ဘာတင်တင် အညွှန်း
39.8K subscribers
2.28K photos
876 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
A Place Called Silence (2024)

CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်...
အမှန်တရားက တူတစ်ချောင်းလိုပဲ...
ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့...

ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့...
ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့...
ဟုတ်ပါတယ်... ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ
ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ...

ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ
အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့...
ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့
ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့...
ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ..
ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ...
ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို
လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ...

တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ
စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်...
နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ...

ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား...
တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ...
နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ...

#crd_org_owner
7👍3
Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း”

Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော
အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို
ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ
ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။

ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ
လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့
ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။

လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။
ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့
ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး
ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။

#crd_org_owner
👍52
Gharat Ganpati 2024 ဂါရတ်စံအိမ်ရဲ့ချွေးမလောင်း

ဂါရတ်မိသားစုက အရှင်ဂါနေ့ရှ်ပူဇော်ပွဲကို ကျင်းပလာခဲ့တာ
အခုဆို 124 နှစ်တိုင်ခဲ့ပြီပေါ့။ ရိုးရာကိုအလေးထားတဲ့
ရှေးရိုးစွဲမိသားစုပီပီ အခုခေတ်ရဲ့အယူအဆတွေကိုလည်း သိပ်လက်မခံကြပါဘူး။

ဒီလိုနဲ့ တစ်ပတ်လုံးကျင်းပရတဲ့ ဂါနေ့ရှ်ပွဲတော်နေ့ ရောက်လာချိန်မှာတော့
ဂါရတ်မိသားစုကြီးရဲ့ သားဖြစ်သူ ကီတန်တစ်ယောက် ကောင်မလေးတစ်ယောက်ကို
ခေါ်လာပြီးတော့ အိမ်ကိုရောက်ချလာပြီး စပရိုက်စ်တိုက်ပါတော့တယ်။

အမှန်တော့ ဒီကောင်မလေး ကရီတီက ကီတန်နဲ့ အတူနေချစ်သူဖြစ်ပြီး တွဲနေတာ နှစ်နှစ်ကျော်နေပါပြီ။
ဒါပေမဲ့ ရှေးဆန်လွန်းတဲ့ မိသားစုကဆင်းသက်လာတဲ့သူပီပီ ကရီတီနဲ့သူ့ရဲ့ ပတ်သက်မှုကို
လက်မခံနိုင်မှာစိုးတဲ့ကီတန်တစ်ယောက် ကရီတီကို သူငယ်ချင်းအနေနဲ့ပဲ
မိတ်ဆက်ပေးပြီး မိသားစုထဲက လူကြီးတွေရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့ကြံပါတော့တယ်။

ဒါပေမဲ့ မိသားစုဝင်တွေကလည်း ကရီတီနဲ့ကီတန်ရဲ့ ဆက်ဆံရေးကို သေချာမသိပေမဲ့ သံသယဝင်နေကြတဲ့အခါမှာတော့.....

#crd_org_owner
👍21
Saala (2024) "ဆာလာ"

တမီလ်နာဒူပြည်နယ်မှာ အရက်ကိုတားမြစ်ထားပေမဲ့
၁၉၇၁စီးပွားရေးပျက်ကပ်ကြောင့်
အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။

၁၉၈၃ခုနစ်မှာ အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး အစိုးရကနေ လူတစ်ဦးချင်းစီအတွက်
အရက်ဆိုင်လိုင်စင်တွေကို လေလံတင်ရောင်းချပေးခဲ့တယ်။
နိုင်ငံရေးသမားတွေနဲ့ ဩဇာညောင်းတဲ့လူတွေက လေလံတွေကို လက်ဝါးကြီးအုပ်ပြီး
အရက်ဆိုင်တွေကို ထိန်းချုပ်ထားခဲ့ကြတယ်။

ပါဗသီဘားဆိုတဲ့ အရက်ဆိုင်ကိုတော့ ဂူနာတစ်ယောက်တည်းကပဲ ခုနစ်နှစ်တိုင်အောင်
လေလံအောင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဒါကိုမနာလိုတဲ့ သန်ဂါဒူရိုင်တို့ တူကြီးနှစ်ယောက်က
ပါဗသီဘားကို သူတို့အပိုင်ဖြစ်ဖို့ကြိုးစားကြပါတယ်။

ဒီမှာပဲ ရန်ပွဲတွေဖြစ်ကြတဲ့အချိန် ဂူနာ့အသက်ကို မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်တဲ့ ဆာလာက
ဝင်ကယ်ရာကစ ဆာလာ့ကို ဂူနာက ညီငယ်သဖွယ် ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်။
ဒီကနေစလိုက်တဲ့ရန်ငြိုးက ဆာလာအရွယ်ရောက်လာချိန်ထိ တမြေ့မြေ့တောက်လောင်လာခဲ့ချိန်မှာတော့။

#crd_org_owner
1
Pechi (2024)
"တောကြီးမျက်မည်း"

IMDb 8.4

အသစ်ထွက်ရှိထားတဲ့ တမီးလ် သဘာဝလွန် horror ရုပ်ရှင်​လေးပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအစမှာ စုံတွဲနှစ်ဦးက တောထဲကို
ခရီးထွက်လာတာနဲ့ စတင်ထားပါတယ်
အုံ့မှိုင်းမှိုင်းရှိတဲ့ တောထဲမှာ ခေတ္တစခန်းချဖို့
ယောကျ်ားလုပ်သူက ထင်းသွားရှာပါတယ်

အဲဒီမှာပဲ ထူးထူးဆန်းဆန်း ခက်ရင်းခွတစ်ချောင်းကိုတွေ့ပြီး
သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်တဲ့တစ်ခါမှာ
ထူးဆန်းစွာနဲ့ စုန်းအရုပ်တစ်ရုပ်ထွက်လာပါတယ်

ကြောက်အားလန့်အားလှမ်းအော်ပေမယ့် အသံထွက်လို့မရတော့ဘဲ
နှစ်ယောက်လုံး နိဂုံးချုပ်သွားတဲ့ နောက်မှာ တစ်ခါထပ်ပြီး ...

လူငယ်တစ်စုက သစ်တောစောင့် မာရီကို ဂိုက်ငှားကာ အဲဒီတောထဲကို
သွားကြတဲ့အခါ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေ ကြုံရဦးမှာလဲ
သစ်တောထဲမှာ ဘယ်လိုစွမ်းအားတွေ ရှိနေမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး

#crd_org_owner
👍32
[18+] Pilya (2024)

ဂျူးလ်စ်ဆိုတဲ့ကျောင်းသူလေးဟာ အပျိုဖော်ဝင်စကောင်မလေးဖြစ်ပြီးသူ့အတွယ်တာရဆုံးသူကတော့ သူငယ်ချင်းဖြစ်သူ ဒါလီယာဖြစ်ပါတယ်။
တစ်နေ့တော့ သူတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူအသစ်ဖြစ်တဲ့နက်ဆာဆိုတဲ့ဆတ်ဆလူးမလေးတစ်ယောက်နဲ့ ဒါလီယာတို့ဟာ အကျင့်တူစရိုက်တူအဖွဲ့ကျသွားကြရင်းဂျူးလ်စ်တစ်ယောက်ဘေးရောက်စပြုလာပါတယ်။ဒီလိုနဲ့ သူ့သူငယ်ချင်း သူ့ဘက်ဆီပြန်ရောက်လာဖို့အတွက်ကြံရာမရဖြစ်နေတဲ့ ဂျူးလ်စ်ဟာ မဆိုင်သူတွေပါထိခိုက်သွားစေမယ့် ကောလဟာလတစ်ခုကိုဖန်တီးမိပါတော့တယ်။အဲ့ဒါကတော့ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့စိတ်ကူးယဉ်မင်းသားလေးဖြစ်တဲ့ သူတို့ဆရာတစ်ဦးနဲ့သူတို့သုံးယောက်လုံးဟာ တိတ်တိတ်ပုန်းဇာတ်လမ်းဖြစ်နေတယ်ဆိုတာပါပဲ။စိတ်ကူးယဉ်တတ်တဲ့ဆယ်ကျော်သက်လေးတွေရဲ့ဇာတ်ကို စိတ်ကူးယဉ်ဇာတ်ဝင်ခန်းပေါင်းများစွာနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။

#crd_org_owner
👍41
Parshawan 2024 (ညီအစ်ကို ချစ်သံယောဇဉ်)

ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီး
အရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့
ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက်
စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်း
မရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီး
အစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက်
အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။

အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့
အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ
မရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူက
မီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။

အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ .......
ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား ......
ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့
သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား .....
ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

#crd_org_owner
2👍1
Rode College (2024)ဇာတ်ကားသစ်
”ရိုဒီကောလိပ်”

ပန်ချာပီစကားပြော အက်ရှင်ရုပ်ရှင်ကောင်းတစ်ခုကို
ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ရိုဒီကောလိပ်ဆိုတာကတော့ ပန်ဂျပ်ပြည်နယ်ရဲ့ အဝေးပြေးကားလမ်းမဘေးမှာရှိတဲ့
သက်တမ်းရင့် ကောလိပ်ကြီးတစ်ခုပဲဖြစ်ပါတယ်။
အဲဒီကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ
အကောင်ကြီးကြီး နိင်ငံရေးသမားတွေရဲ့ ကာဗာရှိတဲ့ မိုက်ရိုင်းဆိုးသွမ်းကျောင်းသားတွေပါ။
ကောလိပ်နားက လမ်းမပေါ်က ဖြတ်သွားဖြတ်လာ ခရီးသွားကားတွေကို
ကြုံရာအုတ်ခဲနဲ့ ဘလိုင်းကြီးပေါက်ပြီး အုတ်စုလိုက်ဝိုင်းရိုက် ဆဲဆိုတဲ့ထိ မိုက်ရိုင်း ဆိုးသွမ်းကြသူတွေပါ။
ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ပြည့်နေတဲ့ ကျောင်းကြီးထဲကို ကျောင်းသားသစ်တစ်ယောက်
ရောက်လာချိန်ကစပြီး ပြောင်းလဲမှုတွ တဖြည်းဖြည်းဖြစ်လာပုံကို
ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာပဲဖြစ်ပါတယ်…

#crd_org_owner
1
Land Of Happiness (2024)

ကိုရီးယားသမိုင်းကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ "Land Of Happiness" မှာဆိုရင် တနေ့ကမှ ထွက်ရှိထားတဲ့ "Pilot" movie ထဲက လေယာဥ်မယ်မဟုတ်တဲ့လေယာဥ်မယ်လေးဂျောင်အူ (Cho Jung-Seok) နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Lee Sun Kyun (Park Tae Joo) တို့က အဓိက ပါဝင်ထားပါတယ်။

1979 ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ရဲ့ သမ္မတ ပတ်ချုံဟီး လံကျုပ်ခံရမှုဟာ ကိုရီးယား တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။

ရှေ့နေ Jung In Hoo ဟာ သမ္မတ လံကျုပ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သတ်ခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေး အေဂျင်စီရဲ့ အတွင်းရေးမှုးချုပ် Park Tae-joo ကို ခုခံကာကွယ်ပေးရင်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး နိုင်ငံရေးဆိုင်ရာ တရားခွင်ထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။

အဖြစ်မှန်ကို ဖော်ထုတ်ကြရင်း ဘယ်လိုအကြောင်းအရာတွေနဲ့ တွေ့ကြုံလာရမလဲဆိုတာ ???

