10.6K subscribers
7.85K photos
160 videos
3.61K links
ဝယ်သုံးရတဲ့ ဖုန်း ဆော့ဝဲလ် တွေနဲ့ ကွန်ပြူတာဆော့ဝဲလ်တွေကို ရှာဖွေပေးနေတဲ့ Page ဖြစ်ပါတယ်။ဝင်ရှာရင်တောင် လုံးဝအရှုံးမရှိတဲ့ Channel
Download Telegram
ယခုဗားရှင်း 356.0.0.7.89 မှာဆိုရင် FB Lite က တကယ့် FB အစစ်ကြီးသုံးနေရသလို ခံစားချက်မျိုး ရှိပါတယ်။ ပြီးတော့ အရင်တုန်းက Watch ထဲဝင်ကြည့်ရင် ဗီဒီယိုတွေက ရပ်နေပြီး ကောမန့်လဲ ပေးလို့မရပါဘူး။ အခုကျတော့ ဗီဒီယိုတွေကြည့်ရတာလဲ ရှင်းလာတယ်။ အသုံးပြုရတဲ့ Feature ကလဲ ပိုမိုမြန်ဆန်လာတာကိုတွေ့ရတယ်ဗျ

FB Lite ထဲမှာ Messenger ကိုပါ ထည့်ထားပေးတာဖြစ်လို့ မက်ဆေ့ချ် ပို့ဖို့အတွက် မက်ဆင်ဂျာကြီးသွင်းနေစရာမလိုတော့ပါဘူးခင်ဗျာ။

နောက်တစ်ခု ဆော့ဝဲလ်ဆိုဒ်။ သူက ဖုန်းထဲမှာ 2 Mb လောက်သာနေရာယူပြီးတော့ လိုင်းဆွဲအားဆိုရင် 2G Network နဲ့တောင် အေးဆေးသုံးလို့ရပါတယ်။ ဒီတော့ Mb အစား သက်သာချက်က ပြောမနေနဲ့တော့ဗျာ။

တကယ်လို့ ကိုယ့်ဖုန်းက လုပ်ဆောင်ချက်တွေ အတော်လေး နိမ့်ပြီး ဖုန်းထစ်နေခဲ့ရင် FB အကြီးသုံးတာထက် ဒီ FB Lite က မိတ်ဆွေရဲ့ဖုန်းကို ပိုမို ပေါ့ပါးစေပါလိမ့်မယ်။

ဒီဗားရှင်းရဲ့ ကောင်းကျိုးကိုပြောရင် ပြီးမှမဟုတ်လို့ ဒီလောက်ပဲ မိတ်ဆက်ပေးပါရစေခင်ဗျာ။ နောက်လဲ ဗားရှင်းအသစ်တွေကျလာရင် စမ်းသပ်ပြီး ပြန်တင်ပေးပါ့မယ်ဗျ။ ကျနော့် မိတ်ဆွေများအားလုံး အဆင်ပြေကြပါစေခင်ဗျာ

လိုချင်သူများ ဒီလင့်ခ်မှာ ဒေါင်းယူနိုင်ပါတယ်
- https://bit.ly/41WFHGK
3
ကိုယ့်ဖုန်းထဲက Video တွေကို MP3 အဖြစ်ပြောင်းမလား ?

Mp3 တွေကို Ringtone အဖြစ် cut ပြီး ဖုန်းလာတဲ့အသံထားချင်တာလား ? သူ့မှာပါတဲ့ Ringtone ကိုပဲ ယူသုံးချင်လား?

ဒါမှမဟုတ် သီချင်းတွေကို Volume အသံမြှင့်တာတို့ Beat သံတိုးတာတို့ အစုံလုပ်လို့ရတဲ့ ဆော့ဝဲလ်လေးပါ။

တကယ်ကိုအသုံးဝင်တဲ့ဆော့ဝဲလ်လေးဖြစ်ပြီး သုံးရလဲလွယ်ကူတာမို့ အထူးမပြနေတော့ပါဘူးခင်ဗျာ။ အားလုံး အဆင်ပြေကြပါစေနော်။

ဆော့ဝဲလ်ကို ဒီမှာဒေါင်းပါ
- https://bit.ly/41VCXte
1👍1
Playstore နောက်ဆုံးUpdate
Playstore ဖုန်းမှာမပါလာတဲ့ သူတွေက ဒီမှာဒေါင်းပြီးတော့ Install လုပ် Gmail လေးသွင်းပြီးတာနဲ့ သုံးရုံပါပဲ။နောက်ဆုံးထွက် Version ဖြစ်တာကြောင့်ကိုယ့်မှာ PlayGoogle App မရှိဘူးဆိုရင် ဒေါင်းပြီးတော့ သုံးနိုင်ပါတယ်။
ဆော့ဝဲလ်ဒေါင်းယူရန်နှိပ်ပါ - https://bit.ly/43jouIq
-------------------------------------------------------------
မိတ်ဆွေတို့ ဖုန်းအခက်အခက်ပြဿနာတွေအတွက် ဒီ Groupမှာ မေးမြန်းထားနိုင်ပါတယ်
- https://www.facebook.com/groups/666840878537080
---------------------------------------------------------------
ဆော့ဝဲလ်အစုံအလင်ကိုလဲ ဒီ Telegram channel ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://t.me/bestmodsoftware
👍3😁21
နေအိမ်အတွင်း မရှိမဖြစ် သိထားသင့်တဲ့ လျှပ်စစ်ပစ္စည်းတွေ ၊ မီးသွယ် နည်းစနစ်တွေကို သေချာ အသေးစိပ် လေ့လာနိုင်စေဖို့အတွက် လျှပ်စစ်ပညာရှင်ဆိုတဲ့ ဆော့ဝဲလ်လေးကို ထုတ်ထားခဲ့ကြတာပါ။

