ဟင်္သာတတွင် ပျူစောထီးအဖွဲ့ဝင်များက ခိုးဆိုးလုယက်မှုများကို ကျူးလွန်နေ
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင်း၌ ပြီးခဲ့သည့်
ဇွန်လပထမအပတ်အတွင်း ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ကျူးလွန်သူများမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်များဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။
ဟင်္သာတမြို့တွင်းရပ်ကွက်များဖြစ်သည့် တာကလေးရပ်ကွက်နှင့် ကနောင်စုရပ်ကွက်တို့တွင် ပြီးခဲ့သည့်ဇွန်လပထမအပတ်အတွင်း ဆိုင်ကယ်ခိုးမှု နှင့် နေအိမ်သို့ဝင်ရောက်၍ပစ္စည်းလုယက်ခိုးယူမှု များဆက်တိုက်ဖြစ်ပွားခဲ့ကာပြစ်မှုကျူးလွန်သူများမှာ ရပ်ကွက်အတွင်းနေထိုင်သည့်ပျူစောထီးအဖွဲ့ဝင်များဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။
“နှစ်ရက်ထဲနဲ့ယိုးဒယားဘီး ၁၀ စီး၁၅စီးလောက်ပါသွားတယ်။ အိမ်ပေါ်တက်ပြီးခိုးကြတယ်၊ လူတွေ့ရင်ဓားထောက်လုတယ်။ ညပိုင်းကင်းလှည့်တယ်ဆိုပြီး ပြည်သူ့စစ်(ပျူစောထီး)တွေကိုပဲရပ်ကွက်အုပ်ချုပ်ရေးမှူးကလှည့်ခိုင်းတယ်။ ဆိုင်ကယ်ခိုးဖို့လုပ်နေတဲ့တစ်ယောက်ကို အိမ်သားတွေဝိုင်းဖမ်းပြီးမေးတော့ ခိုးမှုလွတ်ငြိမ်းပြန်လွတ်ပြီး ပျူစောထီးလုပ်နေတဲ့သူဖြစ်နေတယ်။ရဲစခန်းသွားအပ်ထားလည်းနောက်တရက်ကျတော့ပြန်လွှတ်ပေးတာပဲအဖတ်တင်တယ်” ဟု တာကလေးရပ်ကွက်ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့မှ ညစဉ်ကင်းလှည့်ပတ်မှုများရှိနေသော်လည်း ခိုးဆိုးလုယက်မှုများမှာ ပုံမှန်ဖြစ်နေကြောင်းကိုဒေသခံများကပြောဆိုသည်။
“ခိုးမှုတွေဆက်တိုက်ဖြစ်နေတာ မြို့ပေါ်လမ်းမှာက ကင်းလှည့်တာတော့မပျက်ဘူး။ အိမ်မှာဆိုင်ကယ်အခိုးခံရလို့ သိသိချင်းရဲစခန်းကို စီစီတီဗီမှတ်တမ်းတွေနဲ့ပါသွားတိုင်တာ။ ငွေပါမှအမှုဖွင့်ပေးမဲ့သဘောပြောတယ်။ ဥပဒေဆိုတာလုံးဝကိုမရှိတော့တာလည်းကြာပါပြီ”ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကနောင်စုရပ်
ကွက်ဒေသခံတစ်ဦးကဆိုသည်။
ဟသ်ာတတွင် ပြီးခဲ့သည့်ဇွန်လပထမအပတ် အတွင်း ခိုးဆိုးလုယက်မှုပေါင်း(၃၀)မှုထက် မနည်းဖြစ်ပွားခဲ့၍ ပြစ်မှုကျူးလွန်သူ လေးဦးထက်မနည်းဖမ်းဆီးရမိခဲ့ကြောင်း ရဲသတင်းရင်းအမြစ်များထံကသိရသည်။
#ဟင်္သာတ #ပျူစောထီးအဖွဲ့ဝင်များက #ခိုးဆိုးလုယက်မှုများ #ကျူးလွန်နေ #Ayeyarwaddy_Times

စစ်ခေါင်းဆောင်က ဆရာတော်ကြီးများကို ကားလှူဒါန်းခြင်းသည် လာဘ်ထိုး၍ ဝယ် ယူခြင်းဖြစ်သည်ဟု သံဃာတော်များ မိန့်ကြား
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများကို ကားလှူဒါန်းခြင်းသည် လာဘ်ထိုး၍ဝယ်ယူ ခြင်းဖြစ်ပြီး ၎င်း၏ဘဝသည် လေးလံပြီး မရွှင်လန်းသော သဘောဆောင်နေကြောင်း သံဃာတော်များက မိန့်ကြားသည်။
နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကို ဇွန် ၉ ရက်က ရန်ကုန်တိုင်း၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်တွင် အခမ်းအနား ပြုလုပ်၍ စစ်ခေါင်းဆောင်က နိုင်ငံတော်အဆင့် မော်တော်ယာဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။
“အခုလိုမျိုး ကျောင်းလိုရင်ကျောင်း၊ ကားလိုရင်ကား အကုန်လုံး လိုတာမှန်သမျှ ထိုးကျွေးနေတဲ့ အခါကျတော့ ဒီအပေါ်မှာ သာယာသွားရင် မှားနေတာတွေ မြင်တွေ့သော်လည်း မပြောရဲတော့ဘူး။ စစ်အာဏာရှင်က ဒါလာဘ်ထိုးတာပါပဲ။ ဘုန်းကြီးတွေကို ကားပေး၊ ဘွဲ့တွေပေးပြီး ဝယ်လိုက်တာပါပဲ” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်ကမူ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့ တာဝန်များကို စိတ်လက်ပေါ့ပါး လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြစေရန် ရည်သန်လျက် ဆက်ကပ်အပ်နှံ လှူဒါန်းခြင်းဖြစ်ကြောင်း ဆိုသည်။
“ဆရာတော်တွေကို လျင်မြန်ချောမွေ့စွာ လှူဒါန်းရင်တော့ ငါ့ဘဝတော့ ချောမွေ့မှာပဲ၊ သွက်လက်ပေါ့ပါးမှာပဲပေါ့။ ဒါဆို (စစ်ခေါင်းဆောင်)ဒီကောင်ဘဝ ဘာဖြစ်နေပြီလဲ၊ လေးလံနေပြီ။ မရွှင်လန်း မသွက်လက်တော့ဘူးဆိုတဲ့ သဘောတစ်ရပ်ကိုလည်း ဆောင်နေပြီဆိုတာ ထင်ရှားပါတယ်” ဟု ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပါအဝင် ၎င်းတို့ကို မထောက်ခံသော ရဟန်းသံဃာတော်များကို တိရစ္ဆာန်နှင့်နှိုင်း ရိုင်းစိုင်းဆဲဆို၍ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်နေသော်လည်း စစ်ခေါင်းဆောင်များကမူ ဘာသာတရား ကိုင်းရှိုင်းပြသည့်အနေဖြင့် ဘုရားတည်၊ ငွေ(ဝတ္ထု) လှူဒါန်း၊ ဘွဲ့တံဆိပ်ပေးမှုများ ပြုလုပ်ပြလျက်ရှိကြောင်း သိရသည်။
“ ဗုဒ္ဓဘာသာ ထိပ်ခေါင်ဆရာတော်တွေကို နိုင်ငံ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ ကားတွေလှူတယ်။ တစ်ဖက်မှာတော့ ရက်စက်စွာ သတ်ဖြတ်ပြနေခြင်းဟာ ဗြောင်ကျကျ မတရားမှု ကျူးလွန်တာပါ။ လိမ်လည်လှည့်ဖြားပြီး အာဏာသက်ဆိုးရှည်အောင် တည်ဆောက်ခြင်းဖြစ်တယ်” ဟု ဆရာတော် ဦးဝါယမက ဆက်လက်မိန့်သည်။
ထို့အပြင် စစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် သံဃမဟာနာယက ဆရာတော် ကြီးများ၏ ဩဝါဒတော်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသည့် ကျမ်းစာအုပ် များကိုလည်း ပြည်တွင်းပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီး ကျောင်းများကို လှူဒါန်းလျက်ရှိကြောင်း ထည့်သွင်းပြော ဆိုခဲ့သည်။
“စစ်တပ်ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရမှာ။ ဒါကို ပြောင်းပြန်ပြန်သတ်နေတယ်ဆိုတာ တကယ့်အဓမ္မပဲ။ တကယ့် မကောင်းမှုဘဲ။ ရဟန်းသံဃာတွေက ဒါတွေမလုပ်ဖို့ ဓမ္မလမ်းကြောင်းပေါ်လျှောက်ဖို့ စတာတွေကို တားမြစ်ဆုံးမရမယ်” ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။
ဓာတ်ပုံ - စစ်ကောင်စီ
#စစ်ခေါင်းဆောင် #သံဃာတော်များ #လာဘ်ထိုး #ကားလှူဒါန်း #ဆရာတော်များမိန့်ကြား #Ayeyarwaddy_Times

သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်လာသည့် ဒေသခံများကို စစ်ကောင်စီက မြို့အတွင်းအဝင်မခံ
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင် လာသည့် ဒေသခံများကို စစ်ကောင်စီက မြို့အတွင်းအဝင်မခံဘဲ လမ်းများကိုကန့်သတ်ပိတ်ဆို့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့မှစတင်ပြီး သံတွဲမြို့နယ် ငပလီမြို့အနီး တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသလို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂေါ့ရပ်ကွက်နှင့် မဇင်ရပ် ကွက်တို့မှ ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် သံတွဲမြို့ပေါ်သို့ သွားရောက်စစ်ရှောင်လိုသော်လည်း စစ်ကောင်စီက မြို့အတွင်းအဝင်မခံဘဲ မြို့အဝင်လမ်းများကို ကန့်သတ်ပိတ်ဆို့ထားသည့်အတွက် နီးစပ်ရာဘုန်းကြီးကျောင်းနှင့် လမ်းဘေးတွင် ဖြစ်သလိုနေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