In-hoo ကရော Tae-ju ကို ကယ်တင်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ပါ့မလား .....
တရားရုံးရဲ့ စီရင်ချက်တွေက တကယ်ရော တရားမျှတမှုရှိပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

#crd_org_owner
4👍4
Hounds of War (2024)

အမေရိကန်နိုင်ငံရဲ့ စစ်ရေးပိုင်းလူကြီးတွေဟာ နိုင်ငံရေးလံကျုပ်မှုတွေကိုလုပ်ဖို့လိုအပ်လာတဲ့အခါ ကြေးစားအဖွဲ့တွေကို တရားမဝင်တာဝန်ပေးအပ်ပြီး လံကျုပ်ခိုင်းတတ်ကြပါတယ်

ရိုင်ဒါနဲ့ သူ့ရဲ့ကြေးစားအဖွဲ့ဟာ အငြိမ်းစားမယူခင် နောက်ဆုံးအကြိမ်အနေနဲ့ လစ်ဗျားခေါင်းဆောင် ကာလစ်ကို လံကျုပ်ဖို့ တာဝန်လက်ခံခဲ့ကြပါတယ် ဒါပေမဲ့ စစ်ဆင်ရေးဟာ သူတို့ထင်ထားသလိုဖြစ်မလာခဲ့ပဲ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးပရိယာယ်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့တဲ့အခါမှာ ရိုင်ဒါအနေနဲ့ သမ္မတနဲ့ အုပ်ချုပ်သူတွေကို ဘယ်လိုတွေ လက်စားချေသွားမလဲဆိုတာ ကြည့်ရှူသွားရမှာဖြစ်ပါတယ်

#crd_org_owner
2
Long Gone Heroes (2024)

အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက်

စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့

ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ

IMDb Rating 5.7 အထိရရှိထားပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy's တို့ The Hunger

Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့

Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့

အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး

သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ

ဖြစ်ပါတယ်။

ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက်

ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး

ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင်

မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့

အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး

ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့်

ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး

တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို

စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ

ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။

အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို

သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ်

တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့

ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

#crd_org_owner
👍42
Happy End (2021)

Review
https://t.me/bartintin9/489
https://t.me/bartintin9/489

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍1
Strangers (2024)
 
ဒီဇာတ်ကားလေးကတော့ Crime Thriller Genre အမျိုးအစားဖြစ်ပြီးတော့

Director Tony Dean Smith ရိုက်ကူးထားကာ အဓိကသရုပ်ဆောင်တွေအဖြစ်
Sienna Guillory, Jon Voight, Jamie Bamber တို့က ပါဝင်သရုပ်ဆောင်
ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Laura ဟာ အိမ်တွင်းတိုက်ခိုက်မှုနဲ့
ကြုံတွေ့နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့
ကြေးစားသမားတစ်ယောက်ဖြစ်တဲ့ Sky နဲ့ အမှတ်မထင်တွေ့သွားပါတယ်။
Sky ရဲ့အကြံပေးချက်နဲ့အတိုင်း Laura ဟာ သူ့ယောကျ်ားကိုစတေးပြီးတော့ Sky
နောက်ကိုလိုက်သွားပါတယ်။ အဲဒီဘဝအသစ်ထဲမှာ Laura နေနိုင်ပါ့မလား၊
သူ့ဆုံးဖြတ်ချက်ကရော မှန်ကန်ရဲ့လား၊ Sky ရဲ့ကြေးစားသမားဘဝက
Laura နဲ့ ကိုက်ညီမှုရှိရဲ့လား၊ Sky ရဲ့ တကယ့်ရည်ရွယ်ချက်ကရောဘာလဲဆိုတဲ့
မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ကြရမှာပါ။
ဇာတ်လမ်းအသွားက သပ်ရပ်ပြီးတော့ မထင်မှတ်ထားတဲ့ Plot Twist တွေ
အများကြီးနဲ့ ဇာတ်လမ်းအစကနေ ဆုံးတဲ့အထိ ခံစားမှုရသပေါင်းစုံကို
ပေးစွမ်းပြီးတော့ ကြည့်ရှုသူတွေရဲ့စိတ်ကို ကစားနိုင်တဲ့ဇာတ်ကားတစ်ကား
ဖြစ်ပါတယ်။
 
#crd_org_owner
👍42
Secret Invasion (2023)

IMDb 8.6/10

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
*

နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

#crd_org_owner
👍21
The Mask of Shura of Fire Cloud (2020)

