တော်လှန် ကျောင်းသားလူငယ်များအားလုံး မင်္ဂလာပါရှင်။ တော်လှန်ရေးအရှိန်အဟုန် ကြာမြင့်လာသည်နှင့်အမျှ မိမိတို့ ကျောင်းသားလူငယ်များရဲ့ ကာယစွမ်းအားဖြင့်သော်လည်းကောင်း၊ ဉာဏစွမ်းအားဖြင့်သော်လည်းကောင်း ပံ့ပိုးပေးတဲ့ အထောက်အပံ့တွေ လိုအပ်လျက်ရှိတယ်ဆိုတာကို မိမိတို့အသိပဲ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားလူငယ်များအနေနဲ့ မိမိတို့အသီးသီးမှာ ရှိနှင့်ကြသော အမျိုးမျိုးသောစွမ်းအားများဖြင့် တော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှာ ပါဝင်နိုင်ရန် မိမိတို့ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကျောင်းသားလူငယ်တို့အား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။
ကျောင်းသားလူငယ်တို့ အနေနှင့် အောက်တွင်ဖော်ပြထားသော ဒေသများအရ မိမိတို့ဒေသ သို့်မဟုတ်တည်း မိမိတို့ဒေသမဟုတ်သော်လည်း မိမိတို့ စိတ်ဝင်စားမိသော အခြားသောဒေသများရှိ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး (အကလ) ၏ မြို့နယ် (အကလ) ၊ ကျောင်း (အကလ) များသို့ ဆက်သွယ်စုံစမ်းပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
"လူငယ့်အားဖြင့် နိုင်ငံသစ်တည်
အကလမှသည် ကျောင်းသားလူငယ်ထုဆီ"

အ.ထ.က(၂) မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100077551605864&mibextid=ZbWKwL
အ.ထ.က(၁) မရမ်းကုန်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100078632859006&mibextid=ZbWKwL
အ.ထ.က(၁) သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100076156673964&mibextid=ZbWKwL
အ.ထ.က(၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/No2EastDagonBESYA?mibextid=ZbWKwL

အ.ထ.က(၁) အလုံ(မုံရွာမြို့နယ်) အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100078402576386&mibextid=ZbWKwL
အ.ထ.က(၄) သထုံ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=61555468875297&mibextid=ZbWKwL
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) - https://www.facebook.com/besya2021?mibextid=ZbWKwL
မေဒေး(World Labor day) လို့ခေါ်တဲ့ အလုပ်သမားနေ့ဟာ ကျွန်တော်တို့အနေနဲ့ ကျောင်းပိတ်ရက်အနေနဲ့ပဲ သိခဲ့ကျပေမဲ့ တကယ်ဖြစ်ပေါ်လာပုံတွေ ပေးဆပ်ခဲ့ရပုံတွေကိုတော့ လူကြီးတွေကိုမေးကြည့်ရင် အများစုက မသိဘူးလာမမေးနဲ့လို့ ပြောခံခဲ့ရမယ်ဆိုမလွှဲအသေအချာပါပဲ။
မေဒေး(World Labor day) လို့ခေါ်တဲ့ အလုပ်သမားနေ့က ၁၉ရာစုမှာ အမေရိကန်ကအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပြီး နေ့စဉ်နာရီပေါင်းများစွာ လုပ်ကိုင်ခဲ့ရပါတယ်။ဒီချိုးဖောက်မှုတွေကို ဆန္ဒပြတောင်းဆိုမှုတွေကို ဖမ်းဆီးထောင်ချပြီး ဖိနှိပ်ချုပ်ချယ်မှုတွေပြုလုပ်ခဲ့တဲ့အပေါ် အလျှောမပေးပဲဆက်လက်လုပ်ဆောင်မှုကြောင့် ဥရောပတိုက်အထိပြန့်နှံ့လာခဲ့ရပါတယ်။၁၈၈၄ခုနှစ် မှာ အမေရိကန်အလုပ်သမားအဖွဲ့ချုပ်ညီလာခံကို ကျင်းပပြီး ၁၈၈၆ မေလ ၁ရက်နေ့ကစပြီး တစ်ရက်ကို ၈ နာရီပဲလုပ်ပြီးတော်လှန်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ်။အဲ့အပေါ်ကိုဖိနှိပ်မှုတွေကြောင့်သေကြေပျက်စီးမှုတွေ အလုပ်ထုတ်တာတွေကိုပြုလုပ်ခဲ့ပြီးတော့ နောက်ဆုံးမှာအလုပ်သမားတွေအနေနဲ့ တော်လှန်မှုအောင်မြင်ခဲ့ပါတယ်။စတင်တော်လှန်ခဲ့တဲ့ မေလ ၁ ရက်နေ့ကို ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ညီလာခံမှာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆိုရှယ်လစ်ခေတ်အတွင်းမှာအလုပ်သမားနေ့အနေနဲ့ စီတန်းသရုပ်ဖော်မှုတွေကို ဟန်ပြလုပ်ဆောင်ခဲ့ပြီး အလုပ်သမားအခွင့်အရေးအနေနဲ့ မရရှိခဲ့ပါဘူး။ယနေ့ခေတ်အာဏာသိမ်းကာလအတွင်းမှာဆို အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့လခကိုလျှော့ချတာ အချိန်ပိုကြေးမပေးပဲအတင်းအကြပ် အချိန်ပိုဆင်းခိုင်းတာတွေ အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခံရတာတွေ အခုထိရှိနေဆဲပါပဲ။ဒါ့အပြင် အကြမ်းဖက်စစ်တပ်အနေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေကိုပါ လုပ်ဆောင်ခဲ့တဲ့အပြင် စစ်မှုထမ်းဥပဒေထုတ်ပြန်မှုကြောင့် အလုပ်သမားများသာမက ပြည်သူများကိုပါ အကြမ်းဖက်၍ ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ခေတ်အဆက်ဆက်တိုက်ယူရရှိခဲ့တဲ့ အခွင့်အရေးတွေကို ထပ်မံချိုးဖောက်ခံရတဲ့အတွက် အတူတကွလက်တွဲပြီး ထပ်မံတော်လှန်တိုက်ယူရမှာဖြစ်ပါတယ်။
" ဖိနှိပ်ခံလူတန်းစားတို့ညီညွတ်ကြလော့ "
#မေဒေး #အလုပ်သမားနေ့ #WorldLaborDay #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အကလ) ဖွဲ့စည်းခြင်း
Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အကလ) သည် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ မူဝါဒ(၇)ရပ်ဖြစ်သော
၁- နယ်ချဲ့ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး။
၂- စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ရရှိရေး။
၃- ကျောင်းသားထုအခွင့်အရေးအားချွင်းချက်မရှိပြည့်ဝစွာရရှိရေးနှင့် ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုမှကာကွယ်ရေး။
၄- တောင်တန်းနှင့်ပြည်မတစ်ခွင်မှကျောင်းသားထုသွေးစည်းညီညွတ်ရေး။
၅- လူမျိုးဘာသာ၊ အသားအရောင်၊ လိင်စိတ်ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်အပြည့်အဝရရှိရေး။
