ဘာတင်တင် အညွှန်း
39.8K subscribers
2.26K photos
866 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
Happy End (2021)

Review
https://t.me/bartintin9/489
https://t.me/bartintin9/489

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍14
Pilot (2024)
**

ဒီတစ်ခေါက် ကျွန်တော်တို့ Channel Myanmar ကနေ Cockpit ဆိုတဲ့
ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ Pilot ဆိုတဲ့ ဟာသရုပ်ရှင်ကားသစ်ကြီးကို
တင်ဆက်ပေးလိုက်ပါတယ်။

အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရင်းနှီးပြီးသား
Hospital Playlist ထဲမှ Jo Jung Suk၊ Work Later Drink Now ထဲမှ Han Sun Hwa၊
Twenty-Five Twenty-One ထဲမှ Lee Joo Myung၊ D.P ထဲမှ Shin Seung Hoတို့နဲ့အတူ
အခြားသော နာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း-

နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ
မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း
အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ
ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး
သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး
အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။
ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက်
မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။
လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ
ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့
ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။

#crd_org_owner
👍75
Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း”
Genre – Action, Crime, Drama

အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို
ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို
အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။

ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က
Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။
အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja
ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။

ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး
အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။
ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို
အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ
ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။

တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့
ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။
အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ
မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက်
ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။

#crd_org_owner
👍41
Kung Fu Games (2024)

Squid Game လိုပုံစံမျိုးကိုပြန်ရိုက်ထားတဲ့ခံစားချက်မျိုးနဲ့

Kung Fu Games ဆိုတဲ့အက်ရှင်ကားတစ်ကားကိုတင်ဆက်

ပေးလိုက်ပါတယ်။ပြောရရင်တော့ Squid Game နဲ့တော်တော်ကြီးကို

ဆင်တူနေပြီး ကွာခြားသွားတာဆိုလို့ ဒီမှာကကွန်ဖူးဆိုတဲ့အတိုင်း

တိုက်ခိုက်ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့်အပျင်းပြေအက်ရှင်အလန်းစားတွေကြည့်ချင်တယ်ဆိုရင်တော့

ဒီဇာတ်ကားလေးကကြည့်ရှုလို့သင့်တော်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ လူ ၆ ယောက် ကွန်ဖူးဝတ်စုံတွေဝတ်ထားပြီး

ဘယ်နေရာမှန်းမသိတဲ့အခန်းတစ်ခုထဲမှာနိုးထလာတာကိုတွေ့ရမှာ

ဖြစ်ပါတယ်။အခန်းတံခါးပေါ်မှာလဲ အချိန်နောက်ပြန်ရေတွက်နေတဲ့

နာရီကြီးရှိနေပြီး ဘာအတွက်ရေတွက်နေမှန်းလည်းမသိရပါဘူး။

ဒါပေမယ့်သိပ်မကြာခင်မှာပဲ အချိန်ပြည့်သွားပြီး ဝါးတောကြီးတစ်ခုထဲ

သွားတဲ့တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။

စစချင်းတုန်းကတော့ အရမ်းကြီးလေးလေးနက်နက်မရှိကြပေမဲ့

အဲ့ဒီပထမအဆင့်မှာတင် လူတစ်ယောက်ဆုံးသွားတဲ့အခါမှာတော့

အကုန်လုံးကစိုးရိမ်ပူပန်လာကြပြီး ကစားပွဲတွေကလည်းပိုပိုပြင်းထန်

လာပါတော့တယ်။

အဲ့ဒီလိုကစားပွဲရဲ့နောက်ကွယ်မှာဘယ်သူရှိနေမလဲ သူတို့ကရောဘာလို့

ဒီကိုရောက်လာခဲ့ကြရတာလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားဖို့

တင်ဆက်ပေးလိုက်ပါတယ်။

#crd_org_owner
👍32
Secret Invasion (2023)

IMDb 8.6/10

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
*

နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

#crd_org_owner
3👍1
AAY (2024) "အချစ်သည်သာ..."
IMDb - 7/10

တောာင်ပိုင်းရုပ်ရှင်ကြိုက်နှစ်သက်သူတို့ ရယ်မောပြုံးပျော်ရစေဖို့
တလေဂူးအချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

ကာသစ်ခ်ဆိုတာ ဟိုက်ဒရာဘတ်ကို တက်အလုပ်လုပ်ရင်း
သူ့ဇာတိသူမပြန်ချင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်။
ကိုဗစ်ကြီးဖြစ်လို့ ပထမလော့ခ်ဒေါင်းနဲ့ ဒုတိယလော့ခ်ဒေါင်း
ကြားကာလအချိန် Work from homeဖြစ်သွားတော့
သူ့ဇာတိက မိဘတွေအိမ်ကိုပြန်လာခဲ့ပါတယ်။

သူ့ဇာတိသူ မပြန်ချင်ရတာကလည်း သူ့မိသားစုနဲ့ သူ့ဘော်ဒါနှစ်ကောင်ကြောင့်တဲ့။
မပြန်မဖြစ် ပြန်လာပြီးတဲ့နောက် မိသားစုနဲ့ ဘော်ဒါနှစ်ကောင်ကလည်း ရှောင်လွဲမရတော့
မောင်ကာသစ်ခ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ရတာပေါ့။

ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး ချစ်မိသွားချိန်မှာတော့
ကာသစ်ခ်တစ်ယောက် ဇာတိမြို့မှာပျော်လာခဲ့ပေမဲ့
သူ့အချစ်ရေးမှာ ဇာတ်ရှုပ်လေးတွေရှိလာတဲ့အခါမှာတော့...။

#crd_org_owner
2
Queen Woo (2024)

Review
https://t.me/bartintin9/427
https://t.me/bartintin9/427

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍3
Secrets Of A Nympho (2022) Complete Limited Series

IMDb rating 9.3/10

ဆိတ်ငြိမ်တဲ့နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဆန်လူးကပ်စ်မြို့မှာ နာမည်ကျော်ဂုဏ်သတင်းကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ပိုတန်ရှာနာ တက္ကသိုလ်ရှိပါတယ်။ အဲ့ဒီတက္ကသိုလ်ဆင်း ရှေ့နေလောင်းတွေအတွက် ဝတ်လုံတော်ရများရဲ့ည ဆိုတဲ့အကြမ်းစားပါတီကိုကျင်းပလေ့ရှိပြီး အဲ့ဒီပါတီညတွေမှာဆိုရင် တစ်နှစ်လုံးစောင့်ထိန်းလာခဲ့သမျှ စည်းတွေဘောင်တွေအားလုံးကိုကျော်လွန်လွှတ်ချပြီးတော့ မီးကုန်ယမ်းကုန်အပျော်ကျူးကြ ကဲကြလေ့ရှိပါတယ်။ အခုညပါတီမှာတော့ ထင်မှတ်မထားတဲ့အဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။
ဘရိုင်ယန်ဇူနီဂါ အထပ်မြင့်ကနေ လိမ့်ကျသေဆုံးခဲ့ခြင်းပါပဲ။
ဘရိုင်ယန်ဇူနီဂါဆိုတာ မြို့မျက်နှာဖုံးသူဌေးသား၊ကျောင်းကို အဓိကထောက်ပံ့တဲ့ ဇူနီဂါမိသားစုဝင်တစ်ဦး၊ ကျောင်းမှာဆိုလည်း မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူမဆုံးခင်နောက်ဆုံး ဆိုရှယ်မီဒီယာမှာ Suicide note ဆန်ဆန်ရေးတင်ခဲ့သလို သူ့ချစ်သူဖြစ်တဲ့ဟန်နာကိုလဲ ခေါင်မိုးထပ်မှာဒဏ်ရာတွေနဲ့မေ့မျောနေတာရှာတွေ့ခဲ့တဲ့အတွက် ဒီကိစ္စကိုစုံစမ်းကြရင်း ပိုတန်ရှာနာ တက္ကသိုလ်မှာရှိတဲ့ အလွှာအသီးသီး စရိုက်အထွေထွေ ကျောင်းသူကျောင်းသားတွေရဲ့ နောက်ကွယ်က ဇာတ်ရှုပ်တွေ အမုန်းအငြိုးတွေ၊ ကလဲ့စားတွေကိုခပ်ကြမ်းကြမ်းရှုစားရမှာပါ။

ပြီးခဲ့တဲ့ An/Na (2022) ရဲ့ Time slot ကိုအသစ်ဝင်လာတဲ့ ၈ ပိုင်းပါ Vivamax Series အသစ်ဖြစ်ပြီး Mainstream လောကရဲ့ မင်းသမီးချောလေး Rhen Escaño ကခေါင်းဆောင်ပါဝင်ထားသလို သူနဲ့ပြိုင်ဘက်အဖြစ် အားလုံးရင်းနှီးပြီးသား Ayanna Misola က အားဖြည့်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းတွဲတွေထုံးစံအတိုင်း Sub Plot တွေ ဇာတ်ပို့တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ခံစားရမှာဖြစ်ပါတယ်။

#crd_org_owner
👍94🥰1
Officer Black Belt (2024)

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့
အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ
Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင်
Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ
ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း-

Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့
ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့
သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့
ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။
တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့
လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး
ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ
၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့
အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ
Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ..
ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ..
ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

#crd_org_owner
👍72
The Lord of the Rings: The Rings of Power (2022-2024) (Season 1-2)

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

The Lord of The Rings ရုပ်ရှင်တွေဟာ စာရေးဆရာကြီး ဂျေ အာ အာ တိုကင်းန်ရဲ့ ကမ္ဘာကျော်ဂန္ဓဝင်ဝတ္ထုတွေကနေ ရိုက်ကူးထားပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်တွေထဲမှာ အပါအဝင်ပါပဲ

အခုတော့ ဒီရုပ်ရှင်တွေရဲ့ ခေတ်မတိုင်ခင် ရှေးတုန်းကဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးလိုက်ပါပြီ၊ အတွဲ ၅ တွဲ ထွက်ရှိမှာဖြစ်ပြီး တစ်တွဲကို ၈ ပိုင်းစီပါဝင်မယ်လို့သိထားရပါတယ်

LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်၊ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်၊ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်

ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်

အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်၊ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်
👍53❤‍🔥1
Auron Mein Kahan Dum Tha (2024)

ဒီနေ့မှာတော့ action crime drama အမျိုးအစားနဲ့ ဘောလိဝုဒ်ပရိသတ်မဟုတ်တဲ့
လူတွေနဲ့တောင် မစိမ်းလောက်မယ့် မင်းသားကြီး Ajay Devgn ရဲ့ဇာတ်ကားအသစ်စက်စက်လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ခရစ်ရှ်နား (Ajay Devgn) ဟာ လူလျော့မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့
အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့်
အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင်
ထောင်ကလွတ်တော့မှာပါ။

ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်း
စာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့
ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။

ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကို
မရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်း
ဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။

#crd_org_owner
1👍1
𝗕𝗲𝗿𝗹𝗶𝗻 (𝟮𝟬𝟮𝟰)
===========

"နားမကြားတဲ့ကောင်လေးတစ်ယောက်က သူလျှိုဖြစ်နိုင်တယ်လို့ထင်လား"

ပါကစ္စတန်သူလျှိုလို့ စွပ်စွဲခံထားရပြီး စစ်ကြောရေးကိုရောက်နေသူဟာ အကြားအာရုံချို့တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုမေးမြန်းဖို့အတွက် Sign Languageဆရာတစ်ယောက်ကို ဗျူရိုဘက်က တာဝန်ပေးခဲ့တယ်။

ဘုမသိဘမသိနဲ့ရောက်လာရရှာတဲ့ Sign Languageဆရာခမျာ အမှားနဲ့အမှန်ကို မခွဲခြားနိုင်ဘဲ ဒီကိစ္စကြီးထဲ ဆွဲသွင်းခံလိုက်ရပါတော့တယ်။ ဒါတင်မကဘဲ နောက်ထပ်အဖွဲ့အစည်းတစ်ခုကပါ ပေါ်လာပြီး သူ့မိသားစုနဲ့အကျပ်ကိုင်တဲ့အထိ လုပ်လာတဲ့အခါ သူ့အနေနဲ့ ဒီကိစ္စထဲကို နက်နက်နဲနဲပါဝင်မိသွားပြီး အမှန်တရားရဲ့လမ်းစကို ရှာတွေ့သွားခဲ့တယ်။

အဖွဲ့အစည်းနှစ်ခုရဲ့ပြိုင်ဆိုင်မှုကြားကနေ ဒီပါကစ္စတန်သူလျှိုဆိုတဲ့ အကြားအာရုံကိုချို့တဲ့သူကောင်လေးနဲ့ သူ့ရဲ့နောက်ကြောင်းရာဇဝင်တွေကို Sign Languageဆရာတစ်ယောက် ဖော်ထုတ်သွားပုံနဲ့ အကြားအာရုံချို့တဲ့သူတစ်ယောက်ရဲ့ထက်မြက်မှုတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးဖြစ်လို့ B-Town ပရိတ်သတ်တွေ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

#crd_org_owner
1👍1
𝗦𝗲𝗰𝘁𝗼𝗿 𝟯𝟲 (𝟮𝟬𝟮𝟰)
================

ဒီတစ်ခေါက်မှာတော့ B-Town ချယ်နယ်ကနေ Sector 36 ဆိုတဲ့ မှုခင်း thriller ဒရမ်မာဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မင်းသားကတော့ လက်ပြတ်မင်းသားလို့ အများသိတဲ့ ဗစ်ကရန်မစီး ဖြစ်တဲ့အတွက် ဇာတ်လမ်း ကောင်းမှာတော့ သေချာနေပါတယ်။

ရာဂျူ camp sector 36 မှာ ကလေးတွေဆက်တိုက်ပျောက်တဲ့အမှုဖြစ်နေပြီး အဲ့နယ်မြေမှာတာဝန်ကျတဲ့ရဲတွေကလည်း အထွေထူးကိစ္စမဟုတ်ဘူးပြောကာ လျစ်လျူရှုထားကြပါတယ်။ အဲ့လိုနဲ့တစ်နေ့ နယ်မြေရဲအရာရှိရဲ့ သမီးလေးကိုယ်တိုင်ပါ ပျောက်သွားတဲ့အခါမှာတော့ ခေါင်းနပမ်းကြီးပြီး ဒီအမှုကိုကိုယ်တိုင်စစ်ဆေးခဲ့ပါတော့တယ်။

အဲ့အချိန်မှာ ဇာတ်အလှည့်အပြောင်း ဘယ်လိုတွေဖြစ်သွားမလဲ။ ကလေးတွေကရော ဘာလို့ပျောက်နေရတာလဲ။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုထရော်မာတွေ ဘယ်သူတွေရှိနေတာလဲဆိုတာတွေကို ရသအဖုံဖုံနဲ့ ကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

#crd_org_owner
1
Secrets Of A Nympho (2022) Complete Limited Series

IMDb rating 9.3/10

Review
https://t.me/bartintin9/501
https://t.me/bartintin9/501

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
1👍1😁1
Those About to Die (2024)

Review
https://t.me/bartintin9/402
https://t.me/bartintin9/402

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
1
Invasion (2024) Invasie

ဒီရုပ်ရှင်ကားကတော့ ဒတ်ရှ်စကားပြော နယ်သာလန်ရုပ်ရှင်ကားဖြစ်ပါတယ်။
နယ်သာလန်ရဲ့ အိမ်နီးချင်းနိုင်ငံ Veragua ဟာ ရုတ်တရက် Curacao နဲ့ Aruba ဘာအကြောင်းပြချက်နဲ့၀င်တိုက်မှန်းမသိ
၀င်တိုက်ပါတော့တယ်…
တိုက်ပွဲတွေကြား Veragua မှာ လူတစ်ချို့ပိတ်မိနေပြီး သံအမတ် Caan လဲအပါအ၀င်ဖြစ်တာကြောင့်
လွတ်မြောက်ရန်ကြိုးပမ်းလာပါတယ်…
တိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာတာကြောင့် လူအင်အားလဲနည်းလာတဲ့အတွက် မစ်ရှင်မှာပူးပေါင်းပါဝင်ဖို့
ရေတပ်သင်တန်းဆင်းတပ်သားလေးများအား စေလွှတ်လိုက်ရပါတော့တယ်…
ရေတပ်အဖွဲ့အနေနဲ့ ပေးထားတဲ့မစ်ရှင်ကိုဆောင်ရွက်နိုင်မလား…
နယ်သာလန်အစိုးရက ဒီတိုက်ခိုက်မှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ….။

#crd_org_owner
3👍2