Basic Education Students & Youths Association - BESYA Central
1.86K subscribers
510 photos
17 videos
94 links
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ Official Telegram Channel ဖြစ်ပါသည်။
Download Telegram
Basic Education Students & Youths Association - BESYA Central
Photo
မိဘပြည်သူတို့ခင်ဗျား...

ရန်သူ စစ်ကောင်စီဘက်မှ ထုတ်ပြန်ခြိမ်း‌ခြောက်ကာ အတည်ပြုလိုက်သော စစ်မှုမထမ်းမနေရဥပဒေကိုအထူးကြောက်စရာမလိုပါပဲ လုပ်သင့်လုပ်ထိုက်တာကိုပဲ အဆုံးထိလုပ်ကြရမှာဖြစ်ပါတယ်။

" ပြည်သူ့တော်လှန်ရေးတပ်များမှ သင့်ကိုအလိုရှိနေပါသည် "

လက်နက်စွဲကိုင်တော်လှန်ရေးမှတပါး ရွေးရန်လမ်း ထပ်မရှိတော့သဖြင့် ပြည်သူ့တော်လှန်ရေးတပ်များကို ၀င်နိုင်သူများအား ၀င်ရောက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ မ၀င်‌ရောက်နိုင်ပါကလည်း 'များများလှူ' ကူကာရုန်း ပေးကြရန် လိုအပ်ပါတယ်။ တစ်ဖက်ဖက်အား အတည်တကျ ရွေးချယ်ဖို့လိုအပ်နေပါပြီ။ လာမည့်ဘေးအား ပြေးတွေ့သင့်ပါပြီ။

Recruitment ခေါ်နေသော တပ်များ👇🏻

မန္တလေး people defense force
https://www.facebook.com/share/p/kMpCH37n7YazZ92o/?mibextid=2JQ9oc

Burma People's Liberation Army https://www.facebook.com/share/p/mUeJoD9tBcesm1Ev/?mibextid=2JQ9oc

ကရင်နီ defense force ( KNDF ) https://www.facebook.com/share/p/VcNRBgfKGH63t7qQ/?mibextid=2JQ9oc

People Independence Army
https://www.facebook.com/share/p/4gqQVLKgEzgUdcYb/?mibextid=2JQ9oc

ကျောင်းသားလက်ရုံးတပ်တော် SAF
https://www.facebook.com/share/p/V7kMZzmL6xLHaZzp/?mibextid=2JQ9oc

Galon Column ဂဠုန်စစ်ကြောင်း
https://www.facebook.com/share/p/K31Z75RuYu3FsJhV/?mibextid=2JQ9oc

Red wolves of Mogok
https://www.facebook.com/100079682119366/posts/378832211449513/?app=fbl

ရန်ကုန်တိုင်းစစ်ဌာန (ပြည်သူ့ကာကွယ်ရေး တပ်မတော်)
https://www.facebook.com/share/Vq4NSkh8iH8xWbLf/?mibextid=2JQ9oc

မုံရွာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့
https://www.facebook.com/share/p/nXUCwdydhP7d5m2U/?mibextid=2JQ9oc

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု
(PRA-Magway)
https://www.facebook.com/100075665358623/posts/410611941470981/

ရှမ်းတောင် ၁၀၀၅ တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc

ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc

မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc

ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc

DOVE KK Medical Team
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc

MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc

MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc

နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ)
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw

မိုးကုတ်ဗျူဟာ
https://www.facebook.com/share/p/TedGhxyhLns4NSof/?mibextid=2JQ9oc

မှတ်ချက် - အခြားသော တပ်သားသစ်ခေါ်ယူနေသည့် တော်လှန်ရေးတပ်ဖွဲ့များ ရှိပါကလည်း comment boxတွင် ဖြည့်စွက် အကြံပြုနိုင်ပါသည်။

#BESYA

Original post - https://www.facebook.com/share/p/kpfUTfsQHKWTnGaA/?mibextid=2JQ9oc
"မီးဒုတ်စာစဥ် အတွဲ-၃ ၊ အမှတ်စဥ်-၁ ထွက်ပြီ"

( မီးဒုတ်စာစဥ် ထုတ်ဝေခြင်း ၂နှစ်ပြည့်အထိမ်းအမှတ် အထူးထုတ်ဝေသည်။ )
___

"အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)မှ ထုတ်ဝေသည်။"