၆- ခွဲခြားမှုမရှိ အဖိနှိပ်ခံပြည်သူများဘက်မှရပ်တည်ရေး။
၇- နိုင်ငံတကာကျောင်းသားထုနှင့် သွေးစည်းညီညွတ်စွာလက်တွဲလုပ်ဆောင်နိုင်ရေး။
တို့အားလိုက်နာ၍Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)နှင့် (EEC-အကလ)အလုပ်အမှုဆောင်အဖွဲ့အား အောက်ပါရာထူးတာဝန်များဖြင့် ၁၁.၅.၂၀၂၄တွင် ဖွဲ့စည်းလိုက်သည်။
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

"ကျောင်းသားနဲ့ပညာ၊ ပညာနဲ့ကျောင်းသား" ခွဲခြားလို့ရနိုင်ဘဲ တွဲထားရတဲ့ဒီနှစ်ခုဟာ နိုင်ငံရေးအမှောင့်ပယောဂတွေကြောင့် ကွဲရလုနီးနီးဖြစ်နေခဲ့တဲ့အချိန် အမှန်တရားကိုဆုပ်ကိုင်လို့ CDMဆိုတဲ့ဂုဏ်ပုဒ်တစ်ခုထမ်းပြီး ရဲရဲကြီးလမ်းကူးခဲ့ကြတဲ့ ကျောင်းသားလူငယ်တစ်စုဟာ ဆက်သွားလို့လည်းမရ၊ ရပ်ထားလို့လည်းမဖြစ်ဘဲ ပညာရေးလမ်းကြောင်းမှာ မီးပွိုင့်မိနေကြပါတယ်။ ဒီနေရာမှာ 'ဒါဟာမီးပွိုင့်ပဲလား၊ လမ်းအဆုံးလား'ဆိုတဲ့ မေးခွန်းအပြင် Federal အမည်ခံပညာရေးစနစ်တစ်ခုဟာ တကယ်ရော federal စစ်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်စရာရှိလာပြန်ပါတယ်။
ယုံကြည်ချက်တစ်ခုအတွက် အချိန်တွေရင်းပြီး ကြိုးစားခဲ့ရတာတွေနဲ့ မြေပြင်မှာ အသက်တွေရင်းပြီး ပြေးလွှားခဲ့ရတာတွေအတွက် တရားမျှတတဲ့ရလဒ်လိုအပ်ပါတယ်။ အကယ်၍ CDM ကျောင်းသားလူငယ်တွေရဲ့ ပညာရေးဟာ အခုလိုပဲ မီးပွိုင့်မှာဆက်လက်ရှိနေဦးမယ်ဆိုရင် ကျည်မကုန်ဘဲ လည်စင်းပေးရတဲ့ အနာဂတ်တွေဖြစ်သွားတော့မှာလား။ ကျောင်းသားထုအတွက် တိကျတဲ့ ပညာရေးအာမခံချက် အဖြေတစ်ခုရဖို့
"မီးပွိုင့်မိနေသော ပညာရေးလမ်းကြောင်းများ"
ဆိုတဲ့ စကားဝိုင်း တစ်ခုကို ကျွန်တော်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ကနေပြီး ယူဆောင်လာခဲ့ပါပြီ။
၂၀၂၄ခုနှစ်၊ မေလ ၂၄ရက်နေ့, မြန်မာစံတော်ချိန် ည ၇နာရီ zoom platform မှာ ပြုလုပ်မယ့် ဒီစကားဝိုင်းမှာတော့ Guest speaker အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မရန်ဂျာထွယ်ပန် မှ ပူးပေါင်းကူညီဆွေးနွေးပေးမှာဖြစ်တာကြောင့် စိတ်၀င်စားသူ CDM ကျောင်းသား/သူတွေတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တက်ရောက်လိုသူ ကျောင်းသားလူငယ် မိဘပြည်သူများအနေနဲ့ အောက်ပါ ဖောင်ကို ဖြည့်ပြီး Telegram Channel မှ တစ်ဆင့် Zoom link ကို ရယူနိုင်ပါတယ်။
Registration form - https://surveyheart.com/form/6648158da282384f840f44da
မှတ်ချက် - channel link ထဲဝင်မရချင်း၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက @MgKhant014 (Telegram acc) သို့ လာရောက်မေးမြန်းစုံစမ်း၍ အကူအညီတောင်းခံနိုင်ပါသည်။
#မီးပွိုင့်မိနေသောပညာရေးလမ်းကြောင်းများ
#BESYA