Basic Education Students & Youths Association - BESYA Central
1.86K subscribers
506 photos
17 videos
93 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
"ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ"

ယနေ့ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့သည် အဓမ္မဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ တော်လှန်သော ကျောင်းသား၊ လူငယ်ရဲဘော်များသည်လည်း ပန်းသပိတ်တွင်ပါဝင်ဆင်နွှဲခဲ့ပါသည်။

မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား အကြမ်းဖက် ဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး မတရား ဖမ်းဆီးချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့အပ်ပါသည်။

#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#၁၉ဇွန်_ပန်းသပိတ်
“နွေဦးတော်လှန်ရေးအထက်တန်းကျောင်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)အဖြစ်ပြောင်းလဲဖွဲ့စည်းကြောင်းကြေငြာခြင်း"

ကြေငြာချက်အမှတ် - ၆/၂၀၂၄

၁၃၈၆ခု၊နယုန် လဆုတ် ၁၃ရက်နေ့
လွန်ခဲ့သော နှစ် (၆၀)ခန့်က နွေရာသီအချိန်တစ်ခုမှာ ဦးနေဝင်းအစိုးရက အာဏာမတရားရယူသိမ်းဆည်းမှုဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့်ပင် ဇူလိုင်လ ၇ရက်နေ့ မိုးရာသီအချိန်တစ်ခုမှာကျောင်းသားလူငယ်ထုက ပညာရေးအခွင့်အလမ်းပိတ်ဆို့မှုနှင့် စစ်အစိုးရကိုမနှစ်သက်ကြောင်းသိသာစေရန် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကျောင်းသားလူငယ်ထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုက စစ်အာဏာရှင်အစိုးရကို လက်နက်ကိုင်တိုက်ပွဲများထက် ပိုမိုထိခိုက်စေသောကြောင့်ထင်၏။ စစ်အာဏာရှင်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော လက်နက်မဲ့ကျောင်းသားလူငယ်ထုကို အာဏာရှင်တို့၏ မပြောင်းလဲသောပုံစံအတိုင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့ကြသည်။ မိုးရာသီ၏မိုးရေများအကြားတွင် ကျွန်ုပ်တို့နောင်တော်ကျောင်းသားများ၏သွေးချွေးတွေဟာ ရောယှက်၊ ရောပြွမ်းလျှက် အချိန်ခဏအကြာမှာပဲ ဆေးကြောပြီးစီးခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ရင်ထဲက နောင်တော်တို့ရဲ့ သွေး၊ ချွေးများကတော့ ယခုချိန်ထိ အက်စစ်ရည်များကဲ့သို့ ကျွန်ုပ်တို့ရဲ့ရင်ကို လှိုက်စားနေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရင်ထဲက အက်စစ်ရည်တွေကို ရှင်းပစ်နိုင်ဖို့ အာဏာရှင်မှန်သမျှနှင့် အာဏာရှင်စနစ်ဆိုးမှန်သမျှကိုတိုက်ထုတ်ရှင်းလင်းပစ်နိုင်မှ ဖြစ်လာနိုင်လိမ့်မည်ဟု ထင်မိပါသည်။ အက်စစ်ရည်များကို ကျွန်ုပ်တို့၏ရင်ထဲမှရှင်းထုတ်ပစ်နိုင်သည့်တိုင်အောင် ယခင်ကနှစ်ပေါင်းများစွာလှိုက်စားခံခဲ့ရသည့် ဒဏ်ရာတွေကို သေချာကုသဖို့ရန်အတွက် လိုအပ်နေသေးပေလိမ့်ဦးမည်။ နှစ်ပေါင်းများစွာက အနာဟောင်းအနာဆွေးများ၊ လတ်လတ်ဆတ်ဆတ်အနာသစ်များကို ကုသပျောက်ကင်းနိုင်မည့်နည်းကတော့ ယခင်က နာင်တော်ကျောင်းသားများမျှော်လင့်တောင့်တခဲ့ရသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်နိုင်မှသာ ကုသနိုင်လိမ့်မည်ဟု ထင်မိပါသည်။ သို့အတွက်ကြောင့် ကျွန်ုပ်တို့နိုင်ငံသားအားလုံးသည် ယခုနွေဦးတော်လှန်ရေးကို ပါဝင်တိုက်ခိုက်တိုက်ပွဲဝင်ပြီး ကျွန်ုပ်တို့ရင်ထဲရှိ အက်စစ်တိုက်စားဒဏ်ရာများကို ကုသကြဖို့ရန် တိုက်တွန်းလိုက်ရပါသည်။

"၇.၇.၆၂ မမေ့ကြနဲ့"

#7_July
#၇_၇_၆၂မမေ့ကြနဲ့
#အကလ_ဗဟို
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး