နိုင်ငံကြီးသား
8.07K subscribers
1.76K photos
205 videos
769 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
မင်းတို့ပြောပြောနေတဲ့
အောင်ဇေယျစစ်ကြောင်းဆိုတာ
ဒီလောက်ပဲလား


ဒေါနတောင်ခြေမှာ
ရုရှားထုတ် BDRM-2MS အမျိုးအစား သံချပ်ကာကား၊ လေယာဉ်ပစ်စက်လက်တွေ နဲ့ ကားတွေ ၊ အလောင်းတွေတောင် မကောက်နိုင် ဖရိုဖရဲထွက်ပြေးနေရတဲ့
စစ်ကောင်စီ တပ်မ ၅၅
အောင်ဇေယျစစ်ကြောင်း

မင်းတို့ကလည်း ရာဇ၀င်ထဲက စစ်ဘုရင်ရူး ဖက်ဆစ်ဝါဒီ
အောင်ဇေယျ နာမည်ကို ပေးလာမှတော့

ငါတို့ကလည်း ဒီတော်လှန်ရေး
လုပ်တာ အဲ့လို စစ်ဘုရင်ရူး
ဖက်ဆစ်ကောင်တွေကို
ချေမှုန်းချင်လို့


ဇရှိရင် ဒေါနတောင်ပေါ်တက်ခဲ့
ဒေါနတောင်က တပ်မ ၅၅ ရဲ့ 
သင်းချိုင်းကုန်း ဖြစ်စေရမယ် ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ပြုလုပ်တဲ့
စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ဒုချုပ်စိုးဝင်း မတက်ရောက်နိုင် လူမြင်ကွင်းက ပျောက်ကွယ်နေတာ ၁၉ ရက်ရှိလာပြီဖြစ်


ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့
သူ့ရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေတက်‌ရောက်ခဲ့ပေမဲ့ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်း အစည်းအဝေးတက်ရောက်တာ မတွေ့ရပါဘူး။

ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေး ဟာ အမြင့်ဆုံးအစည်းအဝေးဖြစ်ပြီး ပုံမှန်ဆိုရင် ဝန်ကြီးချုပ်တာဝန်ယူထားတဲ့
စစ်ခေါင်းဆောင်နဲ့အတူ ဒုတိယဝန်ကြီးချုပ်ပါတက်ရောက်ရတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ စစ်ကောင်စီရဲ့ အခမ်းအနားတွေကိုတက်ရောက်တာမရှိဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ဆိုရင် ၁၉ ရက်ရှိနေပြီဖြစ်ပါတယ်။

ဧပြီ ၃ ရက်က ရှမ်းတောင်ပိုင်းဗိုလ်သင်တန်းကျောင်း(ဗထူး) သင်တန်းဆင်းပွဲကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ခဲ့တာကို
စစ်ကောင်စီသတင်းတွေမှာဖော်ပြခဲ့တဲ့ နောက်ဆုံးဖြစ်ပါတယ်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
မြဝတီမြို့ ဖက်ဆစ်ခွေးမိစ္ဆာ ၂၇၅ တပ်စခန်း မှာ KNU အလံကိုဖြုတ်ချပြီး ဝါကြောင်ကျားအလံအား ပြန်လည်တင်လိုက်ကြောင်းသိရှိရပါတယ်။
စစ်ကောင်စီမှ BGF(KNA) စောချစ်သူကို ကျေးဇူးအထူးတင်ကြောင်းလည်း ဖက်ဆစ်ခွေးဘောမသတင်းchannel တွေမှာတင်နေကြတာတွေ့ရှိရပါတယ်။

ဖြစ်စဥ်အတိအကျကိုတော့ KNU က ထုတ်ပြန်တာစောင့်ကြည့်ကြတာပေါ့။

Credit from. စစ်ခွေးသချိုင်း
BGF အကူအညီဖြင့် မြဝတီ ခလရ (၂၇၅) ကို စစ်ကောင်စီပြန်ထိန်းချုပ်

မြဝတီမြို့ကို လုံခြုံရေးယူထားသည့် BGF အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ကရင်တပ် KNU က သိမ်းပိုက်ထားသည့် ခလရ (၂၇၅) တပ်စခန်းကို စစ်ကောင်စီက ယနေ့တွင် ပြန်လည်သိမ်းပိုက်လိုက်သည်ဟု မြဝတီဒေသခံများက ပြောသည်။

ခလရ (၂၇၅) ကို KNU/ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုနေ့ကတည်းက ယင်းတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂) တံတားအနီးသို့ဆုတ်ခွာထွက်ပြေးခဲ့သည်။

ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းတွင်
မြဝတီမြို့ကို လုံခြုံရေးယူထားသည့် BGF ၏ အကူအညီရယူပြီး အမှတ် (၂) တံတားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ (၂၇၅) အတွင်း ပြန်လည် ဝင်ရောက်ခြင်းဖြစ်ကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။

ခလရ (၂၇၅) ကို KNU နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ခဲ့စဉ်က ကော်ဘရာစစ်ကြောင်းက ကရင်အမျိုးသားအလံကို လွှင့်တင်ခဲ့သည် ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
သူများတွေ တော်လှန်ရေးအတွက် အသက်တွေပေးထားကြတာ ငါတို့လည်း ကူနိုင်တဲ့ဘက်က တတ်နိုင်သလောက်ကူမယ်

ကိုလင်းလင်း Youtube မှာတင်ထားတဲ့ ရောင်နီသီချင်းကို Viewer 1M ပြည့်ရင် ကချင်မြေအတွက် လုပ်နေတဲ့ ကမ်ပိန်းကို ငွေကျပ် (၁၀) သိန်းကူပါ့မယ်ဆိုပီး ပြည်သူတစ်ဦးက Challenge ခေါ်ထားပါတယ်။

အခု ၇သိန်းပြည့်ဖို့ နဲနဲဘဲ လိုပါတော့တယ် ၁ သန်းပြည့်ဖို့ နောက်ထပ် ၃ သိန်းဘဲလိုပါတော့တယ်။ တယောက်ချင်းစီပါဝင်ရင် အမြန်ဆုံး ပြည့်သွားမှာလို့ ယုံကြည်ပါတယ်​။

ကျနော်တို့တွေ ဒီ link လေးကို နှိပ်ပြီး
တနေ့  ၃-၄ ခါလောက် နားဆင်ကြရအောင်ဗျာ  !!!

https://youtu.be/viEiNAqJ_5c?si=K2KibH4_wn8sTyHQ

ဒီစာ နဲ့ ဒီ YouTube လင့်လေးကို ဖြန့်ဝေမျှဝေပေးကြပါအုံး

#ရောင်နီ
#ချစ်ခြင်းတည်စေမနောမြေ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်

ဧပြီလ ၉ ရက်နေ့မှစတင်ပြီး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ
စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၂၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA သိမ်းပိုက်ရရှိသော ဆယ်ဇင်းကျေးရွာ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်စခန်းကို နယ်မြေရှင်းလင်းနေပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက် သိမ်း ဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဖားကန့်-တာမခန်-ဆယ်ဇင်းလမ်းတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်များမရှိတော့ဘဲ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက နယ်မြေကို ၁၀၀ ရာခိုင်နှုန်း စိုးမိုးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
ယေးးး...ကိုလင်းလင်း ရဲ့ ရောင်နီသီချင်း ကြည့်ရှုသူ 1 မီလီယံ challenge အောင်မြင်သွားပါပြီ

‌အောင်မြင်သွားရင် ဘာရလဲဆိုတော့ challenge ခေါ်ထားတဲ့
တော်လှန်ပြည်သူတွေ ဆီက
အလှူငွေ သိန်း ၅၀၀ နီးပါးထပ်ရပါတယ် ။

YouTube ကုမ္ပဏီက ကြည့်ရှုသူများရင်ပေးတဲ့ bonus တွေလည်းရပါတယ်

နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ ကျနော်တို့ ပြည်သူတဦးချင်းစီတိုင်း တော်လှန်ရေးမှာ ကိုယ်နိုင်တဲ့ဘက်က ပူးပေါင်းပါ၀င်နေတယ်ဆိုတဲ့ အင်အားကိုရပါတယ်
ဒီ အင်အားတွေက တော်လှန်ရေးတစ်ခုလုံးကို လွှမ်းခြုံ‌နွေးထွေးစေပါတယ်။
Media is too big
VIEW IN TELEGRAM
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်လာသောအခါ တဖြေးဖြေးချိနဲ့ပျက်စီးလာတဲ့ တိုင်းပြည်အခြေအနေသာမက

ပြိုကျလုဆဲဆဲဖြစ်နေတဲ့
တပ်တွင်းအခြေနေများကြောင့် မင်းအောင်လှိုင် ၏ ခေါင်းဆောင်မှုညံ့ဖျင်းမှုကြောင့်ဟု တပ်ထောက်ခံသူများ အကြီးအကျယ်ဝေဖန်နေပြီ
.....။


နေပြည်တော်မှာ ၀န်ကြီးဟောင်း ဗိုလ်ချုပ်မြင့်လှိုင် ကို ဖမ်းဆီးထောင်ချ ပိုင်ဆိုင်မှုများသိမ်းပြီး
မင်းအောင်လှိုင်၏ လူယုံတော် ဗိုလ်ချုပ်ညိုစောအပါအ၀င်
တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ပါ ဖမ်းဆီးစစ်ဆေးခံနေရသည့် အခြေအနေထိ တပ်တွင်းပြိုကွဲမှုဦးတည်နေပြီ။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
ကျိုက်ထိုမြို့‌ပေါ်တွင် စစ်မှုထမ်းစာရင်းကောက်နေသော စစ်သားဟောင်း ကျော်ကျော် အား ပစ်ခတ်ရှင်းလင်းရာ ပြင်းထန်ဒဏ်ရာရရှိ

ဧပြီလ ၂၆ ရက်နေ့ တွင် ကျိုက်ထိုမြို့၊
ကျိုက်ပိကျေးရွာတွင် နေထိုင်သော စစ်တပ်ထောက်တိုင် စစ်သားဟောင်း ကျော်ကျော် ကို
ကျိုက်ထိုမြို့ပေါ်တွင် ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း
သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားဟောင်း ကျော်ကျော်သည် စုစုပေါင်း ၃ ချက် ထိမှန်ခဲ့ပြီး ကျိုက်ထိုဆေးရုံကြီးမှ သထုံဆေးရုံကြီးကို စိုးရိမ်ရ အခြေနေဖြင့် ပို့ဆောင်ထားကြောင်း သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မသိမ်းသွင်းရာတွင် တက်ကြွစွာပါ၀င်နေသော အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးများအား အရှိန်အဟုန်မြှင့် ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှထုတ်ပြန်ကြေညာထားပြီး ပြည်သူလူထု၏ မျက်လုံးသန်းပေါင်းများစွာဖြင့် ကျွန်ပါး၀နေသူများ၏ သတင်းအချက်အလက်များကိုစောင့်ကြည့်၍ ‌နီးစပ်ရာတော်လှန်ရေးအဖွဲ့များထံပေးပို့ပေးကြပါရန်လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေသော စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးများ နှင့် သတင်းပေးများကို ယခု ဧပြီလအတွင်း အစွမ်းကုန်ပစ်ခတ်ရှင်းလင်းနေပြီး

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ရွှေမြောင်ရွာအုပ်ချုပ်ရေးမှူးဦး၀င်းကြိုင်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊
စစ်ကောင်စီလုံခြုံရေးအရာရှိ ဗိုလ်မှုးသက်နိူင်စိုး

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကသစ်ကုန်းကျေးရွာ
ရာအိမ်မှူးဦးသိန်း၀င်း နှင့်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်း

စုစုပေါင်း ၄ ဦးအား အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည် ။

ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မသိမ်းသွင်းရာတွင် တက်ကြွစွာပါ၀င်နေသော အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးများအား အရှိန်အဟုန်မြှင့် ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှထုတ်ပြန်ကြေညာထားပါသည်။

သတင်းမှန်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ 👇👇 ဒီ channel လေးကို join ထားပါ ဗျို့
https://t.me/bigcountrycitizen