"ဂေါ့နဲ့မဇင်မှာက လက်နက်ကြီးတွေကျလို့ ဟိုတယ် ဇုန်တစ်ခုလုံး စစ်မြေပြင်ဖြစ်နေပြီ။ ကျွန်မတို့လည်း သံတွဲမြို့ပေါ်ကို သွားချင်တာ။ လမ်းဂိတ်တွေမှာရှိတဲ့ စစ်သားတွေက သွားခွင့်မပေးဘူး။ နီးစပ်ရာက ဘုန်း ကြီးကျောင်းတွေမှာ တည်းဖို့လုပ်နေရတယ်"ဟု ငပလီ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဇွန် ၃ ရက်နေ့မှစ၍ သံတွဲလေဆိပ်ကို ပိတ်လိုက်ပြီး လေဆိပ်ကိုတပ်စွဲနေထိုင်မှုများပြုလုပ်ကာ သံတွဲအနီးဝန်းကျင်ရွာများကို ဗုံးကြဲတိုက် ခိုက်လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် များကို စစ်ကောင်စီက မြို့အတွင်းဝင်ခွင့်မပြုသလို မြို့အတွင်းရှိ ပြည်သူများကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက သံတွဲမြို့ပေါ်မှ ထွက်ခွါလိုပါက ကျန်းမာရေး၊ ဆေးစစ်ထောက်ခံစာယူခိုင်းပြီး ၎င်တို့ခွင့်ပြုချင်သူအချို့ကိုသာ ခရီးသွားလာခွင့်ပြုကြောင်း သိရသည်။
#ရခိုင် #သံတွဲ #ငပလီ #ဒေသခံစစ်ရှောင်များ #စစ်ကောင်စီ #မြို့အတွင်းဝင်ခွင့်မပေး #Ayeyarwaddy_Times

ဝိုင်းမော်ရှိ စစ်ကောင်စီ၏ ဆဒုံးဗျူဟာစခန်းကို KIA ဆက်လက် သိမ်းပိုက်ခဲ့ပြီး ယနေ့ ၁ ရက်ထဲ စခန်းကုန်း ၄ ခုသိမ်းယူ
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီ လမ်းရှိ စစ်ကောင်စီ၏ ဆဒုံးဗျုဟာစခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ၏ ဆဒုံးဗျူဟာစခန်းကို ယနေ့ ဇွန် ၁၁ ရက် ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ စခန်း လေးခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
"မနက် ၄ နာရီကတည်းက ဆဒုံးအပါအဝင် တပ်စခန်း ၄လေးခုကို တပြိုင်ထဲ ထိုးစစ်ဆင်တာ။ မနက်ပိုင်းက ဝိုင်းမော်က စခန်းနှစ်ခုနဲ့ နယ်ခြားစောင့်စခန်း တစ်ခုကိုရတယ်။ ဒီညနေပိုင်းမှာ ဆဒုံးကိုရတယ်။ စကစ(စစ်ကောင်စီ)ကတော့ လေကြောင်းပစ်ကူပေးနေတာရှိတယ်"ဟု ကချင်စစ် ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
KIA သည် စစ်ကောင်စီ၏ ဘွမ်တောင်ပြည်သူ့စစ်စခန်း၊ ၁၃ မိုင် စုပေါင်းဂိတ်စခန်း၊ လဖိုင်နယ်ခြားစောင့်တပ်စခန်းတို့ ကို ယနေ့နံနက်ပိုင်းက သိမ်းပိုက်ရရှိထားခဲ့ပြီး ဒိန်ဂါစခန်းနှင့် ဆဒုံးဗျူဟာစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဆဒုံးဗျူဟာ စခန်းကို ယနေ့ ညနေပိုင်းတွင် ဆက်လက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆဒုံးဗျူဟာစခန်းတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၃ လက်အောက်ခံ နည်းဗျူဟာ-၁ နှင့် ခမရ -၃၈၉ တပ်မှ တပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ယင်းစခန်း သည် ဆဒုံးဒေသ၏ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ် တွင်တည်ရှိကာ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားသည့် ဗျူဟာကုန်းဖြစ်ကြောင်း သိရသည်။
ဆဒုံး-ကန်ပိုက်တီလမ်းပေါ်ရှ် စစ်ကောင်စီတပ်စခန်း များကို ယနေ့ ဇွန် ၁၁ ရက် နံနက် ၄ နာရီအချိန်မှစ၍ KIA က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဇွန် ၁၀ ရက်နေ့ကလည်း တနိုင်းရှိ စစ်ကောင်စီ၏ ရေကန်တောင်စုပေါင်း တပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ-ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ကချင် #ဝိုင်းမော် #ဆဒုံးကန်ပိုက်တီ #စစ်ကောင်စီ #တပ်စခန်း၄ခု #KIAသိမ်းပိုက် #Ayeyarwaddy_Times

ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် NUG အစိုးရကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးမှ ထပ်မံ ရွေးချယ်ခံရ ၊ စစ်ကောင်စီ၏ ကျူးလွန်မှုများအပေါ် အရေးယူနိုင်ရန်အတွက် ILO ညီလာခံတွင် တင်ပြဆွေးနွေးမည် (အမျိုးသမီးကဏ္ဍ-သတင်း)
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိသည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ (၁၁၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံ (112th International Labour Conference-ILC )တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ဒေါ်ဖြိးစန္ဒာစိုးသည် နိုင်ငံအသီးသီးရှိ အလုပ်သမား ကိုယ်စားများထံမှ ထောက်ခံမဲ ၉၃ မဲဖြင့် ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် ILO အဖွဲ့ချုပ်၏ အလုပ်သမား ကိုယ်စားပြု လက်ထောက် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြာင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးသည် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်မှ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းကာ တတ်ရောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ရွေးချယ်ခံရခြင်း ဖြစ်ကြာင်း သိရသည်။
ဒေါ်ဖြိုးစန္ဒာစိုးသည် ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က ILO ဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာအရေးလှုပ်ရှားမှုတွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃(Article 33) ကို အခြေခံ၍ စစ်ကောင်စီတပ်ကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်(ILO) ၏ ပုဒ်မ ၃၃ မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်ခဲ့ပါက အဆိုပါအဖွဲ့ဝင်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်နိုင်သည့် ဥပဒေပုဒ်မတစ်ခု ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်ဖြိုးစန္ဒာစိုးသည် အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်ထားသည့် လူသတ်မှု၊ မတရားဖမ်းဆီးအကျဉ်းချမှု၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများအပေါ် အရေးယူနိုင်ရေးအတွက် ILO ညီလာခံတွင် တင်ပြ ဆွေးနွေးသွားမည်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးသည် ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၄ သက်တမ်းတွင်လည်း အလုပ်သမားကိုယ်စားပြု လက်ထောက် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ယခုတွင်လည်း ထပ်မံ ရွေးချယ် ခံရခြင်းဖြစ်သည်။
ဓာတ်ပုံ - CTUM
#CTMU #ILO #လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ဝင် #ဒေါ်ဖြိုးစန္ဒာစိုး #ရွေးချယ်ခံရ #အမျိုးသမီးကဏ္ဍ #NUGကိုယ်စားလှယ် #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို "အမျိုးသမီးကဏ္ဍ" အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)

စစ်ဘက်လေယာဉ် ပျက်ကျမှုကြောင့် မာလာဝီဒုသမ္မတ အပါအဝင် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံး
ဧရာဝတီတိုင်းမ်
ဇွန်လ ၁၂ ရက်
မာလာဝီဒုတိယသမ္မတ ဆော်လို့စ်ချီလီမာကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ချီလီမာအပါအဝင် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ သမ္မတ လာဇာရက်စ်ချတ်ကွေရာက ပြောပါတယ်။
