ဘာတင်တင် အညွှန်း
39.8K subscribers
2.26K photos
864 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
FireCracker (2024)

ဓါးပြတိုက်မှုတစ်ခုဟာဆိုရင်သိသိသာသာမှားယွင်းသွားတဲ့အခါမှာတော့လူတစ်ယောက်ကိုဓားစာခံအဖြစ်ထားလိုက်သောအခါမှာတော့..လွတ်မြောက်ဖို့မဖြစ်နိုင်ရဲ့..ဓားပြနှစ်ယောက်နဲ့..အသက်ရှင်ဖို့မသေချာတော့တဲ့ဓားစားခံတစ်ယောက်တို့က..သူတို့ရဲဘဝနှင့် သူတို့ရဲစိတ်ဝိဥာဉ်အ တွက် တိုက်ပွဲဝင်နေကြပါတယ်.. အာ့လိုအခြေအနေတွေကြားထဲကနေဓားပြတွေကကောရဲတွေလက်ထဲကနေဘယ်လိုမျိုးလွှတ်အောင်လုပ်လဲ..ဓားစားခံကကောဘယ်လိုမျိုးလွှတ်မြောက်အောင်လဲဆိုတာကိုဇာတ်လမ်းလှည့်ကွက်အမျိုးမျိုးနဲ့ဇာတ်အိမ်တစ်ခုထဲကိုရင်ခုန်စွာကြည့်ရှုရမှာပဲဖြစ်ပါတယ်.....

#crd_org_owner
1👍1
The Desperate Chase (2024)
*******

Action ကားလည်းကြိုက်တယ် ဒါပေမဲ့ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလည်း
ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ The Desperate Chase ဆိုတဲ့
Movie အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

Cast တွေအနေနဲ့ကတော့ Killing Vote, Bloodhounds တို့ထဲက
မင်းသားကြီး Park Sung Woong, Cafe Minamdang, Flex X Cop တို့ထဲက
မင်းသား Kwak Si Yang, Kdrama ပရိသတ်ကြီးတွေ ရင်းနှီးနေပြီးသားဖြစ်တဲ့
ဇာတ်ပို့မင်းသားကြီး Yoon Kyung Ho တို့က အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း-

ဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းမှာ Gold Medi Valley လို့ခေါ်တဲ့ ဆေးဌာနကြီးကို
ဖွင့်ဖို့လုပ်ရင်း ဒေါသကြီးပြီး ပြဿနာရှာနေကျ စုံထောက်နဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး
လိမ်စားနေကျ အကြီးစားလူလိမ်တို့ ထိပ်တိုက်တွေ့ကြရာကနေ စတင်လာခဲ့တာပါ။
ဂင်အင်ဟယ် (Park Sung Woong) ကတော့ သရုပ်မှန်ကို မမှတ်မိအောင်ဖုံးကွယ်ပြီး
ရုပ်ဖျက်ရင်းလိုက်လိမ်နေတဲ့ လူလိမ်ဆရာကြီးဖြစ်ပြီး ဂျိုဆူဂွမ် (Kwak Si Yang) ကတော့
ဒေါသမထိန်းနိုင်ဘဲ အမြဲတမ်းဝုန်းဒိုင်းကြဲနေပြီး ဂြိုဟ်မွှေနေကျ စုံထောက်တစ်ယောက်ပေါ့။
ဂျယ်ဂျူကျွန်းကို မတူညီတဲ့အကြောင်းရင်းတွေနဲ့ သွားခဲ့ကြတဲ့ လူလိမ်နဲ့ စုံထောက်တို့
တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်က ဂျူရင်းဖန်း (Yoon Kyung Ho) ဆိုတဲ့
အကြင်နာကင်းမဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ရာ အင်အားပေါင်းစည်းဖို့ ဖြစ်လာပါတော့တယ်။
ဂျူရင်းဖန်းကရော ဂိုဏ်းကနေဘယ်လိုမတရားတဲ့ကိစ္စတွေကို ကျူးလွန်နေတာဖြစ်မလဲ..။
မတည့်အတူနေလူလိမ်နဲ့ စုံထောက်ကရော ဘယ်လိုတွေညှိပြီး စစ်ဆင်ရေးတွေချသွားကြမှာလဲ..။
သူတို့ရဲ့စစ်ဆင်ရေးမှာရော တခြားဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲဆိုတာကို
ဟာသလေးတွေနှောပြီး စိတ်အပန်းဖြေကြည့်လိုက်ကြပါဦးနော်။

#crd_org_owner
7👍4
The Society (2019)

IMDb - 7.1/10
Genre - Drama

Netflix Original Series တစ်ခုဖြစ်ပါတယ်။ Young Adult ကားပေမယ့် Misery ဖြစ်သလို Twist and turn တွေနဲ့မလို့ တကယ်လည်း Dark ဖြစ်တယ်လို့ပြောလို့ရပါတယ်။ West Ham လို့ခေါ်တဲ့နယ်မြို့လေးတစ်ခုမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အနံ့အသက်ဆိုးကြီးတစ်ခုက မြို့ခံလူထုကို အနှောင့်အယှက်ပေးလို့နေပါတော့တယ်။ မြို့နယ်တာဝန်ရှိသူတွေကဖယ်ရှားဖို့လုံးပန်းကြပေမယ့် မအောင်မြင်တဲ့အခြေအနေပါ။ အဲ့ဒီအချိန်မှာပဲ အဲ့မြို့ကအထက်တန်းကျောင်းသားကျောင်းသူတွေအားလုံး လေ့လာရေးခရီးထွက်ဖို့ဖြစ်လာပါတယ်။ ရာသီဥတုကြောင့် ခရီးစဉ်ဖျက်သိမ်းပြီး မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာတော့အနံ့ဆိုးကြီးပျောက်သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲ့အနံ့ဆိုးကြီးတင်မကပါဘူး သူတို့ရဲ့မိဘမောင်နှမအကုန် မြို့လေးကနေပျောက်ချင်းမလှပျောက်သွားကြတာပဲဖြစ်ပါတယ်။ မိဘစီးပွားရေးအခြေအနေ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းအမျိုးမျိုးအထွေထွေနဲ့ သူတို့တစ်တွေ ဒီလိုအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကိုတော့ကြည့်ရှုခံစားလိုက်ပါဦး

#crd_org_owner
👍32
Secret Invasion (2023)

IMDb 8.6/10

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
*

နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

#crd_org_owner
👍5👎1😁1
Happy End (2021)

စီးရီးဟာ ရုရှား Adult ပညာပေးစီးရီးတစ်ခုဖြစ်ပြီး အပိုင်း (၈) ပိုင်းထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားဆိုတဲ့အတိုင်း အဖော်အချွတ်တွေကို လိုအပ်သလိုအသုံးပြုထားတာကြောင့် မိသားစုနဲ့ကြည့်လို့မရတဲ့စီးရီးလဲဖြစ်ပါတယ်။
တွေ့ကရာယောက်ျားနဲ့ပလူး၊ ငွေပေးရင် ငါ့ရဲ့ တစ်ညတာလင်လို့သက်မှတ်ကြသူ ပြည့်တန်ဆာတွေရဲ့နှလုံးသားက အခေါင်းပေါက်သက်သက်ပဲလား။
အသွေးအသားဈေးကွက်ကို ဖော်ထုတ်အမြတ်ယူ၊ မိန်းမလှလေးတွေ အပျိုရည်ပျက်မှ ထမင်းစားရတဲ့သူဌေးမင်းကြီးကို
လူကြီးလူကောင်းလို့ပြောကြတဲ့ လူကုံတံအသိုင်းအဝန်းဆိုတာလည်းရှိရဲ့။
မိန်းမတစ်ယောက်ဟာ သူ့မိန်းမလိင်အင်္ဂါဇာတ်နဲ့ ငွေကြေးယူ အသက်မွေးခြင်းက လူ့အသိုင်းအဝန်းမှာ ရှက်ဖွယ်လိလိ အော့နှလုံးနာစရာဖြစ်ပေမဲ့လို့
အချိန်တန် သူ့ပေါင်ကြားထဲဝင် အာသာနဲ့တဏှာကိုဖြေဖျောက်ကြတဲ့ အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတွေဟာလည်း ရှက်စရာလို့ တွေးကြသူတွေ နည်းပါးလှပါတယ်။
တစ်ချိန်က ရုရှားတို့ပြည်မှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရှိသတဲ့။
သူက webcam လို့ခေါ်တဲ့ ကင်မရာရှေ့မှာ လူလုံးပြ၊ ငွေကြေးနဲ့ ပြန်လှန်လဲလှယ်လို့ရတဲ့ တိုကင်လေးတွေများများပေးတဲ့သူရှိရင်
သူ့အကြိုက်လိုက်ပြီး ဖော်ပြ၊ ပွတ်ပြ၊ ကုန်းပြရတဲ့သူလေး။ ကင်မရာမင်းသမီးလေးပေါ့။
ဒီတော့ မိန်းမလှလေးတွေကို ပိုက်ဆံပေးပြီး ကိုယ်ခိုင်းတာလုပ်ပြနေတာကို တီဗီကနေ ကြည့်ရတာသဘောကျတဲ့၊
အတွေ့ထက် အငွေ့ကို ပိုသဘောကျတဲ့ လူကြီးမင်းတွေရှိနေသရွေ့တော့ ကင်မရာမင်းသမီးလေးတွေဟာ ဝင်ငွေကောင်းတယ်။
တကယ်ကြီး လိင်ဆက်ဆံစရာမလိုဘဲ ပိုက်ဆံရတဲ့သူလေးတွေ။ ဒါပေမဲ့ သူတို့ကိုလည်း ပြည့်တန်ဆာစာရင်းပဲ သွင်းရမှာပေါ့လေ။
ဒါပေမဲ့ ဒီကိစ္စတွေဟာ လူကြီးမင်းထင်သလောက်တော့ မရိုးရှင်းလှပါဘူး။
ကင်မရာရဲ့နောက်ကွယ်မှာ အပိုင်စားနယ်မြေလုကြရတာ၊
ဝင်ငွေကောင်းတဲ့ နာမည်ကျော်မိန်းကလေးနောက်ကို အမိအရလိုက်ကြတဲ့ အပြာကားထုတ်လုပ်သူတွေ၊
ကိုယ်က ကင်မရာမင်းသမီးလုပ်စားနေတာ သိတဲ့သူရှိသွားလို့ ကိုယ့်အသိုင်းအဝန်းမှာ ဗီဒီယိုဖြန့်လိုက်ရမလား၊
ငွေပေးမလားဆိုတဲ့ ငွေညစ်သူတွေ။
ဒီဇာတ်ကားက အပြာလောက ရိုက်ကူးတင်ဆက်မှုတွေ၊
ကင်မရာမင်းသမီးတွေရဲ့ ကင်မရာနောက်ကွယ်က အရုပ်ဆိုးအကျည်းတန်တဲ့ဘဝတွေဆီ ခေါ်ဆောင်သွားမှာဖြစ်လို့
18 + ဆိုတာထက် ဗဟုသုတရစရာ၊ ကိုယ်ချင်းစာစရာ ကြည့်ရှုရမယ့် မီနီစီးရီးဖြစ်ပါတယ်။

#crd_org_owner
👍417👎1
Tatami 2023 (တာတာမီ)

ယခုတစ်ခါမှာတော့ ဂျူဒိုအားကစားပြိုင်ပွဲအကြောင်းကို
ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဂျူဒိုအားကစားသမားဖြစ်တဲ့ လေလာဟာ သူ့ရဲ့နည်းပြဖြစ်သူ မာယမ်နဲ့အတူ
ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တီဘ်လီစီမြို့ကိုရောက်ရှိလို့လာခဲ့ပါတယ်။

လေလာဟာ လက်တွဲဖော်ကောင်းဖြစ်တဲ့ သူ့အမျိုးသားနာဒါနဲ့အတူ သူငယ်ချင်းများရဲ့ အားပေးမှုကို ရရှိပြီးတော့
ဒီပွဲစဉ်အတွက် ခွန်အားတွေအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ လေလာဟာ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးကို
ဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ ကြိုးစားတိုက်ခိုက်ပါရင်း တစ်ဆင့်ပြီးတစ်ဆင့်
တက်လှမ်းလို့လာခဲ့ပါတော့တယ်။

တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အချိန်မှာပဲ သူတို့အသင်းရဲ့ ခေါင်းဆောင်ပိုင်းထဲကနေ
လေလာ့ကို ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ဖို့အတွက် နည်းပြဖြစ်သ မာယမ့်ဆီကို ဆက်သွယ်ပြီးပြောပါတော့တယ်။
နည်းပြဖြစ်သူ မာယမ်ဟာလည်း ဒီကိစ္စကို လက်မခံဘဲနဲ့ လေလာ့ကို ဆက်လက်ပြီးတော့ ပြိုင်စေခဲ့ပါတယ်။
ဒီလိုနဲ့ပဲ လေလာတစ်ယောက် ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးမှာ မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်ကို ပိုင်ဆိုင်နိုင်မှာလား ......

အထက်ကပေးတဲ့ဖိအားတွေကို နည်းပြမာယမ်တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို
ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

#crd_org_owner
5👍4
Neverland (2011)

ဒီညအတွက်အကောင်းဆုံးကားလေးတစ်ကားဖြစ်တဲ့ Neverland Mini Series လေးကိုတင်ဆက်ပေးပါတယ်။ နာမည်ကိုကြည့်လိုက်ကတည်းကအားလုံးလည်းအံ့ဩ သွားကြမှာပါ....ဟုတ်ပါတယ်...ဒီကားက အပိုင်း ၂ ပိုင်းနဲ့ခွဲပြီးထွက်ထားတဲ့ Mini Series ဖြစ်ပါတယ်။ ဒါပေမယ့် အခုတင်ပေးတာကတော့ အဲ့၂ပိုင်းလုံးကို ​ပေါင်းပြီးတစ်ကားတည်းဖြစ်အောင်လုပ်ထားတဲ့ Mini Series ပါ....အပြီးထိပါပါတယ်..ဒါကြောင့်မို့လို့ကားရဲ့ကြာချိန်ဟာလည်း ၃ နာရီနီးပါးရှိ ပါတယ်...ဒီကားလေးအကြောင်းမပြောခင် Disney ကရိုက်ကူးခဲ့ တဲ့ Peter Pan နဲ့ ကပ္ပတိန်ဟွတ်ဆိုတဲ့ Animantion ကားလေးတွေကိုတော့ အားလုံးလည်း သိကြမှာပါ...နာရီမြိုထားတဲ့ မိကျောင်းကိုကြောက်တဲ့ ပင်လယ်ဓားပြကြီးဟွတ်နဲ့ Neverland ဆိုတဲ့ ကျွန်း လေးကို ကာကွယ်ပေးနေတဲ့ လူပျံလေး ပီတာပန်တို့အကြောင်း တွေကိုရိုက်ကူးထားခဲ့တာပါ….နောက်ပြီး တင်ကာဘဲလ် ဆိုတဲ့နတ်သမီးလေး အကြောင်းလည်းတွေ့ခဲ့ရမှာပါ....ဒီ Animation ကားလေးတွေဟာ အောင်မြင်ခဲ့ပြီး တော့ Tinkerbell ဆိုတဲ့ Animation ကားလေးတစ်ကားလည်းသက်သက်ထွက်ရှိခဲ့ပါတယ်။ Peter Pan ဟာ ကျွန်တော်တို့ငယ်စဉ်ကအကြိုက်ဆုံးဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို ကပ္ပတိန်ဟွတ်ဆိုတာကလည်း အကောင်းဆုံးနဲ့အရယ်ရဆုံးဗီလိန်ကြီးတစ်ယောက်ဖြစ် ခဲ့ပါတယ်...ကဲဒါဆို ဒီဇာတ်ကားလေးအကြောင်းကိုပြောလိုက် ရအောင်...ဒီဇာတ်ကားလေးဟာ ခုနကပြောခဲ့တဲ့ Animation ကားလေးတွေရဲ့ ပထမဆုံးဥလျောင်ကားဖြစ်ပါတယ်...ပီတာပန် ဘာလို့ပျံနိုင်လဲ...ကပ္ပတိန်ဟွတ် ဘာလို့လက်တဖတ်မရှိတာလဲ…. မိကျောင်းထဲကိုနာရီကဘယ်လိုရောက်သွားတာလဲ… အားလုံးမသိကြပါဘူး...ဘာလို့လဲဆိုတော့ Animation ကားလေးတွေက ဘယ်ကဘယ်လိုဖြစ်လဲမရိုက်ပြတော့ပဲ သာမာန်ဖြစ်နေကျအတိုင်းပဲရိုက်ပြထားခဲ့လို့ပါ...ဒါကြောင့် အကုန်လုံးကိုအစဆုံးသိချင်ရင်တော့ ဒီ အစအဆုံးပါတဲ့ Mini Series လေးကသင်တို့ အတွက် စိတ်ကျေနပ်မှု့ကိုလုံးဝရရှိစေမှာပါ…ဒီဇာတ်ကားလေးထဲမှာပါတဲ့ ရှု့ခင်းတွေကသာယာ ကြည်နူးဖွယ်ကောင်းတဲ့အပြင် Animation ထဲမှာပါတဲ့လူရိုင်းကျေးရွာကလူရိုင်းလေး တွေရယ် တိုက်ဂါးလီလီဆိုတဲ့ ခေါင်းဆောင်သမီးလေး ရယ်၊ Arging mian ထဲမှာပါတဲ့လူရိုင်းကျေးရွာတွေရယ် တိုက်ဂါးလီလီဆိုတဲ့ ခေါင်းဆောင်သမီးလေး ရယ်၊ ပင်လယ်ဓားပြတွေရယ် ပီတာပန့်အနားမှာအမြဲလိုလိုရှိ နေတဲ့ တင်ကာဘဲလ်ဆိုတဲ့ နတ်သမီးလေးနဲ့ စုံစုံလင်လင်လှလှပပရိုက်ကူးထားတဲ့ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..ဒါကြောင့် ညဘက်မှာကော်ဖီလေးတစ်ခွက်နဲ့ အချိန် ကြာကြာလေး နေရာအသစ်အဆန်းတွေကိုခေါ်ဆောင်သွားမယ့် ကားကောင်းလေးတစ်ကားကိုကြည့်ချင်ရင်တော့ ဒီ Neverland ဆိုတဲ့ ကားလေးကိုကြည့်ဖို့ညွှန်း လိုက်ပါရစေ....

#crd_org_owner
👍21
Top Gunner: America vs. Russia (2023)
=========================

မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။

ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။

#crd_org_owner
3👍3
How To Make Millions Before Grandma Dies (2024)

ဇာတ်အေးအေး Family Drama ပေမဲ့ အကြောင်းတိုက်ဆိုင်သူတွေကို မျက်ရည်ဝဲသွားစေမယ့် How to make millions before grandma dies...

ရုံတင်တုန်းကလည်း ရလဒ်ကောင်းတွေ positive review တွေရခဲ့သလို အတော်လေးငိုရတယ်ဆိုတဲ့ဇာတ်ကားလေးဖြစ်တာမလို့ အငိုဒရာမာတစ်လိုင်းပရိသတ်တို့ တစ်ရှူးဆောင်ရင်း ရှုစားပေးကြပါဦး။

သူငယ်ချင်းတစ်ယောက် အဘိုးဆုံးခါနီးမှာ သွားပြုစုရင်း ဘတ် ၁၀ သန်းတန် အိမ်ကြီးကို တစ်ယောက်တည်းအမွေရလိုက်တာကို သိလိုက်ရတဲ့အမ်

တိုက်ဆိုင်စွာနဲ့ သူအဘွားကလည်း ကင်ဆာနဲ့ နေ့ရက်တွေလက်ချိုးရေနေတာကို သိလိုက်ရအပြီးမှာ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့အနေနဲ့ အလုပ်ကထွက်ပြီး အဘွားကိုပြုစုဖို့ ရောက်ချလာပါတော့တယ်။

ဆုံးခါနီးအဘွားအိုတစ်ယောက်ကို အမ်အပါအဝင် အမျိုးအဆွေ အားလုံးက ရွှေပုံကြီးလို့မြင်ခဲ့တာပေမဲ့ အနီးကပ်ပြုစုနေတဲ့အမ်ကတော့ ဘယ်သူမှမမြင်တဲ့ အထီးကျန်ဘဝကို မြင်လိုက်ရတဲ့အခါ...

တစ်ခါတလေမှာ ကျွန်တော်တို့ တောရွာတစ်နေရာမှာ မေ့‌မေ့ပျောက်‌ပျောက်ပစ်ထားတဲ့ အဘိုးအဘွားတွေအတွက် တကယ်လိုအပ်နေတာကဘာလဲဆိုတာကို ဒရာမာနဲ့ပေါင်းစပ်လို့ ဖော်ပြထားတဲ့ မျက်ရည်စို့စေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ရှုစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး
တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့  ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။

How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး
Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။

အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို
IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။

#crd_org_owner
6👍1
Happy End (2021)

Review
https://t.me/bartintin9/489
https://t.me/bartintin9/489

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍14
Pilot (2024)
**

ဒီတစ်ခေါက် ကျွန်တော်တို့ Channel Myanmar ကနေ Cockpit ဆိုတဲ့
ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ Pilot ဆိုတဲ့ ဟာသရုပ်ရှင်ကားသစ်ကြီးကို
တင်ဆက်ပေးလိုက်ပါတယ်။

အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရင်းနှီးပြီးသား
Hospital Playlist ထဲမှ Jo Jung Suk၊ Work Later Drink Now ထဲမှ Han Sun Hwa၊
Twenty-Five Twenty-One ထဲမှ Lee Joo Myung၊ D.P ထဲမှ Shin Seung Hoတို့နဲ့အတူ
အခြားသော နာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း-

နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ
မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း
အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ
ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး
သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး
အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။
ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက်
မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။
လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ
ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့
ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။

#crd_org_owner
👍75
Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း”
Genre – Action, Crime, Drama

အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို
ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို
အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။

ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က
Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။
အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja
ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။

ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး
အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။
ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို
အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ
ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။

တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့
ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။
အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ
မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက်
ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။

#crd_org_owner
👍41
Kung Fu Games (2024)

Squid Game လိုပုံစံမျိုးကိုပြန်ရိုက်ထားတဲ့ခံစားချက်မျိုးနဲ့

Kung Fu Games ဆိုတဲ့အက်ရှင်ကားတစ်ကားကိုတင်ဆက်

ပေးလိုက်ပါတယ်။ပြောရရင်တော့ Squid Game နဲ့တော်တော်ကြီးကို

ဆင်တူနေပြီး ကွာခြားသွားတာဆိုလို့ ဒီမှာကကွန်ဖူးဆိုတဲ့အတိုင်း

တိုက်ခိုက်ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့်အပျင်းပြေအက်ရှင်အလန်းစားတွေကြည့်ချင်တယ်ဆိုရင်တော့

ဒီဇာတ်ကားလေးကကြည့်ရှုလို့သင့်တော်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ လူ ၆ ယောက် ကွန်ဖူးဝတ်စုံတွေဝတ်ထားပြီး

ဘယ်နေရာမှန်းမသိတဲ့အခန်းတစ်ခုထဲမှာနိုးထလာတာကိုတွေ့ရမှာ

ဖြစ်ပါတယ်။အခန်းတံခါးပေါ်မှာလဲ အချိန်နောက်ပြန်ရေတွက်နေတဲ့

နာရီကြီးရှိနေပြီး ဘာအတွက်ရေတွက်နေမှန်းလည်းမသိရပါဘူး။

ဒါပေမယ့်သိပ်မကြာခင်မှာပဲ အချိန်ပြည့်သွားပြီး ဝါးတောကြီးတစ်ခုထဲ

သွားတဲ့တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။

စစချင်းတုန်းကတော့ အရမ်းကြီးလေးလေးနက်နက်မရှိကြပေမဲ့

အဲ့ဒီပထမအဆင့်မှာတင် လူတစ်ယောက်ဆုံးသွားတဲ့အခါမှာတော့

အကုန်လုံးကစိုးရိမ်ပူပန်လာကြပြီး ကစားပွဲတွေကလည်းပိုပိုပြင်းထန်

လာပါတော့တယ်။

အဲ့ဒီလိုကစားပွဲရဲ့နောက်ကွယ်မှာဘယ်သူရှိနေမလဲ သူတို့ကရောဘာလို့

ဒီကိုရောက်လာခဲ့ကြရတာလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားဖို့

တင်ဆက်ပေးလိုက်ပါတယ်။

#crd_org_owner
👍32
Secret Invasion (2023)

IMDb 8.6/10

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
*

နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ IMDb မှာ 8.6 အထိ ရောက်နေပြီမို့ စိတ်ချလက်ချ ကြည့်လိုက်ကြပါဦး

#crd_org_owner
3👍1
AAY (2024) "အချစ်သည်သာ..."
IMDb - 7/10

တောာင်ပိုင်းရုပ်ရှင်ကြိုက်နှစ်သက်သူတို့ ရယ်မောပြုံးပျော်ရစေဖို့
တလေဂူးအချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

ကာသစ်ခ်ဆိုတာ ဟိုက်ဒရာဘတ်ကို တက်အလုပ်လုပ်ရင်း
သူ့ဇာတိသူမပြန်ချင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်။
ကိုဗစ်ကြီးဖြစ်လို့ ပထမလော့ခ်ဒေါင်းနဲ့ ဒုတိယလော့ခ်ဒေါင်း
ကြားကာလအချိန် Work from homeဖြစ်သွားတော့
သူ့ဇာတိက မိဘတွေအိမ်ကိုပြန်လာခဲ့ပါတယ်။

သူ့ဇာတိသူ မပြန်ချင်ရတာကလည်း သူ့မိသားစုနဲ့ သူ့ဘော်ဒါနှစ်ကောင်ကြောင့်တဲ့။
မပြန်မဖြစ် ပြန်လာပြီးတဲ့နောက် မိသားစုနဲ့ ဘော်ဒါနှစ်ကောင်ကလည်း ရှောင်လွဲမရတော့
မောင်ကာသစ်ခ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ရတာပေါ့။

ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး ချစ်မိသွားချိန်မှာတော့
ကာသစ်ခ်တစ်ယောက် ဇာတိမြို့မှာပျော်လာခဲ့ပေမဲ့
သူ့အချစ်ရေးမှာ ဇာတ်ရှုပ်လေးတွေရှိလာတဲ့အခါမှာတော့...။

#crd_org_owner
2
Queen Woo (2024)

Review
https://t.me/bartintin9/427
https://t.me/bartintin9/427

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

#crd_org_owner
👍3
Secrets Of A Nympho (2022) Complete Limited Series

IMDb rating 9.3/10

ဆိတ်ငြိမ်တဲ့နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဆန်လူးကပ်စ်မြို့မှာ နာမည်ကျော်ဂုဏ်သတင်းကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ပိုတန်ရှာနာ တက္ကသိုလ်ရှိပါတယ်။ အဲ့ဒီတက္ကသိုလ်ဆင်း ရှေ့နေလောင်းတွေအတွက် ဝတ်လုံတော်ရများရဲ့ည ဆိုတဲ့အကြမ်းစားပါတီကိုကျင်းပလေ့ရှိပြီး အဲ့ဒီပါတီညတွေမှာဆိုရင် တစ်နှစ်လုံးစောင့်ထိန်းလာခဲ့သမျှ စည်းတွေဘောင်တွေအားလုံးကိုကျော်လွန်လွှတ်ချပြီးတော့ မီးကုန်ယမ်းကုန်အပျော်ကျူးကြ ကဲကြလေ့ရှိပါတယ်။ အခုညပါတီမှာတော့ ထင်မှတ်မထားတဲ့အဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။
ဘရိုင်ယန်ဇူနီဂါ အထပ်မြင့်ကနေ လိမ့်ကျသေဆုံးခဲ့ခြင်းပါပဲ။
ဘရိုင်ယန်ဇူနီဂါဆိုတာ မြို့မျက်နှာဖုံးသူဌေးသား၊ကျောင်းကို အဓိကထောက်ပံ့တဲ့ ဇူနီဂါမိသားစုဝင်တစ်ဦး၊ ကျောင်းမှာဆိုလည်း မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူမဆုံးခင်နောက်ဆုံး ဆိုရှယ်မီဒီယာမှာ Suicide note ဆန်ဆန်ရေးတင်ခဲ့သလို သူ့ချစ်သူဖြစ်တဲ့ဟန်နာကိုလဲ ခေါင်မိုးထပ်မှာဒဏ်ရာတွေနဲ့မေ့မျောနေတာရှာတွေ့ခဲ့တဲ့အတွက် ဒီကိစ္စကိုစုံစမ်းကြရင်း ပိုတန်ရှာနာ တက္ကသိုလ်မှာရှိတဲ့ အလွှာအသီးသီး စရိုက်အထွေထွေ ကျောင်းသူကျောင်းသားတွေရဲ့ နောက်ကွယ်က ဇာတ်ရှုပ်တွေ အမုန်းအငြိုးတွေ၊ ကလဲ့စားတွေကိုခပ်ကြမ်းကြမ်းရှုစားရမှာပါ။

ပြီးခဲ့တဲ့ An/Na (2022) ရဲ့ Time slot ကိုအသစ်ဝင်လာတဲ့ ၈ ပိုင်းပါ Vivamax Series အသစ်ဖြစ်ပြီး Mainstream လောကရဲ့ မင်းသမီးချောလေး Rhen Escaño ကခေါင်းဆောင်ပါဝင်ထားသလို သူနဲ့ပြိုင်ဘက်အဖြစ် အားလုံးရင်းနှီးပြီးသား Ayanna Misola က အားဖြည့်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းတွဲတွေထုံးစံအတိုင်း Sub Plot တွေ ဇာတ်ပို့တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ခံစားရမှာဖြစ်ပါတယ်။

#crd_org_owner
👍94🥰1
Officer Black Belt (2024)

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့
အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ
Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင်
Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ
ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း-

Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့
ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့
သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့
ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။
တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့
လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး
ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ
၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့
အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ
Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ..
ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ..
ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

#crd_org_owner
👍72
The Lord of the Rings: The Rings of Power (2022-2024) (Season 1-2)

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema

The Lord of The Rings ရုပ်ရှင်တွေဟာ စာရေးဆရာကြီး ဂျေ အာ အာ တိုကင်းန်ရဲ့ ကမ္ဘာကျော်ဂန္ဓဝင်ဝတ္ထုတွေကနေ ရိုက်ကူးထားပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်တွေထဲမှာ အပါအဝင်ပါပဲ

အခုတော့ ဒီရုပ်ရှင်တွေရဲ့ ခေတ်မတိုင်ခင် ရှေးတုန်းကဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးလိုက်ပါပြီ၊ အတွဲ ၅ တွဲ ထွက်ရှိမှာဖြစ်ပြီး တစ်တွဲကို ၈ ပိုင်းစီပါဝင်မယ်လို့သိထားရပါတယ်

LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်၊ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်၊ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်

ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်

အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်၊ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်
👍53❤‍🔥1