Basic Education Students & Youths Association - BESYA Central
1.84K subscribers
517 photos
17 videos
97 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အကလ) ဖွဲ့စည်းခြင်း

Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အကလ) သည် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ မူဝါဒ(၇)ရပ်ဖြစ်သော

၁- နယ်ချဲ့ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး။

၂- စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ရရှိရေး။

၃- ကျောင်းသားထုအခွင့်အရေးအားချွင်းချက်မရှိပြည့်ဝစွာရရှိရေးနှင့် ‌ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုမှကာကွယ်ရေး။

၄- တောင်တန်းနှင့်ပြည်မတစ်ခွင်မှကျောင်းသားထုသွေးစည်းညီညွတ်ရေး။

၅- လူမျိုးဘာသာ၊ အသားအရောင်၊ လိင်စိတ်ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်အပြည့်အဝရရှိရေး။

၆- ခွဲခြားမှုမရှိ အဖိနှိပ်ခံပြည်သူများဘက်မှရပ်တည်ရေး။

၇- နိုင်ငံတကာကျောင်းသားထုနှင့် သွေးစည်းညီညွတ်စွာလက်တွဲလုပ်ဆောင်နိုင်ရေး။

တို့အားလိုက်နာ၍Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)နှင့် (EEC-အကလ)အလုပ်အမှုဆောင်အဖွဲ့အား အောက်ပါရာထူးတာဝန်များဖြင့် ၁၁.၅.၂၀၂၄တွင် ဖွဲ့စည်းလိုက်သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
"ကျောင်းသားနဲ့ပညာ၊ ပညာနဲ့ကျောင်းသား" ခွဲခြားလို့ရနိုင်ဘဲ တွဲထားရတဲ့ဒီနှစ်ခုဟာ နိုင်ငံ‌ရေးအမှောင့်ပယောဂတွေကြောင့် ကွဲရလုနီးနီးဖြစ်နေခဲ့တဲ့အချိန် အမှန်တရားကိုဆုပ်ကိုင်လို့ CDMဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထမ်းပြီး ရဲရဲကြီးလမ်းကူးခဲ့ကြတဲ့ ကျောင်းသားလူငယ်တစ်စုဟာ ဆက်သွားလို့လည်းမရ၊ ရပ်ထားလို့လည်းမဖြစ်ဘဲ ပညာရေးလမ်းကြောင်းမှာ မီးပွိုင့်မိနေကြပါတယ်။ ဒီနေရာမှာ 'ဒါဟာမီးပွိုင့်ပဲလား၊ လမ်းအဆုံးလား'ဆိုတဲ့ မေးခွန်းအပြင် Federal အမည်ခံပညာရေးစနစ်တစ်ခုဟာ တကယ်ရော federal စစ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်စရာရှိလာပြန်ပါတယ်။

ယုံကြည်ချက်တစ်ခုအတွက် အချိန်တွေရင်းပြီး ကြိုးစားခဲ့ရတာတွေနဲ့ မြေပြင်မှာ အသက်တွေရင်းပြီး ပြေးလွှားခဲ့ရတာတွေအတွက် တရားမျှတတဲ့ရလဒ်လိုအပ်ပါတယ်။ အကယ်၍ CDM ကျောင်းသားလူငယ်တွေရဲ့ ပညာရေးဟာ အခုလိုပဲ မီးပွိုင့်မှာဆက်လက်ရှိနေဦးမယ်ဆိုရင် ကျည်မကုန်ဘဲ လည်စင်းပေးရတဲ့ အနာဂတ်တွေဖြစ်သွားတော့မှာလား။ ကျောင်းသားထုအတွက် တိကျတဲ့ ပညာရေးအာမခံချက် အဖြေတစ်ခုရဖို့

"မီးပွိုင့်မိနေသော ပညာရေးလမ်းကြောင်းများ"

ဆိုတဲ့ စကားဝိုင်း တစ်ခုကို ကျွန်တော်တို့ အ‌ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ကနေပြီး ယူဆောင်လာခဲ့ပါပြီ။

၂၀၂၄ခုနှစ်၊ မေလ ၂၄ရက်နေ့, မြန်မာစံတော်ချိန် ည ၇နာရီ zoom platform မှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာတော့ Guest speaker အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မရန်ဂျာထွယ်ပန် မှ ပူးပေါင်းကူညီဆွေးနွေးပေးမှာဖြစ်တာကြောင့် စိတ်၀င်စားသူ CDM ကျောင်းသား/သူတွေတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တက်ရောက်လိုသူ ကျောင်းသားလူငယ် မိဘပြည်သူများအနေနဲ့ အောက်ပါ ဖောင်ကို ဖြည့်ပြီး Telegram Channel မှ တစ်ဆင့် Zoom link ကို ရယူနိုင်ပါတယ်။

Registration form - https://surveyheart.com/form/6648158da282384f840f44da

မှတ်ချက် - channel link ထဲဝင်မရချင်း၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက @MgKhant014 (Telegram acc) သို့ လာရောက်မေးမြန်းစုံစမ်း၍ အကူအညီတောင်းခံနိုင်ပါသည်။

#မီးပွိုင့်မိနေသောပညာရေးလမ်းကြောင်းများ
#BESYA
ယနေ့ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ် ပြည့်မြောက်ခဲ့ပါပြီ။

"လူငယ့်အားဖြင့် နိုင်ငံသစ်တည်၊ အကလမှသည် ကျောင်းသားလူငယ်ထုဆီ"

#၃နှစ်ပြည့်
#BESYA
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#အကလ_ဗဟို
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ မဟာမိတ် ညီနောင်အဖွဲ့အစည်းများထံမှ ပေးပို့လာသော သဝဏ်လွှာများ။

၂၀၂၄ခုနှစ်၊ ဇွန်လ ၁၅ရက်

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#BESYA
#အကလ_ဗဟို
#၃နှစ်ပြည့်
#သဝဏ်လွှာများ