နိုင်ငံကြီးသား
8.06K subscribers
1.76K photos
205 videos
769 links
Download Telegram
စစ်ကောင်စီက မြ၀တီနယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်မလား

ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။
လူတွေရဲ့ အမျိုးမျိုးသော မှန်းဆချက်တွေ ရှိနေကြမှာပေမယ့် စစ်ဆိုတာ မြေပြင်မှာ တကယ်တိုက်ယူရတာဖြစ်ပါတယ်။ မတိုက်ကြည့်ဘဲနဲ့ ဘယ်သူ့မှန်းဆချက်မှ မမှန်နိုင်ပါဘူး ။

အသေချာဆုံးက လက်ရှိအခြေအနေဘဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံကြီးသားက လက်ရှိ မြ၀တီအခြေအနေကို သုံးသပ်တင်ပြပေးသွားပါမယ်။ သုံးသပ်တင်ပြတဲ့နေရာမှာ ဖတ်ရှုသူတွေကို သတင်းအဆိပ်လုံး၀မခတ်ပါဘူး။ အရှိကိုအရှိအတိုင်း အမှန်အတိုင်း တည့်တည့်မတ်မတ်ဘဲ တင်ပြပေးပါမယ်။

စစ်ကောင်စီက ဆုံးရှုံးထားပြီးဖြစ်တဲ့ ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်‌ နယ်စပ်ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်းမရှိတော့ပါဘူး ။

သူတို့အတွက် ဖြစ်နိုင်ချေအရှိဆုံးနဲ့
လက်တွေ့အကျဆုံး ထိုးစစ်ဆင်နိုင်တာက လောလောလတ်လတ် ဆုံးရှုံးထားရတဲ့
ကရင်နယ်စပ်ဒေသ မြ၀တီဖြစ်ပါတယ် ။

ဒါပေမယ့်လည်း မြ၀တီကိုပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက အရင်းအနှီးကြီးကြီးပေးရပါလိမ့်မယ် ။ အခန့်မသင့်လို့ ဒီ ထိုးစစ်သာ ဦးကျိုးသွားရင် စစ်ကောင်စီဟာ ပေးဆပ်ရမယ့်တန်ဖိုးပိုကြီးသွားနိုင်ပါတယ်။

လက်ရှိ မြ၀တီနောက်ဆုံးရအခြေအနေ

မြ၀တီမြို့တွင်း
လက်ရှိ မြ၀တီအခြေအနေကတော့
မြို့ကို စောချစ်သူရဲ့ BGF အသွင်ပြောင်း KNA အဖွဲ့တွေကထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ စောချစ်သူက ခလရ ၂၇၅ တပ်ရဲ့ လက်နက်ချထားတဲ့ လက်နက်တွေကိုသိမ်းထားတာဖြစ်တဲ့အတွက် ယခင် BGF ဘ၀က စစ်‌တပ်ကပေးထားတဲ့ လက်နက်တွေကိုပါ ပြန်အပ်ဖို့ စစ်ကောင်စီက
စောချစ်သူတို့အဖွဲ့ကို ရာဇသံပေးထားပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတား
မြ၀တီ ချစ်ကြည်ရေးတံတားအမှတ် ၂ မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ က လက်ကျန် စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေ ၀င်တိုက်တာ 36 နာရီတိတိ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေက ပြန်ဆုတ်လိုက်တဲ့ အနေအထားဖြစ်ပါတယ်။ နှစ်ဘက် အကျအဆုံးရှိပါတယ်။

အောင်ဇေယျစစ်ကြောင်း
တဘက်မှာ မြ၀တီမြို့ကို ပြန်သိမ်းဖို့
ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ် ကော့နွဲ့ရွာ အနီးတဝိုက် ဒေါနတောင်ခြေမှာ ရပ်တန့်နေပါတယ်။ တော်လှန်ရေးအဖွဲ့တွေက ဒီစစ်ကြောင်း မြ၀တီကို မရောက်ဖို့ ဒေါနတောင်မှာ ဟန့်တားဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ ဒေါနတောင်ကို မကျော်နိုင်သေးပါဘူး။

ကော့ကရိတ်
ကော့ကရိတ်အခြေအနေကတော့ စစ်တပ်က အောင်ဇေယျစစ်ကြောင်း နဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်လာတဲ့အတွက် ဒီနေ့
ကော့ကရိတ်မြို့ကနေ တော်လှန်ရေးအဖွဲ့တွေ ဆုတ်ပေးလိုက်ရတဲ့ အနေအထားဖြစ်ပါတယ်။
နိုင်ငံကြီးသား

