B2HD Gaming PC & High End Workstation
564 subscribers
560 photos
151 links
This is the official Telegram channel of B2HD computer. We are the seller of high end PCs in Myanmar since 2013.
Download Telegram
တစ်နှစ်မှာ တစ်ခါပဲရမယ့် Viewsonic ရဲ့ gaming monitor promotion လာပါပြီ။

24 လက်မကို မြန်မာငွေ ၆ သောင်းကျပ်နီးပါနဲ့ 27 လက်မ အထက်ကို မြန်မာငွေ ၉ သောင်းကျပ်နီးပါးတောင် သက်သာမှာနော်...

Admin ရဲ့ favorite model ကတော့ 24" Super clear IPS 144hz panel နဲ့ VX2405 ပါ။ ရုပ်ထွက်ရော panel quality ပါ ပြောစရာမရှိအောင်ကောင်းပါတယ်။ discount ချအပြီးကို မြန်မာငွေ ၆ သိန်းကျပ်လောက်ပဲကျမှာမလို့ quality panel နဲ့ gaming monitor တစ်လုံးကို အဲ့စျေးနဲ့ရမှာဆိုတော့ တော်တော်တန်တယ်ပြောရပါမယ်။

240hz ကြိုက်တယ်ဆိုရင် Omni lineup ထဲက VX2719 နဲ့ XG2431 ကိုလဲ အတန်ဆုံးစျေးတွေနဲ့ အခုချိန် promotion ကာလမှာ ဝယ်ယူနိုင်မှာပါ။ အသေးစိတ်နဲ့ စျေးနှုန်းကို ပုံတစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ်ဗျာ။

အရေအတွက်ကန့်သတ်ထားလို့ အမြန်ဆုံးဝယ်မှ စိတ်ချရပါမယ်။

B2HD South Okkalapa branch - 0944222234/ 09755505577
B2HD Mandalay branch - 09797566777

https://b2hd.com/promotion/monitor/view-sonic

တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျာ
1
နွေရာသီရောက်လာပြီဆိုတော့ အိမ်မှာပဲ အနားယူပြီး အပျင်းပြေ Games ဆော့မယ့် သူတွေအတွက် သတင်းကောင်းလေးလာပါပြီဗျ။ ကျွန်တော်တို့ B2HD က 10th year anniversary နဲ့ အတူ နွေရာသီ promotion PC build လေးတွေကို customer တို့အကြိုက် ဖန်တီးပေးထားပါတယ်။

၀ယ်ယူသူတိုင်း အဆင်ပြေအောင် Build တိုင်းမှာ AMD နဲ့ Intel CPU စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ မတူညီတဲ့ segment အလိုက် အကောင်းဆုံးဖြစ်မယ့် spec တွေကို တစ်ခုချင်း hand pick လုပ်ထားပေးပါတယ်ဗျ။ ပုံတစ်ပုံချင်းစီမှာ build တခုချင်းစီရဲ့ အသေးစိတ်ပါပြီး build တိုင်း အထူးစျေးနဲ့ promotion ချပေးထားတဲ့အပြင် ထပ်ဆောင်းလက်ဆောင်လေးတွေလဲ ထည့်ပေးထားပါသေးတယ်။

ရန်ကုန် နဲ့ မန္တလေးမြို့တွင်းက မှာချင်တယ်ဆို နေ့ချင်းပြီး ဆင်‌ပေးပြီး အမြန်ဆုံး delivery နဲ့ အိမ်ရှေ့အရောက်ပို့ပေးပါတယ်ဗျာ။ နယ်ကဝယ်မယ်ဆိုလဲ ဖုန်းလေးတစ်ချက်သာ ဆက်ဖို့လိုပါတယ်။ သေချာထုတ်ပိုးပြီး ကားဂိတ် သို့မဟုတ် အမြန်ချောပို့နဲ့ ပို့ပေးပါတယ်။ အိမ်ရောက်ရင် ကြိုးထိုးပြီး အသင့်သုံးရုံပါပဲ။ အသေးစိတ်လေး ထပ်လေ့လာပြီး မှာချင်တယ်ဆိုရင် b2hd.com website ကနေလဲ မှာလို့ရပါတယ်ဗျ။ item ပေါင်းထောင်ချီရှိတဲ့ထဲကနေ ကိုယ့်စိတ်ကြိုက် မှာယူလို့ရနေပါပြီ။

ပစ္စည်းအားလုံး official distributor များမှသွင်းတဲ့ brand new စစ်စစ် များသာသုံးပေးထားလို့ အာမခံနဲ့ပတ်သက်ရင် စိတ်ချယုံကြည်စွာ အားပေးနိုင်ပါတယ်။

၁၀ နှစ်တာကာလအတွင်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးနဲ့ စစ်မှန်တဲ့ standard တစ်ခုကို ယုံကြည်စွာနဲ့ ချပြခွင့်ပေးခဲ့တဲ့ Customer တိုင်းကိုလဲ B2HD မှကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

𝙔𝙖𝙣𝙜𝙤𝙣 𝙁𝙡𝙖𝙜𝙨𝙝𝙞𝙥 𝙎𝙩𝙤𝙧𝙚
No. 1A(7), Mya Thida Housing, 11th Ward, South Oakkalapa Tsp, Yangon
Tel 09 44 22222 34, 09 75550 5577, 09 75550 6677

𝙈𝙖𝙣𝙙𝙖𝙡𝙖𝙮 𝘽𝙧𝙖𝙣𝙘𝙝
No. A1, 35th Street (between 80th and, 81st St, Chan Aye Thar Zan tsp, Mandalay
09 797 566 777, 09 4500 27626

𝙏𝙖𝙪𝙣𝙜 𝙂𝙮𝙞 𝘽𝙧𝙖𝙣𝙘𝙝
134, Bogyoke Aung San Rd, Taunggyi
09 254 20 30 20
👍1
Esports builds
Esports game တွေဖြစ်တဲ့ Dota 2, CSGO , Valorant အစရှိတဲ့ ဂိမ်းတွေမှာ performance ကောင်းကောင်း ၊ FPS မြင့်မြင့်နဲ့  သင့်ရဲ့ တိုက်ပွဲတိုင်းကို အနိုင်ယူဖို့ B2HD ရဲ့ eSports PC build လေးတွေ က အသင့်ရှိပါတယ်ဗျ။

ယခု PC build လေးတွေကို Ryzen ချစ်သူတွေအတွက် Ryzen build, Intel ချစ်သူတွေအတွက် Intel build ဆိုပြီး စိတ်ကြိုက်ရွေးလို့ရတဲ့အပြင် GPU ကိုလဲ esports game တော်တော်များများအတွက် လုံလောက်တဲ့ GTX1050Ti , GTX1650 ကိုသုံးပေးထားပြီး RAM ကိုလဲ Dual channel အပြည့်ရအောင် 8GB နှစ်ချောင်း 16GB ကို သုံးပေးထားတဲ့အတွက် FPS ကျတယ်ဆိုတာဘာလဲလို့  Wikipedia မှာ သွားရှာကြည့်နေရပါလိမ့်မယ် 😁😁 ၊ တကယ်လို့ ဝါသနာပါတယ်ဆိုရင် video/ photo editing software နည်းနည်းပါးပါးကလိလို့လဲ ရပါဦးမယ် ၊

ဒါ့အပြင်အရေးကြီးဆုံးအချက်က ပစ္စည်းအားလုံး အသစ်ဖြစ်တဲ့အပြင် သက်ဆိုင်ရာ Local warranty အပြည့်ပါတဲ့ အတွက် After sale service နဲ့ပက်သတ်ပြီး ခေါင်းကိုက်ရမယ့်အဖြစ်ဆိုးလဲ ရှိတော့မှာမဟုတ်ပါဘူး။

ဒီ eSports PC builds လေးတွေက B2HD ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ promotion အစီအစဉ်လေးလုပ်ပေးထားတာဖြစ်တဲ့အတွက် မူရင်းပုံမှန်ဈေးထက် အများကြီး သက်သာတဲ့အပြင် keyboard and mouse combo လေးကိုပါ ထပ်ဆောင်း လက်ဆောင်ထည့်ပေးထားလို့ ဒီ promotion လေးက လုံးဝလက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတခုပါ။ promotion ကာလက 31st May 2023 ထိ limited stock သက်မှတ်ထားတာမို့ မြန်မြန်လေးလာမှ စိတ်ချရပါမယ်။
AAA Gaming Builds
Story အလန်းတွေနဲ့ ရုပ်ရှင်ကမ္ဘာကြီးထဲမှာ ဇာတ်လိုက်တယောက်အနေနဲ့ ပါဝင်ချင်တယ်ဆိုရင်တော့ အလန်းစား AAA games တွေ ဆော့ကစားကြည့်ဖို့အကြံပေးပါရစေဗျ။ လူကြိုက်များတဲ့ AAA games တွေကို 1080p မှာ performance ရော ရုပ်ထွက်ပါ အလန်းစားဆော့ကစားဖို့ PC ကောင်းကောင်းလေးတလုံး လိုပါတယ်။ PC ကောင်းကောင်းဆိုလို့ ဈေးကြီးမယ်မထင်နဲ့နော် ၊ B2HD ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် summer promotion လေးရှိနေလို့ မူရင်း‌ဈေးထက် အများကြီး သက်သက်သာသာနဲ့ရမှာပါ။

ဒီ build မှာလဲ Intel နဲ့ Ryzen ဆိုပြီး ရွေးချယ်စရာလေး လုပ်ပေးထားပါတယ်။ Graphics card ကိုကျတော့ RTX3050 နဲ့ performance သိပ်မကွာတဲ့ GTX1660Ti ကို သုံးပေးထားလို့ ရုပ်ရှင်ပမာ ဂိမ်းကမ္ဘာကို အရောက်လှမ်းဖို့ အခွင့်အရေးက လက်တကမ်း ရောက်နေပြီဗျို့ ။ ဪ  မေ့လို့ RAM ကိုလဲ Dual Channel အပြည့်ရအောင်လို့ 8GB 3200MHz Gaming RAM နှစ်ချောင်း 16GB ကိုသုံးပေးထားလို့ တော်တော်ပြည့်စုံနေပြီတောင်ပြောလို့ရတယ်။

ချစ်ရတဲ့သူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင် ဆော့ဖို့ပဲဝယ်ဝယ် ခုချိန်ကတော့ promotion ကာလမို့ ဈေးကလဲ အရမ်းတန်နေတဲ့အပြင် HP K120 gaming keyboard တလုံးလဲ လက်ဆောင်ထပ်ပေးဦးမှာပါဗျ ။ Promotion ကာလက 31st May 2023 အထိဖြစ်ပြီး Limited Stock မို့လို့ လက်မြန်ဖို့ အရေးကြီးတယ်နော် ၊ သုံးထားတဲ့ ပစ္စည်းတွေအားလုံးက အသစ်စက်စက်တွေသုံးပေးထားပြီး သက်ဆိုင်ရာ Local warranty အပြည့်ပါတဲ့အတွက် စိတ်ချလက်ချဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ ။
RTX Gaming Builds
နွေရာသီဟာ ပူလောင်ခြောက်သွေ့ပေမယ့် ကိုယ်ဆော့တဲ့ game ထဲမှာတော့ visual တွေက မွဲခြောက်ခြောက် ဖြစ်နေလို့ မရဘူးလေနော်။ ပူပြင်းတဲ့ နေ့ရက်တွေအတွက် Royal D... (မှားလို့ ဘွာတေး) RTX build လေးနဲ့ မောပန်းမှုကို ‌ဖြေ‌ဖျောက်လိုက်ပါ။

RTX ဆိုလို့စျေးကြောင့် သွေးမတက်စေဖို့ USD 1000 ဝန်းကျင် ရွေးစရာ အစုံပေးထားပါတယ်ဗျာ။ RTX 3060 GPU ဆိုတာ gamer တိုင်း ကြိုက်တဲ့ treasure လေးပါ။ Steam ရဲ့ database ထဲမှာ user သုံးစွဲမှုအများဆုံး RTX card လို့ပြောရအောင် အောင်မြင်ပါတယ်။ အခုအဲ့ ကဒ်လေးကို base ထားပြီး ကျန်တဲ့ spec လေးတွေကိုပဲပြောင်းပေးထားတဲ့ set 3 စုံထဲကမှ ကိုယ်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

Next level တစ်ခုသွားချင်ရင်တော့ RTX 3060ti ကို USD 100 ပိုပေးတာနဲ့ ရပါတယ်ဗျာ။ လက်ဆောင်အနေနဲ့ HP RGB gaming keyboard and mouse combo လဲရပါဦးမယ်။ Limited stock နော်...
2K Gaming Build
1080p gaming ဆိုတာ 2023 မှာ thing in the past ဖြစ်သွားပါပြီ။ အခုချိန် ကိုယ့်မှာ 2k gaming capable PC လေးတစ်ခုတော့ အနည်းဆုံးရှိထားသင့်ပါတယ်။ Ray tracing visual ကို 2K screen ပေါ်မှာ ခံစားနိုင်ဖို့ ငွေအများကြီးသုံးဖို့ မလိုတာ အားသာချက်ပါပဲ။ မှန်ကန် ကောင်းမွန်တဲ့ အချိုးအစပ်နဲ့ build လေးတစ်ခု မိတ်ဆက်ပေးပါမယ်။

Core i5 13400 ဆိုတာ midrange cpu ထဲမှာပေးရတဲ့ စျေးနဲ့ ဆရာအကျဆုံးပါပဲ။ 10 cores/ 16 threads နဲ့ ဘာလာလာ အကုန်ရပါတယ်။ RTX 3070ti ဆိုတာ 2K ultra setting တွေအတွက် ချွေးတစ်စက်မှ မထွက်မယ့် power house gpu ဖြစ်ပါတယ်။ အဲ့ဒါတွေအပါကိုမှ balanced pc set တစ်ခုလုံး $1800 မကျော်တဲ့ amount နဲ့ ရမှာဖြစ်ပါတယ်။ (rtx 4080 gpu local စျေး တစ်ကဒ်စာလောက်ပဲရှိတယ်နော် 😊) ပြီးတော့ လက်ဆောင်အနေနဲ့ Razer gaming mouse နဲ့ mousepad ထည့်ပေးထားပါတယ်

ဒီ build နဲ့တွဲဖို့ 2k gaming monitor တွေလဲ အခုချိန် sale ချပေးနေတော့ အဆင်ပြေတာပေါ့။ B2HD မှာကိုယ့်စိတ်ကြိုက် customize လုပ်ချင်လဲ ကျွမ်းကျင် technician တွေနဲ့ တိုင်ပင်ပြီး build နိုင်ပါတယ်ဗျာ။
Content Creators' Build
Visual artists တွေ ၊ 3D Rendering ချမယ့်သူတွေ ၊ music Creator တွေ ၊ video editing ကို 4K လောက်အထိ သုံးချင်တဲ့သူတွေသာမက တခြားနယ်ပယ်တော်တော်များများမှာပါ အသုံးဝင်တဲ့ PC setup က ဒီမှာပါဗျ။ Turbo frequency 5.0 GHz ရှိပြီး 12-Core 20-Thread ပါဝင်တဲ့ i7 12gen 12700 CPU ကို CUDA Core 6144 လုံးရှိတဲ့ RTX3070Ti 8GB နဲ့ တွဲဖက်ပေးထားတဲ့အတွက် Music Creation , photo video editing နဲ့ 3D rendering တွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာပါ။

Turbo power မှာ TDP 180W တောင်ရှိတဲ့ CPU ရဲ့အပူချိန်ကို ထိန်းနိုင်ဖို့ ပန်ကာသုံးလုံးပါတဲ့ 360mm CPU cooler ကိုလဲ တပ်ဆင်ပေးထားပြီး CPU ရဲ့ performance ကို temperature ကြောင့်မကျသွားအောင် ထိန်းပေးထားပါတယ်။ Engineering softwares တွေ Editing softwares တွေအများစုမှာ Recommended RAM က 8GB or 16GB လို့ ပြောထားပေမယ့်လဲ တခြား multitasking process တွေကိုပါ cover ဖြစ်အောင် ( 16GB x 2 ) 32GB RAM ကိုထည့်သုံးပေးထားပါတယ်။ နောင်တချိန်မှာ လိုအပ်လို့ RAM ထပ်တိုးချင်ရင်အဆင်ပြေအောင်လို့ RAM slots လေးခုပါဝင်တဲ့ Motherboard ကိုပါတွဲသုံးပေးထားပါတယ်ဗျ။ ပြီးတော့ software loading တွေ texture , scenes loading တွေ မြန်ဆန်စေဖို့နဲ့ Rendering Time ကိုလျော့ချပေးနိုင်ဖို့ အတွက် 1TB NVME SSD ကိုသုံးပေးထားပါတယ်။ Time is Money လေ ။။

