးတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ CM ပရိသတ်ကြီးတို့အတွက် Lee Se Young၊ Na In Woo၊ Choi Hee Jin နဲ့ Kim Tae Hyeong တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Motel California ဆိုတဲ့ Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Ji Kang Hee (Lee Se Young) ဟာ မွေးရပ်မြေဖြစ်တဲ့ ရွာလေးမှာ ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့ Motel Californiaမှာ ကြီးပြင်းခဲ့သူလေးပါ။ မိခင်ဖြစ်သူကတော့ ကပြားတစ်ဦးဖြစ်ပြီး ရှုပ်ထွေးတဲ့ မိသားစုအခြေအနေကြောင့် Kang Hee လေးဟာ ပတ်ဝန်းကျင်ရဲ့ တီးတိုးပြောဆိုသံတွေကြားမှာ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရသူဆိုလည်း မမှားပါဘူး။ ငယ်သူငယ်ချင်းဖြစ်သူ Yeon-Soo ကို သဘောကျနေခဲ့ပြီး အသက်၂၀အရွယ်မှာ မွေးရပ်မြေကနေ ဆိုးလ်ကိုထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ၁၂နှစ်ကြာပြီးနောက်မှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီး အချစ်ဦးဖြစ်သူ တိရစ္ဆာန်ဆေးကုဆရာဝန်လေး Yeon Soo (Na In-Woo) နဲ့ ပြန်လည်ဆုံတွေ့ ကြတဲ့အခါမှာတော့...ဒါပေမဲ့ Kang Hee မသိလိုက်တာကတော့ Yeon Soo ရဲ့ အချစ်ဦးကလည်း သူဖြစ်နေတယ်ဆိုတာပါပဲ။ အချစ်ဦးနဲ့ဆို ကွေကွင်းတတ်ကြပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းလေးကရော ဘယ်လိုအလွဲလေးတွေနဲ့ ဘယ်လိုချစ်စရာဇာတ်လမ်းလေး ဖြစ်နေမလဲဆိုတာကိုတော့ အပတ်စဥ် သောကြာ၊ စနေန့တိုင်း စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။

Crd to CM

#MotelCalifornia
#koreaseries
When The Stars Gossip (2025)

Ep-11,12
https://t.me/DearHyeriMmsub/494

တောင်ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ MZ လုပ်ငန်းစုရဲ့ အနာဂတ်သမက်လောင်း ဂုံလျောင်း(Lee Min Ho)ဟာ အာကာသခရီးသည် တစ်ဦးအနေနဲ့  အာကာသစခန်းမှာ ရက်အနည်းငယ်လောက်နေဖို့ ဖြစ်လာခဲ့တယ်...

ဂုံလျောင်းမှာ တခြားလျှို့ဝှက်ရည်မှန်းချက်တစ်ခုလည်း ရှိပါသေးတယ်...

စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်ပြီး အမှားလုပ်မှာကို မကြိုက်တဲ့ ပြီးပြည့်စုံမှ အကောင်းမြင်တတ်သူ အီ့ဖ်ဂင်(Gong Hyo Jin)...

အိ့ဖ်ဂင်ကတော့ အာကာသစခန်းအတွက် ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားရပါတယ်...

အာကာသယာဉ်မှူးမလေး အီ့ဖ်ဂင်နဲ့ အာကာသခရီးသွားလေး ဂုံလျောင်းတို့တွေ ဘယ်လိုအရာတွေကိုတွေ့ကြုံရမလဲ...

အာကာသစခန်းမှာ တစ်ယောက်ကို တစ်ယောက်မှီခိုနေထိုင်ရင်း အချင်းချင်းချစ်မိသွားကြတဲ့အခါ...

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

#WhenTheStarsGossip
#koreaseries
👍21
The Queen Who Crowns (2025)

Ep-11,12(The End)
https://t.me/WhenthePhoneRingsMm/593

The Glory ထဲက လေယာဉ်မယ် မမ (Cha Joo Young)နဲ့ The Plot ဇာတ်ကားထဲက မင်းသား (Lee Hyun Wook)တို့ရဲ့ နန်းတွင်း ဇာတ်လမ်းတွဲ အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

မိဖုရား ဝန်းဂယောင်း (Cha Joo Young)ဟာ မျိုးရိုးစဉ်ဆက် ဂုဏ်သတင်း ကြီးမားခဲ့တဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ အမျိုးသမီး ဖြစ်ပြီး ထယ်ဂျိုဘုရင်ရဲ့ သားဖြစ်သူ မင်းသားဂျောင်အန်း အီဘန်ဝမ်နဲ့ လက်ဆက်ခဲ့ပါတယ်။

