ဘာတင်တင် အညွှန်း
39.8K subscribers
2.27K photos
872 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
The Copenhagen Test (2025)

Review
https://t.me/bartintin9/5359
https://t.me/bartintin9/5359

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇
t.me/ANyaZ_Cinema

#crd_org_owner
Percy Jackson and the Olympians (2023-2025) Season 1-2

Season 2 Update

Review
👇👇📝
https://t.me/bartintin9/5045
https://t.me/bartintin9/5045

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇
t.me/ANyaZ_Cinema

#crd_org_owner
The Family Man (2019 to 2025) Season [1 and 3]

Season 3 update

Review
https://t.me/bartintin9/5118
https://t.me/bartintin9/5118

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇
t.me/ANyaZ_Cinema

#crd_org_owner
The Assassin (2025)

Review
https://t.me/bartintin9/5342
https://t.me/bartintin9/5342

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇
t.me/ANyaZ_Cinema

#crd_org_owner
The War Between the Land and the Sea (2025)
===============================

BBC ကရိုက်တဲ့ဇာတ်လမ်းတွေဆိုရင်‌ Netflix နဲ့မတူဘဲ သေချာထိထိမိမိရှိပြီး စိတ်ဝင်စားဖို့ကောင်းတာများတယ်..ဒီဇာတ်လမ်းဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ လူသားတွေမပေါ်ခင်ထဲက ရှိခဲ့တဲ့ မျိုးနွယ်စုနဲ့ လက်ရှိခေတ်လူသားတွေရဲ့ကြားက ပဌိပက္ခဖြစ်ပွားပိုံကို ရိုက်ကူးထားပါတယ်..

ဟိုမိုအက်ကွာလို့ခေါ်တဲ့ မျိုးနွယ်စုဟာရေနေမျိုးနွယ်စုဖြစ်ပြီး နှစ်သန်းပေါင်းများစွာထဲက ရှိခဲ့တာပါ..ကမ္ဘာကြီးက ကုန်းမြေတိုက်ကြီးတွေ ခွဲထွက်လာတဲ့အချိန် လူသားတွေပေါ်လာတဲ့အခါမှာသူတို့မျိုးနွယ်စုဟာ သမုဒ္ဒရာကြမ်းပြင်မှာပိတ်ခံလိုက်ရပြီး ဆောင်းခိုနေရပါတယ်..

ဒါပေမဲ့ ယနေ့ခေတ်ရောက်လာတော့ လူသားတွေရဲ့ ရေညစ်ညမ်းမှုနဲ့ ပင်လယ်သမုဒ္ဒရာကို ဖျက်စီးမှုတွေကြောင့် ပင်လယ်အောက်ကနေ ပြန်ပေါ်လာပြီး လူသားတွေနဲ့ စစ်ခင်းဖို့အကြောင်းတည်လာပါတော့တယ်..စစ်မဖြစ်ခင် လူသားကမ္ဘာကို ဟိုမိုအက်ကွာတွေရဲ့ သံအမတ်ကိုခေါ်ပြီးညှိနှိုင်းဖို့ ပြင်ဆင်ထားပေမဲ့ လူသားမျိုးနွယ်ထဲမှာ သူတို့ကိုယ်စားလှယ်အနေနဲ့ စကားပြောချင်တာက လူတစ်ယောက်ပဲရှိပါတယ်..

ဘာကလေလို့ခေါ်တဲ့ အစိုးရရုံးဝန်ထမ်းလေးပါ...မိန်းမနဲ့ကွဲထားပြီး ဘဝကိုဖြစ်သလိုဖျက်သန်းနေတဲ့ ဘာကလေဟာ ရေအောက်အသိဉာဏ်ရှိသတ္တဝါတွေက သူ့ကိုဘာကြောင့်ရွေးချယ်ပြီးဆွေးနွေးချင်တာလဲ..?ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ ကံကြမ္ဘာသူ့အပေါ်မူတည်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြတ်သန်း သွားရမလဲ ကြည့်ရမှုရမယ့် British ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်..
4
The Family Man (2019 to 2025) Season [1 and 3]

Season 3 update

Review
https://t.me/bartintin9/5118
https://t.me/bartintin9/5118

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇
t.me/ANyaZ_Cinema

#crd_org_owner
Forwarded from 𝓨ù 𝓃αℕ𝒹αℝ🎀
The War Between the Land and the Sea (2025)
=============================