ဒီ setup ကို B2HD ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် summer promotion မှာ special price နဲ့ ဈေးချပေးထားတာဖြစ်တဲ့အတွက် ဒီအချိန်မှာ ဒီဈေးနဲ့က တော်တော်တန်နေပါပြီ။ ပြီးတော့ လက်ဆောင်အနေနဲ့ MSI gaming mouse or Asus gaming headphone ကြိုက်တာရွေးနိုင်ပါသေးတယ်။ သုံးထားတဲ့အစိတ်အပိုင်းတွေအားလုံးကလဲ သက်ဆိုင်ရာ official local warranty ပါဝင်တဲ့ အသစ်စက်စက်တွေကိုပဲသုံးပေးထားတာမို့လို့ after sale ပိုင်းအနေနဲ့လဲ လူကြီးမင်းတို့စိတ်တိုင်းကျဖြစ်စေရမှာပါ။ promotion ကာလလေးကို 31st May 2023 အထိ limited stock အနေနဲ့သက်မှတ်ထားတာမို့ အမြန်လာရောက်ဝယ်ယူဖို့ အကြံကောင်းလေးပေးပါရစေ။
4K Gaming Build
လူတိုင်း ရွှေကိုတန်ဖိုးထားကြမှာပါ။ ဘာလို့လဲ ဆိုတော့ အရည်အသွေးကောင်းရင် ကောင်းသလို တန်ဖိုးကြီးလို့ပါ။ ဒါတင်ဘယ်ကမလဲ ဘယ်သူ၀တ်၀တ်တင့်တယ်နေတာက ရွှေရဲ့အစွမ်းပါပဲ။ ကဲ ဒါဆိုရင် Gamer တွေအတွက် ရွှေလိုမျိုး တန်ဖိုးရှိတဲ့ PC လေးတွေ မရှိဘူးလား??? ဟုတ်ကဲ့ ရှိပါတယ်...

ဈေးကြီးတဲ့ အိမ်မက် ဆိုတာ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ အိမ်မက်တွေကို ကျွန်တော်တို့ B2HD ရဲ့ ဆယ်နှစ်ပြည့် Pormotion ရှိတုန်းလေး လာရောက်အကောင်အထည်ဖော်နိုင်ပါပြီနော်။ Special price အပြင် အပိုထပ်ဆောင်း လက်ဆောင်လေးတွေလဲ ထည့်ပေးထားတယ်...

ဒီတခါ မိတ်ဆက်ပေးချင်တဲ့ System လေးကတော့ 4K Gaming အတွက်ပါဗျာ။ 4K gaming ဆိုတာ ဒီအတိုင်းအလွယ်မှတ်ယူလို့မရပါဘူး။ Spec တွေက တကယ် ကြမ်းမှ ရမှာပါ။ အဲ့အတွက် Raw power ကောင်းကောင်း၊ VRAM များများပါတဲ့ Nvidia RTX 3080Ti GPU နဲ့ latest and greatest 13th gen Intel Core i7 k series CPU တွေ သုံးထားပါတယ်။  ကျန်တဲ့ Components တစ်ခုချင်းစီကိုလဲ Compromise မဖြစ်အောင် သေချာလေး ရွေးချယ်ပေးထားပါတယ်။ Power supply မှသည် Cooling ပိုင်းတွေအထိ အကောင်းဆုံးတွေသုံးပေးထားပါတယ်။
Gamer တွေသာမက 4k or 8k workflow အတွက်သုံးချင်တဲ့ content creator တွေရော render အကြမ်းချဖို့ လိုအပ်တဲ့ 3D architect တွေ engineer တွေအတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်။

ကဲ... game တွေကို 4K ultra mode on ပြီးဆော့ချင်တယ် ဆိုရင် ကျွန်တော်တို့ ဆိုင်မှာ Total $3160 နဲ့  promotion ကာလ အတွင်း (ယခုက၍ May 31ထိ) လာရောက်၀ယ်ယူနိုင်ပါပြီဗျာ။  အပိုထပ်ဆောင်းပေးထားတာတွေကလဲ အလန်းကြီးတွေနော်။ MSI Clutch GM50 gaming mouse နဲ့ Asus Cerberus V2 gaming headphone ထဲက ကြိုက်နှစ်သက်ရာတစ်ခုရွေးချယ်နိုင်ပါသေးတယ်ဗျာ။