အီဘန်ဝမ်ဟာ ဖခင် ထယ်ဂျိုရဲ့ ပလ္လင်ကို အမွေဆက်ခံချင်‌တဲ့ ဆန္ဒရှိနေပေမဲ့ ထယ်ဂျိုဘုရင်ဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်တဲ့ အီဘန်ဂွါကို ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့တာကြောင့် မင်းသား အီဘန်ဝမ်နဲ့ မိဖုရား ဝန်းဂ‌ယောင်းတို့ဟာ အမျက်တော် ထွက်ခဲ့ရပါတယ်။

ဒါကြောင့် မိဖုရား ဝန်းဂယောင်းဟာ ခင်ပွန်းဖြစ်သူ ထယ်ဂျုံးဘုရင် ဖြစ်လာနိုင်ဖို့နဲ့ ခေတ်သစ်တစ်ခေတ် ထူထောင်နိုင်ဖို့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။

သို့ပေမဲ့ ဘုရင်ဖြစ်လာခဲ့တဲ့ အီဘန်ဝမ်ဟာ ကြင်ယာတော် အမြောက်အများ တင်မြောက်မှုတွေ ရှိလာတာကြောင့် မိဖုရား ဝန်းဂ‌ယောင်းနဲ့ ဆက်ဆံရေးမှာ တင်းမာမှုတွေ စတင်ပေါ်ပေါက်လာပါတော့တယ်။

အဲဒီလိုနဲ့ အာဏာ ဆက်လက်တည်မြဲချင်တဲ့ အီဘန်ဝမ်ဟာ မိဖုရားဝန်းဂယောင်းကို
ကြိုးကိုင်ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အချိန်မှာတော့....

ထီးနန်းရရှိဖို့ ပံ့ပိုးပေးခဲ့တဲ့ မိဖုရားဖြစ်သူနဲ့ အာဏာဆက်လက်တည်မြဲဖို့ ကြိုးကိုင်လာမဲ့ ဘုရင်တို့ကြား ဘယ်သူအနိုင်ရရှိမလဲဆိုတာကို အတူတူ ကြည့်ရှုခံစားကြဖို့ ညွှန်းဆိုလိုက်ပါတယ်။

#TheQueenWhoCrowns
#blackhole
👍1
The Trauma Code: Heroes on Call (2025)

Ep-1,2,3,4,5,6,7,8(The End)
https://t.me/TheTyrantMmsub/206

Baek Kang-Hyuk က စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရလူနာတွေကို ဆေးကုသပေးတဲ့ အတွေ့အကြုံရှိ ထူးချွန်ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိပြီးတော့ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှမငဲ့တတ်တဲ့ စရိုက်ရှိသူပါ။ ဒီလိုနဲ့ Baek Kang-Hyuk တစ်ယောက် တက္ကသိုလ်ဆေးရုံတစ်ခုက ပြင်းထန်ထိခိုက်ဒဏ်ရာကုသမှုဌာနကို ဦးဆောင်ဖိုအတွက် ဖြစ်လာပါတော့တယ်။ ထိခိုက်ဒဏ်ရာကုသမှုအသင်းမှာဆိုရင် Baek Kang-Hyuk အပြင် Yang Jae Won, သူနာပြု Cheon Jang Mi နဲ့ မေ့ဆေးအလုပ်သင်ဆရာဝန် Park Gyeong Won တိုပါဝင်ပါတယ်။ Yang Jae Won က အူမကြီးခွဲစိတ်မှုဌာနမှ ပါမောက္ခ Han Yu Rim ဦးဆောင်တဲ့အဖွဲအောက်ကဖြစ်ပေမယ့် Baek Kang-Hyuk ခေါ်ဆိုမှုကြောင့်အသင်းထဲဝင်လာပြီး Baek Kang-Hyuk ရဲ့တပည့်ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တက္ကသိုလ်ဆေးရုံက သာမန်ပြင်းထန်ဒဏ်ရာကုသမှုအသင်းလေးကနေ Baek Kang-Hyuk ရဲ့ဦးဆောင်မှုနဲ့ ထိပ်တန်းကုသမှုအဖွဲတစ်ခုအဖြစ် ဘယ်လိုမျိုးပြောင်းလဲလာပြီး လူနာတွေကို‌ ဘယ်လို ကယ်တင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

#TheTraumaCode
#HeroesonCall
#koreaseries
👍4👏2
Friendly Rivalry (2025)

