ဘာတင်တင် အညွှန်း
39.8K subscribers
2.27K photos
869 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
Those About to Die (2024)

Review
https://t.me/bartintin9/402
https://t.me/bartintin9/402

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
1
Invasion (2024) Invasie

ဒီရုပ်ရှင်ကားကတော့ ဒတ်ရှ်စကားပြော နယ်သာလန်ရုပ်ရှင်ကားဖြစ်ပါတယ်။
နယ်သာလန်ရဲ့ အိမ်နီးချင်းနိုင်ငံ Veragua ဟာ ရုတ်တရက် Curacao နဲ့ Aruba ဘာအကြောင်းပြချက်နဲ့၀င်တိုက်မှန်းမသိ
၀င်တိုက်ပါတော့တယ်…
တိုက်ပွဲတွေကြား Veragua မှာ လူတစ်ချို့ပိတ်မိနေပြီး သံအမတ် Caan လဲအပါအ၀င်ဖြစ်တာကြောင့်
လွတ်မြောက်ရန်ကြိုးပမ်းလာပါတယ်…
တိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာတာကြောင့် လူအင်အားလဲနည်းလာတဲ့အတွက် မစ်ရှင်မှာပူးပေါင်းပါဝင်ဖို့
ရေတပ်သင်တန်းဆင်းတပ်သားလေးများအား စေလွှတ်လိုက်ရပါတော့တယ်…
ရေတပ်အဖွဲ့အနေနဲ့ ပေးထားတဲ့မစ်ရှင်ကိုဆောင်ရွက်နိုင်မလား…
နယ်သာလန်အစိုးရက ဒီတိုက်ခိုက်မှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ….။

#crd_org_owner
3👍2
Escape (2024)
==========

ဘဝမှာ ထင်မှတ်မထားတာတွေက အချိန်မရွေးဖြစ်တတ်တာပါ..

ပုံမှန်ဖြစ်နေကျ နိစ္စဓူဝချည်းပဲဆိုလည်း သိပ်ကိုပျင်းဖို့ကောင်းနေမှာပါ..

စွန့်စားမှုတွေ ရင်ခုန်ရမှုတွေနဲ့မှ ဘဝဆိုတာ ပြည့်စုံတာပဲမို့

ချောချောလှလှမိန်းကလေးဆယ်ယောက် လူကုန်ကူးခံရတဲ့အခါ

သူတို့ဘယ်လိုလွတ်မြောက်အောင် လုပ်သွားမလဲ

ဘယ်လိုတွေဉာဏ်သုံးကြမလဲ

ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲ

လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။

#crd_org_owner
3👍1
Uglies (2024)

လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကို

အလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေ

ပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။

အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့

အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။

ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကို

ကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေး

တစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေး

တစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။

ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ‌ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။

အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့

ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။

ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။

ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့

လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။

မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်း

ကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။

တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စမုတ်လ်ဆိုတဲ့

ပါးစပ်ပြောရာဇဝင်တစ်ခုက ရှိနေပါသေးတယ်။ တချို့ကလည်း ဒါကို တကယ်

ရှိတယ်လို့ ယုံကြပြီး တချို့ကလည်း မယုံကြဘူးပေါ့။

ဒီအခြေအနေတွေကို လက်တွေ့မြင်တွေ့နေရသူကတော့ တယ်လီဆိုတဲ့

မျက်မှေးမလေးပါ။ သူကလည်း ပရီးတီးဖြစ်မဲ့နေ့ကို စောင့်နေတဲ့ အားဂလီး

တစ်ယောက်ပါပဲ။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပဲရစ်ဆိုတဲ့ ကောင်လေး

ပရီးတီးဖြစ်သွားချိန်မှာ တယ်လီဟာ ကျောင်းမှာ အထီးကျန်ဆန်ခဲ့တယ်။

ဒါပေမဲ့ ရှေးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထပ်ခင်မင်ခွင့် ရသွားတယ်။

တယ်လီကတော့ ပရီးတီး သိပ်ဖြစ်ချင်နေချိန်မှာ ရှေးကတော့ ကျောင်းရဲ့

ထိန်းချုပ်မှုအောက်က ထွက်ပြေးပြီး စမုတ်ခ်ဆိုတဲ့ အရပ်ကို ထွက်သွားချင်ခဲ့တယ်။

တစ်နေ့ကျ တကယ်လည်း ထွက်သွားခဲ့တယ်။

ရှေးထွက်သွားအပြီး နောက်ရက်မှာ ကျောင်းကြီးကြပ်ရေးမှူးက ရှေးရှာပုံတော်

မစ်ရှင်အတွက် တယ်လီ့ကို တာဝန်ပေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ ကျောင်းဆိုတဲ့ အရပ်မှာ ပိတ်မိနေတဲ့ တယ်လီဟာ သူမသိခဲ့တဲ့ အမှန်တရားတွေကို

တစ်စတစ်စ သိလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။

Rating နည်းပေမဲ့ လူ့သဘာဝကို သိပ္ပံနဲ့နွယ်ပြီး ထောက်ပြထားလို့ အပျင်းပြေ

ကြည့်မယ်ဆို ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ....

#crd_org_owner
👍64
13 Reasons Why (2017-2020)

{S1 to 4 Complete}

ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။
Netflix ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။
IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီးဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေဆက်တိုက်ရရှိခဲ့တဲ့ စီးရီးလေးပါ။ ၂၁ ရာစုအကောင်းဆုံး High School Drama တွေထဲကတစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံးဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။
ခံစားချက်မျိုးစုံကို ပေးနိုင်တယ်
စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။ဝေဖန်ခံရတဲ့ အချက်ကတော့ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို ကိစ္စတုံးခဲ့ပြီးမှ သူ့ရဲ့ နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကိုတနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီးပြောသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့
စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့ဆရာတွေမိဘတွေ ပိုပြီးသတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲကကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။
ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း
တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရှိထားပြီး
သူတို့ သရုပ်ဆောင်ဘဝလမ်းကတော့
ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။

ဇာတ်လမ်း အကျဉ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့
အထက်တန်းကျောင်းသူလေး မိမိကိုယ်ကိုDieကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့
ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့
မိဘတွေကြားမှာနည်းမျိုးစုံနဲ့
သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ
ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့
ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့
ပိုပြီးသူ့ကို သတိရနေခဲ့သူပါ။
တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့
တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။
တိတ်ခွေမှာ အကြောင်း ၁၃ ပိုင်း ပါဝင်ပြီး သူသတ်သေခဲ့ရတဲ့ ၁၃ ချက်သောအကြောင်းရင်းတွေကို
ပြောပြထားခဲ့တယ်။ တိတ်ခွေအစမှာ
ဒီတိတ်ခွေတွေကို သူသေဆုံးခဲ့ရမှုအတွက်တာဝန်ရှိတဲ့ လူအားလုံးကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပြီး နားထောင်ဖို့ပြောထားခဲ့ပြီး ဒီစည်းကမ်းကို မလိုက်နာရင်တော့
သူတာဝန်ပေးခဲ့တဲ့
တစ်ယောက်သောသူဟာ ဒီအခွေတွေကို
လူတွေကြားထဲကို ချပြလိုက်လိမ့်မယ်လို့
ချိန်းခြောက်ထားပါတယ်။
Clay ရဲ့ အရင်ရှေ့မှာ နားထောင်ပြီးတဲ့သူတွေဟာ
ဟန်နာကို သစ္စာဖောက်ခဲ့သူတွေ၊ အနိုင်ကျင့်ခဲ့သူတွေ
စသည်ဖြင့် အကြောင်းအရာမျိုးစုံပါဝင်နေပါတယ်။
သက်ဆိုင်သူအားလုံးနည်းပါးက ဒီတိတ်ခွေတွေကို
တစ်ညတည်း အကုန်နားထောင်နိုင်ကြပေမယ့်Clay အတွက်တော့ မတူခဲ့ပါဘူး။
သူ့အတွက် ဒီတိတ်ခွေတွေက ပေးတဲ့
ခံစားချက်တွေက ပြင်းထန်လွန်းလို့
အပိုင်းပိုင်းလေးတွေပဲ နားထောင်နိုင်စွမ်းရှိနေပါတယ်။
ကျန်တဲ့ သူတွေအားလုံးကတော့
ကလေးရ် ဒါတွေအကုန်နားထောင်ပြီးချိန်မှာဘယ်လိုတုံ့ပြန်လာမလဲ ရင်တမမနဲ့
စောင့်နေရပါပြီ။ တချို့လည်း သူဆက်နားမထောင်နိုင်အောင်၊
သူဘယ်တော့မှထုတ်မပြောရဲအောင်၊
ဟန်နာပြောတာတွေကို မယုံအောင်
နည်းမျိုးစုံကြိုးစားလာကြပါတော့တယ်။
ဟန်နာဆုံးရတဲ့ တရားခံတွေထဲမှာ Clay လို အေးဆေးပြီး စိတ်ထားကောင်းတဲ့ သူက ဘာလို့ပါနေရတာလဲ။
သူလည်း ဘာတွေလုပ်ခဲ့သလဲ။ ကျန်တဲ့သူတွေကရော
ကလေးရ်နားထောင်မိသွားမယ့်အကြောင်းအရာတွေအတွက်
ဘာလို့ ကြောက်လန့်နေကြသလဲဆိုတဲ့
အဖြေတွေကိုတော့ တစ်ပိုင်းချင်းစီမှာ
ပြသသွားပါလိမ့်မယ်။ ဒီစီးရီးမှာ
ကြောက်စရာ လူတိုက်ခိုက်ကောင်တွေ
ရက်စက်လွန်းတဲ့ ဖြစ်ရပ်တွေတော့ မပါဝင်ပါဘူး။
ဒါပေမယ့်
သာမာန် Horror ကားတွေထက်
ပိုကြောက်စရာကောင်းပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဒီထဲက
တရားခံဆိုတဲ့သူတွေလူတွေ လုပ်ခဲ့တဲ့
အရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင်
သတိမမူရင်၊ အခြေအနေတစ်ခုမှာ
လုပ်လိုက်မိနိုင်တဲ့ အပြစ်တွေ ဖြစ်နေတဲ့အတွက်
ဇာတ်လမ်းထဲမှာ စိတ်နှစ်ပြီး
ခံစားမိရင်တော့ အပိုင်းတိုင်းဟာ
ကြောက်စရာကောင်းပြီး
စိတ်လှုပ်ရှားစရာတွေ ပြည့်နေပါလိမ့်မယ်။
ဘယ်လိုခံစားရလည်း ဆိုတာကိုတော့ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ပါတော့။

#crd_org_owner
👍52
13 Reasons Why (2017-2020)

{S1 to 4 Complete}

Review
https://t.me/bartintin9/518
https://t.me/bartintin9/518

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍3
Raghu Thatha (2024) "အရိုင်းပန်းပုံပြင်"

နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့
မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့
အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။
သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ
ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း
ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ
ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ
မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။

ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့
ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ
ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။

#crd_org_owner
4
Empire Queen: The Golden Age of Magic (2024)
+++++++++++++++++++++++
ဒီဇာတ်ကားက Low Budget ဇာတ်ကားတစ်ကားဆိုပေမဲ့ ကြည့်လို့

အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။

မှော်ကား ကောင်းကောင်လေး ကြည့်ချင်နေသူအတွက် ကြည့်ရမယ့်

ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

မှော်ပညာကို အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ အင်ပါယာတိုင်းပြည်

အကြောင်းကို ရှုခင်းလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာတဲ့

ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်တာပဲဖြစ်ဖြစ် ..

ဘယ်သူနဲ့ပဲ ကြည့်ကြည့် လုံးဝ အဆင်ပြေပါတယ်။

ဆိုးယုတ်တဲ့ ဘုရင်မ တစ်ယောက်ကို ဖြုတ်ချဖို့အတွက် လူသုံးယောက်က

နတ်သိကြားမှော်တုတ်တံကို ရှာကြရင်း ဘယ်လို စွန့်စားခန်းတွေ ..

နဂါးတွေ .. ရန်သူတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း

ခံစားကြပါတော့။

#crd_org_owner
3👍1
Secret Invasion (2023)

IMDb 8.6/10

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
*

နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

#crd_org_owner
2👍1
Bad Fish (2024)
ပင်လယ်ထဲမှ သတ္တဝါဆန်းကြီး
=====================

ငါးဖမ်းရင်းအသက်မွေးကြတဲ့တံကးငါသည်တွေဟာ သားပေါက်ရာသီမှာတောင်ငါးတွေမရတဲ့အတွက် ရဲမှူးကြီးစကစ်ကိုတိုင်နေကြတယ်။

ဒါ့အပြင်ပင်လယ်ထဲကိုငါးဖမ်းထွက်သွားတဲ့ ဘေလ်တို့အုပ်စုကတစ်ကောင်ကောင်တိုက်ခိုက်လို့ သူ့သင်္ဘောသားတွေအစအနမကျန်ပျောက်သွားကြောင်းသတင်းပို့တိုင်ကြားတယ်။စကစ်လည်း အမျိုးမျိုးစစ်ဆေးပေမယ့်အဖြေမရတဲ့အခါ အခြားမြို့ကအဏ္ဏဝါဇီဝဗေဒပညာရှင် ဂျွန်ဘာတန်ကိုခေါ်လိုက်ရတယ်။ရှာဖွေနေရင်းနဲ့ ကမ်းစပ်မှာ လူ့အလောင်းရှာတွေ့လိုစစ်ဆေးကြည့်ကြတယ်။

ငါးမန်းတွေ ကင်းမွန်ငါးတွေတိုက်ခိုက်တဲ့ပုံစံမဟုတ်ဘဲ အခြားထူးဆန်းတဲ့သတ္တဝါမှန်းသိလိုက်ရတဲ့အခါမှာတော့….

#crd_org_owner
1
Witch (2024)

ဒီဇာတ်ကားလေးကတော့ သဘာဝလွန် paranormal ဇာတ်ကားတွေ

ကြည့်ရတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျမယ့်

ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

Horror genre တစ်မျိုးတည်းတင်မဟုတ်ဘဲနဲ့ Fantasy, Sci-fi genre

တွေကို ဇာတ်ကားတစ်ကားထဲမှာ ခံစားချင်တဲ့သူတွေ ဒီဇာတ်ကားကို

ကြည့်သင့်ပါတယ်။

ဇာတ်လမ်းကို အလယ်ခေတ် အင်္ဂလန်နိုင်ငံမှာ တည်ထားပါတယ်။

ဥရောပတိုက်မှာ အလယ်ခေတ်တုန်းကဆိုရင် စုန်းတွေကိုအယူသီးကြပါတယ်။

ထူးဆန်းတာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ စုန်းတွေကို အပြစ်ပုံချကြပြီးတော့

စုန်းလို့သံသယဝင်တဲ့သူတွေကို ကြိုးပေးပြီးကွပ်မျက်ကြပါတယ်။

ဒီရုပ်ရှင်ရဲ့ story ကလည်း အဲဒီအပေါ်မှာအခြေခံထားပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ပန်းပဲဆရာ William ဟာ

သူ့မိန်းမနဲ့အတူ ရိုးရိုးသားသား အသက်မွေးနေတဲ့သူပါ။ တစ်နေ့မြို့ထဲမှာ

လူတိုက်ခိုက်မှုတစ်ခုဖြစ်သွားပြီး‌တော့ လူတိုက်ခိုက်သမားဟာ William ရဲ့မိန်းမ

Twyla ကို စုန်းမလို့စွပ်စွဲလိုက်ပါတယ်။ စုန်းမလို့စွပ်စွဲခံရတဲ့သူတွေကို

စစ်ဆေးမေးမြန်းခြင်းမရှိပဲ ကွပ်မျက်တာကိုသိနေတဲ့ William ဟာ

သူ့မိန်းမကို ကယ်တင်ဖို့ကြိုးစားပုံကို ကြည့်ရမှာဖြစ်ပါတယ်။

အလှည့်အပြောင်းတွေများစွာနဲ့အတူ ဇာတ်လမ်းက အင်မတန်စိတ်ဝင်စားဖို့

ကောင်းပြီးတော့ ကြည့်နေတဲ့ပရိသတ်ကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့

ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

#crd_org_owner
2
Lady Scorpions (2024)

အမျိုးသမီးစုံထောက် အက်ရှင်ကားကောင်းကောင်းတွေကိုမှ ကြည့်ချင်သူတွေအတွက် 90s ခုနှစ်တွေတုန်းက martial arts ဘုရင်မလို့ တင်စားခေါ် ကြတဲ့ မင်းသမီး Cynthia Rothrock ရဲ့ 2024 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

မကောင်းမှုဒုစရိုက်တွေအကြောင်းကို လိုက်လံစုံစမ်းနေတဲ့ အေးဂျင့် Alena Moore ဟာ မိသားစုထက် အလုပ်ကိုပိုဦးစားပေးတတ်တဲ့အတွက် သမီးဖြစ်သူနဲ့ သိပ်အဆင်မပြေတဲ့အခြေအနေမှာရှိပါတယ်...

‌အေးဂျင့် Alena Moore နှစ်ပေါင်းများစွာကြာအောင် လိုက်လံစုံစမ်းနေတဲ့ အကြီးစားမူးယစ်ဆေးရောင်းဝယ်မှုရဲ့တရားခံ Lucien နဲ့ သူ့ရဲ့သား Sonny...

ကိစ္စကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ ကြံစဉ်နေတဲ့ Lucien က Alena Moore နဲ့အရင်ကအဖြစ်အပျက်တစ်ခုကြောင့် Alena ကိုလွှတ်ပေးလိုက်တဲ့အတွက် Soony မှ မကျေမချမ်းဖြစ်ကာ Alena ရဲ့မြေးမလေး Ariel ကို ပြန်ပေးဆွဲသွားတဲ့အခါမှာတော့...ဆက်ဆံရေးအဆင်မပြေတဲ့ သားအမိနှစ်ယောက် Ariel ကိုကယ်ဖို့အတွက် စွန့်စားခန်းဖွင့်ဖို့အကြောင်းဖန်လာပါတော့တယ်...

အက်ရှင်ခန်းပိုင်နိုင်တဲ့ မင်းသမီးနှစ်ယောက်ရဲ့တွဲဖက်ညီညီသရုပ်ဆောင်ပုံတွေနဲ့ ဖိုက်တင်ခန်းတွေကိုတ၀ကြီးကြည့်ရှုရမဲ့အပြင် ဇာတ်လမ်းရဲ့မထင်မှတ်ထားတဲ့မြှုပ်ကွက်လေးတွေလည်း ရှိသေးတာမလို့ SoulKingdom မှာကြည့်ရှုလိုက်ကြရအောင်ပါ။

#crd_org_owner
1👍1
Queen Woo (2024)

Review
https://t.me/bartintin9/427
https://t.me/bartintin9/427

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍1
The Twisters (2024)
==============

ဂျိမ်းစ်ဂါးလန်းနဲ့ အယ်ရစ်ကာဂါးလန်းတို့မောင်နှမဟာ မုန်တိုင်းလိုက်သူတွေဖြစ်ခဲ့ပြီး

အဲ့ဒီလိုခရီးစဉ်တစ်ခုမှာဖြစ်ရပ်ဆိုးတစ်ခုကြုံခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေနေကြတဲ့အချိန်ပါ။

ဂျိမ်းစ်ကတော့ TINA ဆိုတဲ့ AI မော်ဒယ်တစ်ခုကိုဖန်တီးခဲ့ပြီး

အဲ့ဒီ AI နဲ့ လေဆင်နှာမောင်းတွေရဲ့ဖြစ်ပေါ်လာနိုင်ချေလားရာလမ်းကြောင်းအစရှိတာတွေကိုတွက်ချက်ခန့်မှန်းနေခဲ့ပါတယ်။

အဲ့ဒီ AI ဟာ အယ်ရစ်ကာရဲ့အာရုံခံကိရိယာတွေနဲ့ပေါင်းစပ်လိုက်ပါမှ

အကောင်းဆုံးရလဒ်တွေထွက်ပေါ်လာနိုင်မှာဖြစ်တဲ့အတွက်

ဒါဇင်နဲ့ချီတဲ့လေဆင်နှာမောင်းကြီးတွေတစ်ပြိုင်တည်းဖြစ်ပေါ်လာနိုင်ပြီး

အဲ့ဒီပေါင်းစည်းဖြစ်ပေါ်မှုဟာ အမေရိကန်ရဲ့အနောက်အလယ်ပိုင်းဒေသတစ်ခုလုံးကိုပျက်စီးစေနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးနေနိုင်တာကိုသိလိုက်ရချိန်မှာတော့

သူတို့မောင်နှမနှစ်ယောက်ဟာ မတူညီတာတွေကိုခေတ္တဘေးချိတ်ပြီးအတူတူအလုပ်လုပ်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။

#crd_org_owner
👍52
Subservience (2024)
===========

မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။

မင်းသားနဲ့မင်းသမီးဖန်တွေအတွက်တော့ ဒါက ရှယ်ကြမ်း ရှယ်လန်းတဲ့ကားပေါ့နော်...

ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး

စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။

အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ..

AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ

အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့....။

#crd_org_owner
2👍1
The Jack in the Box: Rises (2024)

The Jack in the Box (2019) နဲ့ The Jack in the Box Awakening (2022)

တို့ရဲ့ အဆက် The Jack in the Box Rises ကတော့ ထွက်ရှိလာခဲ့ပြီပဲ

ဖြစ်ပါတယ်။

Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့

လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။

ယုံတမ်းစကားတွေအရ Jack-in-the-box ဆိုတာ "သေတ္တာထဲကနတ်ဆိုး"လို့

အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့

မှတ်ယူကြပါတယ်။

ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jackestemara) လို့ခေါ်တဲ့ နတ်ဆိုး

တစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာ

သေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။

ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို စတေးပြီးမှသာ

ဆုတောင်းပြည့်မှာဖြစ်ပါတယ်။

ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုး

သေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်တိုက်ခိုက်တာ

ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။

ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာ

နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့

အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာ

ဝှက်ထားတဲ့‌နေရာအကြောင်း ပြောပြခဲ့ပါတယ်။

အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewood

အိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့

ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။

နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကို

အကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင်

ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။

ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေ

စတေးခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့

ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

#crd_org_owner
3👍3❤‍🔥1
Giant Fish 2 (2024)

ဘဝကြီးမှာ အရာအားလုံးမတည်မြဲခြင်းတရားကို
လူတိုင်းသိကြသော်လည်းထာဝရတည်မြဲအောင်
လုပ်နေကြတဲ့လူသားတွေကို ဖော်ကြူးထားတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ကို CM မှပရိသတ်ကြီးဆီ
တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့

ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကို
သုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်း
ဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကို
မဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေ
တင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။

သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့
ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။
တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီး
မိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင်
ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။
ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့
ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေး
ဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့
အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။

ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့
ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေ
ငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီး
ဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကို
လာရောက်တဲ့ဧည့်သည်တွေကနတ်ဘုရားသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။

ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကို
မိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီး
ယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။
ယန်ထုံက ဟေးဟူရဲ့သုတေသနပညာရှင်ဝမ်ပါမောက္ခနဲ့
ဖောက်ပြန်နေတာလို့ သံသယဝင်ကြပြီးအဲ့သက်သေကို
ကျန်းချန်နဲ့သာ့ဖေးရှာဖွေကြရင်း မတော်တဆဟေးဟူဝန်ထမ်းက
သတိထားမိသွားလို့ ထွက်ပြေးကြတဲ့အချိန်မှာ
နှစ်ဦးသားမတော်တဆ ဝမ်ပါမောက္ခနေတဲ့အခန်းကိုရောက်သွားခဲ့တယ်။

ဝမ်ပါမောက္ခအခန်းထဲမှာ ယန်ထုံအတွင်းခံဘောင်းဘီကို
တွေ့ခဲ့တာကြောင့် ကျန်းချန်ကသူ့မိန်းမဖောက်ပြန်နေတာလို့
တထစ်ချမှတ်ပြီး ၂ ဦးသားစကားများကွာရှင်းဖို့ဆုံးဖြတ်ပြီးနောက်
ကျန်းချန်နဲ့သာ့ဖေးတို့ထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။
ဒါပေမဲ့ သူတို့ကားရပ်ထားတဲ့ကားပါကင်မှာ လူအလောင်းတွေကို
ဖျက်စီးနိုင်တဲ့ကိုယ်ပျော့သတ္တဝါအများအပြားကိုတွေ့ရှိသွားတဲ့အချိန်မှာ
ကျန်းချန်က ဒီသတ္တဝါတွေကလူလုပ်ဖန်တီးထားတယ်ဆိုတာ
သတိပြုမိသွားပြီး နောက်ယောင်ခံလိုက်တဲ့အချိန်မှာ
ငါးမန်းပုံစံနဲ့ရေခူပုံစံ လူသားစားတဲ့ထူးဆန်းငါးကြီးကိုတွေ့ရှိသွားခဲ့တယ်။

ဒါကိုအမှုဖွင့်ရဲတိုင်ဖို့ကြိုးစားရာကနေ မီယာမိန်းကလေးတစ်ယောက်
သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။
ဒီငါးကြီးကကော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအပြင်
မိန်းကလေးတွေရဲ့ အလှအပအလွန်အမင်းမက်မောမှုကြောင့်
ကိုယ့်အသက်ကိုတောင်မမှုပဲနုပျိုအောင်ဖန်တီးနေကြတဲ့အရာတွေကို
ပီပြင်အောင်ရိုက်ကူးထားတာဖြစ်တာကြောင့် လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင်

#crd_org_owner
1❤‍🔥1👍1
Toofan (2024)”မုန်တိုင်း”
=================
အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ်
ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

အိန္ဒိယမှာ K.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ
အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ
ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့
ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ
တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက
လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ
စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက်
သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး
ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်း
အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေ
ဘင်္ဂလားဒေ့ရှ်အက်ရှင်အရသာကို မြည်းစမ်းနိုင်ဖို့အတွက်

#crd_org_owner
2👍2
Happy End (2021)

Review
https://t.me/bartintin9/489
https://t.me/bartintin9/489

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
3
A Place Called Silence (2024)

CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...
လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်...
အမှန်တရားက တူတစ်ချောင်းလိုပဲ...
ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့...

ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့...
ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့...
ဟုတ်ပါတယ်... ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ
ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ...

ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ
အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့...
ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့
ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့...
ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ..
ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ...
ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို
လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ...

တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ
စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်...
နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ...

ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား...
တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ...
နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ...

#crd_org_owner
7👍3
Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း”

Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော
အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို
ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ
ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။

ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ
လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့
ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။

လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။
ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့
ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး
ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။

#crd_org_owner
👍52