မာလာဝီနိုင်ငံရဲ့မြို့တော် လီလောင်ဝီမြို့မှ ထွက်ခွာကာ အမ်ဇူဇူလေဆိပ်မှာ ဆင်းသက်မယ့် စစ် ဘက်လေယာဉ်ပေါ်မှာ အသက် ၅၁ နှစ်အရွယ် ဒုတိယသမ္မတ ဆော်လို့စ်ချီလီမာနဲ့ အခြားသူ ၉ ဉီး လိုက် ပါလာခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အဆိုပါစစ်ဘက်လေယာဉ်ဟာ အမြင်မှုန်ဝါးမှုကြောင့် လေဆိပ်မှာ မဆင်းသက်နိုင်လို့ လီလောင် ဝီမြို့ကို ပြန်လှည့်ခဲ့ရတယ်လို့ သမ္မတ လာဇာရက်စ်ချတ်ကွေရာက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါ တယ်။
လေယာဉ်ကိုရှာဖို့ သစ်တောအတွင်း အချင်းဝက် ၁၀ ကီလိုမီတာအထိ ရှာဖွေရေး လုပ်ဆောင်ခဲ့ တယ်လို့ ၎င်းက ဆိုပါတယ်။
မာလာဝီနိုင်ငံက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ အိမ်နီးချင်းတိုင်းပြည်တွေ၊ အမေရိ ကန်၊ ဗြိတိန်၊ နော်ဝေနဲ့ အစ္စရေးအစိုးရတွေကို အကူအညီတောင်းခံခဲ့တယ်လို့ သူက ပြောပါတယ်။
လာမယ့်သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဉီးဖြစ်ဖို့ အလားအလာကောင်းနေ တဲ့ ဆော်လို့စ်ချီလီမာဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရပါ တယ်။
အမှုဟာ အထောက်အထားမခိုင်လုံဘူးလို့ ရှေ့နေချုပ်ရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး နောက် မာလာဝီတရားရုံးတစ်ရုံးက ပြီးခဲ့တဲ့လအတွင်း သူ့အပေါ် တရားစွဲဆိုထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
ကိုးကား - India Today
Ref; Malawi Vice-President dies in plane crash
#Ayeyarwaddy_Times

ချောက်တွင် အုပ်ချုပ်ရေးမှူးများဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ကဒေသခံများ၏ အစားအသောက်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်၍ နေအိမ် အချို့ကိုဖျက်ဆီး
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖွဲ့စည်း ထားသည့် ပျူစောထီးအဖွဲ့က ဒေသခံများ၏အစားအသောက်များနှင့် အိမ်အသုံး အဆောင်ပစ္စည်းများကို အဓမ္မယူ ဆောင်၍ နေအိမ်အချို့ကို ဖျက်ဆီးနေကြောင်း ဒေသခံ များထံက သိရသည်။
ပျူစောထီးအဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က နရွဲတောကျေးရွာအုပ်စု နရွဲတောကျေးရွာမှ ဒေသခံများ၏ ဆိုင်ကယ်၊ ဆန်၊ ဆီ၊ ပေါင်းအိုး နှင့် ဒယ်နီအပြင် အခြားသောစားသောက်ကုန်များယူဆောင်သွားပြီး နေအိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"နေအိမ်တွေကို ဘာအကြောင်းမှမရှိဘဲ သက်သက်ဖျက်ဆီးသွားကြတာ။ ပျူအဖွဲ့ထောင်ပြီး လမ်းသွားတွေဆီက ဆက်ကြေးကောက်တယ်။ ယခုအချိန်မှာ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတာ။ အခုဆို ကျေးရွာတွေထဲကို စစ်ကြောင်းက ခဏခဏဝင်တယ်။ မြို့တက်စျေးဝယ်ရင်တောင် အခက်ကြုံနေရတယ်။ အပြင်လဲ သိပ်မထွက်ရဲကြတော့ဘူး" ဟု ချောက်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုန်ကြီးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် အိုင်ကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်အောင်တို့ ဦးဆောင်၍ အင်အား ၄၀ ဝန်းကျင်ရှိ ပျူစောထီးဖွဲ့စည်းကာ လက်နက်များဝယ်ယူထားသည့်အပြင် စစ်ကောင်စီတပ်ဘက်မှ လည်း လက်နက်များ တပ်ဆင်ပေးထားကြောင်း ဒေသခံများကဆိုသည်။