ဒီဆော့ဝဲလ်ထဲမှာ ပါတဲ့ နည်းစနစ်တွေက EP ‌အင်ဂျင်နီယာကျောင်းမှာ သင်တဲ့ နည်းစနစ်တွေနဲ့ တော်တော်လေးကို ဆင်တူတာ တွေ့ရပါတယ်။ လျှပ်စစ် တွက်ပုံချက်ပုံနဲ့ မီးဆင် မီးရိုက် ၊ ခလုတ်သွယ်တန်းပုံ ၊ Ohm တွက်ချက်မှုတွေ နဲ့ လျှပ်စစ် ဖော်မျူလာ မျိုးစုံကို အားလုံးလေ့လာနိုင်ဖို့အတွက် ဆရာ့ ဆရာကြီးတွေက သေချာလေး ရှင်းလင်းထည့်သွင်းထားခဲ့ပါတယ်။

ဗဟုသုတလိုချင်တာပဲ ဖြစ်ဖြစ် ၊ သိချင်တတ်ချင်လို့ပဲ ဖြစ်ဖြစ် .. နေအိမ်အတွင်း လျှပ်စစ်ပညာကို တော့ အားလုံး လေ့လာသင့်တယ်လို့ ကျနော် ထင်ပါတယ် ခင်ဗျာ။ မိတ်ဆွေတို့ အတွက် အသုံးတည့်ပါစေလို့ မျှော်လင့်ရင်းဖြင့် ...

ဆော့ဝဲလ်ကို ဒီမှာ ဒေါင်းယူပါ ခင်ဗျာ
- https://bit.ly/3AtUg9r
👍8
ကိုယ်လက်ရှိကိုင်ထားတဲ့ ဖုန်းတစ်လုံးရဲ့အကြောင်းကို ကောင်းကောင်းသိချင်ရင် စိတ်ရှုပ်ခံပြီး Setting ထဲမှာ လိုက်ရှာကြည့်နေစရာမလိုတော့ပါဘူး။

ဒီဆော့ဝဲလ်လေးသာ သွင်းလိုက်ရင်ဖြင့် မိမိတို့လက်ရှိကိုင်ထားတဲ့ ဖုန်းမော်ဒယ်ကို အော်တိုရွေးပေးပြီး ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို တိုက်ရိုက် တင်ပြပေးပါလိမ့်မယ်

ကဲ ဒါဖြင့် ဒီဆော့ဝဲလ်ကိုသွင်းလိုက်ရင် ဘာတွေကောင်းကျိုးရှိမလဲ ?

- မိမိဖုန်းရဲ့ ဘယ်အစိတ်အပိုင်းချို့ယွင်းမှုရှိနေသလဲ စမ်းသပ်နိုင်မယ်။ ပြောရရင် Hard ware တွေကောင်းမေကောင်း စစ်ဆေးနိုင်မယ်ပေါ့ဗျာ

- ပြီးရင် ဖုန်း Storage, Ram , CPU , GPU , Sensors, Network , Screen Display အစရှိတဲ့ အရာတွေကို တစ်နေရာထဲ မြင်တွေ့ရမယ့်အပြင် ဖုန်းအပူချိန်နဲ့ ဘက်ထရီ အားသုံးစွဲမှုအခြေအနေတွေကိုလဲ တိုက်ရိုက် မြင်တွေ့ရမှာပါ။

- တစ်ခု ကျနော်အကြိုက်ဆုံးကတော့ ကိုယ့်ဖုန်းထဲမှာသွင်းထားတဲ့ ဆော့ဝဲလ်တွေရဲ့ ဗားရှင်းနဲ့ ဆိုဒ်ကို ပါ ဖော်ပြပြီး ဘယ်ဆော့ဝဲလ်က 62 bit , 34 bit ဆိုတာပါ ပြပေးတာနဲ့ Wedgets တွေပါ ပါဝင်နေတာပါပဲ

တစ်ချိန်ချိန် လိုအပ်လာခဲ့သည်များရှိသော် သတိရစွာနဲ့ ဒီမှာ လာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ

ဆော့ဝဲလ်ကို ဒီမှာ ဒေါင်းယူပါ
- https://bit.ly/3WCUmFZ
👍2