Basic Education Students & Youths Association - BESYA Central
1.85K subscribers
505 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
Basic Education Students & Youths Association - BESYA Central
Photo
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူများသို့ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒနှင့် ပြည်သူ့တော်လှန်ရေးကြီး အခြေအနေမှန်ကို သိရှိနိုင်ပါရန် ပေးပို့သည့် အိတ်ဖွင့်ပေးစာ
๑۩۩๑

ရက်စွဲ။ ဒီဇင်ဘာလ (၁၇) ရက် ၂၀၂၃ ခုနှစ်။

သို့
မစ္စတာ ရှီကျင့်ဖျင်
အထွေထွေအတွင်းရေးမှူးချုပ်
တရုတ်ပြည်ကွန်မြူနစ်ပါတီ

သို့
မစ္စတာ ရှီကျင့်ဖျင်
နိုင်ငံတော်သမ္မတ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ

သို့
မစ္စတာ ဝမ်ယိ
နိုင်ငံခြားရေးဝန်ကြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ

သို့
ပြည်သူ၊ ပြည်သားများ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ

“ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စု အသက်ဆက်ရေး ဆွေးနွေးပွဲများ . . . အလိုမရှိ-အလိုမရှိ”

“တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်ပါ”

“ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်”

{တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းမြှင့်တင်ရေး၊ စစ်မှန်သည် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတို့ကို တည်ဆောက်နိုင်ရန် မျှော်ရည်လျက် မြန်မာပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ဤအိတ်ဖွင့်ပေးစာကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) အပါအဝင် အောက်ဖော်ပြပါ မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၂၅၅) ဖွဲ့က ပေးပို့ပါသည်}

အိတ်ဖွင့်ပေးစာကို သိမ်းဆည်းဖတ်ရှုရန်နှင့် ပြန်လည်မျှဝေရန် >>> https://tinyurl.com/2cnf6mcs

#GSCB #BESYA
Basic Education Students & Youths Association - BESYA Central
Photo
#မီးဒုတ်စာစဉ် #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #BESYA #ဗိုလ်အောင်ကျော် #မြန်မာ့ကျောင်းသားနေ့
"စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကျွန်ပညာရေး သပိတ်မှောက်လှုပ်ရှားမှုအဖြစ် အကလ(မြေပြင်) မှ သရုပ်ပြ ဘန်နာချိတ်လှုပ်ရှားမှုပြုလုပ်"

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်၊ အကလ(မြေပြင်)

နိုင်ငံတော်အား သွေးရောင်လွှမ်းစေခဲ့သော စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ၎င်းစစ်အာဏာရှင်စနစ် တည်တံ့စေရေးအတွက် အထောက်အကူပြုနေသော စစ်ကျွန်ပညာရေးစနစ်အား သပိတ်မှောက်ရေးအတွက် ရန်ကုန်မြို့ပြတနေရာတွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ ဘန်နာချိတ် သရုပ်ပြလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ယင်းဘန်နာချိတ် သရုပ်ပြလှုပ်ရှားမှုတွင်

"သွေးစွန်းနိုင်ငံတော် သွေးစွန်းပညာရေး သွေးစွန်းကျောင်းသားများ"

ဆိုသော စာကြောင်းပါဝင်လျက် သွေးစွန်းနေသော အဖြူ၊အစိမ်း ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ သွေးစွန်းနေသော ဖတ်စာအုပ်ကို ကိုင်ထားသည့် ကျောင်းသားတစ်ဦး၏ ပုံကို သရုပ်ဖော် ပြသခဲ့သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #သွေးစွန်းနိုင်ငံတော်သွေးစွန်းပညာရေးသွေးစွန်းကျောင်းသားများ #အကလ_မြေပြင် #BESYA
"၂၀၂၄ခုနှစ် နိုင်ငံတကာနှစ်သစ်ကူးနေ့အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
၁၃၈၅ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ရက်
(၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်)

#BESYA #နိုင်ငံတကာနှစ်သစ်ကူးနေ့ #သဝဏ်လွှာ
Basic Education Students & Youths Association - BESYA Central
Photo
📑 📑 📑
ပြည်ပသို့ ပေးစာ

