10.6K subscribers
7.85K photos
160 videos
3.61K links
ဝယ်သုံးရတဲ့ ဖုန်း ဆော့ဝဲလ် တွေနဲ့ ကွန်ပြူတာဆော့ဝဲလ်တွေကို ရှာဖွေပေးနေတဲ့ Page ဖြစ်ပါတယ်။ဝင်ရှာရင်တောင် လုံးဝအရှုံးမရှိတဲ့ Channel
Download Telegram
နေအိမ်အတွင်း မရှိမဖြစ် သိထားသင့်တဲ့ လျှပ်စစ်ပစ္စည်းတွေ ၊ မီးသွယ် နည်းစနစ်တွေကို သေချာ အသေးစိပ် လေ့လာနိုင်စေဖို့အတွက် လျှပ်စစ်ပညာရှင်ဆိုတဲ့ ဆော့ဝဲလ်လေးကို ထုတ်ထားခဲ့ကြတာပါ။

ဒီဆော့ဝဲလ်ထဲမှာ ပါတဲ့ နည်းစနစ်တွေက EP ‌အင်ဂျင်နီယာကျောင်းမှာ သင်တဲ့ နည်းစနစ်တွေနဲ့ တော်တော်လေးကို ဆင်တူတာ တွေ့ရပါတယ်။ လျှပ်စစ် တွက်ပုံချက်ပုံနဲ့ မီးဆင် မီးရိုက် ၊ ခလုတ်သွယ်တန်းပုံ ၊ Ohm တွက်ချက်မှုတွေ နဲ့ လျှပ်စစ် ဖော်မျူလာ မျိုးစုံကို အားလုံးလေ့လာနိုင်ဖို့အတွက် ဆရာ့ ဆရာကြီးတွေက သေချာလေး ရှင်းလင်းထည့်သွင်းထားခဲ့ပါတယ်။

ဗဟုသုတလိုချင်တာပဲ ဖြစ်ဖြစ် ၊ သိချင်တတ်ချင်လို့ပဲ ဖြစ်ဖြစ် .. နေအိမ်အတွင်း လျှပ်စစ်ပညာကို တော့ အားလုံး လေ့လာသင့်တယ်လို့ ကျနော် ထင်ပါတယ် ခင်ဗျာ။ မိတ်ဆွေတို့ အတွက် အသုံးတည့်ပါစေလို့ မျှော်လင့်ရင်းဖြင့် ...

ဆော့ဝဲလ်ကို ဒီမှာ ဒေါင်းယူပါ ခင်ဗျာ
- https://bit.ly/3AtUg9r
6👍2
မိုးလေဝသ အခြေအနေကို အချိန်နဲ့ တစ်ပြေးညီ သိရဖို့လိုနေတဲ့ မိတ်ဆွေတို့အတွက် လေတိုက်နှုန်းတွေ အပူချိန်တွေက အစ စက္ကန့်ပိုင်း မလပ်အောင် ပြသပေးမယ့် မိုးလေဝသ ရေဒါ‌ ဆော့ဝဲလ်လေးပါ။

ဘယ်လောက်ထိ ပြပေးသလဲဆိုရင် ‌နာရီချိန် အလိုက် ၊ နေ့ရက်အလိုက် ကအစ သပ်သပ်ရပ်ရပ် ပြထားပေးတဲ့အတွက် မိုးလေဝသ အကြောင်းမသိရင်တောင် ဆော့ဝဲလ်ထဲဝင်လိုက်တာနဲ့ အော်တို နားလည်သွားမှာပါ။

မနေ့ကတော့ မော်လမြိုင်မှာ လေတွေတိုက်ပြီး မိုးအနည်းငယ် ရွာသွန်းသွားတဲ့အတွက် အပူချိန်သင့်တင့်မျှတနေပြီး နေလို့ထိုင်လို့ ကောင်းတဲ့ အခြေအနေလေးပါ။ အားလုံးပဲ သာယာတဲ့နေ့လေးတစ်နေ့ ဖြစ်ကြပါစေ ခင်ဗျာ

ဆော့ဝဲလ်ကို ဒီမှာဒေါင်းယူပါ
- https://bit.ly/3NpHtMK
8👍3
ဖုန်း Screen ကို နှစ်ချက် တို့လိုက်ရုံနဲ့ ဖုန်း အပိတ်အဖွင့် လုပ်ပေးမယ့်ဆော့ဝဲလ်

တစ်ချို့ဖုန်းတွေက ဒီလို စနစ်မျိုး မပါတဲ့အတွက် ဖုန်းကို ခလုတ်ကနေပဲ ပိတ်ရင်း အချိန်တွေကြာလာတဲ့အခါ ပါဝါခလုတ်များ ချို့ယွင်းပျက်စီးလာပါတယ်။

ဒီအတွက်ကြောင့် ဒီဆော့ဝဲလ်လေးကို သုံးကြပါတယ်။

အသုံးပြုချင်သူများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်
- https://bit.ly/3LBaYtJ
👍71👎1