ဒီတစ်ခေါက်မှာတော့ကိုယ်ခံပညာအသားပေးကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
ဇာတ်လမ်းလေးကတော့ တော်လှန်ရေးခေတ်အပြီးကာလကို အခြေခံထားပြီး...
သဘာဝလွန်ဇာတ်ကားလေးလို့ ဆိုရမှာပေါ့...
ဖီးနစ်ငှက်ရဲ့ မီးတောက်အတွင်းအား အကူအညီနဲ့ ဘဘာဝလွန်စွမ်းအားတွေနဲ့
မြို့ကို ကာကွယ်ဖို့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ လော့ရှားမိသားစုရယ်...
ရှူရာမျက်နှာဖုံးဆိုတဲ့ လောကကို ဖျက်စီးဖို့ ကြိုးစားတဲ့ မိစ္ဆာကို ပိတ်လှောင်ထားတဲ့ မျက်နှာဖုံးရယ်...

ကိုယ်ခံပညာထက်မြက်ပြီး နေရာတိုင်းမှာ သူရဲကောင်းလုပ်ချင်နေတဲ့
ကိုယ့်ကိုယ်ကို မီးတောက်မိစ္ဆာလေးလို့ ခေါ်နေတဲ့ လော့ရှားမိသားစုက သခင်လေးရယ်...

မီးတောက်မိစ္ဆာလေးက နာမည်နဲ့လိုက်အောင် မီးအတွင်းအား ထက်မြက်ပြီး
မြို့ထဲမှာ ကာကွယ်စရိတ်တောင်းနေတဲ့ လူရမ်းကားအဖွဲ့ကို အမြဲ ပြည်သူတွေရှေ့ကနေ ကာကွယ်တတ်တယ်...
ဒါပေမယ့် ရန်ကို ရန်နဲ့ တုံ့ပြန်တတ်တာလေးက အားနည်းချက်လိုဖြစ်နေတာ...
သူ့ညီလေးကတော့ သူနဲ့မတူဘူး ရိုးရိုးအေးအေးနဲ့ ကိုယ်ခံပညာလည်း သူ့လောက် မတတ်ဘူး...
ဒါပေမယ့် တစ်သက်လုံး ကာကွယ်ပေးမယ့် အစ်ကိုကြီးရှိနေတော့ သူစိတ်ပူဖို့မလိုပါဘူး...

ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် တစ်သက်လုံး အတူချစ်ခင်နိုင်မယ်ထင်ပေမယ့်...
တစ်နေ့မှာ သူတို့ လော့ရှားအိမ်တော်ကို ခိုးဝင်လာပြီး ရှူရာမျက်နှာဖုံးကို လာခိုးဖို့ကြံတဲ့ အဖွဲ့ကြောင့်
မီးတောက်မိစ္ဆာလေးက ရှူရာမျက်နှာဖုံးရဲ့ စွမ်းအားကို အကူအညီတောင်းခဲ့ပြီး အသိစိတ်လွတ်သွားခဲ့တယ်...

အသိစိတ်ပြန်လည်လာချိန်မှာတော့ သူကာကွယ်ခဲ့တဲ့ မြို့လေးကို ဖျက်စီးသူကသူဖြစ်နေတယ်...
ဒီကိစ္စကြောင့်ပဲ သူလည်း လော့ရှားမိသားစုက နှင်ထုတ်ခံခဲ့ရတယ်...

ကဲ လော့ရှားမိသားစုက ဘာဆက်ဖြစ်မှာလဲ...
ရှူရာမျက်နှာဖုံးကိုရော ဖျက်စီးနိုင်မှာလား...
ဒီမြို့လေးကိုရော ဆက်ပြီး ကာကွယ်ပေးနိင်မှာလား...

#crd_org_owner
1
CID Ramachandran Retd.SI (2024)

ပင်စင်စားရာမာချန်ဒရန်
လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို)
အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။

ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့
အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့
နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး
တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။
ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး
စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး
စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ….

#crd_org_owner
1
I’m From the Mountains (2024)

တန်းနစ်အားကစားကို “တော်ဝင်အားကစား” လို့ ခေါ်ကြပြီး လူချမ်းသာတွေသာ
ထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးက
မှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲက
ဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။
ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့်
မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီး
ကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကို
ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။

အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲက
သွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။
နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကို
ကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ ……
တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက်
ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ……
ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

#crd_org_owner
2👍1
Irati (2023)
====
IMDb (6.2/10)

ဒီကားကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇတ်ကားပဲဖြစ်ပါတယ်...

အောက်လမ်းမှော်ပညာနဲ့ ခရစ်ယာန်တွေရဲ့ကြားကတင်းမာမှုတွေကိုရိုက်ပြထားတာဖြစ်ပါတယ်...

ဒဏ္ဠာရီလာသတ္တဝါတွေ , မိစ္ဆာတွေနဲ့လူတွေနဲ့ဆက်ဆံမှုကိုလည်းတွေ့နိုင်ပါတယ်...

ဇာတ်လမ်းအစမှာ စစ်တိုက်ခါနီး ခရစ်ယာန်သူကြီးတစ်ယောက်က မကောင်းဆိုးဝါးမနဲ့ အပေးအယူလုပ်ခဲ့ပါတယ်

သူ့အဖေကိုမကောင်းဆိုးဝါးနဲ့ ပူးပေါင်းတဲ့သူမှန်းသိလို့ သူ့သားဖြစ်တဲ့ အန်ကိုကို သူကြီးမတင်မြှောက်ချင်တော့ပါဘူး

အန်ကိုဟာသူ့သိခ္ခါကိုဆယ်ဖို့အတွက် သူ့အဖေရဲ့ နာမည်ဆိုးတွေကိုချေဖြတ်ဖို့ မကောင်းဆိုးဝါးမဆီကို ထွက်ခဲ့ရပါတော့တယ်

Special effects နဲ့ audience winner ဆုတွေရထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်...

#crd_org_owner
👍51🎃1
200% Wolf (2024)
+++++++
လူသားပုံစံနဲ့ဝံပုလွေအသွင်နှစ်မျိုးရှိတဲ့ သမန်းဝံပုလွေတွေက ညအချိန်မှာ

ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြတယ်။ ကမ္ဘာရဲ့အပြင်ဘက်

လကမ္ဘာမှာတော့ သမန်းဝံပုလွေတွေရဲ့ မိတ်ဆွေ ရှေးဘိုးဘေး ဝိညာဉ်တို့

နေထိုင်ကြတယ်။ ဖရက်ဒီ က ‌သမန်းဝံပုလွေဖြစ်ပေမဲ့ ကံမကောင်းအကြောင်း

မလှလို့ သူရဲ့ ဝံပုလွေပုံစံက ခွေးပုလေးဖြစ်နေခဲ့တယ်။

အုပ်စုထဲမှာ သူများလေးစားတာကို လိုချင်တဲ့ ဖရက်ဒီ က လဝိညာဉ်တွေဆီ

တိုင်တည်ဆုတောင်းရင်းနဲ့ မထင်မှတ်ပဲ လဝိညာဉ်ပေါက်စလေး မူးပူး ရဲ့

အစွမ်းကြောင့် ဝံပုလွေဖြစ်သွားပါတော့တယ်။

လပေါ်ကနေ ရောက်လာတဲ့ ဝိညာဉ်ပေါက်စလေး မူးပူး ဟာ ကမ္ဘာပေါ်မှာ

အသက်မရှင်သန်နိုင်တာကြောင့် ဖရက်ဒီတို့ သူငယ်ချင်းတစ်ခု မူးပူးလေးကို

အိမ်ပြန်ပို့နိုင်ဖို့ နည်းလမ်းရှာဖို့အတွက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။

ဒီ animation ကာတွန်းလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး

ကြည့်ရှုလို့သင့်တော်တဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။

#crd_org_owner
👍21
Kottukkaali – The Adamant Girl (2024)“ခေါင်းမာသော မိန်းကလေး”

IMDb 7.0

ရီဗျူးကောင်းတစ်ချို့ရထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို
တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတဲ့
ဇာတ်ကားလေးလည်းဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ မီနာဆိုတဲ့ ကောင်မလေးဟာ
မတူညီတဲ့မျိုးရိုးက ကောင်လေးတစ်ယောက်နဲ့ မေတ္တာမျှနေတာပါ
သူတို့အမျိုးတွေက သဘောမတူကြသလို ဦးလေးဖြစ်သူကလည်း
ပန်ဒီဆိုတဲ့ လူနဲ့ လက်ထပ်ပေးဖို့ အတင်းစီစဥ်နေပါတယ်
ဒါ့ကြောင့် ခေါင်းမာတဲ့မိန်းကလေးကို မကောင်းဆိုးဝါးဝင်ပူးတယ်လို့
ထင်ပြီး နှစ်ဖက်အမျိုးစုံလင်စွာ ဆရာတစ်ပါးထံ မကောင်းဆိုးဝါးနှင်ဖို့ ခေါ်သွားကြတဲ့အခါ…
တကယ်ရော မကောင်းဆိုးဝါးဝင်ပူးတာ ဟုတ်ပါ့မလား လူတန်းစားခွဲခြားမှု၊
အိန္ဒိယကျေးလက်ထုံးစံအယူသီးမှုနဲ့ အချုပ်အနှောင်တွေဟာ
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား ကြည့်ရအောင်ပါ

#crd_org_owner
👍31
Violett (2024)

Horror ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တာက Violett ဆိုတဲ့

ဇာတ်ကားလေးပါ။ ဒီကားက တခြား Horror ကားတွေလို ပြူးပြူးပြဲပြဲ

ခြောက်ပြတာမျိုး မဟုတ်ဘဲ ခြောက်ခြားစရာ ကောင်းတဲ့ ဆက်တင်၊

အလင်းအမှောင်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက creepy

ဖြစ်တဲ့ဘက်ကို ပိုသွားတဲ့ ကားမျိုးပါ။

ဇာတ်ကားအဆုံးမှာ တချို့ Horror type တွေလို cliff hanger မဟုတ်ဘဲ

Good Closure ဖြစ်လို့ ပြီးဆုံးချိန်မှာ ဇာတ်ကားကို နားလည်သွားတဲ့

ခံစားချက်မျိုး ရမှာပါ။

ဇာတ်ကားကို ကြည့်နေရင်း ဒီဇာတ်ဝင်ခန်းပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတဲ့

မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းက မြို့ငယ်လေး တစ်မြို့မှာ ကလေးတွေ ပျောက်ဆုံးမှုတွေ

ဆက်တိုက်ဖြစ်လာတဲ့အခါမှာ စိတ်ရောဂါရှင် မိခင်တစ်ယောက်ဖြစ်တဲ့

ဆွန်ညာအနေနဲ့ သူ့ရဲ့ ၁၁ အရွယ် သမီးလေးကို ဘယ်အချိန်မှာ ဘယ်အရာက

လာခေါ်မလဲဆိုပြီး ကြောက်ရွံ့နေမှုကနေ စပါတယ်။ သူ့အနေနဲ့ တခြားသူတွေ

မမြင်တဲ့အရာတွေကို မြင်တဲ့အခါ အမှန်တကယ် ဖြစ်နေတာလား...

သူ့ရဲ့ စိတ်ကူးယဉ် စိတ်ကူးထဲက အရာတွေပဲလားဆိုတာ သူကိုယ်တိုင် ဝေခွဲမရ

ဖြစ်နေပြီးတော့ သူ့ရဲ့ ခင်ပွန်း ဆရာဝန်ကိုယ်တိုင်ကတောင် သူ့ကို မကူညီနိုင်တဲ့အခါ...

ဘယ်လိုအရာတွေကို သူတွေ့ရမလဲ။ သူ့ရဲ့ သမီးငယ်လေးကရော ဘယ်လို

အန္တရာယ်မျိုး ကြုံဆုံခဲ့ရတာလဲဆိုတာ...။

#crd_org_owner
👍21