အညွှန်းဖတ်ရန်

Member ဝင်ဖို့ဆက်သွယ်ရန်
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
http://t.me/YuNanDar_ADM
Avicii – I’m Tim (2024)

IMDB – 7.9/10

EDM လောကမှာ Avicii ဆိုတာ မသိသူရှားပါတယ်။
EDM နားမထောင်လည်း သူ့ သီချင်းတွေကို ကြားဖူးနေကြမယ်ဆိုတာလည်း သေချာပါတယ်
Wake Me Up တို့ The Nights တို့ Waiting for Love တို့ စသဖြင့် အများကြီးပါ။
Avicii ဆိုတာ အဓိပ္ပာယ်အပြည့် သီချင်းကောင်းတွေနဲ့အတူ ချန်ရစ်ပြီး
စောစောစီးစီး အရွယ်ကောင်းနဲ့ ကြွေလွင့်ခဲ့ရတဲ့ အနုပညာသမားကောင်းတစ်ယောက်ပါ။
၂၀၁၇ ခုနှစ်မှာတုန်းကလည်း သူ့အကြောင်း Documentary တစ်ကား ထွက်ခဲ့ပါသေးတယ်။ဒီကားမှာတော့ ငယ်ဘဝတုန်းက မှတ်တမ်းတွေရော မိတ်ဆွေတွေရဲ့ အမှတ်တရတွေကို ပြန်ပြောပြ
ဇာတ်ဖော်ထားပြီး အစုံအလင်ပါဝင်ထားပြီး ပိုပြီး ပြည့်စုံစေတယ်လို့ မြင်မိပါတယ်။
ငယ်ရွယ်စဉ်ဘဝမှာ EDM ကို ဘယ်လိုထိတွေ့ခဲ့ပြီး ဘယ်လိုမျိုး စလုပ်ဖြစ်ခဲ့တာတွေ။
ဘယ်လိုမျိုး အောင်မြင်ခဲ့တာတွေ။ အောင်မြင်လာတဲ့အလျောက် ဘယ်လိုမျိုး ဆိုးကျိုးတွေကို ခံစားရပြီး
ဘာဖြစ်ခဲ့သလဲဆိုတာကို တင်ဆက်ထားတာပါ။ Tiesto တို့ Alesso တို့ David Guetta တို့
Coldplay အဆိုတော် Christ Martin တို့ စသဖြင့် နာမည်ကျော်တွေလည်း ပါဝင်ထားတာကို မြင်ရပါဦးမယ်။
Avicii ဆိုတာ ထာဝရတည်တံ့စေမယ့် သီချင်းတွေ ဖန်တီးချင်တယ်တဲ့
တကယ်လည်း လူသေသွားခဲ့ပေမဲ့ သီချင်းတွေက ခုထိရှင်ကျန်နေဆဲ ဖြစ်ပါတယ်။ကျွန်တော်က EDM သမားတစ်ယောက်ပါ ကျွန်တော့်အတွက် ဘဝမှာ အနှမြောဆုံးတစ်ခု
ပြောရမယ်ဆိုရင် Avicii ကို အပြင်မှာ Liveset မကြည့်ခဲ့လိုက်ရတာပါပဲ။
အခုချိန်ထိ တချို့ EDM သီချင်းတွေ နားထောင်မိလို့ သူတီးခဲ့တာလေးတွေနဲ့ ဆင်နေရင်
ဒါက Avicii စတိုင်ပါလားဆိုပြီး ဒီလောကမှာ ပြောစမတ်တွင်ရလောက်အောင် သမိုင်းချန်ထားခဲ့သူပါ။
အဲဒါကလည်း သူ America မှာ ဒီ Folk, Rock, Blue ဆန်ဆန်လေးတွေနဲ့ House ကို
တွဲလုပ်လိုက်တာက ပိုပြီး ထူးခြားသွားစေတယ် ပြောရမယ်။ သူ့အနေနဲ့ True ရယ် Stories ရယ်
Tim ရယ် Album ၃ ခွေထွက်ခဲ့ပြီး နောက်ဆုံးခွေ Tim ကတော့ သူ ဆုံးပြီးမှ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။သူ့ သီချင်းတွေအနေနဲ့ ကျွန်တော်က အကုန်လုံးနီးပါး ကြိုက်တယ်ဆိုပေမဲ့ လူသိပ်မသိတဲ့ Stories ခွေထဲက City Lights ရယ်
Can’t Catch Me ဆိုတဲ့ အပုဒ်လေးကတော့ မှတ်မှတ်ရရပါပဲ။ ဒီ ရုပ်ရှင်လေးထဲမှာဆို
True Album ကို ထူးထူးခြားခြား Ultra ပွဲကြီးမှာ Debut လုပ်ခဲ့တာတွေ၊
သီချင်းတွေ ဖန်တီးမှုရဲ့နောက်ကွယ်က မှတ်တမ်းတွေ ကြည့်ရတာ တကယ်ကို Nostalgia ဖြစ်ပါတယ်။အောင်မြင်လာတဲ့ Avicii တစ်ယောက် သူ့အတွက် မအောင်မြင်ခင်က ပိုပျော်ရွှင်ရတယ်ဆိုပြီး ဖြစ်လာတယ်၊
အောင်မြင်မှုနောက်က ငွေကြေးတွေ မကြိုက်တော့ဘူး လွတ်လပ်မှုကို ရှာဖွေချင်တယ်ဆိုပြီး အိုမန်နိုင်ငံမှာ
ကိုယ့်ကိုကိုယ် ဖန်ခွဲစနဲ့ အဆုံးစီရင်သွားရလောက်အောင် သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မလဲဆိုတော့ သူကိုယ်တိုင်ပဲ သိမှာပါ။အနုပညာတွေကိုပဲ လွတ်လပ်စွာဖန်တီးချင်တဲ့လူတစ်ယောက်က ကတိကဝတ်တွေ Deadline တွေ လူပိန်းကြိုက်
လုပ်ရတာတွေ အောင်မြင်မှုတွေ ငွေကြေးတွေ ကြိုးကိုင်မှုတွေရဲ့အောက်မှာ နေရတာ မွန်းကျပ်လာပြီး
အားရပါးရ ဖွင့်ထုတ်လိုက်တယ်လို့ မြင်မိပါတယ်။ ဘယ်လိုနေနေပါ သူ မရှိတော့ပေမဲ့
သူ့ သီချင်းတွေကတော့ သူပြောခဲ့သလို ထာဝရတည်မြဲနေပြီး
ခုထိ အောက်မေ့အမှတ်ရနေဆဲပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။
1😭1
2005 ခုနှစ်ကိုရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ဆွံ့အနားမကြားခလေးတွေအပေါ် အဓ္ဓမပြုကျင့်မှု ရုံတင်ပီး ကိုရီးယားတနိုင်ငံလုံး အုံကြွမှုဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား…