ကုန်းကြီးကျေးရွာ နှင့် အိုင်ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ရန်ပြုမည်ကို အနီးအနားရှိ ညောင်ဇင်ကျေးရွာ၊ ရွာမကျေးရွာ၊ ကံတိုင်ကျေးရွာ၊ ကံသစ်ကုန်ကျေးရွာ၊ ထိန်းစမ်းကျေးရွာ၊ ဂွေပင်ကြီးကျေးရွာ၊ ဂွေးပင်လေးကျေးရွာ၊ တုံရွာ နှင့် ကံတောက်ကျောင်းကျေးရွာတို့မှ ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
နရွဲတောကျေးရွာတွင် အိမ်ခြေ တစ်ထောင် ၁,၀၀၀ ဝန်းကျင်ရှိပြီး ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်အထိရှိလာကြောင်း ဒေသခံ များထံက သိရသည်။
ကုန်းကြီးကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းသည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က နရွဲတောကျေးရွာရှိ အသက်မပြည့်သေးသည့် အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ကံတိုင်ကျေးရွာမှ ဒေသခံလူငယ်သုံးဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
#ချောက်တွင် #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပျူစောထီး #ဒေသခံများ #အစားအသောက် #အိမ်သုံးဆောင်ပစ္စည်း #အဓမ္မယူဆောင် #နေအိမ်အချို့ဖျက်ဆီးခဲ့ #Ayeyarwaddy_Times

တရုတ်အရှေ့မြောက်ပိုင်းမှာ အမေရိကန်ကျောင်းဆရာ ၄ ဦး ဓားဖြင့်တိုက်ခိုက်ခံရ
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ်မှာ အမေရိကန်ကောလိပ်ဆရာ (၄) ဦးနဲ့ တရုတ် ကမ္ဘာလှည့်ခရီးသွားတစ်ဉီးကို ဓားနဲ့ထိုးတဲ့ လူတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်တယ်လို့ သိ ရပါတယ်။
ကျောင်းဆရာတွေဟာ အမေရိကန်နိုင်ငံအ နောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်ရှိ ကော် နယ်လ်ကောလိပ်မှ တရုတ်တက္ကသိုလ်တစ်ခုသို့ စေလွှတ်ထားသူတွေဖြစ်တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
တနင်္လာနေ့က ပန်းခြံတစ်ခုမှာ လူတစ်ဉီးက အမေရိကန်ကျောင်းဆရာ (၄) ဦးနဲ့ တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသွားတစ်ဉီးကို ရုတ်တရက် ဓားနဲ့ထိုးခဲ့တာလို့ တရုတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
တရုတ်ရဲတပ်ဖွဲ့က အင်္ဂါနေ့နှောင်ပိုင်းအထိ ဓားထိုးမှုဖြစ်စဉ်ကို မကြေညာခဲ့ပါဘူး။ အနီးအနား မှာ နေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် လူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဓားထိုးခံရသူတွေကို ဆေးရုံတစ်ရုံမှာ ကုသပေးနေပြီး ဒဏ်ရာတွေက အသက်အန္တရာယ်မစိုးရိမ် ရကြောင်း၊ ဓားထိုးမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဓားထိုးမှုဖြစ်စဉ်ကို မကြေညာမီပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းထောက်တွေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းကို ထိုဖြစ်စဉ်အ ကြောင်း မေးမြန်းခဲ့ပါတယ်။
“ဒီဓားထိုးမှုဖြစ်စဉ်က တရုတ်နဲ့ အမေရိကန်ကြား ပြည်သူအချင်းချင်း ပုံမှန် အပြန်အလှန်လည် ပတ်မှုကို ထိခိုက်စေမှာမဟုတ်ဘူး” လို့ လင်ကျင်းက ပြောပါတယ်။
အမေရိကန်-တရုတ်ဆက်ဆံရေး တည်ငြိမ်စေဖို့ ပုဂ္ဂလိကကဏ္ဍမှာ အပြန်အလှန် လည်ပတ်မှု တွေ ပိုမိုပြုလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုနေချိန်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်စကားဟာ အဆိုပါဖြစ်စဉ် ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုနည်းစေလိုတဲ့ တရုတ်အစိုးရရဲ့ဆန္ဒကို ထင် ဟပ်စေပါတယ်။
ကိုးကား - NHK
Ref; US teachers among 5 stabbed in northeastern China