မီးဒုတ်စာစဥ် အတွဲ (၃) ၊ အမှတ်စဥ် (၁) မှာတော့

_အယ်ဒီတာ့အာဘော်
လက်ထောက်အယ်ဒီတာ

ပြည်ထောင်စုအနှစ်သာရ ပျောက်ဆုံးခြင်း
_မောင်မိုးကောင်း

ကဗျာကဏ္ဍများမှာတော့ -
ငါတို့အသက်ရှင်နေသေးရဲ့လား
_သဒ္ဓါညို

အကြမ်းဖက်တာဘယ်သူလဲ
_နွေဦးအောင်မြင်

သစ္စာဖောက်တို့သွားရာလမ်း
_နွေဦးမောင်

ကွဲခဲ့ပြဲခဲ့ညတစ်ရာများ
_KH

အစရှိတဲ့ ကဗျာကောင်းများ၊ ဆောင်းပါးကောင်းများ၊ သတင်းတိုများကို စုံစုံလင်လင် ဖတ်ရှုရမှာဖြစ်ပါတယ်။

Ebook link - https://drive.google.com/file/d/1zHJSIg3cQlcgcJkxa6StkFRAB4q8X05m/view?usp=drivesdk

#မီးဒုတ်စာစဥ်
#အတွဲ၃အမှတ်စဥ်၁
#မီးဒုတ်စာစဉ်၂နှစ်ပြည့်အထူးထုတ်

https://www.facebook.com/100082951436247/posts/pfbid0tddNXG8n4X4CPrU57E1yHWrNHLgCeq4vTnTP3wTaF6EqprmBEc4AwieFYJR8LwuKl/
Media is too big
VIEW IN TELEGRAM
အထက(၁) သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ တင်ဆက်တဲ့ "လူငယ့်အသံ" အပိုင်း-၃

ဒီတစ်ပတ်မှာတော့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ရဲ့မြေပြင်ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုမိုးကောင်းမှ 💬 မြေပြင်သပိတ်တွေဟာ အခုအချိန်ထိ ဘာကြောင့်အရေးကြီးနေသေးတာလဲ
💬 မြေပြင်သပိတ်ပွဲ တစ်ပွဲအတွက်ဘဏ္ဍာ‌ရေးပိုင်းဆိုင်ရာ အကြောင်းအရာတချို့နဲ့အတူ ကိုမိုးကောင်းရဲ့မြေပြင်သပိတ်အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ် ။

#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#လူငယ့်အသံ
#BESYA

https://www.facebook.com/share/p/sqkawvrQqAgCs4G9/?mibextid=2JQ9oc
"ငါတို့စစ်တပ်ဟာ နိုင်ငံသူနိုင်ငံတွေကို ညှင်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။"

-‌ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၄၊ မတ်လ ၁၃

(ဗိုလ်ချုပ်အောင်ဆန်းသည် လွန်ခဲ့သော ၁၀၉နှစ်ဖြစ်သည့် ၁၉၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မွေးဖွားခဲ့ပြီး မြန်မာပြည်ကို နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရရန် ကြိုးပမ်းနေစဉ်ကာလအတွင်း ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် မသမာသူ လူတစု၏ လုပ်ကြံသတ်မှု‌ကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။)

#BESYA #GeneralAungSan #109th_birthday
"ရန်ကုန်မြို့တွင် ၂၂၂၂၂ လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မြေပြင်သပိတ်လှုပ်ရှားမှုပြုလုပ်"

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်၊ အကလ(မြေပြင်)

စစ်အာဏာရှင်တို့၏ နိုင်ငံတော်အပေါ် ရက်စက်ဖိနှိပ်မှုကို ထင်ဟပ်စေရန် "၂၂၂၂၂" လူထုလှုပ်ရှားမှု (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "နိုင်ငံတော်‌တွင် သွေးစွန်းနေသည်" ဟူသော စာသားပါ ဘန်နာကို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအဖြစ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ ရန်ကုန်မြို့ပြတနေရာတွင် ချိတ်ဆွဲခဲ့သည်။

#BESYA #နိုင်ငံတော်တွင်သွေးစွန်းနေသည် #မြေပြင်သပိတ်လှုပ်ရှားမှု
Media is too big
VIEW IN TELEGRAM
လူငယ့်အသံ အပိုင်း(၄)

ဒီတစ်ပတ်တော့ လူငယ်များကြားကိုလှုပ်ခတ်သွားစေတယ့် 'ပြည်သူ့စစ်မှုထမ်း'ဥပဒေအကြောင်းကို Rangoon Scout Network (RSN)ကိုရေဆန်ကနေ ဖြေကြားပေးထားပါတယ်
ဒီထဲမှာ ပါဝင်မယ့်အကြောင်းအရာများက
-ကိုရေဆန်ရဲ့စစ်မှုထမ်းဥပဒေအပေါ်အ‌တွေးနဲ့အမြင်