Silenced (2011)
============

ခုတင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ ရုံတင်ပြီးချိန်ကိုရီးယားပြည်သူတရပ်လုံးကိုဆူပူအုံကြွလာစေတဲ့ ဇာတ်ကားတကားပါ…

ဇာတ်လမ်းအကျဉ်းကတော့ ဆွံ့အနားမကြားကျောင်းတခုမှာနှစ်ရှည်ကာလကြာရှည်စွာ မုဒိန်းကျင့် အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသားကျောင်းသူတွေဟာ အဲ့ဒီကိုပြောင်းလားတဲ့ဆရာတယောက်အကူအညီနဲ့အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာတချို့ကိုတရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တာဖြစ်ပါတယ်…

သိူ့သော် တရားခံတွေဟာ ငွေကြေးပြည့်စုံ အာဏာရှိတဲ့သူတွေဖြစ်တာကြောင့်ထိုက်သင့်တဲ့ ပြစ်ဒဏ်မရခဲ့ပါဘူး။ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ကားတကားပါ။ ဒီဇာတ်ကားကြောင့် ဆွံ့အနားမကြားကျောင်းသူတွေမတရားခံနေရတာကို တနိုင်ငံလုံးသိသွားကြပြီး တရားသေလွှတ်လိုက်တဲ့တရားခံကိုပြန်စစ်ဆေးစီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ထိုးတောငိးဆိူတာတွေရှိလာပါတယ်။နဂိုတရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင်တရားခံဆယိယောက်အထိ ဖမ်းဆီရမိခဲ့ပါတယ်။သက်ငယ်မုဒိန်းဥပဒေကိုလညိးပြန်လည်းပြင်ဆင်ခဲ့ကြပါတယ်…

#CRD