သို့/
ချစ်ခင်ရသော ပြည်ပရောက် မိဘပြည်သူများ။

ဒီဇင်ဘာလအတွင်း ကြေငြာချက်ထုတ်ထားတဲ့ နိုင်ငံတကာရှိ စစ်ကောင်စီရဲ့ အာဏာရှင် သံရုံးများမှ မြန်မာနိုင်ငံသားများရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံမည့် ကြေငြာချက်များကို နည်းအမျိုးမျိုးဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖေါ်ပြသကြရန်နှင့် အကြမ်းဖက် စစ်အုပ်စုထံ သွေးစွန်းငွေ၊ သွေးစွန်းခွန်များ ဖြတ်တောက်ရာမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ ပြည်တွင်းမှ ပြည်သူများက ချစ်ခင်ရင်းနှီးစွာဖြင့် စာရေးသား တောင်းဆိုလိုက်ပါတယ်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု ကြိုးစားနေခြင်း နောက်ကွယ်မှာ မြန်မာနိုင်ငံဟာ ဆိုးရွားစွာ မှောင်မိုက် ပျက်စီးလာခြင်းနှင့်အတူ လူငယ်တွေရဲ့ အနာဂတ်၊ အိမ်မက်များစွာဟာ ပျောက်ဆုံးလာခြင်းကြောင့် လမ်းသစ်ဖောက်ရန် အိမ်ကို စွန့်ခွာပြီး စွန့်စားနေကြရသော မိဘ ပြည်သူများ၊ လူငယ်များ တစ်နေ့ထက် တစ်နေ့ များပြားလာသည်ကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် နိုင်ငံတကာသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား လူဦးရေသည်လည်း ယခင်ကထက် စစ်အာဏာသိမ်းရန်ကြိးစားပြီး နောက်ပိုင်းတွင် အလုပ်၊ ကျောင်း နှင့် နိုင်ငံရေးခိုလှုံမှုများကြောင့် တိုးသည်ထက်တိုး များပြားလာလျက်ရှိပါတယ်။

မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စည်းမျဉ်း၊ စည်ကမ်းများ၊ လုပ်ကိုင်ပုံများ မတူညီခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယခုလက်ရှိ နေထိုင်နေတဲ့ နိုင်ငံရဲ့ တရားမဝင် အာဏာလု စစ်သံရုံးထံ ပတ်စပိုစ့် (Passport) သက်တမ်းတိုးရန် သွေးစွန်းခွန်များ ဆောင်မှသာလျှင် ထိုနိုင်ငံများတွင် ဆက်လက် နေထိုင်ခွင့် (သို့) အမိမြန်မာနိုင်ငံကို ပြန်လာခွင့် (ဗီဇာသက်တမ်း) ရရှိကြရမည့် အကျပ်အတည်းကိုလည်း သိရှိပြီးဖြစ်ပါတယ်။

သို့ပေမယ့် ပတ်စပိုစ့်သက်တမ်း ကုန်ဆုံးနေသော်လည်း ဗီဇာ (Visa) သက်တမ်း ထုတ်ပေး၊ တိုးပေးသော နိုင်ငံများတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ကလေးငယ်များနှင့် ပြည်သူများကို နေ့စဉ် သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်အုပ်စု ထံ ပြည်သူလူထုရဲ့ အသက်သွေးများဖြင့် သွေးစွန်းခွန်များ မစီးဆင်းစေရေး နှင့် ဖြတ်တောက်စေရေးအတွက် အတူတူ တိုက်ပွဲဝင် ပါဝင်စေလိုပါတယ်။

ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ရဲ့ ဥာဏ်အားသင့်သလို မျက်စိဖွင့်၊ နားစွင့်ပြီး အမြန်ဆုံး သွေးစွန်းခွန်များ ဖြတ်တောက်မှ နွေဦး တော်လှန်ရေး အမြန်ဆုံး အပြီးသတ်နိုင်မှာ ဖြစ်ပြီး အမိမြန်မာပြည်မှာ အောင်တံခွန်စိုက် အတူတကွ ပြန်လည်ဆုံစည်းကြရမှာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် တစ်နိုင်ငံချင်းအလိုက် သွေးစွန်းငွေများ၊ သွေးစွန်းခွန်များ မစီးဆင်းနိုင်သည့် နည်းလမ်းများကိုလည်း ဆက်တိုက် ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိတို့ ပါဝင်နိုင်မည့် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အလျင်းသင့်သလို ပါဝင်ပေးကြဖို့ ပြည်တွင်းရှိ အာဏာရှင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများမှ ပြည်ပရောက် မြန်မာနိုင်ငံသားများထံ လေးစားစွာ အထူးမေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုအပ်ပါတယ်။

ပြည်တွင်းမှ အာဏာရှင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများ

‘’ သွေးစွန်းခွန်တွေ ဖြတ်တောက်ဖို့
တို့တွေအားလုံး ပူးပေါင်းစို့ ‘’

#သွေးစွန်းခွန်တွေဖြတ်တောက်ပစ်
#StopPayingTaxtoJunta
#StopBloodTaxation
#BESYA
"၂၇၆၃နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
၁၃၈၅ခုနှစ်၊ ပြာသိုလဆန်း ၁ရက်
(၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်)

#BESYA #ကရင်အမျိုးသားနှစ်သစ်ကူးနေ့ #သဝဏ်လွှာ
Basic Education Students & Youths Association - BESYA Central
Photo
ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။

#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ #SpringRevolution_3rdAnniversary #SilentStrike #WhiteCampaign #BESYA