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
နိုင်ငံကြီးသား pinned «စစ်ကောင်စီက မြ၀တီနယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်မလား ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။ လူတွေရဲ့ အမျိုးမျိုးသော မှန်းဆချက်တွေ ရှိနေကြမှာပေမယ့် စစ်ဆိုတာ မြေပြင်မှာ တကယ်တိုက်ယူရတာဖြစ်ပါတယ်။ မတိုက်ကြည့်ဘဲနဲ့ ဘယ်သူ့မှန်းဆချက်မှ မမှန်နိုင်ပါဘူး…»
ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီး မြ၀တီကိုတက်လာသည့် တပ်မ ၅၅ ဒေါနတောင်မှာတင်
သံချပ်ကာကား နဲ့ စက်သေနတ်တပ်ယာဥ်တွေ ထားခဲ့ပြီး ဖရိုဖရဲဆုတ်ခွာ


​တော်လှန်​ရေးတပ်ဖွဲ့​တွေထိန်းချုပ်ထားရာ မြဝတီမြို့ကို တက်လာတဲ့ "​အောင်​ဇေယျ"အမည်ခံ စစ်ကောင်စီယာဥ်တန်းကို ယမန်​နေ့ ဧပြီ ၂၁ ရက်မှာ KNLA၊ PDF ပူးပေါင်းတပ်​တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး သံချပ်ကာနဲ့ စက်သေနတ်တပ်ယာဥ်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သံချပ်ကာယာဥ် ၁ စီး၊ စက်​သေနတ်တပ် စစ်သုံးယာဥ် ၂ စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက်၊ ကျည်အချို့ သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က အဲဒီယာဉ်တန်းကို ဒေါန တောင်ခြေတ​နေရာမှာ တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့သလို တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီယာဉ်တန်းဟာ ပြန်ဆုတ်သွားတယ်လို့ ​မြေပြင်အတည်ပြုချက် ရယူနိုင်ခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၁၂ ရက်ထဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ထွက်လာတာဖြစ်ပြီး ၁၀ ရက်ကြာတဲ့အထိ ကော့ကရိတ်အကျော် တောနော်ရေတံခွန်နားမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

ပုံစာ- စစ်​ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တဲ့ သံချပ်ကာကား နဲ့ စက်သေနတ်တပ်ယာဉ်

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
This media is not supported in your browser
VIEW IN TELEGRAM
ပြည်သူတွေသိချင်နေကြမယ့် မြ၀တီမြို့တွင်း နောက်ဆုံးရ အခြေအနေဖြစ်ပါတယ်။

လောလောဆယ် မြို့တွင်းကို စောချစ်သူရဲ့ BGF အသွင်ပြောင်း KNA တပ်တွေထိန်းချုပ်ထားပြီး
အမှတ် ၂ တံတားမှာတော့ ခလရ 275 က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တပ်စွဲထားဆဲပါ။

မြ၀တီ ချစ်ကြည်ရေးတံတားအမှတ် ၂ က စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေ ၀င်တိုက်တာ 36 နာရီတိတိ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေက ပြန်ဆုတ်လိုက်တဲ့ အနေအထားဖြစ်ပါတယ်။

လောလောဆယ် တိုက်ပွဲမရှိဘဲ အခြေအနေတည်ငြိမ်လျက်ပါ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
This media is not supported in your browser
VIEW IN TELEGRAM
မင်းတို့ပြောပြောနေတဲ့
အောင်ဇေယျစစ်ကြောင်းဆိုတာ
ဒီလောက်ပဲလား


ဒေါနတောင်ခြေမှာ
ရုရှားထုတ် BDRM-2MS အမျိုးအစား သံချပ်ကာကား၊ လေယာဉ်ပစ်စက်လက်တွေ နဲ့ ကားတွေ ၊ အလောင်းတွေတောင် မကောက်နိုင် ဖရိုဖရဲထွက်ပြေးနေရတဲ့
စစ်ကောင်စီ တပ်မ ၅၅
အောင်ဇေယျစစ်ကြောင်း

မင်းတို့ကလည်း ရာဇ၀င်ထဲက စစ်ဘုရင်ရူး ဖက်ဆစ်ဝါဒီ
အောင်ဇေယျ နာမည်ကို ပေးလာမှတော့

ငါတို့ကလည်း ဒီတော်လှန်ရေး
လုပ်တာ အဲ့လို စစ်ဘုရင်ရူး
ဖက်ဆစ်ကောင်တွေကို
ချေမှုန်းချင်လို့


ဇရှိရင် ဒေါနတောင်ပေါ်တက်ခဲ့
ဒေါနတောင်က တပ်မ ၅၅ ရဲ့ 
သင်းချိုင်းကုန်း ဖြစ်စေရမယ် ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ပြုလုပ်တဲ့
စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ဒုချုပ်စိုးဝင်း မတက်ရောက်နိုင် လူမြင်ကွင်းက ပျောက်ကွယ်နေတာ ၁၉ ရက်ရှိလာပြီဖြစ်


ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့
သူ့ရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေတက်‌ရောက်ခဲ့ပေမဲ့ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်း အစည်းအဝေးတက်ရောက်တာ မတွေ့ရပါဘူး။

ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေး ဟာ အမြင့်ဆုံးအစည်းအဝေးဖြစ်ပြီး ပုံမှန်ဆိုရင် ဝန်ကြီးချုပ်တာဝန်ယူထားတဲ့
စစ်ခေါင်းဆောင်နဲ့အတူ ဒုတိယဝန်ကြီးချုပ်ပါတက်ရောက်ရတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ စစ်ကောင်စီရဲ့ အခမ်းအနားတွေကိုတက်ရောက်တာမရှိဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ဆိုရင် ၁၉ ရက်ရှိနေပြီဖြစ်ပါတယ်။

ဧပြီ ၃ ရက်က ရှမ်းတောင်ပိုင်းဗိုလ်သင်တန်းကျောင်း(ဗထူး) သင်တန်းဆင်းပွဲကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့တာကို
စစ်ကောင်စီသတင်းတွေမှာဖော်ပြခဲ့တဲ့ နောက်ဆုံးဖြစ်ပါတယ်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
မြဝတီမြို့ ဖက်ဆစ်ခွေးမိစ္ဆာ ၂၇၅ တပ်စခန်း မှာ KNU အလံကိုဖြုတ်ချပြီး ဝါကြောင်ကျားအလံအား ပြန်လည်တင်လိုက်ကြောင်းသိရှိရပါတယ်။
စစ်ကောင်စီမှ BGF(KNA) စောချစ်သူကို ကျေးဇူးအထူးတင်ကြောင်းလည်း ဖက်ဆစ်ခွေးဘောမသတင်းchannel တွေမှာတင်နေကြတာတွေ့ရှိရပါတယ်။

ဖြစ်စဥ်အတိအကျကိုတော့ KNU က ထုတ်ပြန်တာစောင့်ကြည့်ကြတာပေါ့။

Credit from. စစ်ခွေးသချိုင်း
BGF အကူအညီဖြင့် မြဝတီ ခလရ (၂၇၅) ကို စစ်ကောင်စီပြန်ထိန်းချုပ်

မြဝတီမြို့ကို လုံခြုံရေးယူထားသည့် BGF အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ကရင်တပ် KNU က သိမ်းပိုက်ထားသည့် ခလရ (၂၇၅) တပ်စခန်းကို စစ်ကောင်စီက ယနေ့တွင် ပြန်လည်သိမ်းပိုက်လိုက်သည်ဟု မြဝတီဒေသခံများက ပြောသည်။

ခလရ (၂၇၅) ကို KNU/ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုနေ့ကတည်းက ယင်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂) တံတားအနီးသို့ဆုတ်ခွာထွက်ပြေးခဲ့သည်။

ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းတွင်
မြဝတီမြို့ကို လုံခြုံရေးယူထားသည့် BGF ၏ အကူအညီရယူပြီး အမှတ် (၂) တံတားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ (၂၇၅) အတွင်း ပြန်လည် ဝင်ရောက်ခြင်းဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။

ခလရ (၂၇၅) ကို KNU နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ခဲ့စဉ်က ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့သည် ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
သူများတွေ တော်လှန်ရေးအတွက် အသက်တွေပေးထားကြတာ ငါတို့လည်း ကူနိုင်တဲ့ဘက်က တတ်နိုင်သလောက်ကူမယ်

ကိုလင်းလင်း Youtube မှာတင်ထားတဲ့ ရောင်နီသီချင်းကို Viewer 1M ပြည့်ရင် ကချင်မြေအတွက် လုပ်နေတဲ့ ကမ်ပိန်းကို ငွေကျပ် (၁၀) သိန်းကူပါ့မယ်ဆိုပီး ပြည်သူတစ်ဦးက Challenge ခေါ်ထားပါတယ်။

အခု ၇သိန်းပြည့်ဖို့ နဲနဲဘဲ လိုပါတော့တယ် ၁ သန်းပြည့်ဖို့ နောက်ထပ် ၃ သိန်းဘဲလိုပါတော့တယ်။ တယောက်ချင်းစီပါဝင်ရင် အမြန်ဆုံး ပြည့်သွားမှာလို့ ယုံကြည်ပါတယ်​။

ကျနော်တို့တွေ ဒီ link လေးကို နှိပ်ပြီး
တနေ့  ၃-၄ ခါလောက် နားဆင်ကြရအောင်ဗျာ  !!!

https://youtu.be/viEiNAqJ_5c?si=K2KibH4_wn8sTyHQ

ဒီစာ နဲ့ ဒီ YouTube လင့်လေးကို ဖြန့်ဝေမျှဝေပေးကြပါအုံး

#ရောင်နီ
#ချစ်ခြင်းတည်စေမနောမြေ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်

ဧပြီလ ၉ ရက်နေ့မှစတင်ပြီး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ
စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၂၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA သိမ်းပိုက်ရရှိသော ဆယ်ဇင်းကျေးရွာ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်စခန်းကို နယ်မြေရှင်းလင်းနေပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက် သိမ်း ဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဖားကန့်-တာမခန်-ဆယ်ဇင်းလမ်းတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်များမရှိတော့ဘဲ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက နယ်မြေကို ၁၀၀ ရာခိုင်နှုန်း စိုးမိုးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen