ဘာတင်တင် အညွှန်း
39.7K subscribers
2.28K photos
878 links
Vip မန်ဘာ🎥/ကြော်ငြာထည့်သွင်းလိုသူများဆက်သွယ်ရန်Admin Acc
🙋👇👇
t.me/ANyaZ_Cinema
👸👇👇
t.me/YuNanDar_ADM

viber မှဆက်သွယ်ရန်
👇🤗
09965560373
Download Telegram
House of the Dragon (2022-2024) (Season 1-2)💥💥
--------------------

အညွှန်းဖတ်ရန်
https://t.me/NanDar_Shy_Adm/2011
https://t.me/NanDar_Shy_Adm/2011

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema
👇👇👸
t.me/YuNanDar_ADM

ဇာတ်ကားကောင်းဘာညာအစုံ Link
👇👇👇🤗
https://t.me/addlist/w0jWu2rvKO8zM2E9

ရှယ်တွေနော်👇🤗🎥
https://t.me/addlist/n7sCHSdmQlM4Yjg1

#Credit
2
𝗦𝗵𝗮𝗿𝗽 𝗧𝗲𝗲𝘁𝗵 (𝟮𝟬𝟮𝟰)


သဲထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်
Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။

ဇာတ်လမ်းအညွှန်း....

ဦးလေးနျိုနဲ့ သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ
ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင်
ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။

တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ
အဲဒီငါးကြီးနဲ့ မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။

ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့
အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။

တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့ သူငယ်ချင်းအုပ်စုက
အရင်တည်းဖို့လုပ်ထားတဲ့
ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့်
မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။

အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ဟိုတယ်ကို‌ သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။

အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ

သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။

#Credit_Org_Owner
👍31
Unarvugal Thodarkadhai(2024)"ချစ်ခြင်းပုစ္ဆာ"
==============

စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြော
အချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက်
တင်ဆက်ပေးချင်ပါတယ်။

တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။
ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။
အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက်
ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။

မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့
ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီး
လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။

Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့
ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့
အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာ
အချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ...။

(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

#Credit_Org_Owner
2
Switch Case N 2024
=============
မယုံနိုင်စရာ ဘဝအချိုးအကွေ့

ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ 2024 ခုနှစ်ထွက်
ကန်နာဒါဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Switch Case N ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
IMDb ratingကလဲ အတော်သင့် ရရှိထားသလို IT နဲ့ ပတ်သက်ပြီး
စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ဖြစ်မှာ သေချာပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် အိုင်တီပညာရှင်လေး
ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ
ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း
အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက်
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက
သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့
ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

#Credit_Org_Owner
2
Wonderland (2024)

ဒီနေ့မှာတော့ အများစောင့်မျှော်နေကြတဲ့ Park Bo Gum, Bae Suzy, Gong Yoo, Choi Woo Shik နဲ့ Jung Yu Mi စတဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အချစ်သိပ္ပံကားလေးကို Happy က တင်ဆက်ပေးချင်ပါတယ်။

လက်တွေ့ဘဝမှာ ထပ်မံတွေ့ဆုံဖို့ မဖြစ်နိုင်တော့တဲ့ သူတွေကို တစ်ဖန် ပြန်လည်တွေ့ဆုံနိုင်ဖို့ရာ AI နည်းပညာကို အသုံးပြုထားတဲ့ "Wonderland" ဆိုတဲ့ ဝန်ဆောင်မှုလေး ရှိနေပါတယ်။ ဒီနေရာလေးကို ရောက်လာသူတွေကတော့ လက်တွေ့ဘဝကို ပြန်မာနိုင်တော့တဲ့၊ ပြန်လာဖို့ အခက်အခဲရှိနေသူတွေပါပဲ။

ဇာတ်လမ်းလေးထဲမှာ ပထမဆုံးအနေနဲ့ Jeong In (Bae Suzy) နဲ့ Tae Ju (Park Bo Gun) ဆိုတဲ့ အရမ်းချစ်ကြတဲ့စုံတွဲလေးမှာ Tae Ju က ကိုမာဝင်သွားတာမို့လို့ Jeong In ခမျာ ချစ်ရသူကို လက်မလွှတ်ချင်လို့ အားကိုးရာအဖြစ် Wonderland မှာ Tae Ju ကို နေထိုင်ခိုင်းရင်းနဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပိုတိုးလာအောင် ကြိုးစားနေရတာကို မြင်တွေ့ရမှာပါ။

ထို့အတူ တစ်ဖက်မှာလည်း Wonderland ရဲ့ ပဲ့ကိုင်သူတွေဖြစ်တဲ့ Hae Ri (Jung Yu Mi) နဲ့ Hyun Soo (Choi Woo Shik) တို့ကလည်း အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးရင်းနဲ့ အသုံးပြုသူတို့အကြားမှာ သာယာချောမွေ့တဲ့ ခရီးလမ်းလေးဖြစ်အောင်လို့ အမြဲတစေ ကြိုးစားနေရသူတွေပါ။

Wonderland ဆိုတဲ့ ဝန်ဆောင်မှုက ဘာများဖြစ်မလဲ။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ပြန်လည်တွေ့ဆုံမှုတိုင်းဟာ ချောချောမွေ့မွေ့ ရှိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်၊ ရင့်နင့်ဖွယ်ကောင်းစွာ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အခုလို AI နည်းပညာ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဒီဇာတ်ကားလေးက အမြင်သစ်တစ်ခုကို ပေးစွမ်းနိုင်မှာမို့လို့ အခုပဲ Happy မှာ ကြည့်ရှုပေးကြပါဦးနော်။

#Credit_Org_Owner
2
Sniper Elite: Nano Crisis 2024

IMDB 5.7/10

ရွှေတြိဂံနယ်မြေရှိ S နိုင်ငံဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
S နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ပါသမား ပိုင်ယဲ့ဟာ
နာ့မီနည်းပညာမှာ ပါရဂူဖြစ်တဲ့ ပါမောက္ခဝေကို
ကာကွယ်ပို့ဆောင်ပေးဖို့ တာဝန်ကျခဲ့ပါတယ်။ ပို့ဆောင်တဲ့လမ်းမှာ
ကင်းမြီးကောက်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး
ပိုင်ယဲ့တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပါတယ်။

ပါမောက္ခဝေက နာ့မီနည်းပညာနဲ့ ပြန်လည်ကုသပေးခဲ့တဲ့အတွက်
အမြန်ဆုံး သက်သာသွားတဲ့ ပိုင်ယဲ့ဟာ ကင်းမြီးကောက်လက်ထဲ
ကျန်ခဲ့တဲ့ ညီအစ်ကိုကို သွားကယ်ခဲ့ပါတယ်။ နာ့မီနည်းပညာနဲ့
ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်က
နာ့မီစမ်းသပ်ရေးစခန်းကို ရှာတွေ့သွားခဲ့ပြီး
ပုန်းခိုတိုက်ခိုက်ခဲ့တဲ့အတွက် ပါမောက္ခဝေကလွှဲပြီး ကျန်တဲ့လူအကုန် သေသွားခဲ့ပါတယ်။

ပါမောက္ခဝေကို ပြန်လည်ကယ်တင်ဖို့အတွက်……
ရွှေတြိဂံနယ်မြေက ပြည်သူတွေရဲ့ ငြိမ်းချမ်းလုံခြုံရေးအတွက်……
ပိုင်ယဲ့တို့အဖွဲ့က ဘယ်လို ကြိုးစားတိုက်ခိုက်ကြမလဲ
ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

#Credit_Org_Owner
👍3
Rautu Ka Raaz (2024)

မရဏအလွန်ကအမှန်တရား

IMDb -6.5/10

မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက် မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။

အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။

ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကိုသေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။

သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီးလုပ်တော့တာပေါ့။

ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီးသေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ....

တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကို
တိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့....

အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရောကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

#Credit_Org_Owner
3
House of the Dragon (2022-2024) (Season 1-2)💥💥
--------------------

အညွှန်းဖတ်ရန်
https://t.me/NanDar_Shy_Adm/2011
https://t.me/NanDar_Shy_Adm/2011

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema
👇👇👸
t.me/YuNanDar_ADM

ဇာတ်ကားကောင်းဘာညာအစုံ Link
👇👇👇🤗
https://t.me/addlist/w0jWu2rvKO8zM2E9

ရှယ်တွေနော်👇🤗🎥
https://t.me/addlist/n7sCHSdmQlM4Yjg1

#Credit
👍2
Detective Dee and the Great Illusionist 2024

စုံထောက်ကြီးဒီးနဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ်ကျွမ်းကျင်တဲ့
လူသတ်တရားခံတို့ အားပြိုင်ကြတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
နင့်ကျိုးနယ်မှာ မကောင်းဆိုးဝါးထကြွသောင်းကျန်းတယ်လို့
ဘုရင်မကြီးကြားတဲ့အတွက် စုံထောက်ကြီးဒီးကိုစေလွှတ်ခဲ့တယ်။

လူသတ်မှုဖြစ်ခဲ့တဲ့ နင့်ကျိုးကလီအိမ်တော်ကိုစုံထောက်ကြီးဒီး
ရောက်သွားတဲ့အခါ မူမမှန်တာကိုသိနေပေမယ့်
ဘာသဲလွန်စမှမရခဲ့ပါဘူး။ ရန်သူဟာအရာအားလုံးကိုသိနေပြီ
ခြေတစ်လှမ်းအမြဲဦးနေခဲ့တယ်။

ဉာဏ်များတဲ့လူသတ်တရားခံကို
ဒီးရန်ကျယ်က ဘယ်လိုများအမိဖမ်းမလဲ......
နောက်ကွယ်ကအမှန်တရားကဘာတွေဖြစ်နေမလဲ......

#Credit_Org_Owner
👍31
The Infallibles (2024)
******
Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကို

ဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက်

ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့

ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခု

တင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကို

ရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့

ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျ

တင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။

ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီး

ပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏ

ဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြ

ပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်း

သူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက်

သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူ

နေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်

ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေ

တစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင်

ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာက

တစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစား

မနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုက

အမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီး

ဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့

အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြ‌ပေမဲ့

အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီး

နှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့

ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေး

တစ်ကားပဲဖြစ်ပါတယ်။

#Credit_Org_Owner
👍93
The Roundup: Punishment (2024)

ဦးဦးမာဒုံဆော့ရဲ့ ကားသစ်လေးကို စောင့်မျှော်နေတဲ့သူတွေ ရှိကြလား

ဒီနေ့မှာတော့ "Roundup Punishment"ဆိုတဲ့ ဦးဦးမာဒုံဆော့ရဲ့ အမိုက်စားမှုခင်းဇာတ်လမ်းသစ်လေး ထွက်ရှိလို့ လာခဲ့ပါပြီ

ဆိုက်ဘာမှုခင်းအဖွဲ့က မာဆော့ဒိုနဲ့ အဖွဲ့သားများဟာတော့ ဖီလစ်ပိုင်မှာ app developer တစ်ယောက် သေဆုံးသွားမှုကနေ ဒါဟာ တရားမဝင် ကာစီနို website တွေကို ဖန်တီးနေတဲ့ အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာကို သိရှိသွားပြီး စစ်ဆင်ရေး တစ်ခုကို စတင်ပါတော့တယ်

ဘဲ့ချန်းဂီကတော့ ပြန်ပေးဆွဲမှု လူသတ်မှုတွေနဲ့ ကိုရီးယားနိုင်ငံသားတွေရဲ့ အွန်လိုင်းတရားမဝင် လောင်းကစားဈေးကွက်ကို လွှမ်းမိုးထားတဲ့သူဖြစ်ပြီး ဂျန်ဒုံချောကတော့ အိုင်တီလုပ်ငန်းတစ်ခုရဲ့ ထူးချွန်တဲ့ ကိုယ်စားလှယ်ဖြစ်ပြီးတော့ ပိုမိုကြီးမားတဲ့ အွန်လိုင်းတရားမဝင် လောင်းကစားဆိုက်တစ်ခုကို တည်ထောင်ရန် လုပ်ဆောင်နေသူပဲဖြစ်ပါတယ်

Round Up ကားပီပီ ဒီနှစ်ယောက်က ဒီအမှုနဲ့ ဘယ်လိုပတ်သက်နေမလဲ ဒီအမှုကို ဘယ်လိုတွေ ဖြေရှင်းသွားဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

အမိုက်စားသရုပ်ဆောင်တွေ ပါဝင်တဲ့ဇာ​တ်လမ်းကောင်းလေးမို့ အားလုံး လက်လွှတ်မခံပဲ ကြည့်ရှုအားပေးကြပါဦးနော်

#Credit_Org_Owner
👍86🥰1🙈1
House of the Dragon (2022-2024) (Season 1-2)💥💥
--------------------

အညွှန်းဖတ်ရန်
https://t.me/NanDar_Shy_Adm/2011
https://t.me/NanDar_Shy_Adm/2011

မန်ဘာဝင်ဖို့ဆက်သွယ်ရန် Adm Acc
🙋👇👇
t.me/ANyaZ_Cinema
👇👇👸
t.me/YuNanDar_ADM

ဇာတ်ကားကောင်းဘာညာအစုံ Link
👇👇👇🤗
https://t.me/addlist/w0jWu2rvKO8zM2E9

ရှယ်တွေနော်👇🤗🎥
https://t.me/addlist/n7sCHSdmQlM4Yjg1

#Credit
👍5
Sheriff: Narko Integriti (2024)

IMDB: 7.6/10

မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊
ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီးနောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင်တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီကဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲတိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူလူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦးရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်းအပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ..ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်းသံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
👍21