- ဒီလိုစစ်မှုထမ်းဥပေဒကြောင့်လူငယ်များလက်နက်ကိုင်လမ်းစဉ်ကိုပိုမိုရွေးချယ်ချယ်လာနိုင်တာကို အကြမ်းဖက်စ‌စ်ကောင်စီက မတွက်ချက်ခဲ့ဘူးလားဆိုတယ့်အကြောင်းအရာများကိုနားဆင်ရမှာဖြစ်ပါတယ်

#လူငယ့်အသံ
#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

https://www.facebook.com/share/v/yCQV16U7oU2eXoVv/?mibextid=oFDknk
"ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာ"

အကလ (ဗဟို) ၊ ရုံးဌာန၊ ရန်ကုန်မြို့
သဝဏ်လွှာအမှတ် - ၀၄/သဝဏ်လွှာ-အကလ/၂၀၂၄
၁၃၈၅ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ရက်
(၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်)

#ရေဘဝဲ #၃နှစ်ပြည့် #သဝဏ်လွှာ #BESYA
"အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး အခြေခံပညာကဏ္ဍ ကျောင်းသားအင်အားစုများ၏ သဘောထားအမြင်နှင့် အကြံပြုတိုက်တွန်းချက်"

ရက်စွဲ - ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်

#BESYA
"တော်လှန်မလား ကျွန်ခံမလား" စာသားပါ ကျောင်းသား/သူ အင်္ကျီများအား အကလ(မြေပြင်) မှချိတ်ဆွဲ

၂၀၂၄ ခုနှစ်၊ မတ်လ ၅ရက်
အကလ(မြေပြင်)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) မှ "တော်လှန်မလား ကျွန်ခံမလား" စာသားပါ ကျောင်းသား/သူ အင်္ကျီများအား အ.မ.က(၁၇) မရမ်းကုန်း ကျောင်း တွင် ချိတ်ဆွဲကာ ဆေးနီပတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် စစ်မှုထမ်းဥပဒေသည် အိမ်တံခါးဝ၊ ကျောင်းတံခါးဝထိပင်ရောက်ရှိလာပြီဖြစ်ပြီး ရွေးချယ်ရန်တစ်လမ်းတည်းသာကျန်ရှိခြင်း အဓိပ္ပါယ်ဖြင့် "တော်လှန်မလား ကျွန်ခံမလား" စာသားပါဝင်သော ကျောင်းအင်္ကျီများအားချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#တော်လှန်မလား_ကျွန်ခံမလား
ရန်ကုန်မြို့လယ်တစ်နေရာတွင် "မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ" ဆိုသောစာသားပါဘန်နာအားချိတ်ဆွဲ

ရန်ကုန်၊ မတ်၂၅၊ အကလ(မြေပြင်)

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ အစစ်အဆေးထူထပ်နေသော ရန်ကုန်မြို့လယ်တစ်နေရာတွင်

"မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ"

ဆိုသောစာသားပါ ဘန်နာအား စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် မတရားဥပဒေများအား သတိပြုတွန်းလှန်ရေးရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့ကြသည်။ အဆိုပါ ဘန်နာချိတ်လှုပ်ရှားမှုအား Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ကူညီအားဖြည့်ပေးခဲ့သည်။

#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#မတရားစစ်မှုထမ်းဥပဒေတော်လှန်ရေးနဲ့ဆန့်ကျင်ကြ
#YouthScoutForDemocracy
မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ရဲ့ လုပ်ငန်းဆောင်တာများနှင့်သတင်းများကို ဖတ်ရှူလေ့လာလို့ရမယ့် အကလ official website တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
ဒီ (www.besya.info)website ထဲမှာဆိုရင် အချိန်နဲ့တပြေးညီ သတင်းဖတ်ခြင်း၊ ဆောင်းပါးဖတ်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ထို့အပြင် premium member ဝင်ပြီး စာအုပ်များကိုလည်း လစဥ်လတိုင်း ဖတ်ရှူလို့ရနိုင်ပါတယ်။ Premium ၅မျိုးအထိရှိပြီး စျေးအလိုက်ပြန်ရမယ့် service တွေလည်းကွာခြားမှာဖြစ်ပါတယ်။ မြန်မာငွေ တစ်သောင်းကျပ် မှ တစ်သိန်းကျပ်အထိ မိမိတတ်နိုင်သလောက် premium ဝယ်နိုင်ပါတယ်။ အခြားနိုင်ငံတွေကလည်း pay pal / SDB / Binance တို့မှတစ်ဆင့် premium ဝင်လို့ရပါတယ်။
ထိုမှရရှိလာတဲ့ငွေကြေးများကိုလည်း အကလရဲ့မြေပြင်လှုပ်ရှားမှုများနှင့် အခြားလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာဖြစ်ပါတယ်။

Premium Service ကိုတော့ website ဝယ်ရန်နှင့် website နဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်တဲ့ထဲမှာအသေးစိတ် လေ့လာလို့ရပါတယ်။Premiumအကြောင်းအရာများကို https://t.me/ISD_BESYA အကလရဲ့ IT and Security Department မှာမေးမြန်းစုံစမ်းနိုင်ပါတယ်။
မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၂ ထွက်ပြီ။
_
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)မှထုတ်ဝေသည်။

မီးဒုတ်စာစဥ် အတွဲ ၃၊ အမှတ်စဥ် ၂ မှာတော့

အယ်ဒီတာ့အာဘော်
-အယ်ဒီတာချုပ်

တစ်ပါတီကြီးစိုးခြင်းသည်တော်လှန်ရေးအလွန်မြန်မာနိုင်ငံ၏ဖက်ဒရယ်ဒီမိုကရေစိီပြည်ထောင်စုတည်ဆောက်ရေးတွင်အဟန့်အတားဖြစ်စေပါသလား။
-နွမ်ခယ်ရီ

ပင်လုံကျိန်စာ
-စဝ်ခွန်နောင်

စစ်အစိုးရကိုအမှန်အကန်ဆန့်ကျင်သူတို့၏စစ်မှန်သောရည်မှန်းချက်
-စုမေရီအောင်

စတဲ့ဆောင်းပါးများအပြင်

ဒွာဝီဒီယံနှင့်မယ်သီတာပုံပြင်
-သူရိယစန္ဒာ

တော်လှန်မြေမှသံစဥ်များ
-သူရိယစန္ဒာ

မျှော်လင့်ခြင်းမျက်ဝန်းများ
-သုန္ဒြေနွေဦး

စတဲ့ကလောင်ရှင်အသီးသီးရဲ့ကဗျာများ၊သရော်စာများကိုပါစုံစုံလင်လင်ဖတ်ရှုရမှာဖြစ်ပါတယ်။

Ebook Link - https://drive.google.com/file/d/1Kg70BzR4GDETp_Y99RaA0dSwp-d0-zXz/view?usp=drivesdk

Website Link - https://www.besya.info/post/meedoket3p2

Facebook Link - https://www.facebook.com/share/p/b8usr7gaPs1NyjfS/?mibextid=CDWPTG

#မီးဒုတ်စာစဥ်
#အတွဲ၃အမှတ်စဥ်၂
#လစဥ်ထုတ်စာစဥ်
တော်လှန် ကျောင်းသားလူငယ်များအားလုံး မင်္ဂလာပါရှင်။ တော်လှန်ရေးအရှိန်အဟုန် ကြာမြင့်လာသည်နှင့်အမျှ မိမိတို့ ကျောင်းသားလူငယ်များရဲ့ ကာယစွမ်းအားဖြင့်သော်လည်းကောင်း၊ ဉာဏစွမ်းအားဖြင့်သော်လည်းကောင်း ပံ့ပိုးပေးတဲ့ အထောက်အပံ့တွေ လိုအပ်လျက်ရှိတယ်ဆိုတာကို မိမိတို့အသိပဲ ဖြစ်ပါလိမ့်မယ်။ ကျောင်းသားလူငယ်များအနေနဲ့ မိမိတို့အသီးသီးမှာ ရှိနှင့်ကြသော အမျိုးမျိုးသောစွမ်းအားများဖြင့် တော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှာ ပါဝင်နိုင်ရန် မိမိတို့ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကျောင်းသားလူငယ်တို့အား လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။

ကျောင်းသားလူငယ်တို့ အနေနှင့် အောက်တွင်ဖော်ပြထားသော ဒေသများအရ မိမိတို့ဒေသ သို့်မဟုတ်တည်း မိမိတို့ဒေသမဟုတ်သော်လည်း မိမိတို့ စိတ်ဝင်စားမိသော အခြားသောဒေသများရှိ အခြေခံပညာ ‌ကျောင်းသားလူငယ်များအစည်းအရုံး (အကလ) ၏ မြို့နယ် (အကလ) ၊ ‌ ကျောင်း (အကလ) များသို့ ဆက်သွယ်စုံစမ်းပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

"လူငယ့်အားဖြင့် နိုင်ငံသစ်တည်
အကလမှသည် ကျောင်းသားလူငယ်ထုဆီ"
အ.ထ.က(၂) မရမ်းကုန်းမြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100077551605864&mibextid=ZbWKwL

အ.ထ.က(၁) မရမ်းကုန်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100078632859006&mibextid=ZbWKwL

အ.ထ.က(၁) သင်္ဃန်းကျွန်းမြို့နယ် အ​ခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/profile.php?id=100076156673964&mibextid=ZbWKwL

အ.ထ.က(၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) - https://www.facebook.com/No2EastDagonBESYA?mibextid=ZbWKwL