Ep-1,2
https://t.me/WhenthePhoneRingsMm/595

Copyrightကြောင့် တဆင့်ခံတင်ပေးတာကို နားလည်ပေးပါနော်။

Webtoon remake တွေ နာမည်ကြီးတဲ့ 2025 မှာ နောက်ထပ် စိတ်ဝင်စားစရာ
webtoon remake တစ်ကား ရောက်လာပါပြီ ။
ဒီဇာတ်လမ်းတွဲမှာတော့ GIRL'S DAY အဖွဲ့ဝင် Hye Ri၊ Jung Soo Bin နဲ့ IZONE အဖွဲ့ဝင် Kang Hye Won နဲ့ GOT7 အဖွဲ့ဝင် Young Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Woo Seul Ki ( Jung Soobin ) ဟာ နယ်ဘက်က မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး ဆိုးလ်ကို ပြောင်းသွားပြီတဲ့နောက်မှာတော့ ထိပ်တန်းကျောင်းသားတွေပဲ ဝင်ခွင့်ရတဲ့ ချယ်ဟွာအထက်တန်းကျောင်းကို ရောက်သွားခဲ့ပါတယ် ။
အပေါင်းအသင်းမရှိတဲ့ Woo Seul Ki ဆီကို ရုပ်ချော ၊ ဉာဏ်ကောင်းပြီး မိဘနောက်ခံကလည်း တောင့်တင်းတဲ့ သူဌေးသမီးလေး Yoo Je I ( Hye-Ri ) က ချဉ်းကပ်လာခဲ့ပါတော့တယ် ။
ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းထုတ်သူဟောင်း တစ်ယောက်ဖြစ်တဲ့ Seul Ki ရဲ့ အဖေ သေဆုံးမှု နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ အတန်းဖော်တွေရဲ့ ရည်မှန်းချက်မြင့်မားမှုတွေထဲမှာ Woo Seul Ki တစ်ယောက် ဘာတွေ ဆက်ဖြစ်မှာလဲ ။
Woo Seul Ki နဲ့ Yoo Je I တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပြိုင်ဆိုင်မှုတွေ ၊ ပိုင်ဆိုင်လိုစိတ်ကြီးမားမှုတွေနဲ့ရောယှက်လာတဲ့အခါ ဘယ်လို ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားမလဲ။

Crd to CM

#FriendlyRivalry
#ongoing2025
#koreaseries
👍31
Forwarded from Korea Content
Single’s Inferno (2025)

Ep-1 to 12(The End)
Copyrightကြောင့် တဆင့်ခံ တင်ပေးတာကို နားလည်ပေးပါနော်။

#SinglesInferno
#ongoing2025
#koreaseries
Forwarded from Korea Content
The Seasons - Lee Young Ji's Rainbow

Ep-1 to 16
Copyrightကြောင့် တဆင့်ခံ တင်ပေးတာကို နားလည်ပေးပါနော်။

Crd to SM

#TheSeasonsLeeYoungJisRainbow
#ongoing2025
#koreaseries
👍6
Forwarded from Korea Content
Study Group (2025)

Ep-7,8

နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊ Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးကတော့
ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသက်မွေးဝမ်းကျောင်းက
ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့ တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။ စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာမို့ စာကလွဲပြီး ခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။ တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက် စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။
ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက် ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ
ရှုစားပေးပါဦးနော်။

#StudyGroup
#koreaseries
2😁2👍1
Forwarded from Korea Content
The Scandal of Chunhwa (2025)

Ep-3,4
Copyrightကြောင့် တဆင့်ခံတင်ပေးတာကို နားလည်ပေးပါနော်။

ဒီကားလေးကတော့ စိတ်ကူးယဉ်တိုင်းပြည် Dong Bang Gukမှာ အခြေတည်ထားတဲ့ ဇာတ်အိမ်လေးတစ်ခုဖြစ်ပါတယ်။ Hwa Ri က တော်ဝင်မိသားစုရဲ့ အငယ်ဆုံးသမီးလေးဖြစ်ပြီး အမှီအခိုကင်းတဲ့စိတ်ရှိတဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့် ထိမ်းမြားချိန်ရောက်လာတဲ့အခါမှာ သူ့ဖာသာ အိမ်ထောင်ဖက်ရှာဖိုနဲ့ ကာမနိုးကြွားစေတဲ့Chun Hwa ဇာတ်လမ်းတွဲမှာ သူ့ကိုအဓိကဇာတ်ဆောင်အဖြစ်ဆွဲထားတဲ့ ပန်းချီဆရာကိုရှာဖိုအတွက် နန်းတော်ထဲကနေ ထွက်လာခဲ့ပါတယ် ။ Choi Hwan ကတော့ မင်းသမီး Hwa Ri နဲ့ သင့်တော်တဲ့ထိမ်းမြားသူစာရင်းထဲက ပထမဆုံးလူတစ်ယောက်ဖြစ်ပါတယ် သူဟာချမ်းသာတဲ့ကုန်သည်တစ်ယောက်ဖြစ်ပြီး ပိုက်ဆံမက်၊ မိန်းမလိုက်စားတဲ့ အသွင်အပြင် ရှိပေမယ့် သူ့မှာ ဘယ်သူမှမသိတဲ့ လျှိဝှက်ချက်တစ်ခု ရှိနေပါတယ် ။ ဒီလိုမျိုး သူတို ၂ယောက် တွေ့ဆုံချိန်မှာ ဘယ်လိုအလွဲ၊ဟာသလေးတွေဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်လိုက်ရအောင်ပါနော်။

#TheScandalofChunhwa
#ongoing2025
#koreaseries
👍1👏1
Forwarded from Korea Content
Friendly Rivalry (2025)

Ep-4